Channel Myanmar

Brett Dalton

Justice League: Crisis on Infinite Earths Part Three (2024)
Justice League: Crisis on Infinite Earths Part Three (2024)  DC ရဲ့ စူပါဟီးရိုး ကာတွန်းကားအသစ်လာပါပြီ။ ဇာတ်ကောင်အစုံနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့မို့ ရုပ်ရှင်အစစ်ကြီးလိုပဲ ခံစားလို့ကောင်းပါတယ်။ Flash စီးရီးကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းကျောရိုးကို သိနေမှာပါ။အပြိုင်စကြဝဠာအားလုံးကို ဖျက်ဆီးမဲ့ အန်တိုင်မက်တာ၊ အန်တီမက်တာဆိုတဲ့ လှိုင်းကြီးတစ်ခုပေါ်လာပြီး စကြဝဠာတွေကို တစ်ခုပြီး တစ်ခု ဖျက်ဆီးလာပါတယ်။ ဒါကိုမှ စကြဝဠာအားလုံးကို စောင့်ကြည့်ရုံပဲကြည့်ပြီး ဘာမှမလုပ်ရတဲ့ မော်နီတာက မနေနိုင်တော့ဘဲ စူပါဟီးရိုးတွေကိုစုစည်းပြီး အန်တိုင်မက်တာကို တားဖို့ ကြိုးစားပါတော့တယ်။ ဒီနေရာမှာ ထုံးစံအတိုင်း အဓိကဖြစ်လာတာကတော့ဖလက်ရှ်ပါပဲ။ အချိန်ခရီးသွားတာနဲ့ စကြဝဠာခရီးသွားတာတွေကို တစ်ယောက်တည်းလုပ်နိုင်နေတဲ့ ဖလက်ရှ်ဟာ ဒီကိစ္စရဲ့အစအလယ်အဆုံးမှာ ပတ်သတ်နေပြီး အခြားစူပါဟီးရိုးတွေနဲ့အတူ စကြာဝဠာအားလုံးကို ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ စူပါဟီးရိုးတွေကတော့ ဂျက်စတစ်လိအပြင် DC ဖန်တွေကြိုက်တဲ့ အခြားကာရိုက်တာတွေပါ ပါနေသေးတာမို့ အတော်မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရပါလိမ့်မယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Animation, Science Fiction, Action  Subtitle….Myanmar ...
movie

Justice League: Crisis on Infinite Earths Part Three (2024)

Lost in Florence (2017) 5.1
Lost in Florence (2017) Lost in Florence (2017) =================လူတိုင်းလိုလိုရဲ့ဘဝမှာ ကိုယ်ဖြစ်ချင်၊ လုပ်ချင်တဲ့အရာနဲ့ အများပတ်ဝန်းကျင်က လက်ခံထားကြတဲ့ ဖြစ်သင့်လုပ်သင့်တယ်ဆိုတဲ့အရာကြားမှာ ဘာရွေးချယ်ရမှန်း မသိဘဲ လမ်းပျောက်တွေဝေနေတာမျိုးရှိဖူးကြမှာပါ။ ဒီကားထဲက အဓိကဇာတ် ဆောင်ဖြစ်သူ အဲရစ်ခ်ဆိုတဲ့ အမေရိကန်သားလေးဟာလည်း ဒီလိုမျိုးပဲဖြစ်နေ တာကိုတွေ့ရမှာပါ။ဇာတ်လမ်းအစမှာဆိုရင် သူနဲ့နှစ်လကြာရှည်တွဲလာခဲ့တဲ့ ကောင်မလေးဖြစ်သူ ကော် လင်းတို့ဟာ အဲရစ်ခ်ရဲ့ဝမ်းကွဲရှိတဲ့ အီတလီနိုင်ငံရဲ့ ဖလောရန့်စ်မြို့ကို အလည်လာခဲ့ ကြပါတယ်။ အဲဒီမှာ အဲရစ်ခ်တစ်ယောက် ကော်လင်းကိုရိုဆန်ဆန်လေး လက်ထပ်ခွင့် တောင်းခဲ့ပေမယ့်လို့ ကော်လင်းက အဲရစ်ခ်ဟာ ဖြစ်သင့်တဲ့ ဥပဒေကျောင်းကိုတက်ဖို့ မလုပ်ဘဲ၊ မဖြစ်သင့် မဖြစ်လာနိုင်တဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးကစားတဲ့ အိပ်မက် နောက်ကိုပဲလိုက်နေတာကြောင့်အနာဂတ်အလားအလာမရှိဘူးဆိုပြီးလမ်းခွဲလိုက် ပါတယ်။ အဲဒီနောက်မှာတော့ အဲရစ်ခ်ဟာ အသည်းကွဲသမားလေးဖြစ်နေပြီးတော့ အမေရိကန်မှာရှိတဲ့သူ့အိမ်ကိုပြန်မသွားသေးဘဲ ဖလောရန့်စ်က သူ့ဝမ်းကွဲအိမ်မှာပဲ သောင်တင်နေပါတော့တယ်။ အဲဒီလိုနေရင်းနဲ့ သိပ်မကြာခင်မှာပဲ ဖလောရန့်စ်ရဲ့ရိုးရာ ကစားနည်းတစ်ခုဖြစ်တဲ့ ကာချီယိုစတိုရီကိုဆိုတဲ့ ဘောလုံးကစားနည်းတစ်ခုကို ဆော့ ကစားဖြစ်သွားပြီး အဲရစ်ခ်တစ်ယောက်သဘောကျသွားမိပါတယ်။ဒါပေမယ့်လည်း ဒီကစားနည်းဟာ ခက်ခဲကြမ်းတမ်းလှသလို အီတလီလူမျိုးတွေမှပဲ ဆော့ခွင့်ရတယ်ဆိုတဲ့အားကစားနည်းတစ်ခုဖြစ်နေတော့ အဲရစ်ခ်တစ်ယောက်ဇွဲမ လျှော့ဘဲဆက်ဆော့ကစားနိုင်ပါ့မလား၊ ဒါမှမဟုတ် ဒီလိုမျိုးသူဖြစ်ချင်၊ လုပ်ချင်တဲ့ ဟာတွေထက် ဖြစ်သင့်ဖြစ်ထိုက်တယ်ဆိုတဲ့ ဥပဒေကျောင်းကိုပဲဆက်တက်သွားမလား။ သူ့ကောင်မလေးကြောင့်ရလာတဲ့ အသည်းကွဲဒဏ်ရာတွေကိုရော ဘယ်လိုကုစားမလဲ၊ ကိုယ့်မွေးရပ်မြေမဟုတ်တဲ့ အီတလီမှာရော ဘယ်လိုတွေရှေ့ဆက်သွားမလဲဆိုတာ ကိုတော့ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

Lost in Florence (2017)

2017
Justice League: Warworld (2023) 5.7
Justice League: Warworld (2023) Justice League: Warworld (2023) ========================Justice League ရဲ့ Warworld ဆိုတဲ့ Animation ကားလေးထွက် လာပါပြီ။ Warworld ဆိုတဲ့အတိုင်း စစ်ပွဲတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီး ပေါ့။ ဒါပေမဲ့ အရှိသဘောအတိုင်း တည်ရှိနေတဲ့ ကမ္ဘာမဟုတ်ပဲ ဂြိုလ် တစ်ခုလောက်ကြီးမားပြီးစကြာဝဠာတစ်ခုလုံး မာတီဗာစ့်တွေအကုန်လုံး ပြောရရင် တည်ရှိမှုအကုန်လုံးကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားအကြီးဆုံး လက်နက်ပါပဲ။ အဲလက်နက်ရဲ့ အစွမ်းက Virtual World တစ်ခုကို တည်ဆောက်ပြီး လူတွေရဲ့ စိတ်ကိုထိန်းချုပ်ကာ လူတွေဆီက ထွက် လာတဲ့ အကြောက်တရား...အမုန်း..ဒေါသ အစရှိတဲ့ မကောင်းတဲ့ခံစား ချက်တွေကို စွမ်းအင်အရင်းအမြစ်အနေနဲ့ အသုံးချတာပါ။ဒီတော့ အကျဉ်းသားအနေနဲ့ လူတွေကို ဖမ်းဆီးပြီးအသုံးချရတာပေါ့၊ ဖမ်းခံရတဲ့သူတွေထဲ စူပါမန်း..ဘတ်မန်း နဲ့ ဝန်ဒါဝူးမန်း တို့ပါ ပါသွားခဲ့ ပါတယ်။ ဒီလိုနဲ့ သုံးယောက်သား စစ်ကမ္ဘာထဲမှာ ကျင်လည်ဖို့ရာဖြစ်လာ တော့တာပေါ့။ အစပိုင်းမှာတော့ ကောင်းဘွိုင်ခေတ်ရောက်လိုက်၊ Wizard တွေနဲ့ ချလိုက်၊ ဟီးရိုးတွေကလည်းစိတ်ထိန်းချုပ်ခံထားရတော့ သူတို့ ကိုယ်သူတို့ ဘယ်သူတွေမှန်းမသိပဲ ဇာတ်ရည်မလည်ပဲဖြစ်နေပါလိမ့်မယ်။ နောက်ဆုံးမှာတော့ တစ်စုံတစ်ခုက သူတို့ကိုလှမ်းခေါ်နေတဲ့ ...
movie

Justice League: Warworld (2023)

2023