Channel Myanmar

Brian Bradbury

The Proposal (2009) 6.8
The Proposal (2009) The Proposal (2009)IMDb Rating (6.8 )Ryan Reynolds နဲ့ Sandra Bullock တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒရမ်မာရိုမန့်ဟာသကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...နာမည်ကျော်စာအုပ်တိုက်တစ်ခုမှာ ဦးစီးဦးဆောင်လုပ်ကိုင်နေတဲ့ မာဂရက်ဆိုတဲ့ မမကြီးဟာ စမတ်ကျကျနေတတ်ပေမယ့် ဘော်ကျော့ပုံစံတွေကြောင့် သူမရဲ့လက်ထောက်ဖြစ်သူ အန်ဒရူးကစလို့ တစ်ရုံးလုံးက မကြည်ကြပါဘူး...ဒီလိုနဲ့ သူ့လုပ်ငန်းအခြေအနေကြောင့်ရယ် အမေရိကန်နိုင်ငံမှာ ဆက်လက်နေထိုင်ဖို့ Visa အခက်အခဲဖြစ်လာတာရယ်ကြောင့်အမေရိကန်နိုင်ငံသားဖြစ်တဲ့ သူမရဲ့ လက်ထောက်ဖြစ်သူ အန်ဒရူးနဲ့ လက်ထပ်ဖို့ကြံစည်ပါတော့တယ်.....မိန်းကလေးက ယောကျာ်းလေးကို ပြန်ပြီး လက်ထပ်ခွင့်တောင်းမယ့်ပုံစံရဲ့နောက်ကွယ်ကအလိမ်တွေ အရှုပ်ထုတ်တွေကြားထဲ မိသားစု၊ ချစ်ခြင်းမေတ္တာတွေကိုရှာဖွေတွေ့ရှိသွားမလားဆိုတာ.......။ဝါရင့်သရုပ်ဆောင်တွေမလို့ ပရိတ်သတ်ကို တောက်လျှောက်ဆွဲခေါ်သွားမှာပါ။ File size…(2 GB )/(1 GB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:47:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

The Proposal (2009)

2009
Spirited (2022) 6.2
Spirited (2022) Spirited (2022)ခရစ္စမတ်နီးပြီဆိုတော့ ခရစ္စမတ်ဇာတ်လမ်းလေးတွေလဲစပြီးထွက်လာပါပြီ။ ခရစ္စမတ်ဇာတ်လမ်းကိုမှ Ryan Reynolds နဲ့ Will Ferrell တို့က Christmas Carol ကိုပြန်အသက်သွင်းထားတဲ့ဇာတ်လမ်းဆိုရင်တော့ Christmassy feeling အပြည့်အဝနဲ့ စခွီလဲထရမယ့်ဇာတ်လမ်းဆိုတာ တကူးတကပြောစရာမလိုလောက်ပါဘူး။Dickens ရဲ့ Christmas Carol ကို အားလုံးသိထားပြီးသားနေမှာပါ။ အကျဥ်းချုံးပြောရရင် ခရစ္စမတ်ညမှာလူတစ်ယောက်ကိုပြောင်းလဲစေဖို့ ခရစ္စမတ်တစ္ဆေသုံးကောင်လာတယ်။ အတိတ်ပစ္စုပ္ပန်နဲ့အနာဂတ် ခရစ္စမတ်တစ္ဆေတွေပေါ့။ သူတို့ကဒီလူကိုသူ့ရဲ့ အတိတ်လက်ရှိနဲ့အနာဂတ် တစ်လျှောက်ခေါ်သွားပြီး သူ့ကိုအပြောင်းအလဲတွေဖြစ်စေဖို့ကြိုးစားကြတဲ့ဇာတ်လမ်းပေါ့။ ဒီဇာတ်လမ်းမှာတော့ Clint လို့ခေါ်တဲ့ Ryan Reynolds က မီဒီယာအကြံပေးတစ်ယောက်ဖြစ်ပြီး သူ့ကိုအလုပ်အပ်သူတွေအတွက် မီဒီယာမှာသူတို့ပြိုင်ဘက်တွေကိုနိုင်ဖို့ကူညီပေးသူပေါ့။ ပြိုင်ဘက်တွေရဲ့အပုပ်အစပ်ပေါင်းစုံကိုရှာပေးသူ ပွဲရှာပေးသူဆိုပါတော့။ သူကလူတွေအပေါ်သိပ်လွှမ်းမိုးနိုင်သူလဲဖြစ်နေတော့ သူသာပြောင်းလဲသွားရင် သူ့နောက်ကတခြားလူပေါင်းများစွာလဲလိုက်ပြောင်းလဲမယ်ဆိုပြီး ခရစ္စမတ််တစ္ဆေတွေက လာမယ့်နှစ်ခရစ္စမတ်အတွက်သူ့ကိုခြောက်လှန့်ပြောင်းလဲဖို့ ကလင့်ကိုရွေးချယ်လိုက်တော့ တစ္ဆေတွေရဲ့ပရောဂျက်ကြီးအောင်မြင်မလားကြည့်ရမှာပါ။ဒီဇာတ်လမ်းက Muscial လဲဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကြည့်ကောင်းလို့ ဒီနှစ်ရဲ့ Holiday Movies ထဲက ကားကောင်းတစ်ကားပါပဲအညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida, Roman NoX, Kevin တို့ပဲ ဖြစ်ကြပါတယ်။Genre..... Comedy, Family, Musical Quality…. ...
movie

Spirited (2022)