Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bruce Dern
5.0
Inherit the Viper (2019)
unicodeဒီတစ်ခေါက်တော့ CM ပရိသတ်ကြီးအတွက်Crime Drama ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့ Inherit the Viper (2019)ပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ကွန်လေ မိသားစုဆိုတာမူးယစ်ဆေးရောင်းဝယ်ကာ အသက်ရှင်နေထိုင်ရတဲ့ မိသားစုပါ။ကစ်ပ်ဆိုတဲ့ အကိုကြီးရယ် ဂျိုဆီဆိုတဲ့ အမရယ်က မူးယစ်ဆေးရောင်းဝယ်ပြီးညီငယ်လေး ဘူးတ်ကိုတော့ ဒီကိစ္စတွေနဲ့ မပါတ်သတ်ခိုင်းပါဘူး။တစ်နေ့မှာတော့ထင်ရာစိုင်းတတ်တဲ့ လူရွယ်လေး ဘူးတ်ကဆေးတွေခိုးကာအရောင်းအဝယ်လုပ်ဖို့ကြိုးစားပါတော့တယ်။ဒါပေမယ့် ထင်ထားသလိုဖြစ်မလာပဲ ပြဿနာတွေတက်လာတဲ့အခါကွန်လေမိသားစု ဘယ်လိုဖြေရှင်းမလဲ?ဘာတွေဆက်ဖြစ်မလဲ?ဆိုတာ စိတ်ဝင်စားစရာပါ။မိသားစုထဲ စိမ့်ဝင့်ပျံ့နှံ့နေတဲ့ ဒီပြဿနာတစ်ခုကို ဘယ်လိုဖြေရှင်းထုတ်မလဲဆိုတာဇာတ်လမ်းအဆုံးထိ စိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးမလို့CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ်။File Size : ( 786 MB , 255 MB )Quality : WEB-DL 720pRunning Time : 1 hr 30 minFormat : Mp4Genre : Crime , Drama , ThrillerSubtitle : Myanmar Subtitle ...
movie
Inherit the Viper (2019)
American Dresser (2018)
American Dresser (2018)==================#UnicodeRating 5.2 ထိရထားတဲ့ American Dresser ပါ Adventure / Drama အမျိုးအစားပါ Sniper မင်းသားကြီး Tom Berenger က အဓိက ပါဝင်ထားပါတယ် ပြီးတော့ ဆာဂျင် မင်းသားကြီး Keith David က Tom ရဲ့ သူငယ်ချင်းအဖြစ် အားဖြည့်ပေးထားပါတယ် မိန်းမ လောလောလတ်လတ်သေထားတဲ့ မုဆိုးဖို ဂျွန်မော်ရိန်းက သူ့မှာ သားတစ်ယောက်ရှိကြောင်းကို သိရှိခဲ့ပါတယ် သားရှာပုံတော်အတွက် အနောက်ဘက်ကမ်းခြေကို သူငယ်ချင်း ချာလီ နဲ့ အတူတူ ဆိုင်ကယ်စီး ခရီးထွက် ခဲ့ပါတယ် လမ်းမှာ ဘယ်လို အခက်အခဲနဲ့ ကြုံမလဲ ဘယ်လို လူတွေနဲ့ တွေ့မလဲဆိုတာ စိတ်ဝင်တစားကြည့်ရမယ့် ကားလေးပါ နည်းနည်းတော့ ရိုးစင်းပေမယ့် တင်ပြထားတဲ့ ရည်ရွယ်ချက်ကောင်းတဲ့ ဇာတ်လမ်း လေးပါ Rider တွေ အကြိုက်တွေ့မယ့် ကားလေးလဲဖြစ်ပါတယ် “Life is a ride... ...
movie
American Dresser (2018)
2018
7.7
Once Upon a Time … in Hollywood (2019)
(Unicode)တစ်ခါတုန်းက ဟောလိဝုဒ်မှာ ဆိုတဲ့ ရုပ်ရှင်လေးကို တင်ပေးလိုက်ပါတယ်။ဒါကတော့ ရုပ်ရှင် ၁၀ ကား ရိုက်ပြီးရင် အနားယူပါတော့မယ်ဆိုတဲ့ ဂန္ဓဝင်ဒါရိုက်တာကြီး ကွင်တင် တာရန်တီနိုရဲ့ ၉ ကားမြောက်ရုပ်ရှင်ပါပဲ။အရင်ရှစ်ကားကတော့ Django Unchained (2012) ... The Hateful Eight (2015) ... Death Proof (2007) ...Inglourious Basterds (2009) ... Reservoir Dogs (1992) ... Kill Bill: Vol. ... Kill Bill: Vol. ... Jackie Brown (1997) ဆိုတဲ့ကားတွေပါပဲ။ဒီရုပ်ရှင်ကတော့ ဟောလိဝုဒ်ခေတ်ဟောင်းကို ပြန်တမ်းတဖို့ သရုပ်ဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။ခေတ်ဟောင်းကောင်းဘွိုင်ကားအကြောင်းတွေ၊ ဟောလိဝုအထာတွေ၊ အဲဒီခေတ်ရဲ့ ဟစ်ပီတွေနဲ့ ပုံဖော်ထားတာပါပဲ။...
movie
Once Upon a Time … in Hollywood (2019)
2019
6.7
Badland (2019)
ကောင်းဘွိုင်ဇာတ်လမ်းကိုကြိုက်နှစ်သက်တဲ့သူများအတွက်ကြည့်လို့ကောင်းမယ့်ကားတစ်ကားဖြစ်ပါတယ်။ဘဝမှာအကြမ်းဖက်မှုတွေနဲ့သာဖြတ်သန်းလာခဲ့ရတဲ့မသိုင်းယပ်စ်ဘရိချာ ဆိုတဲ့လူတစ်ယောက်ကအစိုးရကခန့်အပ်ထားတဲ့စုံထောက်အလုပ်ကိုထမ်းဆောင်ရင်းသူကွပ်မျက်ရမယ့်ဝရမ်းပြေးရဲ့သမီးနဲ့အချစ်ဇာတ်လမ်း၊စစ်အတွင်းက ဗိုလ်ချုပ်၊ဗိုလ်ကြီးဟောင်းတွေရဲ့လူမဆန်တဲ့လုပ်ရပ်တွေအတွက်တရားမျှတမှုကိုရရှိအောင်ပြောင်မြောက်စွာအသက်ကိုရင်းပြီးဆောင်ရွက်ပုံများဘရိချာရဲ့သေနတ်ပစ်ကျွမ်းကျင်မြန်ဆန်မှုတွေ၊ကြမ်းတမ်းတာတွေပဲလုပ်ခဲ့ပေမယ့်နောက်ဆုံးမှာသူလိုချင်တဲ့အိမ်လို့ခေါ်နိုင်တဲ့နေရာလေးကိုရောက်အောင်သွားခဲ့ပုံတွေကိုကြည့်ရှုရမှာပါ File Size : (1 GB , 201 MB )Quality : WEB-DL 720pRunning Time : 1 hr 57 minFormat : Mp4Genre : WesternSubtitle : Myanmar Subtitle (Hard Sub)Translated by Poe Haymar AungEncoded by Moe Myint Lwin
movie
Badland (2019)
2019
8.4
Django Unchained ( 2012 )
Unicode*******2012 ခုနှစ်က ထွက်ရှိထားပြီး IMDb 8.4 အထိရရှိထားတဲ့ဇာတ်ကားကောင်းပါပဲလူမည်းတွေ အမေရိက မှာ အကြီးအကျယ် အနိုင်ကျင့် ရက်စက် ကျွန်ပြုတာ ခံနေရချိန် . . . ။လူဖြူ သူဌေးကြီးတစ်ယောက်ရှိတယ်။ သူက bounty hunter . . ။သူခိုး လူသတ်သမား ဓားပြတွေကို လိုက်ဖမ်းတယ်။အစိုးရလက်ထဲ အပ်တယ်။ ဆုငွေ ထုတ်စားတယ်။တစ်နေ့တော့ ခပ်ကျစ်ကျစ် ခပ်ပြတ်ပြတ် လူမည်းတစ်ယောက်ကို တစ်နေရာကနေ သူ ရလိုက်တယ်။အဲ့ဒီ လူမည်းနာမည်က Django တဲ့။ ပြီးတော့ Django ကိုအဲ့လူဖြူဘဲကြီးက လက်ထောက် တာဝန် ကောက်ခါငင်ကာ ပေးလိုက်တယ်။အဲ့ဒီခေတ်မှာ လူမည်းတွေက မြင်းစီးဖို့ မပြောနဲ့။လူဖြူတွေကို မော်တောင် မကြည့်ရဲဘူး။ ဒါပေမယ့် Django က မြင်းကြီးစီးသေနတ်ကြီးလွယ်ပြီး တစ်မြို့ ဝင် တစ်မြို့ထွက် သူ့ဆရာနဲ့ အတူ ...
movie
Django Unchained ( 2012 )
2012
7.4
The Mustang (2019)
Rating 7.1 ရရှိထားတဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်...မိမိလက်နဲ့ထိန်းကျောင်းပြီး ပြုစုစောင့်ရှောက်ရတဲ့ သတ္တဝါလေးတွေကိုမခင်တွယ်မိသူ ဘယ်သူရှိမှာပါလဲဒီကားလေးမှာတော့ ရိုမန်ကိုးမန်းဆိုတဲ့ အကျဉ်းသားနဲ့ သူရဲ့ မာစတန်မြင်းလေးမာကွီးစ် တို့အကြောင်း ရိုက်ကူးတင်ဆက်ထားပါတယ်ရိုမန်ကိုးမန်းက ဇနီးသည်ကို အပြင်းအထန်နာကျင်စေမှုနဲ့ထောင်ကျခံနေရသူတစ်ဦးဖြစ်ပါတယ်။သူဟာ အကျဉ်းထောင်ထဲမှာ ပြဿနာမရှာတတ်သူဖြစ်တာကြောင့်ပြုပြင်ထိန်းသိမ်းရေးအစီအစဉ်တစ်ခုမှာ ပါဝင်ခွင့်ရပြီး မြင်းရိုင်းတွေကိုလေ့ကျင့်သင်ကြားပေးသူ ဖြစ်လာပါတော့တယ်စစချင်းမှာတော့ မာစတန်မြင်းရိုင်းလေးဟာ ဘယ်သူ့ကိုမှလည်းအကပ်မခံ ဘယ်သူ့ကိုမှလည်း အကိုင်မခံတဲ့ မာန်ကြီးတဲ့မြင်းရိုင်းတစ်ကောင်ပါရိုမန်အနေနဲ့လည်းဘယ်လိုပဲကြိုးစားကြိုးစား မာစတန်မြင်းလေးကပျော့ပြောင်းမလာခဲ့ပါဘူးသူအစွမ်းကုန် ကြိုးစားနေရင်း အချင်းချင်း ဆက်နွယ်မှုလေးနဲ့သဟဇာတဖြစ်ဖြစ် အတွဲညီလာတဲ့အချိန်မှာပဲလေ့ကျင့်ထားတဲ့ မြင်းရိုင်းတွေကို လေလံတင်ပစ်တဲ့အချိန်ရောက်လာပါတော့တယ်ရိုမန်အနေနဲ့မာစတန့်ကို ကာကွယ်နိုင်ပါ့မလား။သူတို့နှစ်ဦး အတူတူရှိနေနိုင်ပါ့မလား။ထောင်သားတစ်ယောက်ဖြစ်တဲ့ ရိုမန့်အနေနဲ့ ဘယ်လောက်ထိများသူ့မြင်းလေးကို ကာကွယ်ပေးနိုင်မှာလဲဆိုတာ ကြည့်ရှုရမှာပါချစ်ခြင်းမေတ္တာရဲ့အစွမ်းဟာ မာန်ကြီးလှတဲ့ မူစတန်မြင်းရိုင်းကိုတောင်ပျော့ပြောင်းလာစေတာကို ...
movie
The Mustang (2019)
2019
6.1
Small Soldiers (1998)
ဒီဇာတ်ကားလေးကြည့်ပြီးခလေးဘဝကို ပြန်ခံစားမိမှာအမှန်ပါပဲဲဟိုးအရင်က ကြိုက်ခဲ့ရတဲ့ဇာတ်ကားဆိုလဲမမှားပါဘူး။Heartland အရုပ်စက်ရုံဟာ ပြိုင်ဆိုင်မှုတွေကြားမှာ နစ်မြုပ်နေတဲ့အဆင့်မြင့်နည်းပညာတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတစ်ခုပါ Hearland Play Service ကတော့အရုပ်တွေထုတ်လုပ်တဲ့စက်ရုံကြီးပေါ့ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ဂေးမာစ်းတစ်ယောက် သူ့ကုမ္ပဏီကအရုပ်တွေကိုသာမန်အရုပ်တွေနဲ့မတူ တမူထူးခြားအောင်လုပ်ချင်တဲ့ဆန္ဒကိုရှေ့တန်းတင်မိတဲ့အခါမှာတော့ မထင်မှတ်ထားတဲ့ကလေးကစားစရာအရုပ်လေးတွေဟာ ငိုအားထက်ရယ်အားသန်ဆိုသလိုစောင်ဆန်းကြီးတွေ လုပ်လာပါတော့တယ်အရုပ်တွေစောင်ဆန်းအကွက်တွေနင်းလို့တိုင်ပတ်နေတဲ့လူငယ်လေးအယ်လန်တစ်ယောက် ဒီအရှုပ်တော်ပုံကြီးကိုဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရမှာတော့ စိတ်ဝင်စားစရာပါ။Small Soldier ဇာတ်ကားဟာ သာမန်အမြင်နဲ့ကြည့်ရင်တော့ကလေးကြိုက်ကားလို့ထင်ကြေးပေးနိုင်ပေမယ့် သေချာခံစားကြည့်ရှုရင်အတော်လေး ခွီရတဲ့အပြင် မတူညီတဲ့ဒေသနှစ်ခုကခံစားချက်လေးတွေကို ခံစားရမှာပါကလေးဘဝတုန်းကတော့ အသဲယားစရာကောင်းတဲ့စစ်သားရုပ်တွေကိုအော်ဂလီဆန်ခဲ့တယ် လူငယ်ဖြစ်လာတော့ဟာသအထွေအထူးမထည့်ထားပေမယ့် အတော်လေးဗိုက်အောင့်လောက်အောင်ခွီရတဲ့ကားမှန်းသိလာတယ် ဟုတ်တယ်လေ။လက်တစ်ဖဝါးစာစစ်သားရုပ်လေးတွေ တကယ့်တိုက်ပွဲဝင်စစ်သားတွေလိုအတည်ပေါက်နဲ့အမိန့်တွေပေး mission တွေလုပ်နေတာကိုကြည့်ရတဲ့အရသာကတမျိုးလေးဗျ Long Long ago Spiderman Triologyထဲကမင်းသမီးချောလေးပါတွေ့ရတော့ကြည့်ရတာ မတန်ဘူးလို့ ငြင်းချက်ထုတ်စရာမရှိပါဘူး။ကလေးကားပေမယ့် ကလေးတကာ့ကလေးကားတွေထဲကခွဲထွက်လာတဲ့ လူငယ်တွေကို ရသတမျိုးအထူးဆန်းခံစားစေမယ့် ကားလေးလို့ဆိုလဲ မမှားပါဘူး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ဖြစ်ပြီး Arkar Phyo မှ Encode ပေးထားပါတယ်။) File Size : ...
movie
Small Soldiers (1998)
1998
6.5
White Boy Rick (2018)
White Boy ဆိုတဲ့အသံကြားလိုက်တာနဲ့ အမေရိကရဲ့လူဖြူလူမည်းပရိပက္ခတွေကို အနည်းငယ်တီးမိခေါက်မိရှိတဲ့သူတွေက ဇာတ်လိုက်ဖြစ်သူ Rick ရောက်ရှိနေတဲ့ ပတ်ဝန်းကျင်အခြေအနေကိုခန့်မှန်းမိကြမှာပါ။Rick ဆိုတာက Richard Wershe Jr. လို့ခေါ်တဲ့ ၁၄ နှစ်သားကောင်လေးတစ်ယောက်။မိဘဖြစ်သူတွေက တရားဝင်ကွာရှင်းထားပြီးသားဖြစ်တဲ့အတွက် အဖေ့စောင့်ရှောက်မှုအောက်မှာ အစ်မဖြစ်သူနဲ့အတူနေထိုင်တယ်။သူတို့နေထိုင်တဲ့နေရာက Detroit လို့ခေါ်တဲ့ နယ်စပ်မြို့၊ လူမည်းအများစုနေထိုင်ပြီး ဒုစရိုက်မှုတွေမှိုလိုပေါတဲ့မြို့တစ်မြို့ပေါ့ဗျာ။Rick Jr. ရဲ့အဖေဖြစ်သူက လိုင်စင်ရသေနတ်ရောင်းဝယ်ရေးသမားဖြစ်တာနဲ့အညီ ဂိုဏ်းစတားတွေ၊ဒုစရိုက်သမားတွေနဲ့ အမြဲမပြတ်ဆက်ဆံနေရတဲ့သူပေမယ့် ဗီဒီယိုစတိုးလေးဖွင့်ပြီး မိသားစုနဲ့အတူအေးအေးဆေးဆေးဘဝကိုဖြတ်သန်းချင်တဲ့သူ။တစ်ရက်မှာ Rick Jr. တစ်ယောက် သူ့အဖေသေနတ်ပြပွဲကနေ အောက်ကြေးနှိုက်လာတဲ့ AK47 နှစ်လက်ကို Johnny လို့ခေါ်တဲ့ လူမည်းတစ်ယောက်ဆီသွားရောင်းရာကနေ သူတို့အဖွဲ့နဲ့ဓာတ်ကျပြီး ဘော်ဒါတွေဖြစ်သွားကြတယ်။Johnny တို့အဖွဲ့က အားလုံးလူမည်းတွေချည်းဖြစ်တဲ့အတွက် သူတစ်ဦးတည်းသာလူဖြူဖြစ်နေတဲ့ Rick Jr. တစ်ယောက် White Boy Rick ဆိုတဲ့ နာမည်ပြောင်ရပြီး အဖွဲ့ဝင်တစ်ယောက်လိုဖြစ်လာတယ်။အဲဒီလိုရက်သတ္တပတ်တွေဖြတ်သန်းပြီးတဲ့အခါမှာတော့ Rick Jr. ရဲ့အဖေ လိုင်စင်မရှိပဲ Silencer ...
movie
White Boy Rick (2018)
2018
5.0
Warning Shot 2018
အော်ဒရီ ဟာ ရှိုင်းနီး ဆိုတဲ့ သမီးလေးကို ယောကျင်္ားမရှိပဲ တစ်ယောက်ထဲရှာဖွေကျွေးမွေးနေရတဲ့ Single Mom တစ်ယောက်ဖြစ်ပြီး အကြွေးပင်လယ်ဝေနေသူပေါ့တစ်ရက်မှာတော့ သူမ ဖခင် သေဆုံးခဲ့ကြောင်းသိရပြီး အသုဘကိစ္စ များ စီစဉ်ပြီးရာရှေ့နေမှ သူမ ဖခင်မှာ ခြံအကျယ်ကြီးနဲ့ အိမ်တစ်လုံး ပိုင်ဆိုင်ကြောင်း တစ်ပတ်နေရင်အမွေပိုင်ဆိုင်ခွင့် ရရှိကြောင်း ကြေငြာပေးမည် ဖြစ်၍ လောလောဆယ် ထိုအိမ်တွင်နေဖို့ သော့ပေးလိုက်ပါတယ်...အကြွေးများကြောင့် ငှားနေတဲ့အိမ် လက်လွှတ်လိုက်ရတဲ့ အော်ဒရီ တို့ သားအမိဟာနောက်ဆုံး ကောက်ရိုးမျှင်လေးဖြစ်တဲ့ ဖခင် အမွေချန်ထားခဲ့သော မြို့အစွန်က အိမ်လေးဆီသို့သွားရောက်ခဲ့ပါတော့တယ်...သူမ တို့ မသိသေးတဲ့အချက်ကတော့ ထိုမြေနေရာမှ အရာတစ်ခုကိုစီးပွားရေး ပြိုင်ဘက်တစ်ဦးမှ မတော်လောဘ နှင့် လိုချင်နေ၍သူမတို့ သားအမိ နှစ်ဦးသာ ရှိတဲ့ အိမ်ဆီသို့ မဖိိတ်ခေါ်ထားသောဧည့်သည်များ ရောက်ရှိလာသော အခါ....ဇတ်လမ်းသည် အပြောအဆိုများ ညစ်ညမ်းသဖြင့် မိသားစုနှင့်အတူကြည့်ရှုရန်မသင့်တော်ပါထိတ်လန့်သည်းဖို ဇတ်လမ်းဖြစ်သောကြောင့် ထိုင်ရာက မထစတမ်း သင့်ကိုဇတ်လမ်းအစကနေ အဆုံးထိ စွဲဆောင်သွားပါလိမ့်မယ်...ဒီဇတ်လမ်းကို ဘာသာပြန်ပေးထားသူကတော့Thein Tun Soe ဖြစ်ပြီး Thit San Khant ...
movie
Warning Shot 2018
2018
6.8
Chappaquiddick (2017)
ဒီတစ်ခေါက်ကတော့ အမေရိကန်ဇာတ်လမ်းကောင်းကောင်းလေးတွေကို ကြိုက်တဲ့သူတွေအတွက်ပဲဖြစ်ပါတယ်ဇာတ်လမ်းကတော့ ....Joe Kennedy ရဲ့ အသက်ရှင်ကျန်ခဲ့တဲ့တစ်ဦးတည်းသောသား အမတ် Ted Kennedy က Chappaquiddick ကျွန်းကို လှေပြိုင်ပွဲအတွက်သွားရင် "Boiler Room Girls" လို့ခေါ်တဲ့ စည်းရုံးမဲဆွယ်ရေးက အမျိုးသမီးတွေနဲ့ ၁၉၆၉ ဇူလိုင်လ၁၈ရက်မှာ ပြန်လည်တွေ့ဆုံပွဲလုပ်ခဲ့ပါတယ်ပွဲပြီးတဲ့နောက်မှာ သူ့ရဲ့အစ်ကိုဖြစ်သူ Bobby လက်ထပ်တုန်းက အတူအလုပ်လုပ်ပေးခဲ့ဖူးတဲ့ Mary Jo နဲ့အတူ ပါတီကနေထွက်လာခဲ့တယ်လမ်းမှာပဲ မတော်တဆမှုဖြစ်ပြီး ကားကရေထဲထိုးကျသွားခဲ့ပြီး Mary Joလည်းသေသွားခဲ့ပါတယ်လာမယ့်ရွေးကောက်ပွဲမှာ အရွေးခံမယ့် လွှတ်တော်အမတ် Ted ဟာ Mary Jo သေတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဖြေရှင်းရင်း ပြဿနာတွေ ရှုပ်ထွေးသွားခဲ့ပါတယ်အဲ့ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ?Ted က ပြစ်ဒဏ်တွေခံရဦးမှာလား?Ted ရဲ့သမ္မတလောင်းနေရာကရော ဘယ်လိုဖြစ်မလဲ ဆိုတာစိတ်ဝင်တစားစောင့်ကြည့်ရမယ့် ဇာတ်လမ်းကောင်းဖြစ်ပါတယ်ဒီဇာတ်လမ်းကို John Curranက ရိုက်ကူးထားပြီးတော့ John Clarke, Kate Mara, Ed ...
movie
Chappaquiddick (2017)
2017
1
2
Previous