Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bruce French
5.8
Enough (2002)
Enough (2002)===========ဆလင်းမ်ဟာ အယ်လ်အေမှာအလုပ်လုပ်တဲ့စားပွဲထိုးမလေးတစ်ယောက်ဖြစ်ပြီး သူအလုပ်လုပ်တဲ့စားသောက်ဆိုင်မှာပဲ မစ်ချ်ဟီလာ ဆိုတဲ့ အိမ်မက်ထဲက မင်းသားလေးနဲ့တွေ့ဆုံခဲ့ပါတယ်။မစ်ချ်ဟာ ငယ်ရွယ်ချောမောပြီး မိဘအသိုင်းအဝိုင်းတောင့်တင်းသလို ငွေရှာနိုင်သူလည်းဖြစ်တယ်။သူ့ကိုလည်း လိုလေသေးမရှိဖူးဖူးမှုတ်ဂရုစိုက်တတ်လေတော့ နောက်ဆုံးမှာ လက်ထပ်ဖြစ်၊ သမီးလေးတစ်ယောက်ရလာတဲ့အထိ ပျော်ရွှင်စွာနေထိုင်ခဲ့ကြပါတယ်။ခြောက်နှစ်ကြာပြီးတဲ့နောက်မှာတော့ အဲ့ဒီပျော်စရာအချိန်တွေကုန်လွန်ချိန်ရောက်ခဲ့ပါပြီ။အိမ်မက်ထဲက မင်းသားလေးဟာ မျက်နှာဖုံးတစ်စစနဲ့ကွာကျလာခဲ့ပြီး အကြိမ်ကြိမ်အိမ်ထောင်ရေးဖောက်ပြန်မှုတွေ၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေစိပ်လာချိန်မှာတော့ ဆလင်းမ်တစ်ယောက်သမီးလေးကိုခေါ်ပြီး တိတ်တိတ်ကလေးအဝေးကြီးကိုထွက်ပြေးခဲ့ရပါတယ်။ ဒါပေမယ့်လည်း မစ်ချ်ဟာငွေကြေးချမ်းသာရုံမက၊အဆက်အသွယ်ကလည်းကောင်းလေတော့ ဘယ်လောက်အဝေးကြီးကိုပြေးပြေး အချိန်တိုင်းသူ့လက်က မလွတ်နိုင်တဲ့အခါမှာ ဆလင်းမ်တစ်ယောက်ပြေးနေတာကိုရပ်ပြီး ပြန်လည်ရင်ဆိုင်ဖို့ပြင်ဆင်ရပါတော့တယ်။Enough Is Enough ပါပဲ။အိမ်တွင်းအကြမ်းဖက်မှုကိုအခြေခံတဲ့ thriller ကားကောင်းတစ်ကားဖြစ်ပြီး၊ အခုချိန်ထိအရွယ်တင်လှပဆဲဖြစ်တဲ့ အန်တီမမ J-lo က ခေါင်းဆောင်ပါဝင်ထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2.2GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:55:00 Genre_Crime, Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
Enough (2002)
6.9
Mission: Impossible III (2006)
2828Mission: Impossible III (2006)=======================IMDb Rating 6.9/10ဒီထဲမှာတော့ အီသန်ဟန့်တစ်ယောက် IMF Agent အသစ်တွေကို ထရိန်းဖို့ Agent ဘဝကနေ အနားယူခဲ့ပေမယ့်လက်နက်မှောင်ခိုရောင်းဝယ်ရေးအရှုပ်ထုပ်အတွင်းမှာ သူ့ချစ်သူကို လိုက်ကယ်ရတဲ့ Mission ကို မြင်တွေ့ရမှာပါ...ထုံးစံအတိုင်း ရှေ့က ၂ ကားရဲ့ ရသကို မီခဲ့တဲ့အပြင် ဒီဇာတ်ကားက တော်တော်လေးကြမ်းတမ်းတဲ့ လှည့်ကွက်တွေနဲ့ ဟင်ခနဲ ဟာခနဲဖြစ်ရတဲ့ MI ဇာတ်ကားပါပဲ...ဒါကြောင့်လဲ နံပါတ် ၃ ကားမြှောက်ဇာတ်ကားဆိုပေမယ့် တစ်ချက်လေးမှ ပေါ့ရွှတ်မနေခဲ့ဘဲ Rating မြင့် အက်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible ကြည့်ပါ။ File size…(9 GB)/(1.5 GB)/(999 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:05:24 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM, Nyeinsaeya Aung Translated by d3mon
movie
Mission: Impossible III (2006)
2006
4K HEVC
7.2
Beginners(2010)
အိုလီဗာဖီးဒ်ဟာ မိဘတွေရဲ့ထူးဆန်းတဲ့အိမ်ထောင်ရေးကြောင့် တခြားသူကိုရေရှည်ချစ်ကြည့်ဖို့မဝံ့ရဲပဲ အသက်သုံးဆယ့်ရှစ်နှစ်ရှိလာခဲ့ပါတယ်။ လူပျိုကြီးဘဝနဲ့ အရိုးထုတ်ဖို့ဆုံးဖြတ်ထားတဲ့အိုလီဗာဟာ တစ်နေ့တော့ ပါတီမှာအမှတ်မထင်ဆုံခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်မိသွားတဲ့အခါမှာတော့... အိုလီဗာ့လိုပဲ ငယ်ဘဝစိတ်ဒဏ်ရာတွေရှိနေတဲ့ အချစ်ကိုကြောက်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြားမှာတဖြည်းဖြည်းအမြစ်တွယ်လာတဲ့သံယောဇဥ်တွေရယ် အိုလီဗာရဲ့ဘဝဇာတ်ကြောင်းရယ်ကို လှပစွာပြသသွားတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒရမ်မာကားကောင်းတွေကြိုက်တတ်ရင် ပေးရတဲ့အချိန်နဲ့တန်မယ့်ဇာတ်ကားကောင်းတစ်ပုဒ်ပါလို့ ညွှန်းရင်းတင်ဆက်လိုက်ရပါတယ်။ File size…1.04 GB /470 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 45m Genre ..... Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chole Khin
movie
Beginners(2010)
7.6
Thank You for Smoking (2005)
Rotten Romatoes - 86%ဆေးလိပ်သောက်တာ မကောင်းဘူး။ ဆေးလိပ်သောက်တတ်သူတွေ အတော်များများနားခါးကြမယ့်စကားပါ။ အဲဒါကိုဘယ်သူပြောတာလဲ။ အဲဒါကယုံကြည်ရတဲ့နေရာကအချက်အလက်လား။ သောက်ဖူးလား။ တကယ်သောက်တဲ့သူတွေအဲလိုဖြစ်တာမြင်ဖူးလား စတဲ့ အချက်အလက်တွေနဲ့ ပြန်ပြီးဘလိုင်းကြီးဆေးလိပ်သောက်တာ မကောင်းဘူးပြောတဲ့သူကို ပြန်ရှင်းခိုင်းလိုက်ပါ။လေ့လာချက်တစ်ခုအရ စာသားတစ်ခုရဲ့အရှေ့မှာ လေ့လာချက်တစ်ခုအရ ဒါမှမဟုတ်သိပ္ပံနည်းကျပြောပြချက်အရ ဆိုတာကို တပ်ပြီးပြောရင် ပိုပြီးယုံချင်တတ်ကြပါတယ်တဲ့။ဒီဇာတ်ကားမှာကလည်း အဓိကဇာတ်ဆောင်က သိပ္ပံနည်းကျအချက်အလက်တွေကိုသုံးပြီး ဆေးလိပ်ဘက်ကနေ ပြန်လည်တိုက်ခိုက်သွားတာကို မြင်တွေ့ရမှာပါ။အမှန်တရားဆိုတာ ကိုယ်မြင်တဲ့အမြင်ပေါ်မူတည်တယ်ဆိုတဲ့ အချက်ကိုသုံးပြီးနေရာပြောင်းပြသွားတာတွေက အရမ်းကို လှပါတယ်။လူတော်တော်များများက အရမ်းအန္တရာယ်များပါတယ်ဆိုတဲ့ ဆေးလိပ်ကို ပညာသားပါပါနဲ့နေ့စဉ်သုံးပစ္စည်းတစ်ခုအဖြစ်သတ်မှတ်ချင်စိတ်ပေါက်သွားနိုင်အောင် စကားလုံးတွေကအရမ်းလန်းပါတယ်။IMDB Rating 7.6 ထိရရရှိထားပြီး Satire,Comedy အမျိုးအစား ဇာတ်ကားတစ်ကားပါ။ဟားနေရင်း တွေးချင်ရင်တော့ ကြည့်လိုက်ကြပါဗျာ။(အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်) File size__( 350 MB) and ( 850 MB) Quality__BR-Rip 720p IMDb Rating__7.6/10 Format__mp4 Duration__01:32:07 Type__Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by d3mon Encoded by ...
movie
Thank You for Smoking (2005)
2005