Channel Myanmar

Brooke Theiss

Catwoman (2004) 3.4
Catwoman (2004) Catwoman (2004) Genre - Action,Crime,Fantasyဒီတစ်ခါမှာတော့ အားလုံးနဲ့မစိမ်းတဲ့ မင်းသမီးကြီး Halle Berry ပါဝင်သရုပ်ဆောင်ထားတဲ့ Catwoman နဲ့မိတ်ဆက်ပေးပါမယ်။ Patience ဟာ Hadre အလှကုန်ကုမ္ပဏီမှာ ဒီဇိုင်းဆွဲတဲ့အလုပ်လုပ်နေတဲ့ကောင်မလေးပါ။ တစ်နေ့မှာတော့ သူ့တိုက်ခန်းမှာဒီဇိုင်းဆွဲနေတုန်း ကြောင်လေးတစ်ကောင်ခေါင်မိုးပေါ်ရောက်နေတာတွေ့တာနဲ့ ပြတင်းပေါက်ကထွက်ပြီးကယ်ဖို့လုပ်ပါ‌တော့တယ်။အဲဒီလိုကယ်နေတဲ့အချိန်မှာပဲ လမ်းကဖြတ်သွားတဲ့ စုံထောက်ကြီးတစ်ယောက်က ခုန်ချမယ်ထင်ပြီး လာကယ်ရင်းနဲ့ပဲ Patience နဲ့ စုံထောက်ကြီးတို့ခင်မင်သွားပါတော့တယ်။ တစ်နေ့ Patience တစ်ယောက် ကုမ္ပဏီကခိုင်းထားတဲ့ဒီဇိုင်းကိုစက်ရုံအထိသွားပေးရပါတယ်။ စက်ရုံကလျှို့ဝှက်ချက်တစ်ခုကိုမထင်မှတ်ပဲ သိသွားတာကြောင့် ကံဆိုးမိုးမှောင်ကျပြီး အသတ်ခံလိုက်ရပါတယ်။Patience တစ်ယောက်သေသွားတယ်ဆိုပေမဲ့ သူကယ်ခဲ့တဲအီဂျစ်နတ်ဘုရားမရဲ့တမန်တော်ကြောင်လေးရဲ့ အစွမ်းနဲ့ အသက်ပြန်ရှင်သန်လာခဲ့ပါတယ်။ ပြန်ရှင်သန်လာတဲ့အခါမှာ Patience တစ်ယောက် အရင်လိုမဟုတ်တော့ပါဘူး။ အထိအတွေ့၊ အနံ့ အာရုံခံမှုတွေဟာ လူသားတစ်ယောက်နဲ့မတူတော့ဘဲ ထူးခြားနေပါတယ်။ အဲဒီညကကိစ္စကိုလည်း မမှတ်မိပါဘူး။ ဒီလိုနဲ့‌‌ ကြောင်အစွမ်းတွေရပြီး ကြောင်လူသားဖြစ်သွားတဲ့ Patience ဟာ သူ့စိတ်ထင်ရာလျှောက်သွားလိုက်၊ လူဆိုးတွေကိုဝင်ဖမ်းလိုက်နဲ့ သတင်းတွေမှာနာမည်ကြီးလာပါတယ်။ နောက်ပိုင်းမှာ သူအသတ်ခံခဲ့ရတဲ့အဖြစ်မှန်ကိုသိပြီး သတ်ခဲ့တဲ့လူနဲ့ သတ်ခဲ့တဲ့အကြောင်းအရင်းကိုရှာပုံတော်ဖွင့်ပါတော့တယ်။ Catwoman တစ်ယောက် ကုမ္ပဏီရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်နိုင်ပြီး တရားမျှတမှုကိုရှာဖွေနိုင်မလားဆိုတာကို မမရဲ့ အမိုက်စားတိုက်ခိုက်မှုပြကွက်တွေနဲ့တင်ဆက်ပေးထားတာကြောင့်ကြည့်ရှုခံစားလိုက်ပါဦး။File size…    2.1 GB /  971 ...
movie

Catwoman (2004)

A Nightmare on Elm Street 4: The Dream Master (1988) 5.7
A Nightmare on Elm Street 4: The Dream Master (1988) A Nightmare on Elm Street 4: The Dream Master (1988) IMDB - 5.7/10, Meta - 56%ဒီကားကတော့ Freddy ရဲ့ လေးကားမြောက်ဖြစ်ပါတယ်။ Part 3 ဇာတ်ကားမှာ အပြစ်ဖြေ မြှုပ်နှံ သင်္ဂြိုလ်ခြင်းခံလိုက်ရလို့ Freddy ရဲ့ဝိညာဉ်ကွယ်ပျောက်ခဲ့ပေမယ့် Kerstin ရဲ့အိပ်မက်စွမ်းအားနဲ့ စွဲလမ်းမှုတွေကြောင့် Freddy တစ်ယောက် Elm လမ်းပေါ် ပြန်ရောက်လာခဲ့ပါတယ်။Part 3 ဇာတ်ကားက ရှင်သန်ကျန်ရစ်သူ ကလေးသုံးယောက်ကို တစ်ယောက်ချင်း လိုက်ရှင်းနေစဉ်မှာ Kerstin တစ်ယောက် မကာကွယ် မကူညီနိုင်ခဲ့ပါဘူး။ နောက်ဆုံး သူ့အလှည့်ကို ရောက်တဲ့အချိန်မှာတော့ သူ့ရဲ့စွမ်းအားနဲ့ မတော်တဆ Alice ဆိုတဲ့ ကောင်မလေးကို အိပ်မက်ထဲ ဆွဲသွင်းလိုက်မိရာကစပြီး Freddy တစ်ယောက် ဘာမှမဆိုင်တဲ့ ကလေးအသစ်တွေရဲ့ သွေးနံ့ကို ယစ်မူးသွားခဲ့ပါပြီ။Alice ...
movie

A Nightmare on Elm Street 4: The Dream Master (1988)

1988