Channel Myanmar

Brian Tester

The Reaping (2007) 5.8
The Reaping (2007)  တစ်ခေတ်တစ်ခါကအရမ်းနာမည်ကြီးခဲ့တဲ့မင်းသမီးချောHilary Swank တို့ ဇာတ်ကြမ်းမင်းသားကြီး Idris Elbaတို့ပါဝင်သရုပ်ဆောင်ထားတဲ့ 2007 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ဘာသာရေးအစွန်းရောက်သည်းထိပ်ရင်ဖိုဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ The Reaping ဖြစ်ပြီးIMDb Rating 5.6 အထိရရှိထားခဲ့ပါတယ်။ကက်သရင်းက ဘုရားသခင်ကိုလေးလေးနက်နက်ယုံကြည်ပြီးအမှုတော်ဆောင်တစ်ယောက်ဖြစ်ခဲ့ပြီးအံ့ဩဆန်းကြယ်ဖွယ်ရာလို့ လူတွေပြောကြတဲ့အရာတွေကိုသိပ္ပံနည်းကျ အဖြေတွေထွက်လာအောင်လုပ်နိုင်တဲ့ပါမောက္ခတစ်ယောက်လည်း ဖြစ်ပါတယ်။အရင်တုန်းကတော့ခရစ်ယာန်အမှုတော်ဆောင်ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာတော့အဲ့ဒါကြောင့်ပဲ သူ့သမီးလေးကိုဆုံးရှုံးလိုက်ရတဲ့အတွက်စိတ်နာပြီး ဘာသာမဲ့တစ်ယောက်ဖြစ်လို့နေပါပြီ။ဘုရားသခင်ကိုပြန်လည်ယုံကြည်လာအောင် သူ့ကိုတခြားသူတွေကလည်းဘယ်လိုမှ နားချလို့မရတော့ပါဘူး။ဒီလိုနဲ့တစ်နေ့မှာတော့ကျမ်းစာထဲမှာ နိုင်းမြစ်ကြီးသွေးတွေဖုံးလွှမ်းပြီးနီရဲသွားခဲ့သလိုဟေဗန်ဆိုတဲ့မြို့လေးမှာရှိတဲ့ မြစ်လည်းအဲ့လိုဖြစ်နေတဲ့အတွက်အဖြေရှာဖို့သူ့ကိုလာအကူအညီတောင်းပါတော့တယ်။ဒီလိုနဲ့သူလည်း ဘန်ဆိုတဲ့သူ့တွဲဖက်နဲ့အတူတူဟေဗန်မြို့ကိုထွက်လာခဲ့ပါတော့တယ်။အဲ့ဒီမြို့က လူတိုင်းကဘာသာတရားကိုအရမ်းကိုင်ရှိုင်းတဲ့အတွက် သူ့မျက်လုံးထဲမှာတော့မျက်စိစပါးမွှေးစူးချင်စရာပါပဲ။ဒါပေမယ့် သူလုပ်စရာရှိတဲ့အလုပ်ဖြစ်တဲ့ မြစ်ကြီးနီရဲလာတဲ့အကြောင်းအရင်းကို စုံစမ်းစစ်ဆေးရင်းနဲ့မှကျမ်းစာထဲမှာပါတဲ့အဖြစ်အပျက်တွေအတိုင်း တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်လာတဲ့အခါမှာတော့ ဒီကိစ္စအတွက်ရောသိပ္ပံနည်းကျဖြေရှင်းချက်ရှိပါ့မလားဆိုတာအပြင် ဘာသာရေးအစွန်းရောက်တွေနတ်ဆိုးကိုးကွယ်သူတွေရဲ့ရှုပ်ထွေးမှုတွေကိုစိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.77GB / 900MB Quality…Blu -Ray 1080p 5.1CH  / 720p Format…mp4 Duration….1h 39m Genre ….. Horror  , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Reaping (2007)

Princess Protection Program (2009) 5.6
Princess Protection Program (2009) Princess Protection Program (2009)Selena Gomez နဲ့ Demi Lovato တို့ရဲ့ ငယ်ရွယ်တက်ကြွတဲ့ ပုံစံကို ပြန်မြင်ရမယ့် ကားဟောင်းလေးပါ။ Selena ကတော့ ကာတာလို့ခေါ်တဲ့ ငါးစာရောင်းတဲ့ သာမန်အထက်တန်းကျောင်းသူလေးဖြစ်ပြီး Demi ကတော့ ရိုဆလင်ဒါလို့ခေါ်တဲ့ မင်းသမီးတစ်ပါးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ကာတာရဲ့အဖေက ခြိမ်းခြောက်ခံရတဲ့ နေရာအနှံ့က မင်းသမီး‌တွေကိုကယ်တင်တဲ့ နိုင်ငံတကာလျှို့ဝှက်အေဂျင်စီမှာ အလုပ်လုပ်တာပါ။မင်းသမီးရိုဆလင်ဒါနေတဲ့ ကိုစတာလူနာဆိုတဲ့တိုင်းပြည်က ကျွန်းနိုင်ငံလေးဖြစ်ပြီး သူ့ဖခင်ဘုရင်ကြီးနတ်ရွာစံသွားတဲ့အတွက် မင်းသမီးက နောက်တစ်လနေရင် ဘုရင်မအဖြစ် နန်းတက်ရတော့မှာပါ။ နန်းတက်ပွဲအတွက်လေ့ကျင့်နေချိန်မှာ ဗိုလ်ချုပ်ကိန်းက မင်းသမီးငယ်သေးတာကို အကြောင်းပြပြီး အာဏာသိမ်းဖို့လုပ်ပါတော့တယ်။ ကံကောင်းစွာနဲ့ ရိုဆလင်ဒါအမေစီစဉ်ထားမှုကြောင့် ကာတာ့အဖေက ရိုဆလင်ဒါကို ခေါ်ထုတ်လာနိုင်ပါတယ်။ရိုဆလင်ဒါကို အေဂျင်စီက လုံခြုံတဲ့အချိန်ရောက်တဲ့ထိ နေရာချပေးဖို့လုပ်ရာကနေ ကာတာတို့အိမ်ကို ၀မ်းကွဲညီအမ ရိုစီအဖြစ်ရောက်လာပါတော့တယ်။ရိုစီကို သာမန်ဆယ်ကျော်သက်ကောင်မလေးလို နေတတ်အောင် ကာတာက သင်ပေးရင်း ကြုံတွေရတဲ့ အဖုအထစ်လေးတွေ ကျောင်းမှာကြုံရတဲ့အခက်အခဲတွေကို တွေ့ရဉီးမှာပါ။ ...
movie

Princess Protection Program (2009)

2009
Welcome to the Jungle (2013) 5.5
Welcome to the Jungle (2013)  တစ်ချိန်တုန်းက တမ်းတမ်းစွဲကြိုက်ခဲ့ရတဲ့ အက်ရှင်မင်းသားကြီးဗန်ဒိန်းရဲ့ Adventure , Comedy ကားဟောင်းလေးကို ပြန်ခံစားကြည့်လို့ရအောင် တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားက (၂၀၁၃) ခုနှစ်ကထွကခဲ့တာ အခုဆိုရင် (၁၀)နှစ်ပြည့်ခါနီးနေပြီဆိုတော့ တော်တော်လေးကြာပြီလို့ပြောလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ကုမ္ပဏီတွင်းအသင်းဖွဲ့နဲ့လုပ်ကိုင်တတ်အောင်လို့ ကျွန်းတစ်ကျွန်းပေါ်ခရီးထွက်လာခဲ့ကြရတဲ့ ကုမ္ပဏီအဖွဲ့သားတွေရဲ့ခရီးစဉ်က မထင်မှတ်တာတွေဖြစ်ပြီး ကျွန်းပေါ်မှာသောင်တင်ဖို့ဖြစ်လာခဲ့ပါတယ်။ဒီလိုသောင်တင်နေတဲ့အဖွဲ့သားတွေကို အများကငကြောက် ငကြောင်လို့မှတ်ယူနေတဲ့ Chrisကကယ်တင်မလား...Chris ဆီကအိုင်ဒီယာကိုခိုးသွားတဲ့ အထက်လူကြီးPhilကပဲ ဦးဆောင်မလား..ကျွန်းပေါ်မှာ သူတို့ဘယ်လို ရှင်သန်လွတ်မြောက်အောင် ကြိုးစားကြမလဲဆိုတာကို ကြည့်ရမယ့် ဟာသအက်ရှင်စွန့်စားခန်းဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ Chit Tee ပါ )File Size__(1.6GB) / (900MB) Quality__Bluray_1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:35:00 Type__Action, Adventure, Comedy Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by Naing Aung Latt
movie

Welcome to the Jungle (2013)