Channel Myanmar

Briella Guiza

Atlas (2024)
Atlas (2024) ဒီရုပ်ရှင်ကတော ဂျေလို ခေါင်းဆောင်ပါဝင်ထားတဲ့ သိပ္ပံ စိတ်ကူးယဉ် စွန့်စားခန်း ရုပ်ရှင်အသစ်ပါ။ ဒါရိုက်တာကတော့ San Andreas တို့ Rampage တို့ရဲ့ ဖန်တီးရှင် Brad Peyton ပါပဲ။ဇာတ်လမ်းအကျဉ်း လူသားတွေ တီထွင်ခဲ့တဲ့ စက်အသိဉာဏ် အေအိုင်တွေထဲက ဟာလန်ဆိုတဲ့ စက်ရုပ်တစ်ရုပ်က ဉာဏ်အလင်းပွင့်သွားပြီး ကမ္ဘာကို ဒုက္ခပေးနေတဲ့ လူသားတွေကို မျိုးတုံးအောင်လုပ်ဖို့ ကြံစည်ပါတော့တယ်။ ဒါပေမဲ့ အေအိုင်စက်ရုပ် အင်အားက နည်းသေးလို့ စစ်ရှုံးပြီး အခြားကမ္ဘာကို ထွက်ပြေးသွားရတယ်။နှစ်ပေါင်းများစွာကြာတဲ့အထိ ဟာလန်ကို ရှာနေကြပြီးနောက်မှာတော့ အက်တလက်ဆိုတဲ့ ဟာလန်ရဲ့ ငယ်သူငယ်ချင်း မိန်းကလေးက တည်နေရာကိုတွေ့သွားပြီး အထူးတပ် ရိမ်းဂျားတွေက ဟာလန်ကို ဖမ်းဆီးဖို စစ်ဆင်ရေးထွက်လာကြပါတယ်။ အဲဒီခရီးမှာ အက်တလက်လည်း ပါလာပြီး ဟာလန်ရဲ့ဂြိုလ်ကို ရောက်ရောက်ချင်း ဆီးပြီး တိုက်ခိုက်ခံရတဲ့အခါ အသက်ရှင်ဖို့ကြိုးစားရင်း ဟာလန်ကိုလည်းနှိမ်နင်းဖို့ ကြိုးစားရပါတော့တယ်။ ဇာတ်လမ်းကောင်းကောင်း ရိုက်ချက်ကောင်းကောင်းနဲ့ ...
movie

Atlas (2024)

4K HEVC
There’s Something Wrong with the Children (2023) 4.9
There’s Something Wrong with the Children (2023)   အနောက်တိုင်းမှာဆိုရင် ဆိတ်ငြိမ်တဲ့ဒေသတွေဆီကို ပိတ်ရက်တွေမှာ အနားယူအပန်းဖြေခရီးထွက်လေ့ရှိကြတယ်။ တစ်နည်းအားဖြင့် မြို့ပြနဲ့ဝေးတဲ့ဒေသတွေမှာ တောတောင်သဘာဝနဲ့ထိတွေ့ပြီး စိတ်ဖိစီးမှုဖြေဖျောက်တဲ့သဘောမျိုးပေါ့..။ဒီဇာတ်လမ်းထဲမှာဆိုရင်လည်း သူငယ်ချင်းမိသားစုနှစ်စုက မြို့ပြနဲ့ဝေးတဲ့ အပန်းဖြေစခန်း သစ်သားအိမ်ငယ်တွေမှာ ပိတ်ရက်အတွင်း သွားရောက်နေထိုင်ကြတယ်။ နီးစပ်ရာတောအုပ်တွင်းကို ခြေလျင်ခရီးသွားရင်း သူတို့တွေဆီ ကပ်ဆိုးကြီးတစ်ခုကပ်ပါလာတော့တယ်။horrorကားအမျိုးအစားထဲမှာမှ သရဲ/စိတ္တဇလူသတ်ထဲကမဟုတ်ပဲ နတ်ဆိုးကပ်တဲ့ဇာတ်လမ်းမျိုးပါ။ ကလေးနှစ်ယောက်ဆီကို နတ်ဆိုးအရင်ကပ်ပြီး သူတို့တွေကပဲ သူ့တို့ရဲ့မိဘတွေဖြစ်တဲ့ အယ်လီနဲ့ သောမတ်စ်ရယ်၊ သူငယ်ချင်းလင်မယား မာဂရက်နဲ့ ဘန်ရယ်ကို အရင်ပတ်ရှုပ်မှာပါ။ ကလေးတွေနဲ့ပက်သက်ပြီး တစ်ခုခုလွဲမှားနေရာကနေ မိသားစုနှစ်စုလုံးအတွက် ကပ်ဆိုးတစ်ခုကျသလို horror sceneတွေ စပြီးတော့ပေါ်လာမှာပါ။ ​ဇာတ်ကားနာမည်အတိုင်းပါပဲ။File size…(1.92GB)  / (952MB) /488MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...Horror / Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie

There’s Something Wrong with the Children (2023)