Channel Myanmar

Brad Kelly

Shooter (2007) 7.2
Shooter (2007) Shooter (2007)ဒီတစ်ခါ အလှည့်ကျတဲ့ old but gold ကားကတော့ IMDB 7.1/10 ရရှိထားတဲ့ Ted မင်းသားကြီး Mark Wahlberg ရဲ့  Thriller/Action ကားလေးပဲဖြစ်ပါတယ်။ဆွယ်ဂါက တောအုပ်ထဲမှာ သူချစ်တဲ့ခွေးလေးနဲ့ ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့ အငြိမ်းစား ကျွမ်းကျင်လက်ဖြောင့်သေနတ်သမားတစ်ဦးပါ။ လွန်ခဲ့တဲ့ ၃ နှစ်က စစ်ဆင်ရေးတစ်ခုမှာ အဖြစ်ဆိုးတစ်ခုနဲ့ ကြုံခဲ့ရတာကြောင့် တပ်ထဲကနေ အငြိမ်းစားယူခဲ့တယ်လို့ ဆိုရမှာပေါ့လေ။အေးချမ်းတဲ့သူ့ဘဝထဲကို "သမ္မတကို လုပ်ကြံဖို့ အစီအစဉ်ဆွဲပေးပါ"ဆိုပြီး ဆိုင်းမဆင့် ဘုံမဆင့် ရောက်ရှိလာခဲ့သူကတော့ ဗိုလ်မှူး ဂျွန်ဆင်ပါ။ သမ္မတကို စိတ်မဝင်စားသလို အေးချမ်းစွာနေလိုတဲ့ ဆွယ်ဂါတစ်ယောက် နောက်ဆုံးကျ ဗိုလ်မှူး ဂျွန်ဆင်ရဲ့ အပြောမှာ မျောပြီး အစီအစဉ်ကို သဘောတူလိုက်မိရာမှာတော့..သူ့ကို စောင့်ကြိုနေခဲ့တဲ့ လှည့်ကွက်တွေနဲ့ အစီအစဉ်ကဘာများလဲ.. သမ္မတကို လုပ်ကြံတဲ့အစီအစဉ်ကရော အထမြောက်အောင်မြင်သွားမှာလား.. သူ့ရဲ့တစ်ချိန်က ကျွမ်းကျင်မှုတွေကို အကျိုးရှိရှိ အသုံးချပြီး အရည်အချင်းရှိရှိနဲ့ သူ့ကိုဆင်ထားတဲ့ ထောင်ချောက်ထဲကနေ လွတ်အောင်ရုန်းနိုင်ပါ့မလား.. ဆိုတာကိုတော့ နိုင်ငံရေးလှည့်ကွက်မျိုးစုံနဲ့ ဆွယ်ဂါ့ရဲ့စွန့်စားခန်းတွေကို ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြပါဦးနော်။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို ...
movie

Shooter (2007)

2007
4K HEVC
I Spy (2002) 5.5
I Spy (2002)  ဒီကားလေးကတော့ Owen Wilson နဲ့ Shrek animationထဲက Donky အသံသရုပ်ဆောင် Eddie Murphy တို့နှစ်ယောက်တူတူပါဝင်ထားတဲ့ ဟာသအက်ရှင်ကားလေးပဲဖြစ်ပါတယ်.ဇာတ်လမ်းအကျဥ်းလေးကတော့ အစိုးရဆီကအခိုးခံလိုက်ရတဲ့ကိုယ်ပျောက်လေယာဥ်ကို ပြန်ယူပေးဖို့အထူးအေးဂျင့် အဲလက်စ် (Owen Wilson) နဲ့ အစိုးရကနေအကူအညီတောင်းခေါ်ယူထားတဲ့ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမား ကယ် ရော်ဘင်ဆန် (Eddie Murphy)တို့နှစ်ယောက် တာဝန်ပေးခံရပါတယ် ။နယ်ပယ်မတူတဲ့သူတို့နှစ်ယောက် အဖွဲ့​​​ဖြစ်သွားပြီးလေယာဥ်ကိုပြန်ရအောင်ဘယ်လိုကြိုးစားကြမလဲဆိုတာဟာသတွေအလွဲတွေနဲ့ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပါ.. File size…1.87GB /1.1GB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BELYS
movie

I Spy (2002)

Man of Steel (2013) 7.1
Man of Steel (2013) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Man of Steel (2013)

2013
4K HEVC
The Butterfly Effect 2 (2006)
The Butterfly Effect 2 (2006)  နစ် လာဆင်ဟာ သူ့ရဲ့ကောင်မလေး ဂျူလီ မီလာကို မတော်တဆမှုတစ်ခုမှာ ဆုံးရှုံးခဲ့ရပြီး သူ့ရဲ့ အောင်မြင်နေတဲ့ အလုပ်အကိုင်တွေနဲ့ ပျော်ရွှင်ဖွယ်ရာ ဘဝတစ်ခုဟာ ကွဲကြေပျက်ဆီးခဲ့ရပါတယ်.အဲဒီလိုနဲ့ သူ့ကိုယ်သူအပြစ်ရှိတဲ့ စိတ်နဲ့ရှင်သန်နေပြီး တစ်နှစ်လောက်အကြာမှာတော့ နစ်ဟာ သူ အချိန်နောက်ပြန်သွားနိုင်တယ်ဆိုတာကို မထင်မှတ်ပဲ သိသွားခဲ့ပါတယ်. သူက အဲဒီ့အစွမ်းကိုသုံးပြီးတော့ သူ့ကောင်မလေးဂျူလီ မသေဆုံးရအောင် ကာကွယ်ပါတော့တယ်.ကံမကောင်းစွာနဲ့ နစ်ရဲ့ အဲဒီလို အချိန်နောက်ပြန်သွားခြင်းဟာ အနာဂတ်မှာ ဖြစ်လာမယ့် အရာတွေကိုပါ ထိခိုက်လာပါတော့တယ်.နစ် တစ်ယောက် ဘာမှဆိုးဆိုးရွားရွားမဖြစ်ပဲ သူချစ်ရတဲ့ ဂျူလီကို ကယ်နိုင်မလား.... ဒါမှမဟုတ် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းတစ်ခုလုံးကို စီးမျောပြီး အချိန် တစ်နာရီခွဲလောက် ကုန်လို့ကုန်သွားမှန်းမသိအောင်ကို ဆွဲဆောင်ထားနိုင်တဲ့ Mystery Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်.နာမည်ကျော် The Mask ရုပ်ရှင်, Child's Play 3 ရုပ်ရှင်တွေအပြင် အခြားနာမည်ကြီး Horror ကားတွေဖြစ်တဲ့ Insidious, The Conjuring ...
movie

The Butterfly Effect 2 (2006)

Two for the Money(2005) 7.0
Two for the Money(2005) Two for the Money(2005)*********************** Matthew McConaughey  နဲ့  ဂုရုကြီး Al Pacino  ပါဝင်ထားတဲ့ကားဆိုတော့ထွေထူးတော့ညွှန်းဖို့သိပ်လိုမယ်မထင်ပါဘူး...  အရမ်းတော်တဲ့ ကောလိပ်ဘောလုံးသမားဖြစ်ခဲ့ပေမယ့် မတော်တဆတစ်ခုမှာ ရခဲ့တဲ့ခြေထောက်ဒဏ်ရာကြောင့်ဘယ်တော့မှ ဘောလုံးပြန်ကစားဖို့ မဖြစ်နိုင်တော့တဲ့ ဘရန်ဒန်လန်းဟာ  လောင်းကစားဘက်မှာတော့သူ့မှာ ထူးချွန်တယ်လို့ဆိုရမယ်..။ လောင်းကစားသမားတွေကို အနိုင်ရမယ့်ဘက်ခန့်မှန်းပေးပြီးအကြံပေးတဲ့သူတစ်ယောက် ဖြစ်လာပါတော့တယ်။ တစ်နေ့မှာတော့ ဝယ်လ်သာအေဘရမ်စ်ဆိုတဲ့ နယူးယော့ခ်ကလောင်းကစားလုပ်ငန်းသူဌေးကြီးက ဘရန်ဒန့်ကိုသဘောကျပြီး သူ့ဆီအလုပ်လာလုပ်ဖို့ ကမ်းလှမ်းခဲ့တဲ့အခါဘရန်ဒန်တစ်ယောက် ဂျွန်အန်တိုနီဆိုတဲ့နာမည်နဲ့ လောင်းကစားအကြံပေးသမားဖြစ်လာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့...File Size : (2.9GB) and (800MB) Quality :Blu-Ray1080P5.1Ch, 720p Format…mp4 Duration…02:02:00 Genre : Crime, Sport, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae
movie

Two for the Money(2005)

Paycheck (2003) 6.3
Paycheck (2003)  Paycheck ( 2003 ) ပရိသတ်တို့ရဲ့ အချစ်တော်မင်းသားကြီး Ben Affleck ရဲ့ 2003 ခုနှစ်ကတည်းက ထွက်ရှိထားတဲ့ Action ဇာတ်ကားကောင်းဖြစ်ပါတယ်။ နည်းပညာအသစ်အဆန်းတွေကို သူများထက်သာလွန်ပြီး လျင်မြန်တဲ့ နည်းလမ်းတွေနဲ့ ဖန်တီးတည်ဆောက်နိုင်တဲ့ အင်ဂျင်နီယာလေး မိုက်ခ်ဟာ သူ့ရဲ့ဦးနှောက်ကို ပိုက်ဆံတွေနဲ့ အလဲအလှယ်လုပ်လေ့ရှိပါတယ်။တစ်နေ့တော့ သူ့သူငယ်ချင်း ဂျင်မီရဲ့ ငွေမက်လုံးပေးမှုကြောင့် သူ့ရဲ့သုံးနှစ်တာကို ထုံးစံအတိုင်း အရောင်းအဝယ်လုပ်ဖို့ ကြိုးစားရာကနေ သူ့ဘဝအလှည့်အပြောင်းကြုံလာခဲ့ပါတယ်။ သူတည်ဆောက်ခဲ့တာက ဘယ်လိုမျိုးနည်းပညာဖြစ်ပြီး ဘယ်လိုမျိုး ကိုယ့်ရှူးကိုယ်ပတ်ပြီး ကြားထဲမှာ လမ်းကြုံ ချစ်ရသူဒေါက်တာမလေးနဲ့ ဒရမ်မာခင်းတာတွေလည်း ပါဝင်ပါတယ်။ကြည့်ရတန်တဲ့ဇာတ်လမ်းဖြစ်တာမို့ စဥ်းစားမနေဘဲ Playlist ထဲထည့်ဖို့ အကြံပြုချင်ပါတယ်ရှင်။ File size…(2.64GB/(1.35GB)/(677MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:59:00 Genre...Action / Mystery / Sci -Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Paycheck (2003)

Game Over, Man! (2018) 5.4
Game Over, Man! (2018) ဒီတစ်ခါတော့ CM Fan တွေကို Netflix ကဟာသ ကားလေး တစ်ခု နဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒါပေမယ့် ကြိုသတိပေးချင်တာကတော့18+ အဆင့် R- Rated အဆင့်ပါလိင်အင်္ဂါ ပုံတွေ အထင်းသား ပြထားတဲ့အပြင်သွေးထွက်သံယုံ အပြင်းစားတွေ နဲ့လူကြီး နဲ့ ကလေး အတူတူ မကြည့်သင့်တဲ့ဆဲဆိုတဲ့ အသုံးအနှုန်းတွေ အများကြီးပါဝင်တဲ့အတွက်အသက်မပြည့်သေးတဲ့ သူများ ၊ မိသားစု နဲ့ အတူကြည့်သော သူများကြည့်ရှုရန် မသင့်တော်ပါ နှလုံးရောဂါရှိသူများ မကြည့်သင့်ပါဇတ်လမ်းပုံစံကတော့ ထောင့်မကျိုး အပျင်းထူ လူတွေနဲ့အစေးမကပ် တဲ့ ဟိုတယ်တစ်ခုရဲ့ အခန်းရှင်း ၀ိတ်တာဘွိုင်း ၃ ယောက်နဲ့ဇတ်လမ်း စထားပါတယ်...သူတို့ ၃ ယောက်က မကောင်းတဲ့ အကျင့်တစ်မျိုးစီ ရှိပြီးဘာလုပ်လုပ် တလွဲတွေပဲ ဖြစ်နေပေမယ့် တူညီတဲ့အကြံတစ်ခုတော့ ရှိပါတယ် အဲ့ဒါကတော့ချမ်းသာချင်တဲ့ စိတ်ပါပဲ :Pတစ်ရက်မှာတော့ သူတို့ ဟိုတယ် ကိုVIP တစ်ယောက်လာတည်းပါတယ်အဲ့ဒီအတွက်လဲ ဟိုတယ်တစ်ခုလုံး တာဝန်တွေခွဲဝေယူရရင်း အလုပ်ရှုပ်နေတာပေါ့အဲ့ဒီ VIP ကတော့ ...
movie

Game Over, Man! (2018)

2018
Red Riding Hood (2011) 5.5
Red Riding Hood (2011) Red Riding Hood (2011)_____IMDb - 5.5/10    ဒီဇာတ်ကားကို စာရေးဆရာမ Sarah Blakley-Cartwright ရဲ့နာမည်ကျော် Red Riding Hood စာအုပ်ကိုအခြေခံပြီး ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးခဲ့ပါတယ်။ Drama, Horror အမျိုးအစားဖြစ်ပြီးတော့ အားလုံးရဲ့အချစ်တော်မင်းသားကြီးLeonardo DiCaprio ကထုတ်လုပ်သူအဖြစ်ပါဝင်ခဲ့ပါတယ်။ ဇာတ်ကားရဲ့ဒါရိုက်တာကတော့ Catherine Hardwicke ဖြစ်ပြီးခေါင်းဆောင်မင်းသမီးအဖြစ် မင်းသမီးချော Amanda Seyfried ကပါဝင်သရုပ်ဆောင်ထားပြီး မင်းသားချော Lukas Haas နဲ့ မကြာသေးခင်ကမှ Oscar ဆုကိုရှရှိခဲ့တဲ့ မင်းသားကြီး Gary Oldman တို့က ဇာတ်ပို့သရုပ်ဆောင်များအဖြစ်ပါဝင်ထားပါတယ်။ Horror Genre ဖြစ်လို့ ရုပ်ရှင်အကဲဖြတ်တွေအကြား ရေပန်းမစားခဲ့ပေမယ့်လည်း တကယ်ကြည့်လို့ကောင်းတဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။    ဇာတ်လမ်းအကျဉ်း ----------------------------- Valerie ဟာ Daggerhorn လို့ခေါ်တဲ့ ရွာလေးမှာနေထိုင်တဲ့ မိန်းမပျိုလေးတစ်ဦးဖြစ်ပြီးတော့ အဲဒီရွာဟာ သမန်းဝံပုလွေတစ်ကောင်ရဲ့ နှောင့်ယှက်ခြင်းကိုခံနေရပါတယ်။ သူဟာ မိဘမဲသစ်ခုတ်သမားလေး Peter နဲ့ရည်ငံနေပေမယ့် မိဘဖြစ်သူတွေက ချမ်းသာကြွယ်ဝတဲ့ပန်းပဲဆရာကြီးတစ်ဦးရဲ့သားဖြစ်သူ Henry Lazar နဲ့လက်ထက်ထိမ်းမြားဖို့ ကြောင်းလမ်းထားပြီးဖြစ်ပါတယ်။ ဒါကြောင့်သူတို့ချစ်သူနှစ်ဦးက မခွဲနိုင်တာကြောင့် ...
movie

Red Riding Hood (2011)

2011