Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Brady Gentry
5.5
Ganymede (2024)
ဘာသာရေးအစွန်းရောက်မှုတွေ LGBT လူ့အဖွဲ့အစည်းနဲ့ပတ်သတ်လို့လွဲမှားနေတဲ့အယူအဆတွေကိုမီးမောင်းထိုးပြပေးသွားမဲ့ BL ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Ganymede ဖြစ်ပြီးသည်းထိပ်ရင်ဖိုဒရာမာပုံစံရိုက်ကူးပြသထားပါတယ်။မိဘမှန်ရင်ကိုယ့်သားသမီးကိုသဘာ၀အတိုင်းပဲဖြစ်စေချင်ကြပေမဲ့သဘာ၀နဲ့ဆန့်ကျင်တဲ့လိင်စိတ်တွေဖြစ်လာတဲ့အခါမှာလက်ခံပေးကြတဲ့မိဘတွေရှိသလို ခါးခါးသီးသီးမုန်းတီးကြတဲ့မိဘတွေလည်းရှိပါတယ်။အပြင်လောကမှာလည်းတကယ်ဖြစ်နေတဲ့ဒီလိုအရှုပ်အထွေးတွေကိုကျောင်းသားကောင်လေး ၂ ယောက်ရဲ့အချစ်ဇာတ်လမ်းလေးနဲ့တင်ဆက်ပေးထားပါတယ်။လီဖလက်ချာဆိုတဲ့ ကောင်လေးက မျိုးရိုးမြင့်တဲ့ ဖလက်ချာမိသားစုကဆင်းသက်လာတဲ့သူဖြစ်ပြီး သူ့ဘ၀မှာလွတ်လပ်မှုအရသာကိုမခံစားဖူးသလို မိဘတွေပြောတဲ့အတိုင်းတသဝေမတိမ်းနေခဲ့ရပါတယ်။ဒါပေမယ့်သူ့မှာ လိင်တူချစ်ကြိုက်တဲ့စိတ်လေးအနည်းငယ်ရှိနေတာကိုတော့ ကိုင်လ်ဆိုတဲ့ကောင်လေးနဲ့တွေ့မှ သူကိုယ်တိုင်သိလာခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီမှာတင်လီရဲ့မိသားစုမှာ ပြဿနာအကြီးအကျယ်စဖြစ်ကြပြီးလီကိုလမ်းမှန်ရောက်အောင်ပြန်တည့်ပေးဖို့အတွက်မိဘတွေကဘာသာရေးနဲ့အစွမ်းကုန်ကြိုးစားကြပါတော့တယ်။ဒါပေမယ့်သူတို့ရဲ့ဘာသာရေးက တော်ရုံတန်ရုံမဟုတ်ပဲအစွန်းရောက်နေတဲ့အဆင့်ဖြစ်နေတဲ့အခါမှာ လီနဲ့ကိုင်လ်တို့ရဲ့အချစ်အတွက် ဘယ်လိုအခက်အခဲတွေကိုကြုံတွေ့ရင်ဆိုင်သွားရမယ်ဆိုတာကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.23GB / 638MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 37m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Ganymede (2024)
5.6
Desperation Road (2023)
MDb rating 5.7 ရထားတဲ့ Desperation Road လို့ခေါ်တဲ့အက်ရှင်ဒရာမာဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ လူတိုင်းကတော့ဘဝမှာမျှော်လင့်ချက်မဲ့တဲ့လမ်းတွေကိုလျှောက်ဖူးကြမှာပါ။စိတ်ဓာတ်တွေလဲအရမ်းကျရပြီး ဘဝမှာအဆိုးဆုံးအချိန်တွေဆိုတာလည်းရှိကြမှာပါ။ဒါပေမယ့် အဲ့လိုအချိန်တွေမှာတောင် အံ့သြစရာကောင်းပြီး ဆန်းကြယ်တဲ့အဖြစ်အပျက်တွေဖြစ်လာနိုင်ပါသေးတယ်။ဒီလိုပဲ မေဘန်နဲ့အန်နာလီဆိုတဲ့ သားအမိနှစ်ယောက်ကလည်း မျှော်လင့်ချက်မဲ့တဲ့လမ်းကိုလျှောက်နေရတဲ့သားအမိနှစ်ယောက်ပဲဖြစ်ပါတယ်။ဖြစ်သလိုနေ ဖြစ်သလိုစားရင်းနဲ့ပဲ ဘဝကိုဖြတ်သန်းနေရပြီးခင်ပွန်းဖြစ်သူရဲ့ ဇာတိဖြစ်တဲ့မစ္စစပီကိုခက်ခက်ခဲခဲလှမ်းလာခဲ့ကြပါတယ်။ဒါပေမယ့် မစ္စစပီကိုရောက်ရောက်ချင်းမှာပဲ မေဘန်က ရဲတစ်ယောက်ရဲ့ နိုင်ထက်စီးနင်းပြုကျင့်ခြင်းကိုခံခဲ့ရပြီး မေဘန်လည်း သမီးလေးနဲ့ဝေးရမှာကို ကြောက်လို့လိုက်လျောပေးခဲ့ပေမဲ့ အဲ့ဒီရဲက အရမ်းတရားလွန်လာတဲ့အခါမှာတော့ သူ့သေနတ်နဲ့ပဲသူ့ကိုပြန်ပစ်သတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့သူတို့သားအမိနှစ်ယောက်လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထောင်ကထွက်လာတာမကြာသေးတဲ့ ရက်ဆဲဆိုတဲ့လူနဲ့ ကြုံတွေ့ခဲ့ရတဲ့အခါမှာတော့ သူတို့သားအမိအတွက် အံ့သြဆန်းကြယ်တဲ့အရာတွေဖြစ်လာမလားဆိုတာကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ File size…1.75GB / 728MB Quality…WEB-DL 1080p 5.1 CH / 720p Format…mp4 Duration….1h 52m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Desperation Road (2023)
7.3
Bones and All (2022)
Call Me by Your Name ရုပ်ရှင်ရဲ့ ဒါရိုက်တာကြီး Luca Guadagnino ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဒီရုပ်ရှင်မှာလည်း တင်မိုးသီးကိုပဲ ပြန်သုံးထားပါတယ်။ လူငယ်ဒရာမာကိုမှ ဟော်ရာနဲ့ သွေးသံရဲရဲတွေထည့်သွင်းထားတဲ့အပြင် လူသားစားတဲ့ဇာတ်လမ်းဖြစ်လို့ အသည်းငယ်သူတွေမကြည့်သင့်သလို မိသားစုနဲ့မကြည့်သင့်တာတွေလည်းပါဝင်နေပါတယ်။မူရင်းစာအုပ်တုန်းက နာမည်ကျော်ခဲ့သလို အခုရုပ်ရှင်မှာလည်း စာအုပ်ထဲကဇာတ်လမ်းကိုအနည်းငယ်သာပြောင်းပြီး ရိုက်ကူးထားခဲ့တာပါပဲ။ ဇာတ်ပို့အနေနဲ့လည်း Bridge of Spies နဲ့ အော်စကာရခဲ့တဲ့ မင်းသားကြီး Mark Rylance ပါဝင်ထားပါသေးတယ်။လူငယ်တွေရဲ့ လူ့အသိုင်းအဝိုင်းနဲ့ဝင်မဆန့်ပုံတွေ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရတာတွေရှာဖွေရတာတွေကို နိမိတ်ပုံအနေနဲ့ ဒီလူသားစားစုံတွဲကို ကြောက်စရာ အချစ်ဇာတ်လမ်းအနေနဲ့ ရိုက်ကူးပြထားတာမျိုးပဲဖြစ်ပါတယ်။ ရသမျိုးစုံခံစားရတာကလွဲရင် ဘာမှတော့ ပညာယူစရာ ဗဟုသုတယူစရာမပေးပါဘူး။ ဖီးချင်ရာဖီးဖို့သက်သက်ပဲ ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ရုပ်ရှင်ထဲမှာ သူတို့ကိုယ်သူတို့ Eater လို့ ခေါ်ပါတယ်။ စားသူပေါ့။ ဒါကို ပါဠိလို အဒ လို့ပဲ ပြန်ပေးထားပါတယ်။ ပေါရိသာဒဆို (ပုရိသ-ယောက်ျား၊ အဒ-စားသူ ပေါင်းထားသလိုပေါ့) File size…1.85GB / 895MB Quality…1080p WEB RIP / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated ...
movie
Bones and All (2022)
2022
5.4
Wrong Turn (2021)
Wrong Turn (2021)ဒီကားကတော့ အသစ်စက်စက် ထွက်ထားတဲ့ Wrong Turn ဇာတ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ အရင်ဇာတ်လမ်းတွေနဲ့ ကျောရိုးတူပေမယ့် နောက်ပိုင်း တော်တော်လေးကွဲတယ်လို့ ပြောလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အားလပ်ရက် တောင်တက်အပျော်ခရီးထွက်လာတဲ့လူငယ်တစ်စုက တောင်တက်ဖို့မြို့ငယ်တစ်မြို့ကိုရောက်လာခဲ့ပါတယ်။ အဲ့ဒီမြို့မှာ တည်းခိုနေစဉ် ထူးဆန်းတာတွေလည်း ဖြစ်ပျက်ခဲ့ပြီး အဲ့ဒီကနာမည်ကြီး တောင်ကို တက်ခဲ့ပြီးချိန်မှာတော့ အပြန်လမ်းမရှိခဲ့ပါဘူး။အဲ့ဒီတောင်တက်အဖွဲ့ထဲပါသွားတဲ့ ဂျန်နီဖာဆိုတဲ့ ကောင်မလေး တစ်ယောက်ရဲ့အဖေဖြစ်သူကတော့ သူ့သမီးဖြစ်သူပျောက်ဆုံးတာ ခြောက်ပတ်လောက် အကြာမှာ သူ့သမီးပျောက်ဆုံးတာ သွေးရိုးသားရိုးမဖြစ်နိုင်ဘူးဆိုပြီး စုံစမ်းဖို့ရောက်လာခဲ့ပါတယ်။ဒါပေမယ့်အဲ့ဒီ မြို့ကရဲကတော့ ဒီပျောက်ဆုံးမှုဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် အိမ်ကနေထွက်သွားပြီး အပျော်ရှာနေတဲ့ လူငယ်တစ်စုလို့သာ မြင်ပြီး ရေးကြီးခွင်ကျယ် ရှာဖွေမှုမပြုလုပ်ခဲ့ကြပါဘူး။အဲ့ဒီအတွက် ခံပြင်းနေတဲ့ ဂျန်နီဖာ အဖေဖြစ်သူ စကော့က ရဲတွေအစား သူကိုယ်တိုင်ရှာဖို့ဆုံးဖြတ်လိုက်ပြီး သူ့သမီးပျောက်ဆုံးသွားတဲ့ တောင်ပေါ်ကို ရှာဖွေဖို့လုပ်ပါတော့တယ်။ ဒီတောင်ကနဂိုတည်းက ပြန်လမ်းမရှိတဲ့တောင် ဆိုပြီး နာမည်ကြီးသလို တောင်ပေါ်တက်သူတိုင်းကလည်း စည်းကမ်းတွေ လိုက်နာရပါတယ်။ တောင်တက်ဖို့လမ်း အမှတ်အသားတွေကို တောင်ပေါ်မှာလုပ်ပေးထားပြီး အဲ့ဒီတောင်တက်အမှတ်အသားလုပ်ထားတဲ့ လမ်းကြောင်းကလွဲပြီး တစ်ခြားနေရာကိုသွားခွင့်မရှိပါဘူး။ဒါကိုသွေဖယ်ပြီး သွားခဲ့ကြတဲ့ လူငယ်တစ်စုကတော့ ဘယ်လို ကြောက်စရာ အဖြစ်အပျက်တွေနဲ့ကြုံခဲ့တယ်။ အသက်ရော ရှင်နိုင်ခဲ့ရဲ့လား လွတ်မြောက်လာခဲ့တာလားဆိုတာကိုတော့ ဒီကားကြည့်ရင်း တထိတ်ထိတ် တလန့်လန့်နဲ့အဖြေရှာနိုင်ပါတယ်။Wrong Turn ...
movie
Wrong Turn (2021)