Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Brian Lally
The Stalking Fields (2022)
The Stalking Fields(2023) ====================== စစ်ပြန်တွေ စစ်မြေပြင်ကနေ ရလာခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ နာကျည်းစရာအတိတ်တွေ PTSD တွေကို ကုသပေးဖို့အတွက် ကုထုံးအမျိုးမျိုးရှိတဲ့ အထဲမှ Stalking Fields ဆိုတဲ့ အမဲလိုက် ပရိုဂရမ်တစ်ခု ပေါ်လာပါတယ်အမဲလိုက်ရမှာကတော့ တိရစ္ဆာန်တွေမဟုတ်ဘဲ...ရာဇဝတ်မှုတွေ ဒုစရိုက်မှုတွေ ကျူးလွန်ထားတဲ့ လူတွေ ...အနာဂတ်ပျောက်ဆုံးနေတဲ့လူတွေကို ပြန်ပေးဆွဲပြီး အမဲလိုက်ကွင်းကြီးထဲကို လွှတ်ပေးကာ...စစ်ပြန်တွေကို အမဲလိုက်ခိုင်းတာဖြစ်ပါတယ် နောက်ဆုံးကျန်ရစ်သူကို ဆုငွေဒေါ်လာ ၅ သိန်းနဲ့ ဘဝအသစ်စဖို့ အခွင့်အရေးပေးမယ်ဆိုပြီး ကမ်းလှမ်းပါတယ် အဲ့ဒီထဲမှာမှ အာဖဂန်စစ်မြေပြင်မှာ လူ ၂၀၀ ကျော်သတ်ခဲ့တဲ့ စစ်ပြန်ပြီး ဝုဒ်မန်းဆိုသူ အပါအဝင်ဖြစ်ပါတယ်... ဝုဒ်မန်းခေါင်းဆောင်တဲ့အဖွဲ့ဟာ အမဲလိုက်ခဲ့ရင်း ...အချင်းချင်းပြန်သစ္စာဖောက်မှုတွေနဲ့ ရာဇဝတ်သားကောင်တွေကို ဘယ်လိုကျော်ဖြတ်သွားမလဲဆိုတာကို အလှည့်အပြောင်းများစွာနဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်)Genre..... Action Quality…. 1080p | 720p | 480p File size… 1.55GB | 742MB | 360MB Format… mp4 Duration…. ...
movie
The Stalking Fields (2022)
2022
7.0
Funny People(2009)
Funny People(2009)*******************လူတစ်ယောက်ဟာ အပြင်ပန်းမှာပျော်နေသလို၊ ရယ်မြူးနေသလို ထင်ရပေမယ့် အတွင်းစိတ်မှာတော့ ပူပန်မှုတွေ၊စိုးရိမ်သောကတွေ၊ အထီးကျန်ဝမ်းနည်းစိတ်တွေနဲ့ ရှင်သန်နေရတာမျိုး လူ့လောကမှာရှိတတ်ကြတာ သဘာဝပါ။အငြိမ့်စင်ပေါ်မှာ ကပြအသုံးတော်ခံနေတဲ့ လူရွှင်တော်တိုင်းဟာ သူတို့ထုတ်လိုက်တဲ့ပြက်လုံးတွေထဲကလိုဘဝကအမြဲရယ်မောပျော်ရွှင်စရာကောင်းချင်မှ ကောင်းပါလိမ့်မယ်။ဒါဟာ လူ့ဘဝရဲ့ ပုံမှန်ပြယုဂ်ပါပဲ။ အခက်အခဲ၊ အကျပ်အတည်းနဲ့ စိတ်အလိုမကျစရာတွေက"ဪ၊ သူကတော့ ပြက်လုံးတွေထုတ်တတ်တဲ့ လူရွှင်တော်ပဲ"ဆိုပြီး မကျရောက်လာတာမျိုး မရှိပါဘူး။ဒီလောကဓံတရားရဲ့ပြကွက်ကိုတော့ အခုဇာတ်ကားလေးထဲမှာ ခြယ်မှုန်းလှစ်ဟပြသထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျော့ခ်ျဆင်မွန်ဟာ အောင်မြင်တဲ့ တစ်ခန်းရပ်လူပြက်တစ်ယောက်ဖြစ်ပါတယ်။တီဗီဇာတ်လမ်းတွေ၊ ဟာသရှိုးတွေဝက်ဝက်ကွဲရိုက်ရပြီး ပြောင်မြောက်တဲ့ ပြက်လုံးတွေကြောင့်ပရိသတ်ကြားရေပန်းစားရတဲ့ အထင်ကရလူပြက်တစ်ယောက်ပါ။ကိုယ်ပိုင်အိမ်၊ခြံဝန်းနဲ့ စတိုင်ကျကျနေနိုင်ပြီး ဂျက်လေယာဉ်ဝယ်စီးနိုင်လောက်တဲ့အထိ ဝင်ငွေကောင်းပါတယ်။ဒါပေမယ့် ကံအကြောင်းမလှစွာနဲ့ပဲ သူ့မှာ AML လို့ခေါ်တဲ့သွေးအားနည်းရောဂါဆန်းတစ်မျိုး စွဲကပ်လာပါတယ်။ရောဂါအသစ်ဖြစ်လို့ ကုသနိုင်မယ့်ဆေးမရှိသေးတာကြောင့် ဘဝကိုလက်လျှော့အရှုံးပေးရမလိုဖြစ်နေချိန်မှာတိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ကိုအထင်ကြီးအားကျတဲ့ လူပြက်ပေါက်စ အိုင်ရာရိုက်နဲ့ ဆုံမိခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့...............ဒီဇာတ်ကားကိုကြည့်ရင်း မိတ်ဆွေတို့လည်း ကိုယ့်ဘဝကိုယ်တစ်ချက်လည်ပြန်စောင်းငဲ့ကြည့်မိကြမှာပါ။အဒမ်ဆန်ဒလာ၊ ဆာ့သ်ရော်ဂန်နဲ့ လက်စ်လီမန်းတို့ဦးဆောင်ပါဝင်ထားတဲ့ဒီဇာတ်ကားဟာ reviewကောင်းတွေလည်းရရှိထားတာဖြစ်ပါတယ်။File Size :(4.05 GB) (1.4 GB) and (445 ...
movie
Funny People(2009)
8.3
L.A. Confidential (1997)
L.A. Confidential(1997) IMDb....8.3.....Rotten...99% ဒီကား မှာ အဓိကမင်းသား ၃ယောက်ပါတယ်...Russell Crowe,Kevin Spaceyနဲ့ Guy Pearce ရယ်.. .သူတို့တွေသရုပ်ဆောင်ကောင်းကြသလို နာမည်ကြီးအထင်ကရကားတွေမှာ ပါဝင်ခဲ့တာကို တော်တော်များများသိကြမယ်ထင်တယ် .. သူ့တို့(၃)ယောက်ဟာ စုံထောက်ရဲအရာရှိတွေပါ...ဇာတ်ကားအစမှာ သူတို့(၃)ယောက်ရဲ့ခံယူချက် အလုပ်အပေါ်မှာထားတဲ့စိတ်ထားတွေကို တဖြည်းဖြည်းပြသွားတယ်....အဲ့ဒီ အခန်းတွေပါးပါးလေးပြသပြီးတဲ့နောက်မှာတော့ အစုလိုက်အပြုံလိုက်သတ်ခံလိုက်ရတဲ့ လူသတ်မှု ကြီးဆီရောက်သွားတယ်..လူသတ်မှုကြီးဟာ စုံထောက်ရဲအရာရှိဖြစ်တဲ့ သူတို့(၃)ယောက်ခေါင်းပေါ်ရောက်လာပါတယ်...လူသတ်မှုဟာ ဆိုင်တစ်ဆိုင်ထဲမှာ ရက်ရက်စက်စက်ပစ်သတ်ခံလိုက်ရတာပါ. ..သေဆုံးသူတွေထဲမှာ ရဲစုံထောက်တစ်ယောက်တောင်ပါ ပါတယ်.... ကြည့်ရှူတဲ့သူဟာ ဇာတ်ကောင် ၃ ယောက်နောက်ကိုအပြေးအလွှားလိုက်ရ သလို ဘယ်သူသတ်လဲပါ တစ်ဆက်ထဲ အဖြေထုတ်နေရတ ယ်... လူ(၃)ယောက်ရဲ့အမြင်ကိုခင်ဗျားတစ်ယောက်ထဲ ခံစားရင် အမှုကိုလည်းလက်လှမ်းမှီသလောက်ခင်ဗျားဟာ ကော်ဖီပူပူနွေးနွေးလေးသောက်ရင်း အတွေးတွေ လွန့်လူးနေလိမ့်မယ်. ..နောက်တစ်ခုက ဒီကားကြည့်နေစဉ် ဇာတ်ကောင်တွေနာမည်တွေကို အသေအချာလေးမှတ်ပြီး ကြည့်သင့်ပါတယ်. ..ဘာလို့ဆို အရေးကြီးတဲ့အကြောင်းအရာတော်တော်များနဲ့ဇာတ်ကောင်နာမည်တွေဟာ စကားပြောခန်းတွေနဲ့ပုံဖော်ထားလို့ပါ..ပြီးတော့ ဒီကားထဲက မင်းသမီး kim Basinger က အော်စကာ(ဇာတ်ပို့ဆု)ရရှိခဲ့သလို အကောင်းဆုံးရုပ်ရှင်ဇာတ်ညွန်းဆုလည်းရရှိခဲ့ပါတယ်.. နောက်တစ်ခု ခင်ဗျားတို့ သတိထားမိမှာက Russell Crowe ရဲ့ မျက်လုံးတွေပါပဲ.. .သူ့မျက်လုံးတွေက ယုန်ငယ်လေးဟန်...ပြောရရင် Beautiful mind ကားထဲက ပါမောက္ခတစ်ယောက်ရဲ့ဟန်ပန်..သူ့ရဲ့ ပင်ကိုယ်ဟန်ပဲလား မသိ.. .သို့ပေမယ့် အဲ့မျက်လုံးတွေကနေ အချိန်တော်တော်များများ မုန်ယိုနေတဲ့ ဆင်ရိုင်းတစ်ကောင်လိုပေါက်ကွဲရက်စက်ပြတာ .. ဒီဘဲကြီးသရုပ်ဆောင်တာ ...
movie
L.A. Confidential (1997)