Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Brad Leland
6.4
Hancock (2008)
မင်းသားကြီး Will Smith နဲ့ မင်းသမီး Charlize Theron တို့ရဲ့ Hancock ရုပ်ရှင်ဟာ စူပါဟီးရိုးမဆန်တဲ့ Drama ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။လူအများကို ကယ်တင်နေပေမယ့် ဟုတ်ကဲ့ခင်ဗျ ကျေးဇူးပါခင်ဗျ လောကွတ်တွေမလုပ်တတ် မပြောတတ်လို့ လူတွေရဲ့ ချစ်ခင်မှုကို မရရှာတဲ့ စူပါဟီးရိုး..နှလုံးလှပေမယ့် လူကြမ်းတာကြောင့် လူတွေကလဲမုန်း ....သူကလဲ လူတွေ ဘယ်လိုထင်ထင် နေချင်သလို နေတတ်တဲ့ စူပါဟီးရိုးကြီး Hancock....သူ့ဘဝအစစ်အမှန်က ဘာလဲ...သူ့အစွမ်းတွေက ဘယ်ကရတာလဲ...သူ့ကိုဒီလိုပုံစံဖြစ်အောင် ဘယ်သူတွေကပြုလုပ်ထားတာလဲ...စသည်ဖြင့် ပဟေဠိများစွာနဲ့ Hancock...ဒီလိုလူကြမ်းလူစွမ်းကြီးဘဝကို ဘယ်သူက ကယ်တင်ပြီးလှပအောင်ပြုလုပ်မလဲဆိုတာ.....။စူပါဟီးရိုးကားလို့ဆိုနိုင်ပေမယ့် ဒရမ်မာသက်သက် ထိရှရတဲ့ ရုပ်ရှင်မျိုးဖြစ်ပြီး Unrated Version နဲ့တင်ဆက်လိုက်ပါတယ်။Hancock 2 ဆက်လက်ထွက်ရှိဖို့ မင်းသမီး Charlize Theron က စောင့်မျှော်နေပြီး အချိန်တစ်ခုမှာထွက်ရှိလာနိုင်ကြောင်းပါ။ File size….(2.7 GB )/(1.2 GB) Quality….BluRay Unrated 1080p / 720p Format…mp4 Duration….01:42:14 Subtitle….Myanmar ...
movie
Hancock (2008)
2008
LaRoy, Texas (2024)
LaRoy, Texas [2024] (IMDb 6.4/10, RT 100%)ရေးဟာ တချိန်က အလှမယ်သရဖူ ဆွတ်ခူးဖူးတဲ့ ဇနီးလေး စတေစီလင်းနဲ့အတူ နေထိုင်ရင်း သူတို့ညီအစ်ကိုနှစ်ယောက်ဦးစီးနေတဲ့ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှာ အလုပ်လုပ်ပြီး ဘဝကို ဖြတ်သန်းနေပါတယ်... တနေ့မှာ အစ်ကိုရဲ့ အသိမိတ်ဆွေဖြစ်ဖူးသူ အလွတ်တမ်းစုံထောက် စကစ်က ရေးကို ကော်ဖီဆိုင်တစ်ဆိုင်မှာ ဆုံဖို့ ချိန်းလိုက်ပါတယ်... ပြီးနောက်မှာ ရေးရဲ့ ဇနီးဖြစ်သူ မိုတယ်တစ်ခုထဲ ဝင်သွားတဲ့ ဓာတ်ပုံတွေကို ပြလိုက်ပါတယ်... ဒီနောက်မှာတော့ စတေစီတစ်ယောက် ဖောက်ပြန်နေပေမယ့် ရေးကတော့ တဲ့တိုးဖြေရှင်းမယ့်အစား သူ့ကိုသူ သတ်သေဖို့ ရွေးချယ်လိုက်ပါတယ်... ဒီအတွက် သေနတ်ဆိုင်တစ်ဆိုင်ကို သွား၊ သေနတ်ဝယ် ပြီးတော့ သူ့ကိုသူ သတ်သေဖို့ ကြံတော့မယ့်အချိန်မှာပဲ လူတစ်ယောက်ကားထဲ ဝင်လာပြီး ရေးကို ကြေးစားလူသတ်သမားလို့ ထင်မှတ်ပြီး သတ်ရမယ့် လူကိုပြပါတော့တယ်... စိတ်ဓာတ်ကျနေတဲ့ ရေးလည်း ကိစ္စအသစ်အဆန်းကို လုပ်ကိုင်လိုတာကြောင့် လက်ခံလိုက်ပါတော့တယ်... သူသတ်ရမယ့် ဂျိမ်းစ်ဘာလိုကို သူသတ်ခဲ့ပေမယ့် ကိစ္စတွေဟာ ထင်သလောက် မရိုးရှင်းတော့ဘဲ တကယ့်ကြေးစားသမားအစစ်ကပါ ...
movie
LaRoy, Texas (2024)
5.6
Accidental Texan (2024)
Accidental Texan (2024)၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Comedy, Drama ရုပ်ရှင်ကောင်းလေးပါ။ IMDb rating 6, Rotten Tomatoes – 52% ရရှိထားပါတယ်။ ၁၉၉၉ ခုနှစ်က ကိုးလ်သွန်မဆင် ရေးသားခဲ့တဲ့ Chocolate Lizards ဆိုတဲ့ စာအုပ်ကို ခြေခံပြီးရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ အာဝင် ဟာ ရည်မှန်းချက်ကြီးမားတဲ့ လူငယ်တစ်ယောက်ပါ။ ဟားဗက်တက္ကသိုလ်မှာ တက်ရင်း အနုပညာအလုပ်လုပ်ချင်တာမို့ ကျောင်းထွက်ပြီး ဟောလီးဝုဒ်မှာ သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားနေတဲ့သူပါ။ သူ့အနေနဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ခွင့်ရပြီးတော့ ပျော်နေတုန်း ရိုက်ကွင်းမှာ တလွဲလုပ်လိုက်မိပါတယ်။ သူလည်း အလုပ်ပြုတ်သွားသလို စိတ်ညစ်ပြီးတော့ ကား လျှောက်မောင်းရင်း ကန္တာရတစ်နေရာမှာ ကားပျက်ပြီး လူလည်း သောင်တင်သွားပါတယ်။ သူရောက်သွားတာကတော့ တက္ကဆက်ပြည်နယ် ဘာဖယ်လိုဂက်ပ်ဆိုတဲ့ မြို့ငယ်လေးရဲ့ အပြင်ဖက်မှာပါ။ သူလည်း မြို့လေးကို လမ်းလျှောက်သွားပြီး အကူအညီတောင်းပါတော့တယ်။ ဒီလိုနဲ့မြို့လေးမှာ အာဝင် လည်း မားလ်ဆိုတဲ့ လူတစ်ယောက်နဲ့ဆုံပြီးတော့ ရေနံတူးရင်း ဘဝကို ပြောင်းလဲပေးလိုက်တဲ့ အဖြစ်မျိုးတွေ ကြုံရပါတော့တယ်.....အညွှန်း ...
movie
Accidental Texan (2024)
2024
6.1
Möbius (2013)
Mobius (2013)===========မောဘီးယပ်စ်ဆိုလို့ မာဗယ်ထဲက မောဘီးယပ်စ်နဲ့ လွဲမသွားကြပါနဲ့ဦး။ ဒီမောဘီးဘပ်စ်က သတ်သတ်ပါ။ဒီကားက Mobius Strip ဆိုတဲ့ ကျွန်တော်တို့ငယ်ငယ်က ကစားဖူးလောက်မဲ့ မျက်နှာပြင်နှစ်ဖက်ရောနေတဲ့ စက္ကူအဝိုင်းစလေးကနေ reference ယူထားတာပါ။ 2013ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး IMDb rating 6.1/10 ရရှိထားပါတယ်။ ရုရှား-ပြင်သစ်-အင်္ဂလိပ်စကားပြောရုပ်ရှင်ပါ။ Drama/Thriller အမျိုးအစားဖြစ်ပါတယ်။ဇာတ်ညွှန်းကတော့ ရော့စ်တော့ဗ်စကီဆိုတဲ့လူကို ဖမ်းတဲ့နေရာမှာ အချက်အလက်တွေနှိုက်ဖို့သူလျှိုရွေးတော့ Financial Expert တစ်ယောက်ဖြစ်တဲ့ မင်းသမီးကို ရွေးလိုက်ကြတယ်။ အပေးအယူကတော့ U.Sကနေ အလုပ်လုပ်ခွင့်အပိတ်ခံထားရတဲ့သူ့ကို ပြန်ရအောင်လုပ်ပေးမယ်ပေါ့လေ။ အချက်အလက်နှိုက်ရမဲ့သူလျှိုဆိုတော့ စီးပွားရေးလုပ်ငန်းကနေတဆင့် ဝင်လုံးပေမဲ့ အီစီကလီကိစ္စလေးတွေပါပါတာပေါ့။ အဲလိုသူလျှိုအလုပ်လုပ်နေတုန်းမှာပဲ မင်းသမီးကသူ့အချစ်စစ်ကိုရှာတွေ့ပါလေရော။ ဖြစ်ချင်တော့ သူ့ချစ်သူကလည်း တကယ့်လူမှသွားဖြစ်နေပြန်တယ်။ သူလျှိုအလုပ်နဲ့ အချစ်ရေးရောထွေးလာတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ngwe Zin ပါ )File size_(2GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:43:00 Genre_Drama, Thriller Subtitle_Myanmar ...
movie
Möbius (2013)
6.7
Land (2021)
လူတွေဟာ ကံကြမ္မာ စေစားရာ ဘဝကို နိမ့်လိုက် မြင့်လိုက်အတက်အကျမျိုးစုံနဲ့ ခံစားရစမြဲပါပဲ။ လောကဓံလှိုင်းရိုက်ပုတ်မှုကို ကြံ့ကြံ့ခံရင်း တစ်ချို့တွေက ဘဝကိုဆက်လက် ရှင်သန်နိုင်ကြပေမယ့် ဘဝကြီးကို လက်မြှောက်အရှုံးပေးသွားကြသူတွေလည်း အများကြီး ရှိပါတယ်။စိတ်ဓာတ်ကျနေချိန်မှာ အရာအားလုံးက မည်းမှောင်နေပြီးမျှော်လင့်ချက် အလင်းတန်းကို မြင်နိုင်ဖို့က ခက်ခဲပါတယ်။ဒီဇာတ်ကားမှာ ခင်တွယ်ရာ မိသားစုကို လက်လွတ်ဆုံးရှုံးလိုက်ရတဲ့အယ်ဒီးဆိုတဲ့ အမျိုးသမီး တစ်ယောက်ဟာ စိတ်ကျဝေဒနာကိုခံစားနေရပြီး လူတွေနဲ့ ဝေးရာ တောတောင်ထဲက အိမ်လေးတစ်လုံးကိုဝယ်ယူပြီး လာရောက်နေခဲ့ပါတယ် ခက်ခဲပင်ပန်းတဲ့ လူသူမနီးတောထဲမှာ နေထိုင်ဖို့ ကြိုးစားရင်း သေလုမြောပါး အချိန်မှာ သူ့ကိုမုဆိုးတစ်ယောက်က ပြန်လည်ရှင်သန်လာအောင် ကူညီပေးခဲ့ပါတယ်။လူတိုင်းမှာ နာကျင်စရာအတိတ် ရှိနိုင်ပေမယ့် ဒီဇာတ်ကားမှာဘဝကို အရှုံးပေးလိုက်တာက အဖြေမဟုတ်ဘူး ဆိုတာကိုတင်ပြရိုက်ကူးထားတာပါ။ နှင်းတွေဖုံးနေတတ်တဲ့ တောင်တန်းတွေရှိပြီး တောရိုင်းသဘာဝ အမျိုးသားပန်းခြံတွေ အများကြီးရှိတဲ့အမေရိကန် အနောက်ပိုင်း wyoming ပြည်နယ်က သဘာဝအရိုင်းဆန်တဲ့ မြင်ကွင်းအလှတွေကို ရိုက်ကူးထားတာ မြင်တွေ့ရမှာပါ။ File size…1.37 ...
movie
Land (2021)
5.5
The Great Alaskan Race (2019)
ဇာတ်လမ်းအညွှန်းတိုဂို ဆိုတဲ့ ခွေးသူရဲကောင်းဖြစ်ရပ်မှန်ဇာတ်လမ်းကိုမင်းသားကြီး Willem Dafoe ရိုက်ကူးထားတဲ့ Togo ဆိုတဲ့ဇာတ်လမ်းကို ကြည့်ဖူးမယ်ဆိုရင် တိုဂိုဆိုတဲ့ ခွေးလေးအကြောင်းနဲ့ နုံးမြို့က ဇာတ်လမ်းလေးကို ရင်းနှီးကြမှာပါ ။(Togo (2019) ကို မကြည့်ရသေးရင် CM မှာ ကြည့်လို့ရပါတယ်။)အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့Togo (2019)နဲ့ မတူညီတဲ့ ရှုထောင့်ကနေ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးမှာတော့ 1920 ခုနှစ်က အမေရိကန်မြောက်ပိုင်း အလက်စကာပြည်နယ်က နုံးဆိုတဲ့ ရွာလေးသာသာ မြို့လေးက ဖြစ်ပွါးခဲ့တဲ့ ကပ်ရောဂါမှာ ဘယ်သူတွေဘယ်လိုပါဝင်ကြိုးစားခဲ့ကြလဲဆိုတဲ့ ဖြစ်ရပ်မှန်တွေကိုအဓိကထားပြီး ဂုဏ်ပြုရိုက်ကူးထားပါတယ်။ ဆုံဆို့နာဆိုတဲ့၊ ဘတ်တီးရီးယားကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါဟာကလေးတွေအကြားမှာ ကပ်ရောဂါသဖွယ် ဖြစ်ပွါးလာတဲ့အခါမှာဒီမြို့လေးမှာ ကုသဖို့ဆေးကမရှိဖြစ်တယ်။ တစ်ခြားဒေသက ဆေးတွေ ပို့ဆောင်ဖို့အတွက် စီစဉ်ကြမယ်ဆိုတော့လည်း အေးခဲလှတဲ့ရာသီဖြစ်တာကြောင့် ရေကြောင်းလမ်းကလည်း ပို့ဆောင်ဖို့အဆင်မပြေ၊ လေယာဉ်နဲ့ဆိုတော့လည်းအဲ့ခေတ်အခါအတွက် အဆင်မပြေဖြစ်နဲ့ ၊ နောက်ဆုံးတော့ဒေသသုံးစွပ်ဖားသမားတွေ စွပ်ဖားခွေးတွေကိုပဲ အားကိုးဖို့ဖြစ်လာပါတယ်။ ကုသဆေးကို နီနာနာမြို့ကနေ ...
movie
The Great Alaskan Race (2019)
7.6
Inside Man(2006)
Inside Man(2006) IMDb.....7.6,,,,,,,Rotten....86 ခရစ်စမတ်ကာလမှာ လူ ၄ယောက်ဟာ နယူးယောက်မြို့လယ်ကောင်ရဲ့ဘဏ်တစ်ခု ကိုဓားပြဝင်တိုက်တယ် ...ဒါကြောင့် ရဲတွေလည်း ဘေးပတ်လည်မှာ ဝိုင်းထားတယ်.... တီဗွီသတင်းတွေ သတင်းစာတွေအတွက်ဏ်ဓားပြမှုအကြောင်းဟာ ခေါင်းစဉ်ကြီးဖြစ်သွားတယ် ...ဓားပြ ၄ယောက်ဟာ ဘဏ်အတွင်းမှာရှိတဲ့ ဝန်ထမ်းနဲ့ ငွေကိစ္စဖြင့်လာရောက်သူတိုင်းရဲ့ဖုန်းတွေကို ပိတ်တယ်.... ကားသော့တွေသိမ်းတယ်... ပြီးတော့ သူတို့အားလုံးရဲ့အဝတ်တွေလဲခိုင်းတယ်..ဘဏ်ဓားပြတွေဟာ အသင့်ချုပ်ထားတဲ့ ဝတ်စုံကို ဓားစာခံတွေကို ပေးဝတ်လိုက်တယ်...ဒီတော့ ဓားပြတိုက်သူနဲ့ ဓားစာခံက သေနတ်ကိုင်ထားတာနဲ့မကိုင်တာပဲကွာတော့တယ်.... ရဲတွေက cctv ကနေစလိုက်တယ် ...ဒါပေမဲ့ ဓားပြ မတိုက်ခင်၂မိနစ်လောက်အလိုထိပဲ ကြည့်လို့ရတယ် infard bulbက စီစီတီဗွီကင်မရာကို ပိတ်လိုက်နိုင်တယ်...ဓားစာခံတွေကို အခန်းထဲထည့်အလုံပိတ်ထားတယ် သူတို့ကအပြင်မှာနေတယ် ဓားပြတွေဟာ စကားဝှက်အနေနဲ့ Steve Q လို့သုံးတာရှိသလို Steve 0လို့လည်းသုံးတယ် ....ဒီဓားပြမှုကို ကိုင်တွယ်တဲ့ စုံထောက်ရဲ့ လုပ်ကွက်တွေကလည်း ပညာရှင်ဆန်တယ်....သို့ပေမယ့်လည်........ဒီကားက အဓိကမင်းသားကြီး (၂)လက်ဖြစ်တဲ့ Denzel Washingtonနဲ့ Clive Owen ကိုတော့ တော်တော်များများသိကြမယ်ထင်တယ်....၂၀၀၆ ခုနှစ်ကား ဆိုပေမယ့် ...
movie
Inside Man(2006)
2006
5.7
The Domestics (2018)
ဒီဇာတ်လမ်းလေးကတော့ Horror/ Thriller/Film Noir အမျိုးအစားဖြစ်ပါတယ်။IMDB 5.7 ရထားပြီးတော့ ဒီဇာတ်လမ်းမှာ လူတွေရဲ့ လုပ်ရပ်ကြောင့် ဒီကမ္ဘာကြီးဘယ်လောက်ဆိုးရွားပျက်ဆီး ကပ်ဆိုက်နေပြီလဲ ဆိုတာကို စိတ်လှုပ်ရှားဖွယ်ရိုက်ကူးပေးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မာခ့် ဆိုတဲ့ လူတစ်ယောက်ဟာ ကွာရှင်းပြီးသား သူ့မိန်းမနဲ့ ပြန်လည်ပေါင်းထုတ်ဖို့ သူ့မိန်းမကို သွားခေါ်တာကနေစပြီး သူတို့နှစ်ယောက် အတူတူ ခရီးထွက်လာကြတာဖြစ်ပါတယ်။ဒါပေမဲ့ ကမ္ဘာကြီးမှာ အကြင်နာတရားတွေ ကိုယ်ချင်းစာမှုတွေ မရှိတော့တဲ့ လူ့သရဲတွေ များပြားလာတဲ့အခြေအနေနဲ့ အစာ ရှားပါးဘေးကပ်ဆိုက်နေလို့ လူလူချင်းပြန်စားနေကြရတဲ့အခြေအနေမှာ ခရီးတစ်ခုထွက်ဖို့ဆိုတာ အသက်ကို ဖက်နဲ့ ထုပ်ထားရသလိုပါပဲ။အဲ့တော့ သူတို့နှစ်ယောက်ဟာ တကယ်ရော အချစ်ဆိုတဲ့အရာရှိသေးလို့ ပြန်လည် ပေါင်းထုတ်ကြတာလားသူတို့ကရော အဲ့ဒီ လူ့သရဲ လူမိုက်ဂိုဏ်းတွေ လက်ခုပ်ထဲကရေလိုပဲ သေသွားရမှာလားဒါမှမဟုတ် ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလားကို သဲထိတ်ရင်ဖို ဇာတ်လမ်းအဆုံးထိကြည့်ရမှာဖြစ်ပါတယ် (ဘာသာပြန်သူကတော့ Brilliant Star ပါ) File Size : (700 MB) and (280 MB) Quality ...
movie
The Domestics (2018)
2018