Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bruce McFee
5.6
RV (2006)
2006 ခုနှစ်ကထွက်ရှိခဲ့တဲ့ မင်းသားကြီး Robin Williams ရဲ့ RV ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်းကတော့ မိသားစုအတွက်အလုပ်တွေပဲအားစိုက်လုပ်နေတဲ့ ဘော့ဘ်ဟာ သားသမီးတွေနဲ့ငယ်တုန်းကလို လက်ပွန်းတတီးမနေရတော့ဘဲ တဖြည်းဖြည်းဝေးကွာလာပါတယ်။ မိနိးမနဲ့လည်းအရင်လိုကြည်နူးမှုလေးတွေပြန်ယူရင်း ကျောင်းသွားတက်တော့မယ့် သားသမီးတွေနဲ့မခွဲရခင် ဟာဝိုင်အီကို အလည်အပတ်ခရီးသွားဖို့စီစဉ်ပါတယ်။ စီစဉ်ပြီးနောက်ရက်မှာပဲ အလုပ်ကအရေးကြီးအစည်းအဝေးတစ်ခုတက်ခိုင်းလို့ မိသားစုနဲ့ ခရီးထွက်ရင်း အလုပ်လည်းမပြုတ်အောင် ဘော့ဘ်တစ်ယောက်ကြံဖန်ရပါတော့တယ်။အပန်းဖြေထွက်ဖို့ RV ကားကြီးတစ်စီးငှါးလာပြီး လမ်းခရီးတစ်လျှောက် ဘယ်လိုအလွဲတွေကြုံရမလဲဆိုတာ မင်းသားကြီး Robin Williams ရဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ ရယ်မော ပျော်ရွှင်လိုက်ကြပါဦး။ မိသားစုနဲ့ အလုပ်ကြား ဟန်ချက်ညီအောင် ကြိုးစားနေတဲ့ဖခင်တစ်ယောက်နေရာကိုမြင်နိုင်မှာဖြစ်သလို မိသားစုဝင်တွေကြားမေတ္တာကိုလည်းဖော်ကြူးထားတဲ့ဇာတ်ကားကောင်းလေးဖြစ်တာမို့ လက်မလွှတ်ဘဲကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်။ File size…(1.6 GB)/(1 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:39:00 Genre... Adventure, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by P Andrew
movie
RV (2006)
Get Rich or Die Tryin’ (2005)
နာမည်ကြီး rapper 50 cent ရဲ့ ဖြစ်ရပ်မှန် တကယ့်ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။အမေဆုံးသွားပြီးနောက်ပိုင်း 12 နှစ်အရွယ်မှာ drug dealer အဖြစ်နဲ့ အသက်မွေးဝမ်းကြောင်းခဲ့ရာကနေ Rapper တစ်ယောက်ဖြစ်လာအောင် ကြိုးစားခဲ့တဲ့ Marcus ရဲ့ဘဝဖြတ်သန်းပုံတွေကို ရိုက်ကူးထားပြီးတော့ 50 Cent ရဲ့ ဘဝဇာတ်ကြောင်းကို သိမြင်စေနိုင်မဲ့ Autobiography/ Crime ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။လူမဲရပ်ကွက်က gangsta တွေ အဖွဲ့ဂိုဏ်းတွေနဲ့ နယ်မြေစွဲပြီး territory ဆန်တဲ့ ဂိုဏ်းတွေကြားက ရန်ငြိုးနဲ့ပစ်ခတ်မှုတွေပါဝင်ပြီး Marcusရဲ့ ကြမ်းတမ်းတဲ့ဘဝကနေ အရှုံးမပေးဘဲ ဘယ်လိုတွေကြိုးစားခဲ့လဲဆိုတာ ရင်ဖိုစိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Drama, Crime, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thwal Htoo Zin
movie
Get Rich or Die Tryin’ (2005)
The Cry of the Owl (2009)
ရောဘတ်ဖော်ရက်စတာက သူအချစ်ကြီးချစ်ခဲ့ရတဲ့ဇနီးသည်နဲ့ကွာရှင်းပြတ်စဲဖို့လုပ်ဆောင်နေရတဲ့အတွက် စိတ်ထိခိုက်ဖိစီးရင်းအထီးကျန်ဝေဒနာကိုခံစားနေရတဲ့သူဖြစ်ပါတယ်။စိတ်ဓာတ်ကျမူမမှန်သူတို့ထင်ရာစိုင်းလေ့ရှိတဲ့အတိုင်း သူ့မှာဝါသနာတစ်ခုငြိတွယ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ လူသူမနီးတဲ့အရပ်မှာတကိုယ်တည်းနေတဲ့ မိန်းကလေးတစ်ယောက်ကိုချောင်းကြည့်ပြီးစိတ်ဖြေရာကိုရှာတာပါပဲ။သူ့ဟာသူ အိမ်အလုပ်တွေနဲ့ရှုပ်နေလေ့ရှိတဲ့ မိန်းကလေးငယ်ကိုအဝေးကနေကြည့်ရတာ သူ့အတွက်စိတ်ငြိမ်းချမ်းရာ တစ်မျိုးရစေတယ်လို့ သူက အထင်ရှိပါတယ်။တစ်နေ့မှာတော့ ချောင်းကြည့်နေတဲ့သူ့ကို ကောင်မလေးကမြင်သွားပြီး စကားပြောဖြစ်ရာကနေ သူတို့နှစ်ယောက်ပတ်သက်မှုအစပျိုးလာခဲ့ပါတယ်။အဲ့ဒီမိန်းကလေးငယ်ဖြစ်တဲ့ ဂျန်နီက အစွဲအလန်းကြီးအယူသီးလေ့ရှိသူ တစ်ဦးဖြစ်ပြီး ရောဘတ်ဟာ သူ့ဘ၀အတွက်နိမိတ်ပုံတစ်မျိုးကို ဆောင်နေတယ်လို့ယူဆထားပါတယ်။ ပြဿနာက ဂျန်နီမှာလက်ထပ်ဖို့ရည်ရွယ်ထားတဲ့ ချစ်သူ ဂရက် ရှိနေပြီး ရောဘတ်နဲ့တွေ့ချိန်မှာ သူ့ကိုအဆက်အသွယ်ဖြတ်လိုက်တဲ့အတွက် ကြိတ်မနိုင်ခဲမရဖြစ်နေပါတယ်။ အဲ့ဒါကြောင့်လည်း တစ်ညမှာရောဘတ်ကို လုပ်ကြံဖို့ကြိုးစားရင်းအပြန်အလှန်သတ်ပုတ်ကြရာကနေ ဂရက်ကမြစ်ထဲထိုးကျသွားခဲ့ပါတယ်။ ရောဘတ် သူ့ကို ထိုးချလိုက်တာ တစ်ချက်တည်းဖြစ်သလို မြစ်ထဲကျကျချင်းမသေတာသိတဲ့အတွက် ဆယ်တင်ပြီး ကမ်းနဘေးမှာထားခဲ့ပါတယ်။ဒါပေမယ့် နောက်တစ်နေ့မှာတော့ ဂရက်ပျောက်ဆုံးနေမှုနဲ့အတူ စုံထောက်တွေက သူ့ကိုလာပြီးစုံစမ်းစစ်ဆေးမှုတွေစတင်လာချိန်မှာတော့ ရောဘတ်တစ်ယောက် သပွတ်အူနဲ့တောက်လျှောက်တိုးပါတော့တယ်။The Talented Mr. Ripley တို့ Strangers on a Train တို့လိုနာမည်ကျော်ဂန္ဓဝင်တွေ လတ်တလောနာမည်ကြီးသွားခဲ့တဲ့ Ben Affleck. ...
movie
The Cry of the Owl (2009)
6.3
Death to Smoochy (2002)
Jumanji (1995) မင်းသားကြီး၊ Good Will Hunting (1997) မှာ ဇာတ်ပို့မင်းသားဆု ရခဲ့သူ။ အကြီးမြတ်ဆုံး ဟာသသရုပ်ဆောင်ကြီး Robin Williams ကို အလွမ်းပြေ ကြည့်ရှုချင်ရင်ပဲဖြစ်ဖြစ်။The Incredible Hulk (2008) ရဲ့ မင်းသားကြီး၊ မျက်လှည့်ဆရာကြီးအဖြစ် The Illusionist (2006) မှာ တွေ့မြင်ခဲ့ရသူ Edward Norton ကို ပေါက်စလေးအဖြစ် ပြန်ကြည့်ချင်ရင်ပဲဖြစ်ဖြစ်။ Catherine Keener ဆိုတဲ့ မင်းသမီးကြီးကို နုနုနယ်နယ် ပြန်မြင်ချင်ရင်ပဲဖြစ်ဖြစ် ဟောဒီဇာတ်ကားကို ရွေးချယ်သင့်ပါတယ်။ဇာတ်လမ်းကတော့ ဟာသ နဲ့ ဇာတ်ကြမ်း ရောယှက်ထားတာဖြစ်ပြီး ကလေးကြိုက်ရုပ်သံလိုင်းတွေရဲ့ နောက်ကွယ်ကို တစ်ဝကြီး မြင်တွေ့ကြရမှာပါ။ရိန်းဘိုးရန်းဒေါ့ဖ် ဆိုတဲ့ တင်ဆက်သူကြီး ငွေအလွဲသုံးစားမှုနဲ့ ဖမ်းခံရ၊ အလုပ်ပြုတ်၊ နေစရာမရှိ ဒုက္ခရောက်နေစဉ်မှာ သူ့နေရာကို မထင်မရှား စမူချီ ကြံ့ကြီးတစ်ဖြစ်လဲ ...
movie
Death to Smoochy (2002)
6.7
Death Race(2008)
Death Race(2008)*****************ကြမ်းကြမ်းတမ်းတမ်းကားမောင်းပြိုင်ပွဲတွေ အပစ်အခက်နဲ့အက်ရှင်တွေကို ကြည့်ရတာသဘောကျတဲ့ပရိသတ်ကြီးအတွက် Death Race ဇာတ်ကားလေးကားရှိတဲ့အထဲမှာ ပထမဆုံးကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ Resident Evil ဇာတ်ကားတွေကို ရိုက်ကူးပေးခဲ့တဲ့ဒါရိုက်တာကြီး Paul W.S. Anderson ကရိုက်ကူးပေးထားပြီး ပရိသတ်တွေနဲ့မစိမ်းတဲ့ အက်ရှင်မင်းသားကြီး Jason Statham နဲ့အတူ Natalie Martinez, Ian McShane, Joan Allen နဲ့ Tyrese Gibson တို့ကအဓိကပါဝင်သရုပ်ထားပါတယ်။မိန်းမနဲ့သမီးလေးကိုအလုပ်ကြမ်းလုပ်ရင်းနဲ့ စောင့်ရှောက်နေတဲ့ပြိုင်ကားမောင်းသမားဟောင်း ဂျန်ဆန်အိမ်းစ်ဟာ ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလို အလုပ်ပြုတ်တဲ့နေ့မှာပဲ မိန်းမဖြစ်သူကိုသတ်တဲ့အမှုနဲ့ အမှုဆင်ချောက်ချခံရပါတယ်။ သူရောက်သွားတဲ့ထောင်ကလည်း တစ်သက်တစ်ကျွန်းအကျဉ်းသားတွေပဲရှိတဲ့ ထောင်တစ်ခုဖြစ်ပြီး အဲ့ဒီကနေလွတ်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကလည်း သေခြင်းတရားပြိုင်ပွဲလို့ခေါ်တဲ့ ကားပြိုင်ပွဲကို ငါးကြိမ်နိုင်ရမှာပဲဖြစ်ပါတယ်။ ဖရန်ကင်စတိုင်းဆိုတာကတော့ အဲ့ဒီကားပြိုင်ပွဲကို လေးကြိမ်အထိအနိုင်ရခဲ့ပြီး ပရိတ်သတ်ရဲ့စိတ်ဝင်စားမှု အခံရဆုံးကားမောင်းသမားပဲဖြစ်ပါတယ်။ အဲ့ဒီဖရန့်ဟာမတော်တဆမှုကြောင့် နောက်ဆုံးကားပြိုင်ပွဲမှာသေဆုံးခဲ့ပြီး အားပေးမှုအများဆုံးလူဖြစ်တဲ့ နောက်တစ်ခါနိုင်ရုံနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရမယ့်ဖရန့်နေရာမှာ ဂျန်ဆန်ကိုအစားဝင်ဖို့အတွက် ထောင်ပိုင်ကကမ်းလှမ်းလာတဲ့အခါမှာတော့...မိန်းမကိုသတ်ခဲ့တဲ့သူကိုလိုက်ရှာရင်းနဲ့ အပြင်မှာရှိနေတဲ့သမီးလေးဆီကိုပြန်သွားနိုင်ဖို့ ဂျန်ဆန်အနေနဲ့ ဘယ်လိုတွေကြိုးစားမလဲဆိုတာကို အက်ရှင်တွေအပြည့်နဲ့ ခံစားကြရမှာပဲဖြစ်ပါတယ်File Size :(3.1GB)(1.1GB) and (380 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:45:00 Genre :Action, Crime , Sci-Fi Subtitle : ...
movie
Death Race(2008)
6.2
Land of the Dead (2005)
Land of the Dead (2005)Zombies apocalypse ရုပ်ရှင်တွေ အရိုက်များလာတဲ့နောက် Old but gold zombie ကားကောင်းတစ်ကားကို CM fanတွေ မကြည့်ဖူးမရှိရအောင် တင်ဆက်ပေးလိုက်ပါတယ် 2005ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6.2, RT 74% rating ရထားပါတယ်။ အမျိုးအမည်မသိရတဲ့ကပ်ဘေးတစ်ခုကြောင့် တစ်ကမ္ဘာလုံးက လူအများစု ဖုတ်ကောင်တွေ ဖြစ်သွားတဲ့နောက် လူကုံထံတွေက လုံခြုံရေးအထပ်ထပ်နဲ့ မြို့သစ်တွေတည်ပြီးနေထိုင်ကြပါတယ်၊ ကပ်ဘေးကလွတ်လာတဲ့ မျက်နှာမွဲလူဆင်းရဲတွေကိုတော့ မြို့ရဲ့အစွန်ဆုံး၊ ခြံစည်းရိုးတွေနဲ့ အနီးဆုံးမှာပဲ ပေးနေပါတယ်၊ ရိက္ခာကိုတော့ ကြေးစားလူစွန့်စားတွေကို ငှားရမ်းပြီး ဖုတ်ကောင်တွေပြည့်နေတဲ့ မြို့ပျက်ငယ်တွေမှာ ရှာဖွေခိုင်းပြီး အသက်ဆက်နေကြတာပါ။ရိုင်လေ နဲ့ ချိုလိုဒယ်မိုရာတို့က အဆိုပါ ကြေးစားအဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်၊ အစပိုင်းမှာတော့ ဖုတ်ကောင်တွေက လမ်းလျှောက်တတ်တဲ့ လူသေကောင်သာသာပဲမို့လို့ စားနပ်ရိက္ခာ ရှာဖွေရာမှာ သိပ်အခက်အခဲမရှိခဲ့ပေမယ့် တစ်နေ့မှာတော့ ဆင့်ကဲပြောင်းလဲတတ်တဲ့ သဘာဝအတိုင်း အချင်းချင်း ဆက်သွယ်တတ်တာကစလို့ ကမ္ဘာဦးလူသားတွေလို အစာရှာဖို့၊ ကိုယ့်ကိုယ်ကိုယ်ခုခံဖို့ ...
movie
Land of the Dead (2005)
7.6
The Hurricane(1999)
Unicode The Hurricane(1999) IMDb.....7.6<<<<<Rotten Tomatoes 83% သူ့နာမည်က Rubin "Hurricane" Carter ...ငယ်ငယ်လေးထဲက လူဖြူတွေနဲ့ပြသနာတစ်ချို့ရှိခဲ့တယ်...ဒါကြောင့်ပဲအချိန်တော်တော်များများ သူဟာ လူငယ်ပြုပြင်ရေးစခန်း တွေမှာပဲအချိန်ကုန်နေတယ်... လူဖြူတစ်ချို့ကြောင့် ထောင်ထဲမှာလိုအချိန်ကုန်ရတဲ့လူငယ်လေး Hurricane" ရဲ့ ရင်ထဲမှာ လူဖြူတွေအပေါ် အမုန်းတွေဟာ တစ်နေ့တခြားကြီးပွားလာတယ်.. လူမည်းတွေဟာ ထင်ပေါ်ကြော်ကြားဖို့မဖြစ်နိုင်ဘူးဆိုတဲ့အချက်ကိုခြေဖျက်ဖို့ သူ့ရဲ့အမုန်းတွေကို လက်သီးချက်တွေအဖြစ်ကူးပြောင်းလိုက်တယ်...ဒီလိုနဲ့ သူဟာ နာမည်ကျော် လက်ဝှေ့သမား Hurricaneဖြစ်လာတယ်.. တစ်နေ့ လူမဲတွေမလာရဆိုတဲ့ ဘားမှာ ဆိုင်ရှင်လူဖြူ(၃)ယောက်အသတ်ခံလိုက်ရတယ်...ဖုန်းဆက်သတင်းပေးမှုကြောင့် ဖမ်းလိုက်တဲ့အချိန်မှာ Hurricane တို့ကားကိုမိသွားတယ်... မျက်မြင်သက်သေတွေကလည်း Hurricane သတ်တယ်လို့ဆိုကြတယ်.. Hurricaneကိုယ်တိုင်ကတော့ သူမသတ်ဘူးလို့ငြင်းတယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုခံစားကြည့်လိုက်ပါဦးဗျို့... ဒီကားက လက်ဝှေ့သမား Rubin "Hurricane" Carter ရဲ့ ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းပေါ်မှာ အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်အတ္ထုပတ္တိကားဖြစ်ပါတယ် … မင်းသားကြီးကတော့ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး Denzel Washington ပေါ့ဗျာ....ဒီကားက ပညာပေးကားကောင်းတစ်ခုအဖြစ်လည်းစာရင်းဝင်တယ်လို့ဆိုကြတယ်... ဒီကားမှာ သူဟာ အော်စကာ ဆန်ကာတင်မင်းသားစာရင်းလည်းဝင်ခဲ့သေးတယ်...ပေးချင်တဲ့ Messageတွေလည်းတော်တော်ကောင်းတယ်...ကျန်တာတွေက တော့ spoiler ဖြစ်သွားမှာ စိုးလို့မပြောတော့ပါဘူး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ် Thaw Thaw Wai Oo ပဲဖြစ်ပါတယ်...File Size : (1GB) Quality ...
movie
The Hurricane(1999)
1999
7.0
Police Academy (1984)
New rules enforced by the Lady Mayoress mean that sex, weight, height and intelligence need no longer be a factor for joining the Police Force. This opens the floodgates for all and sundry to enter the Police Academy, much to the chagrin of the instructors. Not everyone is there through choice, though. Social misfit Mahoney has been forced to sign ...
movie
Police Academy (1984)
1984