Channel Myanmar

Brion James

Red Scorpion (1988) 5.2
Red Scorpion (1988)  ဒီဇာတ်ကားလေးက ဇာတ်လမ်းအရမ်းရှုပ်ယှက်ခက်တာ‌ တွေမပါဘူး။ ဇာတ်လမ်းရိုးရိုးရှင်းရှင်းနဲ့ entertainment အနေနဲ့ကြည့်ပျော်တဲ့ action ၊adventure အမျိုးအစားဇာတ်ကားလေးပါ။ အိမ်က လူကြီးတွေကိုပြချင်တာ ဘာကားပြရမှန်းမသိဘူးဆိုရင် ဒီကား‌လေးကိုရွေးလိုက်ပါ။ဇာတ်လမ်းက နီကိုးလာလို့ခေါ်တဲ့ ရုရှားအထူးအေးဂျင့် တစ်ယောက်ကို အာဖရိကမှာရှိတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးအဖွဲ့ခေါင်းဆောင်ကို ရှင်းပစ်ဖို့အတွက် စေလွှတ်လိုက်တယ်။သူလုပ်ရမယ့် ပထမဆုံးအဆင့်က အာဖရိကမှာအဖမ်းခံထားရတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်နဲ့ မိတ်ဆွေဖြစ်အောင်လုပ်ရမယ်။ အဲ့ဒီကမှတစ်ဆင့် သူ့ရဲ့ပစ်မှတ်ရှိတဲ့နေရာကိုသွားပြီး လုပ်ကြံရမှာပါ။လုပ်ကြံရေးအောင်မြင်သွားမလား။ အထူးအေးဂျင့်တစ်ယောက် ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ ဆိုတာကို ဒီဇာတ်ကားထဲမှာကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…(2.4 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:45:00 Genre... Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyaw
movie

Red Scorpion (1988)

Tango & Cash (1989) 6.4
Tango & Cash (1989) Tango & Cash (1989)၁၉၈၀ ခုနှစ်တွေတုန်းက လျှမ်းလျှမ်းတောက်အောင်မြင်နေခဲ့တဲ့ Sylvester Stallone နဲ့ Kurt Russell တို့လို အက်ရှင်မင်းသားတွေကို ဇာတ်ဆောင်တင်ရိုက်ထားတဲ့ Action, Comedy ရုပ်ရှင်ကားကောင်းတစ်ခုပါ။ Stallone ကလည်း Rambo ၃ကား နဲ့ Rocky ၄ကားထွက်ပြီးတဲ့အချိန်၊ Kurt ကလည်း Escape from Newyork နဲ့ Big Trouble in Little China တို့လို အက်ရှင်ကားတွေရိုက်ကူးထားပြီးချိန်ပါ။ မင်းသား ၂ယောက်ရဲ့ ဩဇာရှိန်တက်နေဆဲအချိန်ပေါ့။လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့မှာ အတော်ဆုံးလို့ သတ်မှတ်ထားရတဲ့ စုံထောက် ၂ ယောက်ရှိပါတယ်။ အနောက်ဘက်က တန်ဂိုနဲ့ အရှေ့ဘက်က ကက်ရှ် တို့ပါ။ နေရာချင်းမတူသလို စရိုက်ချင်းကလည်းမတူပါဘူး။ တန်ဂိုဟာ သပ်သပ်ရပ်ရပ်ဝတ်စားပြီး လူကြီးလူကောင်းဂိုက်နဲ့ အမြဲနေပေမဲ့ ကက်ရှ်ကတော့ ပိုလွတ်လပ်တဲ့ လမ်းသရဲစတိုင်ရှိပါတယ်။ ဒီလိုအတော်ဆုံးရဲ ...
movie

Tango & Cash (1989)

1989
Enemy Mine(1985)
Enemy Mine(1985) Enemy Mine (1985)ဒီတစ်ခေါက်မှာတော့ IMDB 6.8/10 ရထားတဲ့ ၁၉၈၅ ခုနှစ်က Sci-fci/Action ကားလေး နဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ဇာတ်လမ်းအကျဉ်းမပြောခင် ဒီကားက ၁၉၈၅ခုနှစ်က ရိုက်ထားတဲ့ ဂြိုလ်သားကားလေးဆိုတာတော့ တစ်ချက်လောက် သတိပြုမိစေချင်ပါတယ်နော်.. တစ်ခေတ် တစ်ခါက လူသားနဲ့ ဂြိုလ်သားဇာတ်ကားလေးကို ခေတ်ဟောင်းမုဒ်သွင်းပြီး ခံစားသက်ဝင်ကြည့်ကြပါလို့..ဇာတ်လမ်းအကျဉ်းနှစ်ဆယ့်တစ်ရာစုအလွန်မှာ ကမ္ဘာသားတွေနဲ့ ဒရက်ဂ်လို့ခေါ်တဲ့ဂြိုလ်သားမျိုးနွယ်တွေက နယ်မြေချဲ့ထွင်ကြရင်း ကတောက်တဆဖြစ်ကာ အာကာသထဲ တိုက်ပွဲတွေ ဆင်နွှဲခဲ့ကြပါတယ်.. ဒီလိုနဲ့ အာကာယတိုက်ခိုက်ရေးယာဉ်မှူး ဒက်ဗေ့ချ်က ဒရက်ဂ်တစ်ကောင်နဲ့ အကြိတ်အနယ် တိုက်ခိုက်ရင်း မထင်မှတ်ဘဲ အာကာသယာဉ်ပျက်ကြပြီး နယ်မြေသစ်တစ်ခုဖြစ်တဲ့ ဖိုင်ရင်ဂြိုလ်ထဲ သောင်တင်သွားခဲ့ပါတော့တယ်.. ကံဆိုးစွာနဲ့ပဲ အဲဒီဂြိုလ်ပေါ် ယာဉ်ပျက်ကျပြီး သောင်တင်နေတာက သူတစ်ယောက်တည်းမဟုတ်ဘဲ တစ်ဖက်က ရန်သူ ဒရက်စ်တစ်ကောင်ပါ အတူတူဖြစ်နေတဲ့အခါ... ဒက်ဗေ့ချ်တစ်ယောက် ရန်သူနဲ့ သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်ရင်းပဲ ကယ်ဆယ်ရေးယာဉ်လာအောင် စောင့်မျှော်နေရမလား.. ဒါမှမဟုတ် ရန်သူနဲ့ တစ်မြေတည်းနေပြီး သူငယ်ချင်းတွေအဖြစ်ပေါင်းစည်းသွားမလား.. ရန်သူတော်ကြီးကနေ သူငယ်ချင်းအဖြစ်ပေါင်းစည်းသွားဖို့ဆိုတာရော ဖြစ်နိုင်ပါ့မလား.. တစ်ဖက် ရန်သူတွေမှာရော သူတို့ ကမ္ဘာသားတွေ မသိနိုင်တဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေ အကျင့်စရိုက်တွေ ရှိနေမလဲဆိုတာကိုတော့... ဇာတ်ကားထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦးနော်..ပါဝင်ထားတဲ့ သရုပ်ဆောင်ကြီးတွေကတော့ Dennis ...
movie

Enemy Mine(1985)

[18+] The Postman Always Rings Twice (1981) 6.6

[18+] The Postman Always Rings Twice (1981)

1981
The Fifth Element(1997) 7.6
The Fifth Element(1997) The Fifth Element(1997) အညွှန်း****************************IMDb - 7.6/10, Rotten Tomatoes - 71%ဒီဇာတ်ကားကတော့ မင်းသားကြီး Bruce Willis နဲ့ မင်းသမီး Milla Jovovich တို့နှစ်ယောက်နဲ့ မင်းသားများဖြစ်တဲ့ Chris Tucker၊ Gary Oldman နဲ့ Ian Holm တို့ပါဝင်အားဖြည့်ထားပြီး ဒါရိုက်တာ Luc Besson ရိုက်ကူးထားတဲ့ သိပ္ပံအက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားထဲမှာတော့ စစ်တပ်ကနေ အငြိမ်းစားယူပြီး အငှားယာဉ်မောင်းအဖြစ်လုပ်ကိုင်နေတဲ့ ကော်ဘန်ဒဲလပ်စ်(Bruce Willis) ဟာကမ္ဘာကြီးကို မိစ္ဆာတွေလက်ကကယ်တင်ဖို့အတွက် ဓာတ်ကြီးငါးပါးကို သွားယူဖို့ တာဝန်ရလာပါတယ်။တစ်ချိန်တည်းမှာပဲ ဓာတ်ကြီးငါးပါးထဲက တစ်ပါးအပါအဝင်ဖြစ်တဲ့ လီလူ(Milla Jovovich)ကိုလည်း ချစ်မိသွားပြီး သူ့ကိုကယ်တင်ဖို့ ကြိုးစားရပါသေးတယ်။ အဲ့ဒီလို ဓာတ်ကြီးငါးပါးကို သွားယူတဲ့လမ်းခရီးမှာကြုံတွေ့ရတဲ့အခက်အခဲတွေ၊တခြားအပြိုင်အဆိုင် လိုက်စုနေတဲ့ အဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေနဲ့ မင်းသားရဲ့ မင်းသမီးအပေါ်မှားထားတဲ့ခံစားချက်တွေကို စုံစုံလင်လင်တင်ပြထားပါတယ်။နိုင်ငံတကာမှာလည်းအောင်မြင်မှုများစွာရထားတဲ့အပြင် တင်ဆက်ပုံကလည်းကောင်းမွန်တာကြောင့် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။  File Size : (5.1GB) (1.1 GB) and (348 MB) Quality : ...
movie

The Fifth Element(1997)

Red Heat (1988) 6.1
Red Heat (1988) Red Heat (1988)အမေရိကန်တွေနဲ့ ရုရှားတွေကတော့ ဟိုးပဝေသဏီတည်းက အချင်းချင်း မုန်းကြ၊ အပြစ်ဖို့ကြ၊ ဟားတိုက်ကြနဲ့ ကျောင်းတော်ကရန်စဆို‌တော့ ကမ္ဘာမကြေဖြစ်ကြတဲ့သူတွေပါပဲ။ အခွင့်အရေးရတာနဲ့ ဆော်ကြနှက်ကြတော့တာပဲဗျ။ ခွင်ထဲဝင်လာမိတဲ့ကောင်က ခံရတာမျိုးပေါ့ဗျာ။ စစ်အေးတိုက်ပွဲ ပီသပါပေရဲ့။ဒီတော့ လက်နက်အင်အားနဲ့ စစ်သည်အင်အား ကြိတ်ပြီး ပြိုင်ဆိုင်ကြသလို ဓနအင်အားလည်း ပြိုင်ဘက်ကောင်းတွေပေါ့။ ဒါပေမဲ့ အန်ကယ်ဆမ်တို့ဘက်က သာတာတစ်ခုတော့ရှိတယ်။ ရုပ်ရှင်တွေပေါ့ဗျာ။ လူသိများတယ်။ တကမ္ဘာလုံးက အားပေးတယ်။ ကိုယ့်ရုပ်ရှင်ထဲမှာ ကိုယ်ကြိုက်တာ ထည့်ရိုက်လို့ရတော့ ဝါဒဖြန့်ချိရေးမှာ အမေရိကန်တွေ နှာတဖျားသာတာ မဆန်းပါဘူး။အခုတင်ဆက်မယ့်ကားက‌တော့ အမေရိကန်တို့ ရုရှားတွေကို ချစ်ကြည်ရေးလိုလိုနဲ့ အထုပ်ဖြည်ချင်တဲ့ ဇာတ်ကားပေါ့ဗျာ။ အမေရိကန်ရဲလောကရဲ့ အနာအဆာတွေ ပြသလိုလိုနဲ့ ရုရှားကြီးတွေရဲ့ သောက်ကျင့်တွေ ထင်သလိုလုပ်တတ်ပုံတွေကို လှောင်ထားတဲ့ပုံစံပေါ့။ အဆုံးမှာ နှစ်ယောက်သား ရင်းနှီးသွားတယ်ဆိုတာကလည်း မကောင်းတတ်လို့ ထည့်ပေးရတဲ့ပုံ။ဇာတ်လမ်းအကျဉ်း‌ကတော့ ဆိုဗီယက်ရဲတစ်ယောက်နဲ့ ချီကာဂိုရဲတစ်ယောက် ဘုနဲ့ဘောက်ကျပြီး အမှုအတူလိုက်ရတဲ့ ခွတီးခွကျ ဇာတ်ကားတစ်ကားပေါ့ဗျာ။ ...
movie

Red Heat (1988)

1988
Blade Runner (1982) 8.2
Blade Runner (1982) 1982 ခုနှစ်မှာထွက်ရှိလာခဲ့တဲ့ Blade Runner ကားဟာလက်ရှိ 2017 ကာလဆီကိုဦးတည်ရိုက်ကူးထားတဲ့ကားတစ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ မိုးပျံကားတွေ အထပ်မြင့်အဆောက်အဦတွေနဲ့ ပြောင်းလဲနေပြီဖြစ်တဲ့ ကမ္ဘာကြီးမှာအထူးပြောင်းလဲမှူလို့ခေါ်နိုင်တာတစ်ခုလဲရှိနေပါတယ်။အဲ့တာကတော့ Replicants လို့ခေါ်တဲ့ ပုံတူစက်ရုပ်တွေပါပဲ။လူသားနဲ့ချွပ်စွပ်တူတဲ့ အဲ့စက်ရုပ်တွေက ခံစားချက်တွေပေါက်ဖွားလာနိုင်တာကို လူသားတွေသိတဲ့အခါ သုတ်သင်ပစ်ဖို့ကြိုးစားရပါတော့တယ်။မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်က Blade Runner လို့ခေါ်တဲ့ မုဆိုးတစ်ယောက်။ထွက်ပြေးလွတ်မြောက်နေတဲ့ Replicant တွေကိုရှာဖွေ သတ်ဖြတ်ပေးရမယ့်တာဝန်နဲ့ ဇာတ်လမ်းကို အစချီထားပါတယ်။သာမာန်သိပ္ပံကားတွေနဲ့ မတူတာကတော့ ဒီစက်လမ်းက စုံထောက်ဇာတ်လမ်းအသွားမျိုးလို့ပြောလို့ရပါတယ်။ရိုးရိုးသားသားဝန်ခံရရင် စကြည့်ကာစကတော့ သိပ္ပံဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း စက်ရုပ်တွေကလူဆိုးတွေဖြစ် လူဆိုးတွေကိုရှင်းလင်းလိုက်တဲ့ကားမျိုးပဲထင်ခဲ့တာပါ။ကြည့်ရင်းနဲ့ ဒီကားက Imdb Rating 8.2နဲ့ Rotten Tomatoes 90% ရလဲရထိုက်ပါပေတယ်လို့ပဲကောက်ချက်ချလိုက်ပါတယ်။ဒီဇာတ်လမ်းရဲ့ နောက်ဆက်တွဲ Blade Runner 2049 (2017) လဲ ထွက်ရှိထားတာမလို့ ဒီကားလေးကို အရင်ခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတော့တယ်။ File size…(2.2 GB)/(900 MB) Quality….BluRay 1080p HEVC / ...
movie

Blade Runner (1982)

1982
The Player(1992) 7.5
The Player(1992) The Player (1992) အညွှန်း *************************** IMDb rating ...... 7.5/10 Rotten Tomatoes 98% (ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေးမပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာအားလုံးသိကြမယ်ထင်ပါရဲ့)Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး....စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကို ကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့် ဆုံးဖြတ်ပေးရပါတယ်...ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါစာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်...ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ...တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်...ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်...အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်...အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ...…ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားပါတယ်... ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ ...
movie

The Player(1992)