Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Brenda Blethyn
6.9
Saving Grace (2000)
Saving Grace ဇာတ်ကားလေးဟာ 2000 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Comedy/Crime အမျိုးအစားဖြစ်ပါတယ်။IMDb 6.9 ရှိပြီးတော့ Rotten tomatoes 63% ရရှိထားတဲ့ ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂရေ့စ်ဟာ ယောက်ျားဖြစ်သူဆုံးသွားတဲ့အခါမှာဘာမှမရရှိခဲ့ဘဲ အကြွေးတွေ တင်ကျန်ခဲ့ပါတယ်။အဲ့အကြွေးတွေဆပ်ဖို့ ဖိအားပေးခံရတဲ့အခါမှာသိထားတဲ့ စိုက်ပျိုးရေးနည်းကိုသုံးပြီး ပိုက်ဆံရှာဖို့လုပ်ပါတော့တယ်။မိတ်ဆွေတွေရဲ့ကူညီမှုတွေ၊ သူ့ရဲ့စိုက်ပျိုးရေးအသိပညာတွေနဲ့အခက်အခဲတွေကို ဘယ်လိုကျော်လွှားမလဲဆိုတာ ရှုစားရမှာဖြစ်ပါတယ်။ကြည့်ရတာ ပေါ့ပေါ့ပါးပါးနဲ့ လန်းလန်းဆန်းဆန်းရှိစေပြီးရုပ်ရှင်ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size… 3.5 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 33m Genre ..... Comedy/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Paing Zay Phyo
movie
Saving Grace (2000)
7.8
Atonement (2007)
AtonementIMDb (7.8)/ Rotten Tomatoes (83%)James Mcavoy ,Keira Knightley, Lady Bird (ဝါ) Saoirse Ronan နဲ့ Benedict Cumberbatch တို့လို နာမည်ကြီးမင်းသားမင်းသမီးတွေ အစုံအလင်နဲ့ရိုက်ကူးထားတဲ့ဇာတ်ကားပါ။အဆုံးသတ် မတိုင်ခင် အထိတော့ ဒီ ဇာတ်လမ်းလေး တစ်ပုဒ်လုံးက သိပ်မထူးခြားသလိုပါပဲ။ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်ကို ကျွန်တော် ချရေးခဲ့ရင်လည်း spoil ပြီးသား ဖြစ်သွားပါမယ်။အချိန်ကာလအားဖြင့် Dunkrik မဖြစ်မှီ..... အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်နဲ့ အိမ်ဖော်တစ်ယောက်ရဲ့သား.....ချစ်ကြိုက်မိခဲ့ကြတယ်...။ မှားယွင်းသွားတဲ့ စာတစ်စောင်က မထင်မှတ်ပဲ ယူလာခဲ့တဲ့ ဂြိုလ်ဆိုးတွေကြားမှာ..သူတို့ ဝေးသွားခဲ့ကြတယ်...။စစ်တပ်ထဲ ရောက်နေတဲ့ ကောင်ကလေးနဲ့... အိမ်ကနေ ပြေးထွက်ခဲ့တဲ့ ကောင်မလေး.. စစ်မထွက်မှီမှာ ပြန်တွေ့ကြတဲ့အချိန်... နေသာ လေလာမဲ့ တစ်နေ့တော့ကို သူတို့ ပြန် ယုံကြည်မျှော်လင့်ခဲ့ကြတယ်...။ စစ်ရဲ့ အနိဋ္ဌာရုံတွေကြားကနေ ဒဏ်ရာအထပ်ထပ်နဲ့ မျှော်လင့်နေတဲ့ ...
movie
Atonement (2007)
2007
6.4
Charlotte (2021)
Charlotte (2021)~ IMDb - 6.4/10, Rotten Tomatoes - 71% ~Loving Vincent ဆိုတဲ့ အန်နီမေးရှင်းကားကိုမှ ဗန်ဂိုးရဲ့ ပန်းချီဟန်တွေနဲ့ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ကို သိကြမယ်ထင်ပါတယ်။ ဒီရုပ်ရှင်ဟာလည်း ထိုနည်းလည်းကောင်း ရုပ်ရှင်ပါ။ Charlotte လို့ခေါ်တဲ့ ဒုတိယကမ္ဘာစစ်ကာလတုန်းက ဂျာမန်ဂျူးအစပ် ပန်းချီဆရာမလေးရဲ့ ဂျာမန်တွေဒဏ်ကိုခံနေရတဲ့ကြားက မာစတာပိစ်လက်ရာတစ်ခုကို ဖန်တီးတဲ့အကြောင်းကို ရိုက်ပြထားတာပါ။ ကျွန်တော့်လို Loving Vincent ကို အသည်းစွဲကြိုက်တဲ့လူတွေတော့ ဒီရုပ်ရှင်ကိုလည်း သဘောကျကြမှာပါ။Charlotte ဟာ သူ့မိသားစုရဲ့ ရင်နာစရာဇာတ်ကြောင်းကို ပန်းချီကားတစ်ထောင်ကျော်နဲ့ ပုံဖော်ရေးဆွဲခဲ့ပြီး "ဘဝလေလား ပြဇာတ်လေလား" လို့ ပန်းချီတစ်ထောင်ကျော်လုံးကို တစ်စုတည်းအဖြစ် သတ်မှတ် နာမည်ပေးလိုက်ပါတယ်။ အဲဒီပန်းချီကားစုကို ပထမဆုံး ဂရပ်ဖစ်နိုဗယ်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ သူဟာ ပျော်စရာတွေထက် ဝေဒနာတွေက အနုပညာပိုစစ်တယ်လို့ ယူဆခဲ့ပြီး သူ့မိသားစုရဲ့ ဝေဒနာတွေကို ...
movie
Charlotte (2021)
2021
7.2
A River Runs Through It (1992)
[Unicode]A River Runs Through It (1992) ================= IMDb Rating - 7.2နော်မန်မက်ကလင်းဆိုတဲ့ လူတစ်ယောက်ဟာ ငါးမျှားတံကိုင်ပြီး ရပ်နေခဲ့တယ်။ စက္ခုရဲ့တုရှုမှာမြစ်တစ်စင်း။ ရေစီးထဲကိုကြိုးကိုပစ်ထည့်ရင်း ရစ်သမ်တစ်ခုအတိုင်းလက်လှုပ်ရှားနေပေမယ့် သူ့စိတ်တွေက ဒီငါးမျှားတံမှာမရှိတော့ဘူး။ သူရပ်နေတဲ့မြစ်ကမ်းပါးကို ပတ်လည်ဝိုင်းထားတဲ့ တောင်တွေကြားက အလင်းရောင်ဟာ တဖြည်းဖြည်း မှိန်ပြလာတယ်။ ဖြူဖွေးပါးလျနေတဲ့ ဆံပင်တွေဟာ သူဖြတ်သန်းခဲ့ရတဲ့ သက္ကရာဇ်တွေရဲ့ သက်သေပါပဲ။ သူချစ်တဲ့လူတွေကို သူနှစ်ခါပြန် ချိုးလို့မရတဲ့ မြစ်တစ်စင်းက ခေါ်ဆောင်သွားခဲ့ပြီ။ ရေတွေရဲ့ အသံကို သူ နားစိုက်ထောင်ကြည့်တယ်။ သူ့အဖေ သင်းအုပ်ဆရာ ရီဗားရန့်မက်ကလင်းကတော့ တစ်ခါပြောဖူးတယ်။"ဟိုးတုန်းက ရွှံတွေပေါ်ကို မိုးစက်တွေကျပြီး ကျောက်တုံးတွေဖြစ်လာခဲ့တယ်။ အတိကျအဆို လွန်ခဲ့တဲ့ နှစ်သန်းငါးရာအကြာတုန်းကပေါ့။ ကျောက်တုံးတွေမဖြစ်လာခင်မှာ ဒီကန်ကြီးရဲ့အောက်ခြေမှာ တကယ်တမ်းရှိခဲ့တာက ဘုရားသခင်ရဲ့စကားလုံးတွေပဲတဲ့" သူတကယ်တမ်းကြားနေရတာကတော့ ဘုရားသခင်ရဲ့ စကားလုံးတွေမဟုတ်ဘဲ သူချစ်ခဲ့တဲ့လူတွေရဲ့ စကားလုံးတွေပါပဲ။ သူ့အဖေပြောနေကြ တရားစာတွေ၊ သူ့ညီလေးပေါလ်ရဲ့စကားလုံးအရိုင်းတွေ၊ သူ့ဘဝရဲ့အချစ်ဂျက်ဆီရဲ့ စကားလုံးချိုချိုတွေ မြစ်အောက်ဘက်ကကျောက်တုံးတွေအောက်မှာ ခိုဝင်နေတဲ့စကားလုံးတွေကို သူကြားနေရတယ်။ ဟိုးအတိတ်နေ့တစ်ရံတစ်ခါဆီတုန်းက ဒီမြို့ကလေးရဲ့နေ့ရက်တွေကို သူပြန်ကြားနေရတယ်။ မြို့လယ်ခေါင်က အုတ်ခုံကလေးပေါ်မှာ ထိုင်ခဲ့ကြတဲ့ သူတို့ရဲ့ကလေးဘဝတွေ လူငယ်ဘဝတွေကို သူပြန်ကြားနေရတယ်။ လူဟာ ...
movie
A River Runs Through It (1992)
6.4
Pooh’s Heffalump Movie (2005)
[Unicode]အိမ်မှာနေရတာ ပျင်းဖို့ကောင်းတယ်ဗျာကျွန်တော်နဲ့ တူတူ ငယ်ငယ်တုန်းကကြည့်ခဲ့တဲ့ ကာတွန်းလေး ပြန်ကြည့်ရင်း 2005 ခေတ်ကို ပြန်သွားကြတာပေါ့များပြားလှတဲ့ Pooh ဇာတ်ကားလေးတွေထဲကမှ အခုတစ်ခေါက် တင်ဆက်ပေးမှာကတော့ Pooh’s Heffalump movie လေးပဲဖြစ်ပါတယ်2005 ခေတ်ကကားဆိုတော့ အရောင်ထွက်ကတော့ဒီခေတ်လို လင်းရှင်းနေတာမျိုးမဟုတ်ဘဲ မှိန်မှိန်လေးနဲ့ပေါ့ဗျာကျွန်တော်ကတော့ အဲ့လို ကာလာလေးတွေနဲ့ ကာတွန်းကားတွေကို ပိုသဘောကျတယ်ဗျကျွန်တော်တို့ ငယ်ငယ်က နေဖို့ စိတ်ကူးယဉ်ခဲ့ဖူးတဲ့ တောအုပ်လေးထဲက နေချင်စရာ သစ်သားအိမ်လေးတွေကလည်းလုံးဝ ငယ်ဘဝကို ပြန်လွမ်းစေပါတယ်ဇာတ်လမ်းလေးကတော့Pooh တို့ဘော်ဒါ လေးယောက် တောအုပ်ထဲမှာနေကြရင်း တစ်ရက်ကျတော့ Heffalump တွေကို သွားဖမ်းဖို့ ဖြစ်လာပါတယ်Heffalump တွေကို သူများပြောတာပဲကြားဖူးပြီး ဆိုးရွားတဲ့ကောင်လေးတွေလို့ ထင်ထားရာကတကယ်ကြုံလာတော့ အထင်နဲ့အမြင် ဘယ်လိုလွဲနေမလဲHeffalump တွေကရော သူတို့ကို ဘယ်လိုထင်နေလဲဆိုတာ ချစ်စရာဇာတ်လမ်းလေးနဲ့ ကြည့်ရှူရမှာပါHeffalump ပေါက်စ Lumpy လေးရဲ့ ချစ်စရာကောင်းတဲ့ သီချင်းဆိုသံလေးတွေကလည်း ဇာတ်ကားလေးကို ပိုပြီး အသက်ဝင်သွားစေတယ်ဗျအားလုံးက ...
movie
Pooh’s Heffalump Movie (2005)
7.8
Pride & Prejudice (2005)
Pride and Prejudice(2005) IMDb.....7.8,,,,,Rotten ...86% ဒီဇာတ်လမ်းလေးကမသိတဲ့သူမရှိလောက်ပါဘူး Drama အချစ်ဇာတ်လမ်းအေးအေးလေးတစ်ပုဒ်ဖြစ်ပေမယ့် စိတ်ဝင်စားစရာလေးပါ... ၁၈၁၃ခုနှစ်တုန်းက Jane Austen ရေးသားခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပြီးတော့ ပြဌာန်းစာအုပ်တွေမှာလည်း ဖော်ပြခြင်းခံရတဲ့ နာမည်ကျော်ဝတ္ထုလေးက 2010 ခုနှစ်မှာ ဒါရိုက်တာ Joe Wright က ဇာတ်လမ်းအဖြစ်အသက်သွင်းခဲ့တဲ့ဇာတ်ကားလေးပါ.. ဇာတ်လမ်းလေးက ၁၈ရာစုနှောင်းပိုင်းဂျော်ဂျီယန် အင်္ဂလန်ခေတ် တစ်နည်းအားဖြင့်ပြောရရင် အတန်းစားခွဲတဲ့ခေတ်ပေါ့ ..အဲ့ခေတ်မှာအခြေတည်ထားပါတယ်... သာမန်လူတန်းစားဖြစ်ကြတဲ့ Bennet မိသားစုက သမီးတွေချည်းပဲ၅ယောက်မွေးထားတော့ သူတို့အမေရဲ့ဘဝမှာတစ်ခုတည်းသောမျှော်မှန်းချက်က သူ့သမီးတွေကိုလူချမ်းသာယောက်ျားတွေနဲ့ အိမ်ထောင်ပြုခိုင်းဖို့ပဲပေါ့.. အဓိကဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ Elizabeth (Keira Knightly) ကညီအစ်မတွေတည်းမှာ ခပ်သွက်သွက်နဲ့ စိတ်ထဲရှိရာထုတ်ပြောရဲတဲ့ မိန်းကလေးပေါ့.. တစ်နေ့မှာသူတို့မြို့ကို အထက်တန်းလွှာထဲက လူပျိုလူလွတ်၂ယောက်ကရောက်လာတော့ သူ့သမီးတွေ အဆင်ပြေရေးအတွက် Bennet မိခင်ကြီးပျာယာတွေခတ်ပြီပေါ့... ဖြစ်ချင်တော့တော်ရုံသဘောမကျတတ်တဲ့ Elizabeth တစ်ယောက် မာနကြီးတဲ့ Mr.Darcy(Matthew Macfadyen) ဆိုတဲ့ အထက်တန်းလွှာလူပျိုတစ်ယောက်ကိုသဘောကျမိသွားတယ်ပေါ့ .. ဒီကားဟာ အဓိကနဲ့သာမညအပေါ်စဉ်းစားဆင်ခြင်နိုင်စွမ်းကိုအလေးပေးထားပါတယ်.. .ရည်ရွယ်ချက်ကောင်းသလို ဇာတ်လမ်းထဲက ဒိုင်ယာလော့တွေကလည်း ပြောင်မြောက်ပါတယ်.. ..ပေးချင်တဲ့ Message လေးတွေကလည်း လှပလွန်းတော့ ခံစားကြည့်လိုက်ပါဦးလို့. .အော်စကာ (၄)ဆုဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆုပေါင်း (၁၃)ခုလည်းရရှိခဲ့ပါတယ်...အညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ် JtheKoala ဖြစ်ပါတယ်... File Size : (855 MB) Quality : ...
movie
Pride & Prejudice (2005)
2005