Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Britt Robertson
7.0
The Longest Ride (2015)
" လူတစ်ယောက်ကို အမှန်တကယ်ချစ်မိသွားရင်သူ့ရဲ့ ပျော်ရွှင်မှု မှာ ကိုယ်မပါရင်တောင် လက်လွှတ်ပေးသွားနိုင်တယ် "ကျနော် တို့ အချစ်အကြောင်း ပြောကြတဲ့ အခါအမျိုးအမျိုး ပြောကြပါလိမ့်မယ်ရိုးရှင်းလွန်းတဲ့ အချက်ကတော့ချစ်ရတဲ့သူပျော်နေရင် ကိုယ်တိုင်ကလဲပျော်ရွှင်ရတာပါပဲ....The Longest Ride ကို ကြည့်မိတဲ့ အခါနွားကျောင်းသားလေး လုခ် နဲ့ ဆိုဖီယာ တို့ အတွဲရယ်အိုင်ရာ နဲ့ ရုဒ် တို့ အတွဲရဲ့ အချစ်ဇာတ်လမ်း နှစ်ခုလုံးကို တွေ့ရမှာပါလူတွေဟာ တစ်ခါတစ်လေကျရင် ကိုယ်က ဘယ်လောက်ချစ်ပေးရတယ်ကိုယ်က ဘယ်လောက် အနစ်နာ ခံရတယ် ဆိုပြီး တွေးကြပေမဲ့တစ်ဖက်က စွန့်လွှတ်လိုက်ရတဲ့ အရာတွေကိုတော့ မသိခဲ့ကြပါဘူး...ဒီဇာတ်လမ်းမှာဆိုရင် လုခ် ဟာ နွားရိုင်းစီးတဲ့ နွားကျောင်းသားလေးပါနွားရိုင်းစီးတဲ့ ပွဲကို လာကြည့်တဲ့ ဆိုဖီယာ နဲ့ ဆုံကြပြီး ဒိတ်ဖြစ်သွားကြတယ်အပြန်မှာတော့ လမ်းတစ်နေရာမှာ မှောက်နေတဲ့ ကားထဲ ကနေအိုင်ယာ လို့ ခေါ်တဲ့ လူကြီးရယ် ...
movie
The Longest Ride (2015)
5.9
White Rabbit (2013)
Drama/Thriller ရုပ်ရှင်ကားဟောင်းလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ဟာလင်က ထူးခြားတဲ့ကလေးတစ်ယောက်ပါ။ ဘယ်လိုထူးခြားလဲဆိုတော့ တခြားသာမန်ကလေးတွေနဲ့မတူဘဲ ပိုငြိမ်ပြီး ထူးခြားတာပေါ့။ ဟာလင် ကလေးပေါက်စအရွယ်ကတည်းက အထိန်းအကျောင်းမတတ်တဲ့ ဖိုဝါဒီအဖေကြီးကြောင့် ဟာလင်က စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာခဲ့ရတယ်။အလယ်တန်းရောက်လာတော့လည်း ကျောင်းမှာအနိုင်ကျင့်တာတွေခံရတယ်။ ဟာလင်မှာ စတီဗီလို့ခေါ်တဲ့သူငယ်ချင်းလေးတစ်ယောက်တော့ရှိတယ်။ တစ်ရက်မှာ ဟာလင်ဟာ သူငယ်ငယ်တုန်းက အဖေဖြစ်သူနဲ့ တောထဲအမဲလိုက်ထွက်ရင်း သတ်ခဲ့ဖူးတဲ့ယုန်လေးတစ်ကောင်ကို မျက်စိထဲ ပြန်ပြန်မြင်လာရပြီးနောက်မှာတော့ ဟာလင်ရဲ့စိတ်အခြေအနေတွေဟာ သူ့ကို ဆိုးရွားတဲ့အကျိုးဆက်တွေဆီကို တွန်းပို့ကြပါတော့တယ်။ File size…(1.9 GB)/(990 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:30:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie
White Rabbit (2013)
6.8
Dan in Real Life (2007)
ဒီဇာတ်ကားလေးကတော့ ဇာတ်ကားနာမည်မှာပါတဲ့အတိုင်း Dan ဆိုတဲ့ လူတစ်ယောက် အကြောင်းပါ။ဇာတ်ကားအမျိုးအစားက အချစ်ဟာသဇာတ်မြူးလေးပါ။ ခွက်ထိုးခွက်လန်ရယ်ရတဲ့ဟာသကားမျိုးမဟုတ်ပါဘူး။ဒါပေမယ့် အချစ်ကားဆိုတာတော့ တကယ်အဟုတ်ပါ။Rating တွေကတော့ IMDb - 6.8/10 နဲ့Rotten Tomato 65% ဆိုတော့ ကြည့်ပျော်ပါတယ်ဆိုတာထူးညွှန်းစရာတော့ မလိုသလောက်ပါပဲ။ အရမ်းကြီးထူးထွေဆန်းပြားနေတာတွေ မပါဘဲဖြစ်တတ်တာလေးတွေကိုရိုက်ပြသွားတာကိုက တကယ်ဖြစ်ပျက်နေတာကို ကြည့်ရသလိုဖြစ်စေတာမျိုးပါ။Dan ဆိုတဲ့ သမီး ၃ ယောက်အဖေ မုဆိုးဖိုတစ်ယောက်ရဲ့အကြောင်းကို Thanks Giving အတွက်မိသားစုတွေဆုံကြတဲ့အချိန် ဆုံကြတဲ့နေရာလေးမှာ ဇာတ်အိမ်တည်ပြီး ရိုက်ထားတဲ့ ဇာတ်လမ်းလေးပါ။အချစ်အကြောင်းသိချင်တာဆို ကြည့်ကြည့်ပါလို့ပြောလို့ရတဲ့ ဇာတ်လမ်းပါ။ အချစ်က ဘယ်လိုဆိုတာပြထားတာလေးတွေအပြင် ထူးထူးခြားခြား အချစ်ကဘာဆိုတာ ပြောပြထားတာလေးပါ ပါတယ်။သိရအောင် ကြည့်ကြည့်လိုက်ပါဦး။အသက်အရွယ်ကို လိုက်ပြီးတော့ရောအချစ်က မတူကွဲပြားတတ်လားဆိုတာမျိုးကိုလည်းထည့်ရိုက်ပြထားသေးတယ်။နောက်ထပ်တစ်ခုက Right Time, Right Person မဖြစ်ရမကြုံရရင်ရော ဘာတွေများဖြစ်ကုန်တတ်လဲ၊အဲ့လိုကြုံရတဲ့လူတွေ ဘယ်လိုလုပ်ကြလဲဆိုတာလည်း သိရမယ့်ဇာတ်လမ်းလေးပါ။အချစ်အကြောင်းချည်းပဲလားဆိုတော့မဟုတ်ပါဘူး။ ဘဝအတွက် အရေးပါတဲ့သတင်းစကားလေးလည်း ပါတယ်။ဇာတ်ကားနာမည်မှာ In Real Life ထည့်ထားတာကအဲ့ဒီ့ ဘဝနေနည်းလေးကို သက်သေပြထားတာလို့ပြောလို့ရတယ်။ စာတွေရေးတဲ့လူက သူ့စာတွေထဲမှာရေးထားသလိုနေဖို့ထက် ...
movie
Dan in Real Life (2007)
6.4
Cake (2014)
IMDb 6.4 ရရှိထားပြီး ဆု ၅ ခုပိုင်ဆိုင်ခဲ့တဲ့ Friends series ထဲက Rachel Green ကာရိုက်တာကို သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Jennifer Aniston ရဲ့ ၂၀၁၄ ခုနှစ်ထွက် ဒရာမာရုပ်ရှင်ကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဒရာမာလေးက စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဇာတ်အိမ်တည်ရိုက်ကူးထားတာပါ။ဇာတ်လမ်းအစမှာတော့ ကလယ်ရာဘန်းနက်က သူမရဲ့ နာတာရှည်အရိုးနာကျင်မှုကို ကုသဖို့အတွက် ကူညီရေးအဖွဲ့တစ်ခုဆီကိုသွားနေပါတယ်။ ဒီအဖွဲ့ထဲမှာ သူမရဲ့အသိမိတ်ဆွေဖြစ်တဲ့ နီနာဆိုတဲ့အမျိုးသမီးဟာ ရုတ်တရက်မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။ နီနာဟာ ရှင်းပြလို့မရတဲ့နည်းလမ်းတစ်ခုနဲ့ ကလယ်ရာရဲ့စိတ်ထဲကိုရောက်ရှိလာခဲ့ပြီး ကလယ်ရာဟာ မိတ်ဆွေဖြစ်တဲ့နီနာကို ခဏခဏမြင်တွေ့ စကားပြောဆက်ဆံရပါများလာတဲ့နောက်မှာတော့ နီနာရဲ့နောက်ကြောင်းကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီရုပ်ရှင်ရဲ့ သရုပ်ဆောင်ပိုင်းကတော့ မင်းသမီးနာမည်ကြားရုံနဲ့တင် ပြောစရာလိုမယ်မထင်ပါဘူး။ Jennifer Aniston ရဲ့အက်တင်ပိုင်းက တော်တော်လေးကိုကောင်းတယ်ဆိုရပါမယ်။ ဇာတ်အိမ်ကလည်း ဒရာမာတွေထုံးစံအတိုင်း အရမ်းအကောင်းကြီးမဟုတ်တောင် ညံ့တဲ့အထဲတော့ လုံး၀မပါပါဘူး။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာပြဿနာတစုံတရာရှိနေသူတို့ရဲ့ ပြုမူပြောဆိုပုံတွေ၊ သူတို့ကို ပတ်၀န်းကျင်က ဘယ်လိုဆက်ဆံပြီး ဖေးမကူညီပေးသင့်တယ်ဆိုတာလေးတွေကိုလည်း ကြည့်ရှုရမှာဖြစ်ပြီး ...
movie
Cake (2014)
6.3
Delivery Man (2013)
Delivery Man (2013) ==================အကယ်၍ သင်ဟာ မမျှော်လင့်ပဲ ကလေး၅၃၃ယောက်ရဲ့ အဖေဖြစ်နေတာသိလိုက်ရပြီး သူတို့ထဲက ၁၄၂ယောက်က သင့်ကိုတွေ့ချင်နေတယ်ဆိုရင် ဘယ်လိုဖြေရှင်းမလဲ။ အားလုံးသိကြတဲ့ ဟာသသရုပ်ဆောင် Vince Vaughn ကအဓိကပါ၀င်သရုပ်ဆောင်ထားပြီး ဇာတ်ပို့အနေနဲ့ အားလုံးရဲ့အချစ်တော်Starlord မင်းသားကြီး Chris Pratt နဲ့အတူမင်းသမီးချော Cobie Smulders တို့ပါ၀င်သရုပ်ဆောင်ထားတဲ့comedy/drama ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားဟာ IMDb 6.3 အထိရထားတာကြောင့်ဟာသနှောတဲ့drama ကြိုက်သူတွေသဘောတွေ့မယ့်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဝေါ့ဇ်နီယက်မိသားစုဟာ အသားလုပ်ငန်းစုကိုပိုင်ဆိုင်တဲ့မိသားစုဖြစ်ပြီး သားတစ်ဦးဖြစ်သူဒေးဗစ်ဝေါ့ဇ်နီယက်ဟာ အသားပို့ဖို့ကိုတာ၀န်ယူထားပါတယ်။ တစ်နေ့မှာ အပေါ်မှာပြောခဲ့သလို သူရဲ့ ကလေး၅၃၃ယောက်ထဲက ၁၄၂ယောက်က သူတို့ဖခင်ဘယ်သူလဲဆိုတာ သိချင်လာကြပါတယ်။ ဒီလောက်ကလေးများရတဲ့အကြောင်းရင်းက သူဟာ သုတ်ပိုးလှူဒါန်းမှုပေါင်း ၆၉၃ကြိမ်ပြုလုပ်ခဲ့လို့ပဲဖြစ်ပါတယ်။ ဒီထဲက ၁၄၂ယောက်ဟာ သူတို့အဖေကိုသိချင်လို့ တရားရုံးမှာစွဲချက်တင်ပြီး လျို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ကြိုးစားကြပါတယ်။ ဒေးဗစ်ဟာ ဒီကိစ္စကြီးကို ရင်ဆိုင်နေရတုန်းမှာပဲ သူ့ရည်းစား အမ်မာကလည်း ကိုယ်၀န်ရှိနေတာကို သိလိုက်ရချိန်မှာတော့ တရားခွင်ကတစ်ဖက်၊ ဒီအကြောင်းကိုဘာမှမသိသေးတဲ့ သူ့ရည်းစားကတစ်ဖက်၊ အိမ်ကတစ်ဖက်နဲ့ ရုန်းကန်လှုပ်ရှားရပုံတွေကို ဟာသနှောပြီး drama ဆန်ဆန်ရိုက်ကူးထားတာကြောင့် အချိန်ကုန်ရကျိုးနပ်ပြီး ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်လို့ ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါတယ်။ File size… 1.33 GB / 646 MB Quality… BluRay 1080p / 720p Format… mp4 Duration…. ...
movie
Delivery Man (2013)
2015
6.2
The Re-Education of Molly Singer (2023)
The Re-Education of Molly Singer (2023) ============================= IMDb Rating - 6.2/10ကျောင်းသားဘဝဆိုတာ စာလုပ်ရတာကလွဲရင် အပူအပင်သိပ်မရှိတဲ့ဘဝပေါ့။ ဘွဲ့ရတာနဲ့ အလုပ်ရဖို့ပူရပြီ။ ရေဖိုး မီးဖိုး အိမ်ငှားခ အကုန်ထည့်တွက်ရပြီ။ အဲဒီ အချိန်မှာ တစ်ယောက်ယောက်က ကိုယ့်ကို ပိုက်ဆံပေးမယ် ကျောင်းပြန်တက်ဆို နှစ်ခါတောင်စဉ်းစားစရာလိုမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဇာတ်လိုက်ကြီး မော်လီ ကလည်း ကျောင်းပြန်တက်ခွင့်ရတဲ့သူပါ။ ဖြစ်ပုံကဒီလို။မော်လီက ရှေ့နေတစ်ယောက်။ ကျောင်းတုန်းက ပါတီတက်ပြီး ကဲခဲ့တဲ့အရှိန်တွေက လုပ်ငန်းခွင်ဝင်တဲ့ထိ မသေသေးဘူး။ စိတ်ညစ်ရင်သောက်တယ် ပျော်ရင်သောက် တယ်။ အထိန်းအကွပ်မရှိ ကဲချင်သလို ကဲတော့ အရက်နာကျပြီး ရုံးချိန်မီအောင် မသွားနိုင်တာကနေ အမှုရှုံးရော။ ဘယ်ပြောကောင်းမလဲ အမှုသည်ကလည်း သူတို့ ရုံးကို တရားပြန်စွဲတာပေါ့။ ဒီလိုနဲ့ မော်လီအလုပ်ပြုတ်သွားတယ်။အဲဒီအချိန်မှာပဲ မော်လီ့အထက်လူကြီးရဲ့သား အဲလိယက်က ကောလိပ်စစတက်ချင်း နေ့မှာတင် ကျောင်းနာမည်ကြီး အားကစားသမားကို ခြေကျိုးအောင် လုပ်လိုက်မိလို့ တစ်ကျောင်းလုံး ချဉ်ဖတ်ဖြစ်သွားတယ်။ လူကြောက်တဲ့အဲလိယက်တို့ ကျောင်းမတက် တော့ဘဲ အိမ်ပြန်ပြေးဖို့ကြံနေတဲ့အတွက် သူ့အမေ(မော်လီ့အထက်လူကြီး) က ကျောင်း သားဟောင်းမော်လီ့ကို ...
movie
The Re-Education of Molly Singer (2023)
2023
6.8
The First Time (2012)
ဆယ်ကျော်သက်ကျောင်းသားအချစ်ဇာတ်မြူးကားလေးတွေကို ကြိုက်တတ်တဲ့သူတွေအတွက် (၂၀၁၂) ထွက် The First Time ဆိုတဲ့ ကျောင်းသားကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပါတီပွဲတစ်ပွဲမှာ ထူးဆန်းစွာတွေ့ဆုံကြရင်း ပေါက်ဖွားလာတဲ့ခံစားချက်တွေကြားက ဒေးဗစ်ဆိုတဲ့စီနီယာအထက်တန်းကျောင်းသားလေးနဲ့ အော်ဘရီဆိုတဲ့ ဂျူနီယာအထက်တန်းကျောင်းသူလေးတို့ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ တခြားလူတစ်ယောက်ကိုချစ်သွားဖို့အတွက် အချိန် (၂) စက္ကန့်ပဲလိုပါတယ်လို့ ဖတ်ဖူးပါတယ်။ဒေးဗစ်နဲ့အော်ဘရီကြားမှာ ပေါက်ဖွားလာတဲ့သံယောဇဉ်ကြိုးဟာလည်း အချိန်တိုတွင်းနှစ်ယောက်သားကို ချည်နှောင်လိုက်တာပဲဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးဇာတ်မြူးကားလေးပဲဖြစ်တာမို့ ထူးထူးခြားခြားဇာတ်လမ်းအတက်အကျတွေ သိပ်မပါဘဲ ခပ်အေးအေးလေးပဲသွားမဲ့ ဇာတ်လမ်းသွားမျိုးဖြစ်ပါတယ်။ ဒီလိုပြောလို့ ပျင်းစရာကြီးနေမှာပါလို့ ထင်ကြမဲ့ပရိသတ်ကြီးအတွက်လည်း IMDB rating က 6.8 ထိရရှိထားတဲ့ သေချာပေါက်ကြည့်ရကျိုးနပ်စေမဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း ပြောပြရစေခင်ဗျာ။အဓိကဇာတ်ဆောင်တွေအနေနဲ့ ဒေးဗစ်အဖြစ် မင်းသား Dylan O'Brien က ပါဝင်သရုပ်ဆောင်ထားပြီး The Maze Runner, Teen Wolf စတဲ့ရုပ်ရှင်ဇာတ်လမ်းတွေမှာ မြင်တွေ့ဖူးထားသူမို့ မျက်နှာသစ်မင်းသားတစ်လက်တော့ မဟုတ်ပါဘူး။ အော်ဘရီနေရာကသရုပ်ဆောင်ထားတဲ့ မင်းသမီး ...
movie
The First Time (2012)
6.7
Cherry(2010)
Cherry (2010)=============IMDb 6.7 / Rotten Tomatoes 64%စိတ်အပန်းပြေချင်လို့ ဇာတ်ကားလေးညွှန်းပါဦးဆိုတဲ့သူတွေ ပျင်းနေလို့ ကြည့်စရာမရှိတော့လို့ဟာသကားလေးကြည့်လို့ လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးဇာတ်ကားလေးကြည့်ချင်လို့ပါဆိုတဲ့သူတွေအတွက် 2010 ကထွက်ရှိခဲ့တဲ့ AmericanComedy ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေဟာသကားဆိုလို့ ပေါချောင်ကောင်းလို့တော့ မထင်လိုက်ပါနဲ့ဆယ်ကျော်သက်လူငယ်တိုင်း တွေ့ကြုံရလေ့ရှိတဲ့ဘဝအချိုးအကွေ့တစ်ခုကို ရသမြောက်စွာရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်ပန်းချီဆွဲရတာကို စိတ်အားထက်သန်တဲ့ အယ်ရွန်တစ်ယောက်မိခင်ရဲ့ အတင်းအကြပ်စီမံမှုကြောင့်တက္ကသိုလ်မှာ အင်ဂျင်နီယာဘာသာရပ်ကိုယူခဲ့ရပါတယ်ဝါသနာမပါတဲ့ပညာကိုစိတ်မပါလက်မပါ သင်ယူနေရတဲ့ အယ်ရွန်ဟာတစ်နေ့မှာတော့ ကျောင်းကဖွင့်တဲ့ ပန်းချီသင်တန်းကို သွားတက်ပါတော့တယ်သင်တန်းမှာ သူ့ရဲ့ပန်းချီပါရမီကို အားပေးအားမြှောက်ပြုတဲ့ မမလှလှလင်ဒါကို ချစ်မိသွားပါတော့တယ် ကံဆိုးချင်တော့ တစ်ဆယ့်လေးနှစ်အရွယ်သမီးတစ်ယောက်နဲ့ ချစ်သူပါရှိနေတဲ့ လင်ဒါဟာအယ်ရွန့်ကို ဖရန့်ဇုန်ထဲ ပစ်သွင်းလိုက်ပါတော့တယ်တစ်ဖန် လင်ဒါရဲ့သမီးဖြစ်သူ ဘတ်သ် က အယ်ရွန့်ကိုတစ်ဖက်သတ်ချစ်နေတဲ့အခါအယ်ရွန်တစ်ယောက်သမီးနဲ့ အမေကြား၊မိမိဝါသနာနဲ့ မိဘစေတနာကြားမှာဗျာများရင်း...ဘဝရဲ့ အချိုးအကွေ့တစ်ခုကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ...စိတ်ဝင်စားဖွယ် ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့်Comedy ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…1.41GB / 673MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 39m Genre .....Comedy ...
movie
Cherry(2010)
5.8
About Fate (2022)
About Fate (2022)~ Rotten Tomatoes - 60% ~လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ အချစ်၊ ဟာသ၊ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး နာမည်ကျော်ဝတ္ထုတစ်အုပ်ဖြစ်တဲ့ The Irony of Fate ကိုအခြေခံပြီးရိုက်ကူးထားတာပါ။ ဇာတ်ကားရဲ့ အငွေ့အသက်က ဘယ်လိုလဲဆိုရင် Holidate တို့ She's Out of My League တို့နဲ့ ဆင်တူပါတယ်။ Romance / Comedy ဇာတ်ကားသစ်တွေငတ်နေတဲ့ပရိသတ်အတွက်တော့ ပိတ်ရက်မှာ အပျင်းပြေကြည့်ဖို့ ဇာတ်ကားကောင်းတစ်ကားရလိုက်တာပါပဲ။တစ်ခါတစ်ရံမှာ Right person ကို Wrong time မှာရလိုက်တာမျိုးရှိသလို Wrong person က Right time မှာရောက်လာတာမျိုးလည်း ရှိတတ်ပါတယ်။ နှစ်မျိုးစလုံးကတော့ ထပ်တူဆိုးရွားပေမယ့် ဒီနေရာမှာဒုတိယတစ်မျိုးအကြောင်းကို အဓိကပြောချင်ပါတယ်။ မှန်ကန်တဲ့အချိန်မှာ မှားယွင်းတဲ့လူရောက်လာတဲ့ဖြစ်စဥ်မျိုးပေါ့။ မှန်ကန်တဲ့အချိန်ဆိုတာ အကြမ်းဖျဥ်းအားဖြင့်ပြောရရင် ကျွန်တော်တို့လူတစ်ယောက်ကို နှစ်နှစ်ကာကာချစ်ပေးဖို့ ...
movie
About Fate (2022)
2022
5.6
Books of Blood (2020)
Books of Blood (2020)ပုံမှန် horror/thriller ဇာတ်ကားမျိုးလို ဇာတ်လမ်းထက် အသံ ဇာတ်ကောင်ဦးစားပေးပြီး မကြောက်ကြောက်အောင်ခြောက်ပြီးရိုက်ထားတဲ့ ဇာတ်ကားမျိုးမဟုတ်ဘဲ ဇာတ်လမ်း၃ပိုင်း ကို same time and space မှာရောယှက်ပြီး ရိုက်ကူးပြသွားတာပါ။Books of Blood ဇာတ်ကားကြီးက တစ်ကားလုံးကို အစကနေအဆုံးထိသေချာကြည့်မှ အရသာရှိသလို အစအဆုံး အချိန်ပေးရကျိုးလည်း တကယ်နပ်တဲ့ကားမျိုးဆိုတာ ကြည့်ဖူးပြီးသူတိုင်း ငြင်းနိုင်မယ်မထင်ပါဘူး။ တကယ်တမ်းကြောက်စရာကောင်းတာက တစ္ဆေသရဲဆိုတာတွေထက် လူတွေရဲ့ လောဘ ဒေါသတွေနဲ့ဖုံးလွှမ်းနေတဲ့ စိတ်ဓာတ်တွေပါလားဆိုတာကို ဒီရုပ်ရှင်ကနေ တစ်နည်းတစ်ဖုံခံစားမိနိုင်တယ်ဆိုလည်းမမှားပါဘူးနော်။ ထွေထွေထူးထူး အများကြီး spoil ဖြစ်လောက်တဲ့ထိ အသေးစိတ်ရေးပြီး review ပေးမယ့်အစား Books of Blood ဇာတ်ကားကြီးကိုပဲ ကိုယ်တိုင်ကြည့်ရှုခံစားကြည့်ကြပါအုံးလို့ပဲ recommend ပေးလိုက်ပါရစေ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lucy May ပဲ ဖြစ်ပါတယ်။Genre.....Drama, Horror, Mystery Quality….WEB-DL 1080p and ...
movie
Books of Blood (2020)
6.0
A Mouthful of Air (2021)
A Mouthful of Air (2021)===================IMDb Rating - 6.0/10ဂန္တဝင် ရုပ်ရှင် Mamma Mia ထဲမှမင်းသမီး Amanda ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းလေး ဟာဆိုရင်ဖြင့် IMDb 6 အထိရရှိထားတဲ့ အမေရိကန် Drama အမျိုးအစားလေးပဲ ဖြစ်ပါတယ်။ ကဲ ဒါဆိုရင် ဇာတ်လမ်းအကျဥ်းလေးကိုမိတ်ဆက်ပေးချင်ပါတယ် . . . ဂျူးလီဟာ ကလေးတွေရဲ့အကြောက်တရားတွေကို ဖျောက်ဖျက်ပေးနိုင်ပြီး နှစ်လိုဖွယ်ကောင်းတဲ့အပြင် နွေးထွေးမှုကိုပါဆောင်ကျဥ်းပေးနိုင်တဲ့ စာရေးဆရာမတစ်ယောက်ပါ။ သူဟာ မထင်မရှား သာမန်စာရေး ဆရာမ လုံးဝ မဟုတ်ပါဘူး။ သူရေးသမျှစာအုပ်တိုင်းက best-selling ဖြစ်တဲ့အထိကို အောင်မြင်ကျော် ကြားတဲ့ စာရေးဆရာမတစ်ဦးပါ။ အခုလိုမျိုး ဂျူလီတစ်ယောက် စာတွေရေးရင်း ကလေးတွေရဲ့ အကြောက် တရားကို ပျောက်ကွယ်အောင် လုပ်နိုင်ပေမယ့်လည်း သူရဲ့တစ်ဘဝလုံးကို နှောင့်ယှက်နေတဲ့ လျှို့ဝှက်တံခါး ကိုတော့ မဖွင့်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ မိခင်တစ်ဖြစ်လဲ ဂျူးလီမှာ ဒုတိယရင်သွေးလေးထပ်ရလာတဲ့အခါ သူရဲ့ အကြောက်တရားက ကြီးစိုးလာပြီးတော့ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကြားစစ်ပွဲကိုတိုက်ခိုက်ရပါတော့တယ်။ ဒါဆိုရင် ဂျူးလီရဲ့ ...
movie
A Mouthful of Air (2021)
2021
6.1
Scream 4 (2011)
Scream 4 2011 ===========ဒီကားကတော့ scream 3 ထွက်ပြီး ၁၁ နှစ်ကြာမှ ထွက်လာတာ ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုကျော်ကြာမှ ထွက်လာတာဖြစ်လို့ တိုးတက်လာတဲ့ နည်းပညာတွေ ရုပ်ရှင်ပညာတွေကို ကောင်းကောင်းအသုံးချထားပြီးတော့ နောက်ဆုံးထွက်ခဲ့တဲ့ ကားထက်ကောင်းအောင် ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းဆက်ထားပုံကတော့ သရဲမျက်နှာလူသတ်သမားနဲ့ နောက်ဆုံးရင်ဆိုင်တွေ့ခဲ့တာ ၁၀ နှစ်ကျော်ကြာသွားပါပြီ။ အဲဒီအချိန်မှာ ဆစ်ဒနေက အတိတ်ရဲ့စိတ်ဒဏ်ရာတွေကို ကုစားဖို့ ကိုယ့်ကိုယ်ကို ပြုပြင်ရေးစာအုပ်တစ်အုပ်ရေးပါတယ်။ အဲဒီစာအုပ်ကို ထုတ်ဝေတဲ့အခါ book tour လုပ်တော့ မွေးရပ်မြေကို ပြန်လာဖို့ အကြောင်းဖြစ်လာပါတယ်။ ကံဆိုးစွာနဲ့ပဲ ဆစ်နေဒန် ပြန်ရောက်လာတာကြောင့် သရဲမျက်နှာလည်း ပြန်ပေါ်လာပါတယ်။ IMDB 6.1 ရထားပြီး tomatometer 60% ရထားပါတယ်။Scream 6 ကားစလုံးကို Scream Franchise မှာ ဝင်ကြည့်လို့ရပါတယ် Quality__Bluray 1080p IMDb Rating__6.1/10 Format__mp4 Duration__1h 51min Type__Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by San Thu Aung Encoded by Htet Wai ...
movie
Scream 4 (2011)
2011
6.4
I Still Believe (2020)
IMDB 6.2 နဲ့ RT မှာ 46%ရထားတဲ့ လူငယ်ဂီတအချစ်ကားလေးလို့ ပြောရမယ်။Drama ကားကြိုက်တဲ့သူတွေအတွက်တော့ ကားကောင်းလေးတကားပဲ။တခုကြိုပြောစရာရှိတာက ဒါက ခရစ်ယာန်ယုံကြည်မှုကိုအသားပေးထားတဲ့ဇာတ်ကားလေးမလို့ သူတို့ဆိုတဲ့သီချင်းတွေသူတို့ရဲ့ရေဒီယိုထုတ်လွှင့်တဲ့နေရာတွေကလည်းခရစ်ယာန်အသိုင်းအဝိုင်းတွေပဲဖြစ်တယ်ဆိုတာကိုပါ။နောက်တခုပြောစရာရှိတာက ဖြစ်ရပ်မှန်ကိုပြန်ရိုက်ထားတာပါ။ကောလိပ်တက်ဖို့ ပြင်ဆင်ပြီးသွားတော့မယ့်သားကိုလိုက်ပို့နေတဲ့ချစ်စရာကောင်းတဲ့မိသားစုလေးတခု။ကောလိပ်သွားမယ့်သားကလည်း ဂီတမှာ ဝါသနာပါပြီး ထူးချွန်တဲ့သူတယောက်။သူကောလိပ်ရောက်တဲ့အခါမှာတော့ နဂိုကတည်းက သူအားကျရတဲ့အဆိုတော်ဆိုတဲ့ပွဲကိုသွားမိတ်ဆက်ရင်း ခင်မင်ခဲ့တယ်။နောက်ပြီး အဲဒီပွဲမှာပဲ ကောင်မလေးတယောက်ကိုမြင်ပြီး သဘောကျသွားခဲ့တယ်။အဲဒီကောင်မလေးကိုလည်း စကားသွားပြောရင်းနောက်ရက်မှာတော့ သူ့ကို အဲဒီကောင်မလေးက ညနေကျရင် တွေ့ဖို့ပြောခဲ့တယ်။သူလည်း တွေ့ဖို့သွားခဲ့ပေမယ့် သူထင်သလိုမဟုတ်ပဲမထင်ထားတဲ့သူတယောက်ကိုပါ တွေ့ခဲ့တယ်။နောက်ပိုင်းမှာတော့ အကြောင်းတခုကြောင့် သူတို့တွဲနေပေမယ့်ဘယ်သူ့ကိုမှ ပေးမသိခဲ့ကြဘူး။အဲဒီကိစ္စနဲ့ပဲ ပြဿနာတွေတက်ကြပြီးသူလည်း ခရစ်စမတ် အချိန်နဲ့ဆိုတော့ အိမ်ပြန်လာခဲ့တယ်။အိမ်ပြန်ရောက်တဲ့ညမှာပဲ ...
movie
I Still Believe (2020)