Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Brinke Stevens
5.0
Space Sharks (2024)
ဒီဇာတ်ကားကို Sci-fi Genre ရုပ်ရှင်တွေ အရိုက်များတဲ့Director Dustin Ferguson က ရိုက်ကူးထားပြီးတော့သရုပ်ဆောင်တွေအနေနဲ့ကတော့ ဂန္တဝင်သရုပ်ဆောင်တွေဖြစ်တဲ့ Eric Roberts, Brinke Stevens တို့က ပါဝင်အားဖြည့်ပြီး သရုပ်ဆောင်ပေးထားပါတယ်။Sci-fi Genre ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် အမေရိကန်အစိုးရဟာ သက်ရှိတွေနေထိုင်နေတယ်လို့ ယူဆရတဲ့ဂြိုလ်တစ်ခုပေါ်ကနေ နမူနာပစ္စည်းတွေကိုယူလာဖို့အတွက်အာကာသယာဉ်တစ်စင်းကို စေလွှတ်ခဲ့ပါတယ်။အဲဒီယာဉ်ဟာ ယူလာပြီးတော့အပြန်လမ်းမှာ ဥက္ကာခဲတွေနဲ့တိုက်မိပြီးတော့ ကမ္ဘာပေါ်ကိုပျက်ကျလာပါတယ်။အဲဒီလိုနဲ့ ယာဉ်ပေါ်မှာပါလာတဲ့ သက်ရှိတွေဟာကမ္ဘာပေါ်မှာလွတ်ကုန်ပြီးတော့ သောင်းကြမ်းကုန်ပါတယ်။ဒီကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲ၊ နောက်ကွယ်မှာရောဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာတွေကိုသည်းထိပ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။ File size… 2.29GB / 1.04GB Quality… WEB-DL 1080p / 720p Format…mp4 Duration….1h 38m Genre ….. Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin
movie
Space Sharks (2024)
Beyond the Gates of Hell (2022)
လက်ထပ်ပြီးစ လင်မယားနှစ်ယောက်က ခေါင်တဲ့နေရာမှာရှိတဲ့ အိမ်တစ်လုံးကို အောက်စျေးနဲ့ ဝယ်လို့ရလိုက်ပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ အဲ့ဒီအိမ်က လူသေမှု လူသတ်မှု ရာဇဝင် အများကြီး ရှိထားပြီးသား အိမ်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ငွေရေးကြေးရေးအကျပ်အတည်းနဲ့ ကြုံနေတဲ့ လင်မယားနှစ်ယောက်က ဒီအိမ်ကို ဘာပြဿနာမှ မဖြစ်လောက်ဘူးထင်ပြီး ယူလိုက်ပါတယ်။ သူတို့အထင်နဲ့ တက်တက်စင်အောင်လွဲတာကတော့ အိမ်ကြီးက ငရဲဂိတ်ဝမှာ ဆောက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းက American Horror Storyရဲ့ Murder House နဲ့လည်း ဆင်တူပါတယ်။ ရိုက်ထားတာကလည်း creepy vibe အပြည့်ရတယ်ဆိုပေမယ့် အရမ်းတော့ ကြောက်စရာမကောင်းပါဘူး။ ရုပ်ရှင် ကြာချိန်ကလည်း တစ်နာရီ မပြည့်တော့ ကြည့်ရတာ မြန်မြန်သွက်သွက်ရှိပါတယ်။File size…(739 GB)/(352 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:53:00 Genre...Horror, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
Beyond the Gates of Hell (2022)
5.3
[18+] Private School (1983)
ဒီဇာတ်ကားကတော့ American Pie ဇာတ်ကားတွေလိုပါပဲ...ကျောင်းသားဟာသ ဗရုတ်သုက္ခဇာတ်ကားလေးပေါ့...မင်းသမီးကတော့ အချောလေး ဖိုဘီကိတ်ပါ...တခြားမင်းသမီးတွေလဲ အများကြီးပါသေးတယ်..အဲ့ခေတ်ကမင်းသမီးတွေဆိုတော့ နာမည်တွေသိပ်မသိပေမယ့် လှတာတော့ အတော်လှကြတာဗျို့...သွက်လက်ချက်ချာပြီး ချစ်စရာကောင်းနေကြပုံများ ကြည့်နေတဲ့တစ်ချိန်လုံး သဘောကျနေရမှာ...ကျောင်းသားတွေရော ကျောင်းသူတွေရော အကုန် ငပွေးလေးတွေချည်းပဲ...ခွီနေရတယ်။ကိုဗစ်ရောဂါကြောင့် အိမ်တွင်းအောင်း ကျောင်းမတက်ရ အပြင်မထွက်ရ မကဲရ စိတ်ညစ်နေရတဲ့ကာလမှာဒီလို ပေါ့ပါးပျော်ရွှင်တဲ့ဇာတ်ကားလေးတွေကြည့်ပြီး အားကျနေဖို့တင်ဆက်လိုက်ပါတယ်။Fast Times at Ridgemont High (1982) ဖိုဘီကိတ်ရဲ့ ဇာတ်ကားလိုပဲNude Scene နဲ့အပြောအဆိုတချို့ပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါ။ File size…(1.5 GB)/ (880 MB)/ (400 MB) Quality…BluRay Remaster 1080p /720p / 480p Format…mkv Duration….01:28:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Nay Lin Thar
movie
[18+] Private School (1983)
3.6
Mrs. Claus (2018)
Mrs. Claus (2018)သဲထိပ်ရင်ဖို သွေးသံရဲရဲနဲ့ ဇာတ်ကားတွေတွေကို ခုံမင်တဲ့ CM ပရိတ်သတ်ကြီးအတွက် ဒီတစ်ခေါက် မိတ်ဆက်ပေးမှာက Mrs. Claus ဆိုတဲ့ကားလေးပါ ခရစ်စမတ်ဆိုတာနဲ့ စန်တာကလော့စ်ဖိုးဖိုးကြီးရယ် လက်ဆောင်တွေနဲ့ ပျော်ဖို့ကောင်းတာတွေပဲ ပြေးမြင်မှာပေါ့နော် ဒီကားထဲက ကျောင်းသူတွေနေတဲ့အိမ်ကြီးမှာတော့ ခရစ်စမတ်တစ်ညမှာ ခြောက်ခြားစရာတွေဖြစ်ပျက်ခဲ့ပြီးထဲက ခရစ်စမတ်ပွဲမကျင်းပတော့ပါဘူး နောက် ၁၀ နှစ်ကြာတဲ့ အဲ့အိမ်ကြီးမှာပဲ ကျောင်းသားတစ်စုက ခရစ်စမတ်ပါတီ ကျင်းပဖို့ပြင်ဆင်ကြပါတော့တယ် ဒီကျောင်းသားတွေရော ခရစ်စမတ်ညမှာ ဘာတွေကြုံတွေ့ရမလဲ သူတို့ထဲက ကောင်မလေးတစ်ယောက်ကရော အတိတ်အဖြစ်ဆိုးထဲကလူတွေနဲ့ ဘယ်လိုပတ်သက်နေလဲ ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်က ဘယ်သူလဲဆိုတာကို သွေးသံရဲရဲခြောက်ခြားဖွယ်ကြည့်ရှုရမှာပါ.... File Size : (823 MB) Quality : Web DL 720p Running Time :1hr 26min Format : Mp4 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Translated by HMO Encoded by Moe Myint Lwin
movie
Mrs. Claus (2018)
2018