Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Brad Benedict
5.5
Final Heat (2024)
လူ့ဘ၀မှာအရေးအကြီးဆုံးကတော့ပိုက်ဆံတွေ ဂုဏ်ပကာသနတွေထက် ကျန်းမာကြံ့ခိုင်ပြီးကျန်းမာရေးကောင်းနေဖို့ကအရေးအကြီးဆုံးပါပဲ။အဲ့ဒါကြောင့်ကမ္ဘာပေါ်မှာရှိတဲ့လူအများစုကအားကစားတစ်ခုမဟုတ်တစ်ခုတော့လုပ်ကြပါတယ်။Gym ကစားတာ စက်ဘီးစီးတာ ပြေးတာ လမ်းလျှောက်တာအကုန်လုံးကကျန်းမာကြံ့ခိုင်စေနိုင်တဲ့လေ့ကျင့်ခန်းတွေပါပဲ။ဒီလိုကျန်းမာကြံ့ခိုင်စေဖို့လေ့ကျင့်ခန်းတွေကိုပိုမိုလုပ်ဆောင်စေဖို့အတွက်ကမ္ဘာတစ်ဝှမ်းမှာလည်းအားကစားပြိုင်ပွဲအသေးစားလေးတွေကနေ အိုလံပစ်အားကစားပြိုင်ပွဲတွေအထိပါကျင်းပပေးကြပါတယ်။အခုတင်ဆက်ပေးမဲ့ Final Heat ဆိုတဲ့ဇာတ်ကားထဲမှာလည်းကျန်းမာကြံ့ခိုင်ရေးပြိုင်ပွဲဝင်ခွင့်ရဖို့ကြိုးစားနေတဲ့အားကစားသမားတွေရဲ့စွန့်စားခန်းကိုတွေ့ရမှာဖြစ်ပါတယ်။ကမ်နဲ့လိန်းနီတို့ကဟောလီး၀ုဒ်ဘောက်စ်ဆိုတဲ့အားကစားရုံပိုင်ရှင်တွေဖြစ်ကြပြီး သူတို့အားကစားရုံကအခြေအနေမကောင်းပြီးငွေကြေးအဆင်မပြေတော့တဲ့အတွက်အားကစားရုံမပိတ်ရခင်လေးမှာကြိုးစားချင်စိတ်ရှိတဲ့အထောက်အပံ့လိုတဲ့အားကစားသမားတွေကိုငွေကြေးထောက်ပံ့ပေးပြီးပြိုင်ပွဲဝင်နိုင်အောင်ကူညီပေးဖို့ဆုံးဖြတ်ခဲ့ကြပါတော့တယ်။ဒီလိုနဲ့သူတို့ဆီမှာ လာလျှောက်တဲ့လူတွေအများကြီးထဲကသင့်တော်မယ်ထင်တဲ့ အားကစားသမားတွေကိုရွေးထုတ်ရင်းအဖွဲ့တစ်ခုဖြစ်သွားခဲ့ကြပါတော့တယ်။ဒါပေမယ့် ကမ်တို့ကိုယ်တိုင်ကိုကမပြေလည်တဲ့အတွက်ပြိုင်ပွဲဝင်ခွင့်ရတဲ့အထိသူတို့ကိုလေ့ကျင့်ပေးပြီး ထောက်ပံ့ပေးဖို့ဆိုတာကအခက်အခဲကြီးတစ်ခုပါပဲ။ဒါပေမယ့် သူတို့အဖွဲ့လေးကလည်း ပြိုင်ပွဲဝင်ခွင့်ရဖို့ ရည်ရွယ်ချက်တစ်ခုတည်းကို အတူတူထားတဲ့အတွက်အခက်အခဲတွေကို ကျော်ဖြတ်ပြီး အတူတူကြိုးစားသွားကြပုံတွေကိုတွေ့ရမဲ့အားကစားအမျိုးအစားကို Documentary ပုံစံလိုပေါင်းစပ်ပြီးရိုက်ကူးထားတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…2.14GB / 872MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 32m Genre …..Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Final Heat (2024)
5.2
Love on the Rise (2020)
Love on the rise (2020)တောင်ကာရိုလိုင်းနားပြည်နယ်ရဲ့ ပင်လယ်ကမ်းစပ်ကမြို့ကလေးဟာ သဘာဝရှုခင်းတွေနဲ့ သာယာလှပနေပါတယ် အဲ့မြို့လေးမှာ ဗစ်တိုးရီးယား(တိုရီ)ဆိုတဲ့ မုန့်ဖုတ်သမလေးက သူ့လုပ်ငန်းကိုကြိုးစားလုပ်ကိုင်ရင်း "ကိတ်နတ်သမီး" ဆိုပြီး နာမည်ရစပြုလာတဲ့မိန်းမငယ်လေးတစ်ယောက်ပေါ့တစ်နေ့တော့ မင်္ဂလာဆောင်တစ်ခုကို ကိတ်မုန့်သွားပို့တဲ့အခါ ဂျိတ် ဆိုတဲ့ကောင်လေးနဲ့ သွားဆုံပါလေရော ဒါပေမယ့် တိုရီဟာ ဂျိတ်ကို သူတို့မြို့က အထင်ကရစီးပွားရေးလုပ်ငန်းရှင်ရဲ့သားအနေနဲ့ မသိခဲ့ဘဲ စားပွဲထိုးကောင်လေးအနေနဲ့ပဲ သိခဲ့ပါတယ် ကံဆိုးချင်တော့ တိုရီတို့ငှားထားတဲ့ဆိုင်ခန်းတွေနေရာမှာ ကွန်ဒိုအသစ်တွေဆောက်ဖို့အကြောင်းဖန်လာပါတယ်ဒီကိစ္စကို တိုရီတို့ငှားရမ်းသူတွေက သိသွားပြီး ကန့်ကွက်ကြောင်း ဆန္ဒပြကြတဲ့အခါ ဘာတွေဆက်ဖြစ်လာကြမလဲ????? ဂျိတ်ရဲ့ဘ၀မှန်ကို သိသွားတဲ့အခါမှာ သူတို့နှစ်ယောက် ဘာတွေဆက်ဖြစ်လာကြမလဲ?????ဇာတ်လမ်းလေးက သမားရိုးကျအတိုင်းသွားပေမယ့် ပင်လယ်ကမ်းစပ်အလှတွေ စားချင်စရာကိတ်တွေကိုကြည့်ရင်း အချစ်ပုံပြင်လေးတစ်ပုဒ်ကို သီချင်းမြူးမြူးလေးနဲ့ခံစားချင်ရင်တော့.....Review နဲ့ ဘာသာပြန်ကတော့ Thwal Yadi ပဲ ဖြစ်ပါတယ်။File size… 1.2GB and 581MB Quality….WEB-Rip 1080p and 720p Format…mp4 Duration…. 1hr 26min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thwal Yadi Encoder ..... August
movie
Love on the Rise (2020)
2020