Channel Myanmar

Bowie Lam

A Guilty Conscience (2023) 7.2
A Guilty Conscience (2023) A Guilty Conscience (2023) ======================= IMDb rating - 7.2, RT - 93% Awards - 4wins & 17 nominationsဒီကားလေးကတော့ crime/ mystery အမျိုးအစားဟောင်ကောင်ကားလေးဖြစ်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ အေဒီရီယန်လန်ဆိုတဲ့ ၀တ်လုံတော်ရရှေ့နေက ကလေးသူငယ်ညင်းပန်းနှိပ်စက်မှုနဲ့စွဲချက်တင်ခံထားရတဲ့ ဆင်ဂယ်မားကျန်းမျိုးရိုးကို အမှုလိုက်ပေးပါတယ်။ နောက်တော့ သူ့ရဲ့ပေါ့ပျက်ပျက်နိုင်မှုကြောင့် မိခင်ဖြစ်သူကအပြစ်မရှိဘဲ လူသေစေမှုနဲ့ (၁၇)နှစ် ထောင်ဒဏ်ကျခံလိုက်ရပါတယ်။အဲဒီကနေမှ အေဒရီယန်လန်က အပြစ်ရှိစိတ်နဲ့ အဲဒီအမှုကိုအယူခံပြန်၀င်နိုင်ဖိုကြိုးစားပြီး ဆင်ဂယ်မားဖြစ်သူကို တရားသေလွှတ်နိုင်ဖိုကြိုးစားပါတယ်။ ဒါပေမဲ့ အမှူကမရိုးရှင်းပဲ နောက်ကွယ်မှာ အင်အားကြီးမိသားစုတစ်ခုရှိနေပါတယ်။ ငွေများငွေနိုင်တဲ့လောကကြီးမှာ ‌ကျန်းမျိုးရိုးမိခင်ဖြစ်သူက အပြစ်မရှိကြောင်းပြသနိုင်ပါ့မလား တကယ့်တရားခံအစစ်ကိုရော ဖော်ထုတ်နိုင်ပါ့မလား စိတ်၀င်စားစရာကြည့်ရှုရမှာပါ။ရထားတဲ့ဆုတွေနဲ့ ratingတွေကိုကြည့်လိုက်ရင် ပြစ်ရက်စရာမရှိတဲ့ကားလေးမလို တင်ဆက်ပေးလိုက်ရပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Soe Thiri Swe ပါ )File size_(1.4GB)/(680MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:15:00 Genre_Crime , ...
movie

A Guilty Conscience (2023)

Supercop 2 (1993)
Supercop 2 (1993)  ဒီကားလေးကတော့ ပထမကား Super Cop 1 ရဲ့ အဆက် ဂျက်ကီချန်း နဲ့ မီရှယ်ယို တို့ရဲ့ကားလေးပါပဲ........ဒီကားလေးထဲမှာတော့ မီရှယ်ယို က အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး သူ့ရဲ့ ချစ်သူဟောင်း ရဲအရာရှိက ဘက်ပြောင်းပြီး ရာဇဝတ်သားဖြစ်သွားလို့ အချစ်နဲ့ တာဝန်ကြား ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေနဲ့အတူ ရင်ဆိုင်ဖြေရှင်းရတဲ့ ကားကောင်းလေးတစ်ကားပါပဲ.......အတိုက်အခိုက်တွေ ဟာသတွေ နဲ့ တင်ဆက်နေကျ ဂျက်ကီချန်းကားလေးတွေထဲမှာ ဒီကားလေးကတော့ ဝမ်နည်းလွမ်းဆွတ်စရာလေးတွေပါ ရောယှက်ထားလို့ ကြည့်ကောင်းနေမှာတော့ အသေအချာပါပဲ....... File size…( 890 Mb) Quality….DVDrip 480p Format…mp4 Duration….01:44:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo
movie

Supercop 2 (1993)

A Guilty Conscience ( 2023 ) 6
A Guilty Conscience ( 2023 ) တရားဥပဒေရှေ့မှာ လူတိုင်းဟာ တန်းတူညီမျှကြသလား။ ဒီတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟောင်ကောင်မှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ရှေ့နေလင်လျန်ဆွေက အပြောကြမ်းတယ်ဆိုပြီး နာမည်ကြီးသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ လူအများဂရုစိုက်နေကြတဲ့ ကလေးညှဉ်းပန်းနှိပ်စက်မှုတစ်ခုကို ဖြေရှင်းချိန်မှာတော့ ကိုယ့်ကိုယ်ကို အလွန်အထင်ကြီးခဲ့တဲ့အတွက် သူ့ရဲ့ အမှုသည် ကျန်းကျဲအာဟာ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံခဲ့ရပါတယ်။လင်လျန်ဆွေကလည်း နာမည်ပျက်သွားခဲ့ပြီး ဈေးပေါပေါနဲ့ သာမန်ပြည်သူတွေအတွက်ပဲ အမှုလိုက်ပေးနေရပါတယ်။ အမှုကို ပြန်လှန်ဖို့ အခွင့်အရေး ရလာတဲ့အခါမှာတော့ သူက ပြန်လည်အမှုစစ်ဖို့ တင်ပြနိုင်ခဲ့ပါတယ်။ ဒီအမှုက ချမ်သာကြွယ်ဝတဲ့ ကျုံးမိသားစုက လင်မယားနှစ်ယောက်နဲ့ ပတ်သက်နေခဲ့ပါတယ်။ကျုံးမိသားစုရဲ့ ဥပဒေအကြံပေး တုံဝေ့ကော်ရဲ့ အောက်တန်းကျတဲ့ အကြံအစည်တွေကြောင့် သတင်းထောက်တွေရော ရဲဌာနတွေ ဥပဒေဌာနတွေက လင်လျန်ဆွေကို ရန်လိုနေခဲ့ပါတယ်။ တရားရုံးထဲမှာ လင်လျန်ဆွေဟာ အမှုစစ်ရှေ့နေကို ရင်ဆိုင်ပြီး အာဏာရှင်တွေကို အစွမ်းကုန်ကြိုးစား တိုက်ခိုက်ခဲ့ပါတယ်။ကျန်းကျဲအာတစ်ယောက် အပြစ်မှ လွှတ်မြောက်နိုင်ပါ့မလား...... လင်လျန်ဆွေကလည်း လွန်ခဲ့တဲ့ ၂ နှစ်က အမှားတွေကို ပြန်လည်ပြင်ဆင်နိုင်ပါ့မလား...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါတော့နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , ...
movie

A Guilty Conscience ( 2023 )

Hard Boiled (1992) 7.8
Hard Boiled (1992) Hard Boiled (1992)IMDb - 7.8, Rotten Tomatoes - 94%John Woo ရဲ့ ပစ္စတိုအော်ပရာတစ်ပုဒ်ကို ကြည့်ချင်တယ်ဆိုပါစို့။ Hard Boiled ဟာ ခင်ဗျားချန်ထားခဲ့လို့မရတဲ့ကားပဲ။ ဂျွန်ဝူးရဲ့ အကောင်းဆုံးတွေအကြောင်းပြောရင် Hard Boiled ကို ကျုပ်တို့တွေ ဖယ်ထားလို့မရဘူး။ ဒီရုပ်ရှင်အပြီးမှာ သူဟာ ခင်ဗျားတို့ ကြိုက်လှပါရဲ့ပြောကြတဲ့ Windtalkers တို့ Face / Off တို့ကို ဟောလိဝုဒ်ထွက်ရိုက်နိုင်တဲ့အထိ ခြေဆန့်နိုင်ခဲ့တယ်။ Mission:Impossible 2 ကိုလည်း သူပဲရိုက်ခဲ့တာပဲ။ဂျွန်ဝူးရဲ့ လက်စွဲတော်ချောင်ယွန်ဖတ်နဲ့အတူ ရှမ်းကြီးအဖေ တိုနီလျောင်ချူဝေကိုလည်း ဒီကားထဲမှာ ခင်ဗျားတို့တွေ့ရလိမ့်မယ်။ ဝါတော့နည်းနည်းနုသေးတာပေါ့။ ချောင်ယွန်ဖတ်ကြီးကတော့ သူ့စတိုင်အတိုင်း သွားကြားထိုးတံကြီးတခဲခဲနဲ့ သေနတ်တွေပစ်ပြနေတာပါပဲ။ ရှားရှားပါးပါးချောင်ယွန်ဖတ် ရဲနေရာက သရုပ်ဆောင်တဲ့ကားဆိုလည်း မမှားဘူး။ Hard Boiled ကိုတော့ ကျွန်တော့်အနေနဲ့ပြောရရင် မာတင်စကောဆေးစိကြီး ကူးချလိုက်ရတဲ့ ...
movie

Hard Boiled (1992)

1992
Lawyer Lawyer (1997) 6.2
Lawyer Lawyer (1997) Lawyer Lawyer (1997)စတီဗင်ချောင်ရဲ့ကားဆိုတာနဲ့ အများကြီးညွှန်းစရာတော့ မလိုပါဘူး။ မြန်မာပရိသတ်နဲ့ မစိမ်းတဲ့ တရုတ်ဟာသမင်းသားကြီး စတီဗင်ချောင်က ဒီကားထဲမှာတော့ ရှေ့နေတစ်ယောက်ပါ။ ရှေ့နေဆိုပေမယ့် ရှေ့နေစစ်စစ်လားဆိုတော့ မဟုတ်ပြန်ပါဘူး။ စိုင်ကော်လို့ ချုံပေါ်ရောက်ဆိုသလို ရှေ့နေဘဝကို ရောက်ခဲ့ရတာပါ။ တရုတ်ပြည်ကြီး ဗြိတိသျှတွေ လက်အောက်မှာ ကျရောက်တုန်းက တရားဥပဒေစိုးမိုးရေးဆိုတာ ဗြိတိသျှတွေရဲ့ ဥပဒေပညာရပ်နဲ့ပဲ ဆုံးဖြတ်ပါတယ်။ နယ်မြို့လေးမှာနေတဲ့ ချန်မိုဂတ်ဆိုတဲ့ လူတစ်ယောက်ဟာ အင်မတန် လူရည်လည်ပါတယ်။ စကားအပြောအဆို အင်မတန်ပါးနပ််ပါတယ်။ သူ့မှာ "ဖုန်း" ဆိုတဲ့ တပည့်တစ်ယောက်ရှိပါတယ်။ တစ်နေ့တော့ 'ဖုန်း'တစ်ယောက် ဆရာနဲ့ စကားများရန်ဖြစ်ပြီး မြို့ပေါ်ကို တက်သွားပါတော့တယ်။ အဲ့ဒီမှာ ပြဿနာက စတာပါပဲ။ 'ဖုန်း' ကို လူသတ်မှုနဲ့ အစွပ်စွဲခံရပါတော့တယ်။ ဒီတော့ သူက သူ့ဆရာကို အားကိုးပြီး သူ့ဆရာကို ရှေ့နေလိုက်ခိုင်းပါတော့တယ်။ ချန်မိုဂတ် ကတော့ သူ့ကို စွန့်ပစ်ထားခဲ့တဲ့ တပည့်မို့ သူက စွန့်ပစ်ချင်နေပါတယ်။ ဒါပေမယ့် မလွှဲသာမရှောင်သာတဲ့ အကြောင်းတရားတွေကြောင့် 'ချန်မိုဂတ်' တစ်ယောက် ဒီလူသတ်မှုကို ရှေ့နေလိုက်ရပါတော့တယ်။ ရှေ့နေဆိုတာ အပြောအဆိုလိမ္မာပါးနပ်ဖို့ လိုပါတယ်။ ဒီ့အပြင် ...
movie

Lawyer Lawyer (1997)

1997