Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Briana Middleton
5.0
The Inheritance (2024)
ဒီဇာတ်လမ်းလေးမှာတော့ Shawshank Redemption မှာထောင်မှူးNorton အဖြစ် ကျွန်တော်တိုသိကြတဲ့ Bob Guntun ကအဗနာသီ မိသားစုရဲ့ဖခင်ကြီးအဖြစ်သရုပ်ဆောင်ထားပြီးcharacter အနည်းငယ်နဲ့ ကျစ်ကျစ်လစ်လစ်ဖွဲစည်းထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း***************အဗနာသီမိသားစုဟာ ကျိကျိတက်ချမ်းသာတဲ့ ဘီလျံနာမိသားစုပါ။ ကျိကျိတက်ချမ်းသာကြတဲ့အလျောက်မိသားစုဝင်တွေကလည်း တစ်ယောက်နဲ့တစ်ယောက်ခပ်စိမ်းစိမ်းပါပဲ။ တစ်နေ့မှာတော့ အဗနာသီ မိသားစုရဲ့ဖခင်ကြီး ချားလ်စ် က သူ့ရဲ့ ၇၅ နှစ်ပြည့်မွေးနေ့အတွက်သူ့သားသမီး ၄ယောက် ကို ဖိတ်ခေါ်ခဲ့တယ်။ သားသမီးတွေအိမ်ကြီးဆီရောက်လာတဲ့အခါမှာတော့ ထင်ထားသလိုမွေးနေ့ပွဲ မဟုတ်နေပဲ သူတိုဖခင်ကြီးချားလ်စ် ကို လာသတ်မဲ့တစ်စုံတစ်ယောက်ရဲ့ ရန်ကနေ ကာကွယ်ပေးဖိုဖြစ်နေခဲ့တယ်။ဖခင်ကြီးရဲ့ အမွေတွေကိုလည်း ဖခင်ကြီးအသက်မသေမှရရှိမှာဖြစ်တဲ့အတွက် သားသမီး ၄ယောက်တိုက ဖခင်ကြီးကိုကာကွယ်ဖိုဖြစ်လာခဲ့တယ်။ ဖခင်ကြီးကို လာသတ်မဲ့တစ်စုံတစ်ယောက်က ဘယ်သူလဲ၊ ဘာအတွက်ကြောင့် ကာကွယ်ဖိုသားသမီးတွေကိုပဲ ခေါ်ရတာလဲ၊ ဒီပဟေဠိနောက်ကွယ်ကထူးဆန်းတဲ့ အဖြစ်အပျက်တွေက ဘာတွေလဲဆိုတာကိုစိတ်၀င်တစား ရင်တမမ နဲ့ရှုစားကြရမှာပါ။အိမ်ကြီးတစ်လုံးအတွင်းမှာပဲ ဇာတ်အိမ်တည်ထားပြီးအဗနာသီမိသားစုက ဒီတစ်ညတာကို ဘယ်လိုဖြတ်ကျော်ကြမလဲဆိုတာကို ကြည့်ရှုကြရမှာပါ။Plot ကောင်းကောင်းတွေလည်းပါ၀င်ပြီး စိတ်လှုပ်ရှားစရာပဟေဠိဆန်ဆန် ရုပ်ရှင်တစ်ကားဖြစ်တာမိုထူးခြားဆန်းပြားရုပ်ရှင်နှစ်သက်သူတွေအနေနဲ့ အလွတ်မခံသင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါကြောင်း..... File size…857MB ...
movie
The Inheritance (2024)
6.5
Sharper (2023)
Sharper (2023)ဒါရိုက်တာ Benjamin Caron ရိုက်ကူးပြီး Sebastian Stan နဲ့ မင်းသမီးကြီး Julianne Moore ပါဝင် သရုပ်ဆောင်ထားတဲ့ psychological thriller ဇာတ်ကားသစ် ရပါပြီ။ Justice Smith နဲ့ Briana Middleton တို့လည်း ပါပါသေးတယ်။ဇာတ်လမ်းတင်ဆက်ပုံကတော့ နည်းနည်းထူးခြားပါတယ်။ အစပိုင်းမှာ စာအုပ်ဆိုင်ပိုင်ရှင်ဖြစ်တဲ့ တွန့်အကြောင်းပြထားပြီး စာအုပ်လာဝယ်တဲ့ ကျောင်းသူလေး ဆန်ဒရာနဲ့ ချစ်သူတွေ ဖြစ်သွားကြပုံကို ရိုက်ပြထားပါတယ်။တစ်နေ့တော့ ဆန်ဒရာက အစ်ကိုဖြစ်သူရဲ့ အကြွေးတွေကို ဆပ်ပေးဖို့ ပိုက်ဆံလိုနေတဲ့အကြောင်း တွန့်ကို ပြောလာပါတယ်။ တကယ်တော့ ဆန်ဒရာက တွန်ထင်နေသလို စာကြမ်းပိုးလေး မဟုတ်ဘဲ အကြီးစား လူလိမ်တစ်ယောက်ပါ။နောက်တော့ ဆန်ဒရာ ဘယ်လိုလုပ်ပြီး လူလိမ်ဖြစ်လာလဲဆိုတာနဲ့ သူ့ကို အလိမ်အညာပညာရပ်တွေ သင်ပေးတဲ့ မက်စ်ဆိုတဲ့သူနဲ့ တွေ့ဖြစ်ကြပုံကို ရိုက်ပြထားပါတယ်။အဲဒီနောက်တော့ မက်စ်အကြောင်း၊ အဲဒီနောက် မက်စ်ရဲ့ဘဝထဲက မက်ဒလင်းအကြောင်းတွေကို တစ်ဆင့်ချင်းစီ ပြသွားပါတယ်။ပြောရရင် လှေကားထစ်တွေလိုမျိုး တစ်ဆင့်ချင်း တက်သွားတဲ့ ဇာတ်လမ်းပါ။ လှေကားထစ်တွေရဲ့ အဆုံးမှာ ဘာတွေ ...
movie
Sharper (2023)
2023
6.6
The Tender Bar (2021)
အချိန်က ၁၉၇၂ ခုနှစ်... ဖခင်ဖြစ်သူက မိသားစုကို စွန့်ပစ်သွားတဲ့နောက် ဂျေအာ လို့ခေါ်တဲ့ ကိုးနှစ်အရွယ်ကောင်လေးတစ်ယောက် သူ့အမေနဲ့အတူတူ အဘိုး အဘွားနဲ့ ဦးလေးတို့ရှိတဲ့ အိမ်ကြီးမှာ နေဖို့ဖြစ်လာတယ် ပြဿနာပေါင်း သောင်းခြောက်ထောင်တွေရယ် ပညာတတ်မရှိတဲ့ သူတို့မိသားစုမှာ ကိုးနှစ်သား ဂျေအာကတော့ သူတို့အိမ်ရဲ့ ဆည်းလည်းလေးပဲ ဒီတော့ ဒီလိုအရှုပ်ထုပ်တွေထဲကနေ အမေဖြစ်သူကတော့ သူ့လိုမဖြစ်စေချင်လို့ ဂျေအာကို ကောလိပ်ပညာတတ်ကြီးတစ်ယောက်ဖြစ်အောင်ထားမယ်ဆိုပြီး သန္နိဌာန်ချထားတယ် အဖေမရှိတဲ့ ဂျေအာအဖို့ ဦးလေးဖြစ်သူ ချာလီကို အရမ်းအားကိုးတယ် ချာလီကလည်း ဂျေအာအပေါ်ကို အဖေတစ်ယောက်လို အစ်ကိုတစ်ယောက်လိုစောင့်ရှောက်ပေးပါတယ် တကယ်တော့ ကိုးနှစ်သားကလေးတစ်ယောက်အတွက် မြင်ရကြားရသမျှအရာရာဟာ သူ့အတွက် သင်ယူစရာချည်းပဲ ဒီတော့ ဖခင်မရှိတဲ့ ဂျေအာအဖို့ ဘားဆိုင်ဖွင့်ထားတဲ့ ဦးလေးချာလီဟာလည်း သူ့အတွက် ဆရာပါဘဲ ကောလိပ်မတက်ခဲ့ရတဲ့ ဘားပိုင်ရှင်ချာလီဟာ လူနုံလူအတစ်ယောက်တော့မဟုတ်ခဲ့ဘူး အတန်းပညာ မပြည့်စုံပေမယ့် ဘ၀ပညာပြည့်စုံနေတဲ့သူတစ်ယောက်...သူ့တူလေးဂျေအာကို လူတော်လူကောင်းတစ်ယောက်ဖြစ်အောင် သူသိသမျှ တတ်သမျှ အရာရာတိုင်းနဲ့ ပံ့ပိုးပေးတယ် ဘားမှာရှိသမျှ စာအုပ်တွေကို ဂျေအာဖတ်ဖို့ပေးတယ် စာဖတ်များရင် ...
movie
The Tender Bar (2021)