Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bridgette Wilson-Sampras
Shopgirl (2005)
ဘဝကို ခက်ခဲစွာရုန်းကန်နေရတဲ့ အရောင်းဝန်ထမ်းမိန်းကလေး စီးပွားရေးသမားတစ်ဦးနဲ့ ရည်မှန်းချက်မရှိတဲ့ လူငယ်...သူတို့သုံးယောက်ကြားက ရှုပ်ထွေးတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာပါ။မစ်ရာဘယ်က လက်အိတ်ဆိုင်မှာ အရောင်းဝန်ထမ်းလုပ်ပြီး တစ်ခါတလေ ပန်းချီကားလေးတွေ ဆွဲရောင်းပါတယ်။ သူ့ကျောင်းသားချေးငွေတွေကိုလည်း ခက်ခက်ခဲခဲ ပြန်ဆပ်နေရပြီး ကြပ်တည်းနေပါတယ်။ အထီးကျန်ပြီး အချစ်ခံချင်တဲ့ မစ်ရာဘယ်က ဂျယ်ရမီဆိုတဲ့ ကောင်လေးနဲ့ ဆုံမိပြီး တွဲဖြစ်သွားပါတယ်။ ဒါမဲ့ ဂျယ်ရမီကလည်း ချို့တဲ့ပြီး မစ်ရာဘယ်လိုချင်တာတွေ မဖြည့်ဆည်းနိုင်တဲ့အခါ နှစ်ယောက်သားဆက်ဆံရေးက သွေးအေးသွားပါတယ်။အဲဒီမှာပဲ ရေးပေါ်တာဆိုတဲ့ 50 ကျော်အရွယ်စီးပွားရေးသမား ပေါ်လာပါတယ်။ ရေးက မစ်ရာဘယ်အလိုရှိတာတွေ အကြိုက်ဆောင် လုပ်ပေးနိုင်ပေမယ့် သူမလိုချင်တဲ့အချစ်ကိုတော့ မပေးနိုင်ဘဲ စည်းခြားထားပါတယ်။ ပြည့်စုံလာတဲ့ဘဝမှာ အချစ်စစ်ကိုတောင့်တလာတဲ့ မစ်ရာဘယ်နဲ့ ရေရှည်ပတ်သက်မှုမျိုးမလိုချင်တဲ့ ရေး...မစ်ရာဘယ်ကြောင့် ဘဝရည်မှန်းချက်တွေ့သွားတဲ့ ဂျယရမီတို့ သုံးဦးကြားက အချစ်ဇာတ်လမ်းက ဘယ်လိုဇာတ်သိမ်းမလဲဆိုတာ ခံစားကြည့်ရှုလို့ရပါပြီ။ File size…(1.8 GB)/(939 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Drama, ...
movie
Shopgirl (2005)
6.3
Billy Madison (1995)
နာမည်ကျော် ဟာသသရုပ်ဆောင် Adam sandler ကိုယ်တိုင်ပါဝင်သရုပ်ဆောင်တဲ့အပြင် ဇာတ်ညွှန်းပါရေးသားထားတဲ့ ၁၉၉၅ခုနှစ်ထွက် ဟာသဇာတ်ကားလေးတစ်ကားပါ။ဒီဇာတ်ကားမှာ adam က အဓိကဇာတ်ကောင် Billy madison နေရာကနေသရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ။ ဇာတ်လမ်းကတော့ Billy ဟာ နေ့တိုင်း အရက်သောက်၊ ပါတီလုပ်ရင်းအချိန်ကုန်နေတဲ့ ဟိုတယ်ပိုင်ရှင်သူဌေးသား လူကြီးပေါ ကြီးတစ်ယောက်ဖြစ်ပါတယ်။ တနေ့မှာတော့ သူ့အဖေရဲ့ စည်းစိမ်တွေ တစ်ခြားတစ်ယောက်ကို အမွေပေးဖို့ဖြစ်လာပါတယ်။အဲဒီ့အခါမှာ Billyက ဒီအမွေတွေကိုဆက်ခံဖို့ ထိုက်တန်ကြောင်း ကို သူငယ်တန်းကနေ အထက်တန်းကျောင်းအောင်တဲ့အထိ ကျောင်းပြန်တက်ပြီး ဘယ်လိုသက်သေပြမလဲဆိုတာကို....Adam sandlerရဲ့ ဟာသဉာဏ်ရွှင်ရွှင်သရုပ်ဆောင်ထားတာနဲ့အတူမြင်ရမှာဖြစ်လို့ ရှုစားကြပါဦး ခင်ဗျာ။ File size…(1.9 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:29:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Jack Senpai
movie
Billy Madison (1995)
Last Action Hero (1993)
IMDB 6.4/10 ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသားကြီးအာနိုးလို့ချစ်စနိုးခေါ်ကြတဲ့ Arnold Schwarzeneggerရဲ့ ၁၉၉၃ ခုနှစ်က Action/Fantacy/Comedy ကားလေးပဲဖြစ်ပါတယ်.. တကယ်လို့ ပရိသတ်တစ်ယောက်အနေနဲ့ ကိုယ်ကြိုက်တဲ့ဟီးရိုးရဲ့ရုပ်ရှင်ကားထဲ ကိုယ်ကိုယ်တိုင် ပါဝင်ခွင့်ရခဲ့မယ်ဆိုရင်.. ဇာတ်လမ်းအကျဉ်း ဒန်နီမက်တီဂန်ဆိုတဲ့ ကောင်လေးက ဂျက်စလေ့တာဆိုတဲ့ ဟီးရိုးဇာတ်ကောင်ကို အလွန်အမင်း ကြိုက်နှစ်သက်ပြီး အရူးအမူးဖြစ်သူပါ.. တစ်နေ့မှာတော့ သူသွားကြည့်နေကျ ရုပ်ရှင်ရုံက နစ်ခ်ဆိုတဲ့ ရုံပိုင်ကြီးက သူ့ကို မှော်ဆန်တဲ့လက်မှတ်တစ်စောင်ပေးခဲ့ပါတယ်.. ဒီလိုနဲ့ မက်ဒီဂန်လေးတစ်ယောက် ဘုမသိဘမသိနဲ့ ဂျက်စလေ့တာရဲ့ အသစ်ထွက်ရုပ်ရှင်ထဲ မှော်လက်မှတ်တစ်စောင်ကို အရင်းပြုပြီး ရောက်ရှိသွားတော့တာပေါ့.. ဂျက်ရဲ့စွန့်စားခန်းတွေထဲ မျောပါသွားတဲ့ မက်ဒီဂန့်ဆီက မှော်လက်မှတ်က ကံမကောင်းစွာနဲ့ ဗီလိန်ဖြစ်တဲ့ ဘန်နက်ဒစ်တ်လက်ထဲ ရောက်ရှိသွားပြီး ဘန်နက်ဒစ်တ်က မှော်လက်မှတ်ရဲ့အသုံးဝင်ပုံကို သိရှိသွားချိန်မှာတော့.. ဟိုဘက်ကမ္ဘာနဲ့ ဒီဘက်ကမ္ဘာကို ကူးရင်း..ရုပ်ရှင်တွေထဲ ကူးရင်း.. ဗီလိန်ဇာတ်ကောင်တွေကို ခေါ်ထုတ်ဖို့ ကြိုးပမ်းပါတော့တယ်.. မက်ဒီဂန်နဲ့ ဂျက်တို့က ဘန်နက်ဒစ်တ်ကို ဘယ်လိုတားဆီးဖို့ကြိုးပမ်းကြမလဲ.. ...
movie
Last Action Hero (1993)
6.5
Higher Learning(1995)
Higher Learning==============အခုတင်ဆက်မဲ့ကားကတော့ အမြင်လှပြီးအတွင်းပုပ်နေတတ်တဲ့အမေရိကန်တက္ကသိုလ်လောကအကြောင်းကို ကွက်ကွက်ကွင်းကွင်းတင်ဆက်ထားပါတယ်။Columbus တက္ကသိုလ်ဟာ နာမည်ကြီးအကောင်းဆုံးတက္ကသိုလ်တွေထဲကတခုပါ။ဒီကျောင်းကြီးရဲ့ပရ၀ုဏ်အတွင်းမှာကတော့လူဖြူလူမည်းပဋိပက္ခတွေလူမျိုးရေးခွဲခြားဆက်ဆံတာတွေလိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေစသဖြင့်ပွေလီရှုပ်ထွေးနေပါတယ်။ဒီလိုနေရာကိုရောက်လာတဲ့ကျောင်းသားသစ်သုံးယောက်ကတော့Malik Williamsလူမည်းအပြေးအားကစားကျောင်းသားဖြစ်ပြီးပညာရေးမှာရုန်းကန်နေရပါတယ်။Kristen Connor ကတော့ အရှက်ကြီးပြီးအယုံလွယ်တဲ့ကျောင်းသူလေးပေါ့။Remyကတော့ ရေကန်မရှိတဲ့ငါးလိုကိုယ့်နယ်ကနေရပ်ရွာသစ်မှာအဖော်မဲ့လမ်းပျောက်နေသူပါ။ဒီသုံးယောက်ရဲ့ကျောင်းသားသစ်ဘ၀မှာတဦးချင်းစီကြုံတွေ့ရမဲ့ လူမျိုးရေးခွဲခြားမှုတွေ, သွေးထိုးလှုံ့ဆော်မှုတွေ, လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်း အတွေးအမြင်ကောင်းကောင်းတွေနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။ဇာတ်ကားကိုတော့Omar Epps, Ice Cube, Jennifer Connelly, Laurence Fishburne စသဖြင့်နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်အားဖြည့်ထားပါတယ်။ File Size : 2.73GB / 1.28 GBQuality : BluRay 1080p 5.1CH , 720pDuration : 2hr 8minFormat : Mp4Genre : Crime , Drama , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by BrackmanEncoded by Min Wai
movie
Higher Learning(1995)