Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Brenda Kendall
7.1
Out of the Blue (2006)
ရာဇဝတ်မှုလုံးဝမရှိလုနီးပါးအေးချမ်းလှတဲ့နယူးဇီလန်နိုင်ငံရဲ့Aramoana မြို့လေးမှာ သေနတ်သမားတစ်ယောက်ကလူပေါင်း ၁၃ ဦးကိုပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ၁၉၉၀ ခုနှစ်ကဖြစ်ရပ်မှန်တစ်ခုကိုရိုက်ကူးထားတာပါ။တွေ့ရာလူလိုက်ပစ်သတ်နေတဲ့သေနတ်သမားရဲ့ရက်စက်မှုကိုချောက်ချားစရာမြင်တွေ့ရမှာဖြစ်ပေမယ့် မှတ်တမ်းရုပ်ရှင်ဒရမ်မာအမျိုးအစားဖြစ်တာကြောင့် သာမန်နေ့ရက်တွေကိုအေးအေးချမ်းချမ်းဖြတ်ကျော်နေကြတဲ့ဒေသခံတွေဆီ ရုတ်တရက်ရောက်ရှိလာတဲ့ကြမ္မာဆိုး၊အရွယ်နဲ့မလိုက်အောင် သေနတ်သမားရှေ့မှာကြောက်ရွံ့မှုကိုခံစားခဲ့ကြရတဲ့ကလေးငယ်လေးတွေ၊ သေနတ်သမားရန်ထက်သားသမီးအတွက်ပူလောင်သောကဝေခဲ့ကြရတဲ့မိဘတွေရဲ့ပုံရိပ်တွေကိုအဓိကပြသသွားပါတယ်။၁၉၉၀ နိုဝင်ဘာလ ၁၃ ရက်မှာ ကလေးငယ်လေးဦးအပါအဝင် လူ ၁၃ယောက်သေဆုံးစေခဲ့တဲ့ Aramoana massacre ဟာ နယူးဇီလန်နိုင်ငံရဲ့ဒုတိယအကြီးဆုံးလူအစုလိုက်အပြုံလိုက်ပစ်ခတ်သတ်ဖြတ်မှုဖြစ်ရပ်မှန်ပါ။လူဦးရေအနည်းငယ်သာရှိပြီး ပျင်းစရာကောင်းလောက်အောင်အေးချမ်းလွန်းလှတဲ့ ပင်လယ်ကမ်းခြေမြို့ငယ်လေးမှာ အလုပ်လက်မဲ့တစ်ဦးဖြစ်တဲ့ဒေးဗစ်ဂရေးဟာ စိတ်ဖောက်ပြန်သွားပြီး ရိုင်ဖယ်တစ်လက်နဲ့ကလေးတွေပါမချန် တွေ့ကရာလူကိုပစ်သတ်ခဲ့ပါတယ်။ပုံမှန်နေ့ရက်တွေမှာ တိရစ္ဆာန်ပျောက်တဲ့အမှုတွေလောက်သာလိုက်ဖြေရှင်းရတဲ့ မြို့ခံရဲအင်အားစုဟာ လူအင်အားမရှိ၊လေ့ကျင့်မှုမရှိ၊ လက်နက်မရှိဘဲ ရွာထဲမှာ ၂၄ နာရီကြာအောင်ပိတ်မိနေတဲ့အသက်ရှင်ကျန်ရစ်သူတွေကို အသက်စွန့်ကာကွယ်ကယ်တင်ပေးခဲ့ကြပါတယ်။လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရောက်ရှိလာချိန်မှာတော့ ဒေးဗစ်ဂရေးကိုပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။ File size…2.07 GB / 994MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Out of the Blue (2006)
7.5
Dead Alive (1992)
Braindead a.k.a Dead Alive (1992)~ IMDb - 7.5/10, Rotten Tomatoes - 89% ~King Kong နဲ့ The Lord of The Rings Trilogy အပြင် The Hobbit Trilogy တို့နဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဒါရိုက်တာကြီး Peter Jackson ရဲ့ ဒါရိုက်တာပေါက်စဘဝက ရိုက်ခဲ့တဲ့ သူ့ခေတ်သူ့အခါက တစ်မူထူးပြီးနာမည်ကျော်ခဲ့တဲ့ Horror Comedy ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။" သတိချပ်စေချင်တာကတော့ တချို့အခန်းတွေက အင်မတန်မှ သွေးထွက်သံယို အသတ်အဖြတ် အခုတ်အထစ်ကြမ်းပြီး WTF တ,ရလောက်အောင် အတော်လေးကို ကြမ်းတမ်းတာမို့ အသည်းငယ်သူများ၊ ရွံတတ်သူများ၊ ကလေးငယ်များ မကြည့်မိဖို့ အကြံပြုချင်ပါတယ်... "ဒါပေမဲ့ အဲဒီ ရွံစရာတွေကြား ဟာသနှောထားပုံလေးနဲ့ ကြည်နူးစရာလေးတွေကိုလည်း တွေ့မြင်ရမှာပါ။ ...
movie
Dead Alive (1992)
1992