Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Brett Rice
6.1
The Waterboy (1998)
American ဟာသကားတွေ ရဲ့ မင်းသားကြီးဖြစ်တဲ့ Adam Sandler ရဲ့ နာမည်ကြီးရုပ်ရှင်တွေထဲက တစ်ကား ဖြစ်ပါတယ် Sport/Comedy ရုပ်ရှင်အမျိုးစားဖြစ်လို့ ပေါ့ပေါ့ပါးပါး ဟာသကားလေးကြည့်ချင်တဲ့ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ခုဖြစ်မှာပါဇာတ်ကားလေးရဲ့အစမှာတော့ ဘော်ဘီဘူရှေလို့ခေါ်တဲ့ကောင်လေးဟာ ဘောလုံးပွဲတွေမှာ ကစားသမားတွေကို ရေကမ်းတဲ့အလုပ်ကိုလုပ်ကိုင်ပြီး မိခင်ဖြစ်သူရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကိုခံနေရတဲ့သူပါ သူ့ရဲ့ ထူးခြားတဲ့ပုံစံကြောင့် လူတိုင်း အနိုင်ကျင့်သမျှလဲခံရသူဖြစ်ပါတယ်တနေ့မှာ မထင်မှတ်ဘဲ ဘောလုံးပွဲအသင်းတခုမှာ ကစားသမားဖြစ်သွားရာကနေ အခက်ခဲမျိုးစုံကြုံရပါတော့တယ် အမေဖြစ်သူကရော လက်ခံနိုင်ပါ့မလား သူ့ကြုံတွေ့ရတဲ့အခက်ခဲတွေကိုရော ဘယ်လိုကျော်လွှားမှာလဲ ဆိုတာသိချင်ရင်တော့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားလိုက်ပါ .. File size…(1.8 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Comedy, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Judy Berry
movie
The Waterboy (1998)
5.8
Footloose (2011)
ဒီဇာတ်ကားလေးကတော့ အားလုံးလည်းကြားဖူးနေလောက်တဲ့ သံစဉ်တွေနဲ့ဇာတ်ကားလေးဖြစ်ပါတယ်..footloose ဆိုတဲ့ ၁၉၈၄ ကဇာတ်ကားကို remakeပြန်ရိုက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားလေးလည်းဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကတော့ဘုန်းမောက်ဆိုတဲ့ နယ်မြို့ကဦးလေးဆီကို တစ်ကောင်ကြွက်ဘဝနဲ့ရောက်လာတဲ့ ရန်မက်ကောမက်ဆိုတဲ့ကောင်လေးတစ်ယောက် သူဟာမြို့ကိုရောက်ရောက်ချင်းမှာပဲထူးခြားတဲ့ကန့်သတ်ချက် ဥပဒေတွေနဲ့ကြုံရပါတော့တယ် လွတ်လပ်ပါတယ်ပါတီတွေနေညမပြတ်လုပ်နေပါတဲ့ဆိုတဲ့ အမေရိကန်နိုင်ငံထဲကဒီမြို့လေးထဲမှာ အကကခွင့်ကိုရော လူငယ်တွေညထွက်ခွင့်ကိုပါပိတ်ပင်ထားတာပါ အကဟာသူ့ဘဝအတွက်အရမ်းအရေးပါတဲ့အရာတစ်ခုဖြစ်နေတဲ့ ရန်မက်ကောမက်အတွက်တော့ဒါကအဓိပ္ပာယ်မရှိတဲ့ပိတ်ပင်မှုတစ်ခုလိုဖြစ်နေပြီး ဘုန်းမောက်ကကျောင်းသားတော်တော်များများကလည်း မကြိုက်ကြပါဘူး ဒီလိုနဲ့သူဒါတွေကိုဆန့်ကျင်ရင်း နောက်ဆုံးကျောင်းသားတွေလွတ်လပ်ခွင့်ရမလား သီချင်းတွေ အကတွေ ဒရမ်မာတွေ ပုန်ကန်မှုတွေနဲ့musical drama ကားကောင်းလေးကိုကြည့်ရှူရမှာပဲဖြစ်ပါတယ်မင်းသားအဖြစ် လက်တွေ့ဘဝမှာလည်းအကသမားတစ်ယောက်ဖြစ်တဲ့ Kenneth Edgar Wormald နဲ့ Dancing withthe Stars ကဒိုင်တစ်ယောက်ဖြစ်တဲ့ မင်းသမီး JulianneAlexandra Hough တို့ကိုကြည့်ရှူရမှာလည်းဖြစ်ပါတယ်.. File size…2.22GB / 1.10GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 53m Genre …..Comedy , Drama , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
Footloose (2011)
7.8
Remember the Titans (2000)
Remember the Titans (2000)“အသားဖြူသည်ဖြစ်စေ အသားမည်းသည်ဖြစ်စေ အတော်ဆုံးကစားသမားကတော့ ကစားမှာပဲ”မင်းသားကြီး Denzel Washington ရဲ့ ရုပ်ရှင်ကားကောင်းလေး တစ်ကားကိုCM Fan တွေ အတွက် ထပ်မံ တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးကတော့ လူဖြူလူမည်းခွဲခြားဆက်ဆံမှုပြင်းထန်ဆဲကာလဖြစ်တဲ့ ၁၉၇၁ ခုနှစ်ဝန်းကျင်လောက်က ဗာဂျီးနီးယား၊ အလက်ဇန်ဒရီးယားမှာရှိတဲ့ တီစီဝီလီယမ်အထက်တန်းကျောင်းမှာဖြစ်ပွါးခဲ့တဲ့ လူဖြူလူမည်းခွဲခြားမှုတွေကို ဖြတ်ကျော်ပြီး အောင်မြင်ခဲ့တဲ့ American football အသင်းအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇနီးသည်နဲ့ကွာရှင်းပြီး သမီးဖြစ်သူနဲ့အတူ တီစီဝီလီယမ်အထက်တန်းကျောင်းရဲ့ ဘောလုံးနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဘေလ်ရို့စ်... တစ်နေ့မှာတော့ မြို့ထဲမှာ လူဖြူစတိုးဆိုင်ပိုင်ရှင်တစ်ယောက်က လူမည်းတစ်ယောက်ကို သတ်လိုက်တဲ့အတွက် လူမည်းတွေက ဆန္ဒပြအုံကြွလာကြပါတယ်။ အာဏာပိုင်တွေက အုံကြွနေကြတဲ့လူမည်းတွေကို ငြိမ်သက်သွားစေဖို့ ရို့စ်ကို နည်းပြရာထူးကဖယ်ရှားပြီး တခြားမြို့ကနေပြောင်းလာတဲ့ ဟာမန်ဘွန်းလို့ခေါ်တဲ့ လူမည်းတစ်ယောက်ကို နည်းပြရာထူးခန့်အပ်လိုက်ပါတယ်။ ဒီလိုနဲ့ ဟာမန်ဘွန်းနဲ့ ဘေလ်ရို့စ်တို့က နည်းပြနဲ့ လက်ထောက်နည်းပြအဖြစ် လူဖြူလူမည်းရောနေတဲ့ အသင်းကို လေ့ကျင့်ပေးဖို့ဖြစ်လာပါပြီ။ လူမျိုးရေးခွဲခြားမှုပြင်းထန်ခြင်းကြောင့် ကောင်လေးတွေ အချင်းချင်းမတည့်ကြတာကို နည်းပြနှစ်ယောက် ဘယ်လိုဖြေရှင်းကြမလဲ...လူမျိုးရေးခွဲခြားရေးဝါဒီသမားတွေရဲ့ အမြင်ကို ဘယ်လိုမျိုး ပြောင်းလဲပစ်ကြမလဲ... သူတို့ရဲ့ ဘောလုံးအသင်းအနေနဲ့ အခက်အခဲတွေများစွာရှိတဲ့ကြားထဲကနေမှ အောင်မြင်မှုတွေကို ဆွတ်ခူးကြပုံကို IMDb rating 7.8 ၊ Rotten Tomatoes rating 72% ရရှိထားပြီး ဆုပေါင်း ...
movie
Remember the Titans (2000)
2000
4K HEVCHDR
7.7
The Blind Side (2009)
The Blind Side (2009)IMDb Rating (7.7) / Rotten Tomatoes (66%)မင်းသမီး ဆန်ဒရာဘူးလော့ခ် (Sandra Bullock ) အော်စကာဆု ရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပြီးတော့ရိုက်ကူးစဉ်က Budget $29 million သာကုန်ကျခဲ့ပေမယ့် Box Office ဝင်ငွေ $309.2 million ထိရရှိခဲ့တာကြောင့်အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတာကြောင့် ပိုပြီးထိရှခဲ့ရတဲ့ဇာတ်ကားလဲ ဖြစ်ပါတယ်။American football ကစားသမား Michael Oher ရဲ့ဇာတ်ကြောင်းဖြစ်ပြီးတော့အိမ်ခြေမဲ့ လူမည်းကလေးတစ်ယောက် နာမည်ကျော်အားကစားသမားဖြစ်လာဖို့ဘယ်လောက်ထိ ရုန်းကန်လှုပ်ရှားခဲ့ရတယ်ဆိုတာကို တင်ဆက်ထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ကြည့်ဖူးသူတိုင်း အကြိုက်ဆုံးရုပ်ရှင်စာရင်းထဲ ထည့်လိုက်ရတဲ့ထိ ကောင်းမွန်ပြည့်စုံတဲ့ရုပ်ရှင်ဖြစ်တာကြောင့်မကြည့်ရသေးရင် လက်လွတ်မခံသင့်ပါကြောင်း။ File size…(3.2 GB)/ (1.2 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….02:08:33 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by HaDes
movie
The Blind Side (2009)
2009
1080p HEVC
6.0
The Ultimate Life(2013)
Money is the second god. တဲ့။ တကယ်ပဲ ဘဝမှာ ပိုက်ဆံသာရှိရင်အရာရာပြီးပြည့်စုံရဲ့လား။ သူ့ကြီးပဲလားကွယ့်…ဆားလေးနဲ့ပါဘုရားလို့ အမတ်ကြီးဦးပေါ်ဦး ပြန်ဖြေသလိုပါပဲ၊ ဘဝမှာ ပိုက်ဆံလေးတင်ရှိနေရုံနဲ့ မပြီးပြည့်စုံပါဘူး။ ဘဝအဓိပ္ပာယ်ဖွင့်ဆိုတဲ့နေရာ လူအချင်းချင်းသဘောထားမတူနိုင်ပေမယ့်လည်း သေချာတာကတော့ ငွေကြေးနဲ့တင်ဘဝအဓိပ္ပာယ်ကို တန်ဖိုးပိုင်းဖြတ်လို့မရပါဘူး။ ဒီဇာတ်လမ်းထဲမှာဂျေဆန်စတီဗင်ဟာ သူ့အဘိုးဆီကနေ အမွေဆက်ခံပြီးနောက်မှာတစ်ခြားမိသားစုဝင်တွေရဲ့ မလိုလောဘတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ကြိုးစားနေရတယ်။ တစ်ဖက်မှာတော့ ဂျေဆန်ဟာ သူ့ချစ်သူနဲ့ပြဿနာပေါ်လာပါတော့တယ်။ ဒီဘဝပြဿနာကို ဖြေရှင်းနိုင်ဖို့သူ့အဘိုးရဲ့ နေ့စဉ်မှတ်တမ်းကနေ အကြံပေးမှုရယူဖို့ ဖြစ်လာပါတော့တယ်။သူ့အဘိုးရဲ့ ဘဝမှတ်တမ်းကနေ ဘယ်လိုသင်ခန်းစာတွေ သင်ယူသွားနိုင်မလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦးနော်။ The Ultimate Gift ၊ The Ultimate Life ၊ The Ultimate LegacyဆိုပြီးThe Ultimate Trilogy ထွက်ရှိထားတာထဲက The Ultimate Life ကိုCM ပရိတ်သတ်တွေအတွက် ဘဝသင်ခန်းစာလေးတွေ ရယူနိုင်ကြဖို့ရည်ရွယ်ရင်း တင်ဆက်ပေးလိုက်ပါပြီ။ ( ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက ...
movie
The Ultimate Life(2013)
5.5
On a Wing and a Prayer (2022)
On a Wing and a Prayer (2022)ယုံကြည်မှုနဲ့ပတ်သက်တဲ့အကြောင်းကို ရိုက်ကူးထားတဲ့ တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ပါ။ဒက်တို့မိသားစုမှာ ဒက်အကိုရယ် ဒက်ဇနီးရယ် သမီးလေး၂ယောက်ရယ်ရှိပြီး ဘ၀ကို ကောင်းကောင်းမွန်မွန် ပျော်ရွှင်စွာနေထိုင်ခဲ့ကြတာပါ။ သူတို့က ခရစ်ယာန်ဘာသာ၀င်တွေဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ပါတယ်။ ဒက်က သူ့ဝါသနာတွေထဲကတစ်ခုဖြစ်တဲ့ လေယာဉ်ပျံမောင်းတာကို သူ့မိတ်ဆွေရယ် အကိုရယ်နဲ့အတူစီးပြီး လေ့ကျင့်ခဲ့ပေမယ့် သိပ်အဆင်မပြေခဲ့တဲ့အတွက် လက်လျှော့ခဲ့ပါတယ်။ တစ်ရက်မှာတော့ ဒက်ရဲ့အကိုက ရုတ်တရက်နှလုံးဖောက်ပြီး သေဆုံးသွားခဲ့ပါတယ်။ ဒက်အတွက်တော့ တစ်ဦိးတည်းသောအကိုဆုံးသွားတဲ့အတွက် ယူကြုံးမရဖြစ်ခဲ့ပြီး ဘုရားသခင်ကို မယုံကြည်တော့ဘဲ သံသယ၀င်လာပါတယ်။နာရေးအခမ်းအနားပြီးလို့ မွေးရပ်ကနေ အိမ်ပြန်ဖို့ကို ဒက်ရဲ့မိတ်ဆွေ ပိုင်းလော့ဂျိုးက သီးသန့်လေယာဉ်ငယ်နဲ့ လိုက်ပို့ပေးဖို့စီစဉ်ထားတာပါ။ ကံဆိုးစွာနဲ့ လေယာဉ်ထွက်ခွာလာပြီး သိပ်မကြာခင်မှာပဲ သူ့မိတ်ဆွေ ဂျိုးက ရုတ်တရက် လေယာဉ်မောင်းနေရင်း သေဆုံးသွားပါတယ်။ ဒါကြောင့် ဒက်ကရွေးစရာမရှိဘဲ ဇနီးဖြစ်သူနဲ့အတူ လေယာဉ်မှူးခန်းမှာထိုင်ပြီး လေယာဉ်ကို ထိန်းချုပ်ဖို့ဖြစ်လာပါတယ်။ လေယာဉ်ကို ဘေးကင်းကင်းဆင်းသက်နိုင်ဖို့ ...
movie
On a Wing and a Prayer (2022)
2022
5.9
Passenger 57 (1992)
Blades မင်းသားကြီး Wesley Snipesရဲ့ ၁၉၉၂တုန်းက ထွက်ခဲ့တဲ့ Old but gold အက်ရှင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ။မင်းသားကြီးဟာ ရဲဝန်ထမ်းဟောင်း၊ လက်ရှိ လေကြောင်းလုံခြုံရေး သရုပ်ပြ နည်းပြလုပ်နေသူ ဂျွန်ကတ်တာအဖြစ် ပါဝင်ထားပါတယ်။ အတိတ်က သူ့ရဲ့အမှားတစ်ခုကြောင့် ရဲအဖြစ်ကနေအနားယူထားတဲ့ ဂျွန်ဟာ တစ်နေ့မှာတော့ နိုင်ငံတကာ လေကြောင်းလိုင်းကြီးတစ်ခုရဲ့ လုံခြုံရေးအရာရှိအဖြစ် ခန့်အပ်ခံရကာ လော့စ်အန်ဂျလိစ်ကိုသွားဖို့ အကြောင်းဖန်လာပါတယ်။တိုက်ဆိုင်စွာပဲ သူစီးလာတဲ့ လေယာဉ်ပေါ်မှာ ဗုံးဖောက်ခွဲမှုများစွာကို ကျူးလွန်ထားတဲ့ အကြမ်းဖက်သမား ချားစ်ရိန်းက FBIဖမ်းဆီးမှုကို ခံထားရပြီး အေးဂျင့်၂ယောက်နဲ့အတူ လော့စ်အန်ဂျလိစ်ကို လိုက်ပါ လာကြပါတယ်။ နာမည်ကြီးအကြမ်းဖက်သမားဖြစ်တဲ့ ချားစ်ရိန်းက အချိန်းအချက်တွေနဲ့အတူ အတူပါ အေးဂျင့်၂ ယောက်ကို သတ်ပြီး လေယာဉ်ကို ပြန်ပေးဆွဲလိုက်တဲ့အခါ ဂျွန်ကတ်တာလည်း လုံခြုံရေး အရာရှိ ဖြစ်ဖြစ်ချင်း မဟာစွန့်စားခန်းကြီးကို စဖွင့်ရင်း ချားစ်ရိန်းနဲ့ ရင်ဆိုင်ရပါတော့တယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ...
movie
Passenger 57 (1992)
8.8
Forrest Gump (1994)
IMDb Rating (8.8) / Rotten Tomatoes (71%)Winston Groom ရဲ့ Novel ကိုအခြေခံလို့ Eric Roth ဇာတ်ညွှန်းရေးကာ ဒါရိုက်တာ Robert Zemeckis ရိုက်ကူးခဲ့တဲ့ ဒီကားဟာ အော်စကာ Best picture, Best director, Best actor, Best adapted screenplay, Best visual effects, Best editing ဆုတွေရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ မင်းသား Tom Hanks အတွက်တော့ ရှားရှားပါးပါး နှစ်နှစ်ဆက်(Philadelphia, Forrest Gump) အော်စကာရရှိစေခဲ့တာပါ။ Tom Hanks အပြင် Robin Wright, Gary sinise, Mykelti Williamson, Sally Field တို့ပါဝင်ပါတယ်။ Tom Hanks ဟာ Forrest ...
movie
Forrest Gump (1994)
7.3
Monster (2003)
IMDb Rating (7.3) / Rotten Tomatoes (81%)ဒီဇာတ်ကားက အမေရိကန်မှာ လူ ၇ ယောက်ကိုသတ်ဖြတ်ခဲ့တဲ့ Serial Killer ပြည့်တန်ဆာမ Aileen Wuornos အကြောင်းကိုရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်...အယ်လင်းအဖြစ် မင်းသမီး Charlize Theron မှ အကောင်းဆုံးသရုပ်ဆောင်ထားပြီး အကယ်ဒမီဆုပါ ရရှိခဲ့တာပါ။၂၀၀၃ ခုနှစ်ရဲ့ ရုပ်ရှင်ဆုပေးပွဲအမျိုးမျိုးမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအဖြစ်Charlize Theron အနေနဲ့ ဆုတွေအများကြီးရရှိခဲ့သလို သူ့ရဲ့ရုပ်ဖျက်ထားတဲ့သရုပ်ဆောင်ချက်တွေက သက်ဝင်လွန်းပါတယ်။ဘဝဆိုတာ ရှည်လျားကောက်ကွေးပြီး အလှည့်အပြောင်းများလှတာမို့...လိုတာမရ၊ ရတာမလိုတဲ့အပြင် စိတ်ကူးနဲ့လက်တွေ့တစ်ထပ်တည်းမကျတာတွေ တစ်ပုံကြီးပါ ..အယ်လင်းဟာ ငယ်ငယ်က နာမည်ကျော်စတားတစ်ယောက်ဖြစ်ချင်ခဲ့ပေမဲ့အကြောင်းအမျိုးမျိုးကြောင့် ပြည့်တန်ဆာတစ်ယောက်ဖြစ်လာခဲ့ရပါတယ် ..လောကကြီးကိုစိတ်ကုန်လာချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့လုပ်ရင်းဆဲလ်ဘီဆိုတဲ့လိင်တူချစ်သူကောင်မလေးနဲ့ဆုံတွေ့ခဲ့ပြီး သူတို့နှစ်ယောက်ချစ်ကြိုက်မိသွားကြတယ် ..အချစ်ရေးနောက်မှာ ငွေရေးကြေးရေးကလည်းကပ်ပါလာစမြဲပါပဲ ..အယ်လင်းဟာ ပြည့်တန်ဆာအလုပ်ကိုလုပ်ပြီး ဆဲလ်ဘီကိုထောက်ပံ့ခဲ့ပေမယ့်မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ပြည့်တန်ဆာအလုပ်ကိုနားလိုက်ရတဲ့အခါမှာတော့.......။ဖြစ်ရပ်မှန်တို့မည်သည် စိတ်ကူးယဉ်ဇာတ်လမ်းတွေထက် ပိုမွန်းကြပ်တတ်တာမျိုးပဲ...လူတိုင်းဟာ ဘဝကိုအကောင်းဆုံးတည်ဆောက်ချင်ကြပေမယ့် ဘဝဆိုတာ ဘုရားသခင်ချစ်ခင်တဲ့အထဲ မပါဝင်ပါဘူး။ဟုတ်တယ်..ဘုရားသခင်က ကြွေအံကစားတယ်...ကံကြမ္မာဆိုတာ ဖြစ်ချင်ရာဖြစ်တတ်တဲ့ ဘုရားသခင်ရဲ့ ...
movie
Monster (2003)
7.0
Safety(2020)
Safety(2020)အညွှန်း******************IMDb....7.0ဇာတ်လမ်းအမည်က Safety...Safety ဆိုတာကAmerican Football မှာ တိုက်စစ်ဆင်သမားကို သူတို့ရဲဲ့ဧရိယာထဲမှာခံစစ်သမားက ဆွဲလှဲချနိုင်ပြီးခံစစ်အသင်းအတွက်အမှတ်ယူပေးနိုင်သူဖြစ်ရာတစ်နည်းအားဖြင့်ဆိုသော် အဓိကနေရာမှာကစားရတဲ့ နောက်တန်းခံစစ်သမားဖြစ်ပါတယ်..ဇာတ်လမ်းထဲမှအဓိကသရုပ်ဆောင်ဖြစ်တဲ့ Ray Ray McElrathbey ဟာ Clemson University မှာတက်ရောက်နေတဲ့ကျောင်းသားအားကစားသမားတစ်ဦးဖြစ်ပြီး အသင်းမှာသူကSafetyနေရာက ကစားသူဖြစ်ပါတယ်..ကျောင်းသားအားကစားသမားတစ်ဦးအနေနဲ့ လိုက်နာရမယ့်စည်းကမ်းချက်ကအတော်များပါတယ်..ငွေကြေးအပါအဝင် တစ်ခြားပြင်ပအကူအညီမျိုးယူမိတာနဲ့ ကစားသမားဘဝမှအပြင် စကောလားရှစ်အခွင့်အရေးပါ ဆုံးရှုံးသွားနိုင်ပါတယ်.....Ray မှာညီလေးတစ်ယောက်ရှိပြီး သူတို့အမေကမူးယစ်ဆေးကြိုးစားဖြတ်နေတဲ့ အတောအတွင်းညီလေးကိုလည်း မိဘမဲ့ဂေဟာမရောက်စေချင်တဲ့အတွက် သူခဗျာ ကြိုးစားရပါတယ်..ဒီလိုအခက်အခဲပေါင်းစုံကို သူကျော်ြဖတ်နိုင်ပါ့မလားဆိုတာကိုတော့...ဒီကားက ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပြီး တော်တော်လည်းကြည့်လို့ကောင်းပါတယ်..Cast တွေလည်းအားကောင်းလှသလိုတခန်းတနားကို ရိုက်ကူးထားတာမို့ ကြည့်သင့်ပါကြောင်း..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwe Zan Aungပဲဖြစ်ပါတယ်....File Size :(2.1GB) and (1.09GB) Quality : Web-DL 1080P, 720p Format…mp4 Duration…01:59:00 Genre : Biography, Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Zwe Zan Aung Encoded by Phyo ...
movie
Safety(2020)
6.6
The Choice (2016)
The Choice (2016)_______IMDb....6.6/10 တိကုဆရာဝန်ကောင်လေးတစ်ယောက် သူပိုင်ဆိုင်ထားတာ ပင်လယ်ကမ်းးနားဘေးက အိမ်လေးတစ်လုံးရယ် ခွေးလေးတစ်ကောင်ရယ်..... အလုပ်သွားတယ် ....သူငယ်ချင်းတွေနဲ့အတူနေတယ်... ညနေဘက်ဆိုလည်း ခြံဝန်းအစပ်ကသစ်ပင်အောက်မှာ ခွေးကလေးကလည်းနံဘေးမှာထားရင်း ထိုင်ခုံလေးတစ်လုံးပေါ်ထိုင်ပြီး လောကကြီးကို ဟိုဒီငေးပြီး ပင်လယ်ပြင်ကိုဖြတ်တိုက်လာတဲ့လေနွေးနွေးလေးတွေကိုရှုရှိက်ရင်းပေါ့..... မိန်းကလေးတွေဆိုတာလည်းသူ့အတွက် ခပ်ပါးပါးနမ်းရှိုက်စရာ ရာသီအလိုက်ပွင့်ဖူးတဲ့ပန်းလေးတွေလို့ သဘောထားတဲ့သူ ......သူ့ဘဝက ပြည့်စုံတယ် ငြိမ်းအေးတယ်လို့ယူဆထားတဲ့သူ .....သို့သော်လည်း ငြိမ်းအေးခြင်းရဲ့နောက်ကွယ်မှာ အချစ်မရှိတော့အထီးကျန်ခြင်းဆိုတဲ့ တိတ်ဆိတ်မှုကရှိနေပြန်တယ်...။ ဒီလိုနဲ့ သူ့အိမ်နံဘေးကို ကောင်မလေးတစ်ယောက်ပြောင်းလာတယ် ... အဲ့ဒီကောင်မလေးက ဆေးကျောင်းသူတစ်ယောက်ဖြစ်သလို လက်ထပ်ဖို့ရည်စူးထားတဲ့သူလည်းရှိနေတယ် .....အဲ့ဒီသူနဲ့လည်းဘဝကိုဖြတ်သန်းမယ်လို့ ယုံကြည်ထားတဲ့ဂျွတ်ဆတ်ဆတ်ကောင်မလေးပေါ့.... ဒီလိုနဲ့တိကုဆရာဝန်နဲ့ကောင်မလေးက အဆင်မပြေမှုတွေနဲ့ဆုံတွေ့ခဲ့ကြတယ်.... မြစ်တစ်စင်းရယ် လတစ်စင်းရယ်ရဲ့ဖြားယောင်းမှုအောက်မှာ သူတို့ဘာဆက်ဖြစ်ကြမလဲ ဆရာဝန်ကောင်လေးကရော အားလုံးကိုရင်ဆိုင် ဖို့ခွန်အားတွေဘာကြောင့်ရခဲ့လဲ??? NS ရဲ့အရောင်းရဆုံးဝတ္ထုတစ်ပုဒ်ကိုပုံဖော်ထားတဲ့အတွက်အချိုးအကွေ့အလှည့်အပြောင်းတွေနဲ့ အရမ်းကောင်းတဲ့ဇတ်ကားလေးတစ်ကားပါ.... ငြိမ့်ညောင်းတဲ့နောက်ခံသီချင်းလေးတွေရယ် သာယာတဲ့မြစ်ကမ်းနံဘေးရယ် ခွေးလေးတွေရယ် ကဲ နူးညံတဲ့နှလုံးသားပိုင်ရှင်ပရိတ်သတ်ကြီးရေ ..........ခံစားကြည့်ပါဦးလို့......။ (ဇာတ်ကားအညွှန်းနဲ့ဘာသာပြန်သူကတော့ Phyo Pyae ပဲဖြစ်ပါတယ်။) File size...(796 MB) Quality...BR-Rip 720p Format...mp4 Duration....01:51:00 Subtitle....Myanmar Subtitle (Hardsub) Encoder....Aung Pyay
movie
The Choice (2016)
2016
7.9
Edward Scissorhands (1990)
Edward Scissorhands (1990) IMDb - 7.9/10_____Rotten - 90% ခပ်ကြောင်ကြောင်သရုပ်ဆောင်ချက်တွေနဲ့မင်းသား Johnny Depp နဲ့ အမြင်ဆန်းတွေနဲ့ ပညာသားပါပါရိုက်ပြပြီး Message လှလှလေးတွေ ပေးတတ်တဲ့ ဒါရိုက်တာ Tim Burton တို့ရဲ့ပူးပေါင်းမှု နောက်တစ်ခုပါ။ဆုကိုးဆုရရှိခဲ့ပြီး ရွှေကမ္ဘာလုံးဆုအပါအဝင် အခြားဆုတွေမှာ ဆန်ကာတင် ၂၂ခုရှိခဲ့ပါတယ်။ IMDB Rating 7.9 နဲ့ Rotten Tomatoes (89%) ထိရရှိခဲ့တဲ့ဇာတ်ကားကောင်းတစ်ပုဒ်ပါ။အဆင်မပြေဖြစ်နေတဲ့အရောင်းစာရေးမတစ်ယောက်ဖြစ်တဲ့ Peggy တစ်ယောက် ဖောက်သည်အသစ်ရှာရင်း သရဲခြောက်တဲ့အိမ်ကြီးလို့နာမည်ကြီးတဲ့အိမ်ကိုရောက်သွားတဲ့အခါ လူပုံစံအတိုင်းပြုလုပ်နေပေမယ့် အဆုံးမသတ်ခင်တီထွင်သူကသေဆုံးသွားခဲ့တဲ့ စက်ရုပ်လေး Edward တစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ်။စိတ်ထားကောင်းလှတဲ့ Peggy ကစက်ရုပ်လေးကို မွေးစားပြီး လူနေမှုဘဝတွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ တီထွင်ဖန်တီးဉာဏ်ရှိပေမယ့် အသိဉာဏ်မဖွံ့ဖြိုးသေးတဲ့စက်ရုပ်လေး Edward တစ်ယောက် အချောမသပ်ရသေးပေမယ့် နှလုံးသားနဲ့ဦးနှောက်ကိုတပ်ဆင်ပေးခဲ့လို့ Peggy ရဲ့သမီး Kimber နဲ့တွေ့ပြီး ရင်ခုန်မိသွားပါတယ်။စက်ရုပ်လေးEdward လူ့အသိုင်းအဝိုင်းအဝိုင်းမှာ အဆင်ပြေပါ့မလားဆိုတာကတော့...သေချာတာတစ်ခုက အဲဒီမြို့မှာသူမရောက်ခင်ကနှင်းမကျပါဘူး ဒါပေမယ့် ...
movie
Edward Scissorhands (1990)
1990
7.0
Super 8 (2011)
လူငယ်ဇာတ်ကားကောင်းဟောင်းလေးတစ်ကားတင်ပေးချင်ပါတယ်။၂၀၁၁ခုနှစ်ထွက် Science Fiction/Thriller ကားကောင်းလေးဖြစ်ပြီး ငွေကြေးပိုင်းဆိုင်ရာတွင်အောင်မြင်မှုများစွာရရှိခဲ့ပြီး ဒေါ်လာသန်း၂၆၀အထိ ရုံဝင်ငွေရရှိ ခဲ့ပါတယ်။ထို့အပြင် များစွာသောဆုတွေရရှိခဲ့ပြီး အထူးသဖြင့် နည်းပညာပိုင်းဆိုင်ရာနှင့် ကွန်ပျူတာအထူးပြုလုပ်ချက်၊ ဂီတပိုင်းဆိုင်ရာနှင့် သရုပ်ဆောင်မှုများတွင် ဝေဖန်မှုကောင်းကောင်းရခဲ့တဲ့ကားလေး ဖြစ်ပါတယ်။ဇာတ်အိမ်ကိုတော့ ၁၉၇၉ခုနှစ် နယ်မြို့လေးတစ်မြို့ကိုအခြေတည်ထားပါတယ်။ နယ်ထိန်းရဲတစ်ယောက် ဖြစ်တဲ့ဂျက်နှင့် သူ့သားဖြစ်သူ ဂျိုးတို့ဟာ စတီးမိုင်းတစ်ခုမှ မတော်တဆမှုကြောင့် မိခင်ဖြစ်သူ အယ်လီဇဘယ် သေဆုံးသွားတဲ့အတွက် ပူဆွေးဝမ်းနည်းနေခဲ့ ရပါတယ်။ဒါတွေအားလုံးဟာ သူမရဲ့လုပ်ဖော်ကိုင်ဖက်ကြောင့်ဆိုပြီး အပြစ်တင်နေခဲ့ပါတယ်။ဒီလိုနဲ့လေးလလောက်ကြာတဲ့အခါမှာဂျိုးရဲ့သူငယ်ချင်းဖြစ်သူချားစ်က နိုင်ငံတကာရုပ်ရှင်ပွဲတော်ပြိုင်ပွဲအတွက် ရုပ်ရှင်အတိုလေးတစ်ခုရိုက်ကူးရန် စတင်လုပ်ဆောင်ပါတော့တယ်။ဇာတ်လမ်းကအဲဒီမှာစတာပါပဲ။အခြားသောသူငယ်ချင်းများရဲ့အကူအညီနဲ့အတူ ချားစ်တစ်ယောက်ဇာတ်လမ်းတိုလည်းစရိုက်ပါတယ်။တစ်နေ့ ညအချိန်ကြီး မီးရထားဘူတာအနီးတွင် ရိုက်ကွင်းတစ်ခုရိုက်ရန်လုပ်နေကြပါတယ်။အစမ်းလေ့ကျင့်နေကြစဉ်မှာပဲ အနီးနားက ဖြတ်သွားတဲ့ရထားရှေ့ကို ပစ်ကပ်ကားအဖြူတစ်စီး ပြေးဝင်သွားရကစပြီး ရထားတွဲလည်းပြိုလဲသွားကာ ဂျိုးစ်တို့သူငယ်ချင်းတစ်စုလည်း ပေါက်ကွဲမှုအရှိန်ကြောင့်တကွဲတပြားစီဖြစ်ကုန်ပါတယ်။အဲဒီနောက် လူတွေပြန်စုမိပြီး လူငယ်တွေသဘာဝအတိုင်းဖြစ်ပျက်ရသည့်အကြောင်းအရာကိုသွားစပ်စုကြည့်တဲ့အခါမှာတော့ ကားမောင်းသူမှ သူတို့ရဲ့ဇီဝဗေဒဆရာ ဒေါက်တာဝုဒ်ဝေါ့ဒ်ပဲဖြစ်နေပါတယ်။ ...
movie
Super 8 (2011)
2011