Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bouli Lanners
Paint it Gold (2023)
Paint It Gold [2023] (IMDb 5.6/10)ရန်ဇို နာဗီဆိုတာ ခေတ်ဟောင်းက ပန်းချီဆရာတစ်ယောက်... ပန်းချီကားရောင်းရငွေလေးနဲ့ပဲ ရှင်သန်နေတယ်... သိပ်ချစ်ရတဲ့ ဇနီးသည်ဆုံးသွားပြီးကတည်းက သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေလည်း လွင့်ပါးသွားခဲ့ရတယ်... ပန်းချီဆရာတို့ ထုံးစံ လူ့လောကနဲ့ ဆန့်ကျင်ဘက်… ဘောင်တို့ရဲ့ ပြင်ပက လူတစ်ယောက်ပေါ့... နာဗီ့မှာ အာသာဆိုတဲ့ ပြတိုက်မှူးမိတ်ဆွေတစ်ယောက် ရှိတယ်... အာသာက နာဗီကို အမြဲတစေ ကူညီတယ် ဒါပေမယ့် နာဗီက အကုန်လုံးကို သဲထဲရေသွန်ဖြစ်အောင်ပဲ လုပ်လေ့ရှိတယ်... ဒီလိနေ့မှာတော့ အာသာ သည်းခံနိုင်တဲ့အတိုင်းအတာကို ကျော်လွန်သွားခဲ့ပါတယ်... အဲ့နောက်တော့ ဆယ်စုနှစ်ပေါင်းများစွာတိုင် တည်တံ့ခဲ့တဲ့ သူငယ်ချင်းဆက်ဆံရေးလည်း ပျက်စီးသွားလေတော့သတည်းပေါ့... ဒါပေမယ့်လည်း အချိန်တစ်ခုအကြာမှာတော့ သူတို့ ပြန်ခေါ်ပြန်ပြော ဖြစ်သွားပါတယ်... ပြန်တည့်သွားကြတဲ့နောက် နာဗီတစ်ယောက် သူ့အချိန်ပြီးသွားပြီ သူသေဖို့ အသင့်ဖြစ်ပြီလို့ ဆိုကာ သူ့ကိုယ်သူ သတ်သေမယ့်အစီအစဉ်မှာ ကူညီပေးဖို့ အာသာကို အကူအညီတောင်းပါတယ်... အာသာကတော့ မကူညီခဲ့ပါဘူး... အဲ့နောက်တော့ နာဗီလည်း သူလုပ်စရာ ရှိတာကိုသာ လုပ်ဖို့ ကြိုးစားရင်းက ဘာတွေဆက်မဖြစ်လဲဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ Tun Aung ...
movie
Paint it Gold (2023)
7.4
A Town Called Panic (2009)
ဒီကားလေးကတော့ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ ပြင်သစ်စကားပြော stop motion animated ဇာတ်ကားလေးဖြစ်ပါတယ်။ သမားရိုးကျ animation ကားမဟုတ်ဘဲ ပလတ်စတစ်အရုပ်တွေကိုအသုံးပြုထားတဲ့အပြင်ဇာတ်လမ်းတည်ဆောက်ရာမှာလည်း ပုံမှန်မဟုတ်တဲ့ non sensical storyline ဇာတ်အိမ်ပုံစံမျိုးဖြစ်ပြီး Physical Comedy လို့ခေါ်တဲ့ လှုပ်ရှားမှုများများသုံးပြီး ဟာသကိုသရုပ်ဖော်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့အင်ဒီးယန်း၊ ကောင်းဘွိုင်နဲ့ မောင်မြင်းဆိုတဲ့ ပလတ်စတစ်ရုပ်ကလေးသုံးရုပ်က ကျေးလက်ဒေသက ရွာလေးတစ်ရွာမှာ အတူနေကြပါတယ်။ တစ်နေ့ မောင်မြင်းရဲ့မွေးနေ့မှာ အင်ဒီးယန်းနဲ့ ကောင်းဘွိုင်တို့က မွေးနေ့လက်ဆောင်မဝယ်ရသေးမှန်းသတိရပြီး အများနဲ့မတူတဲ့ လက်ဆောင်တစ်ခုပေးဖို့ ရေးကြီးသုတ်ပျာပြင်ဆင်ကြပါတယ်။ လက်ဆောင်အဖြစ် ဘာဘီကျူးလုပ်တဲ့ အကင်ဖိုတစ်ခုတည်ဆောက်ဖို့ ဆုံးဖြတ်လိုက်ပြီး လိုတဲ့အုပ်ချပ်ရေ ၅၀ ကို အွန်လိုင်းကနေမှာယူလိုက်ပါတယ်။ ဒါပေမဲ့ အမှားအယွင်းဖြစ်ပြီး အုတ်ချပ်၅၀ အစား သန်း၅၀ ရောက်လာရာက အစပြုပြီး ပြဿနာတွေတစ်ခုပြီးတစ်ခုတက်ကာ သူငယ်ချင်းသုံးယောက် တလွဲတွေဖြစ်ကြုံရတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းအမျိုးအစားက Adventure/Comedy အပြင် Farce လို့ခေါ်တဲ့ ...
movie
A Town Called Panic (2009)
7.1
The Night of the 12th (2022)
The Night of the 12th (2022)~ IMDb - 7.1/10, Rotten Tomatoes - 85% ~Memories of Murder တို့ Zodiac တို့လို ဖြစ်ရပ်မှန်ကို အခြေခံပြီး တရားခံမပေါ်တဲ့ ဇာတ်လမ်းတွေကို ကြိုက်တယ်ဆိုရင်တော့ ဒီကားဟာ သင့်အတွက်ပါပဲ။စုံထောက်တိုင်းမှာ သူတို့မေ့မရတဲ့ သူတို့ကို အတွင်းထဲက လှိုက်စားနေတဲ့ အမှုတစ်ခုစီတော့ ရှိတတ်ကြပါတယ်။ ဒီကားထဲက စုံထောက်အတွက်ကတော့ ၁၂ရက်နေ့ညမှာအသတ်ခံခဲ့ရတဲ့ ကလာရာဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အမှုပါ။ ဒီကားဟာလည်း ကလာရာ့အသတ်ခံရမှုနောက်ကို စုံစမ်းဖော်ထုတ်ကြမယ့် ဖြစ်စဉ်အကြောင်းပဲဖြစ်ပါတယ်။အပေါ်မှာပြောခဲ့သလိုပါပဲ... ဒီကားဟာ ပြင်သစ်ရဲဌာနရဲ့ မဖြေရှင်းနိုင်ခဲ့တဲ့ အမှုတစ်ခုအပေါ် အခြေခံပြီး ပြန်ရိုက်ထားတာဖြစ်ပါတယ်။ သိတဲ့အတိုင်းပါပဲ ဒီလိုကားတွေဟာ ဇာတ်လမ်းအကြောင်း သိပ်များများပြောပြဖို့ မသင့်တာမို့ ကိုယ်တိုင် ကြည့်ရှုကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။တစ်ခုရှိတာက ဒါဟာဖြစ်ရပ်မှန်စုံထောက်ကားဆိုပေမယ့် အလွှာတွေအများကြီးနဲ့ ဖွဲ့စည်းထားတဲ့ လူမှုရေးရာခေါင်းစဉ်တွေပါဝင်သလို ...
movie
The Night of the 12th (2022)
2022
7.4
Rust and Bone(2012)
Rust and Bone(2012)================= လက်ဝှေ့သမားဟောင်း အလီဟာ ကြုံရာကျပန်းလုပ်ကိုင်ရင်းအလုပ်ရှာဖို့ရည်ရွယ်ချက်နဲ့ အစ်မဖြစ်သူအိမ်ကို သားလေးလက်ကိုဆွဲပြီး ရောက်လာပါတယ်။ ကလပ်တစ်ခုမှာဂိတ်စောင့် အနေနဲ့လုပ်ကိုင်ရင်း စတပ်ဖ်ဖနီဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ဆုံခဲ့တယ်။တစ်နေ့တော့စတပ်ဖ်ဖနီတစ်ယောက် အလုပ်ကမတော်တဆမှုကြောင့်ထိခိုက်သွားချိန် အလီ နဲ့ပြန်ဆက်သွယ်မိသွားတယ် အလီ ဟာလည်းအလုပ်ကအသိတစ်ယောက်ဆက်သွယ်ပေးမှုနဲ့ လက်ဝှေ့ပွဲတွေကိုစတပ်ဖ်ဖနီကိုခေါ်သွားပြီး ထိုးဖြစ်တယ်။ကြုံရာအလုပ်ကို လုပ်ကိုင်ရင်းမိသားစုဝမ်းရေးကို ဖြေရှင်းနေတဲ့အလီ နဲ့ မတော်တဆမှုကြောင့်စိတ်ဓာတ်ကျနေတဲ့ စတပ်ဖ်ဖနီတို့ဘဝအခက်အခဲတွေကိုကျော်ဖြတ်ကြပုံ အလီ တို့သားအဖနှစ်ယောက်ရဲ့သံယောဇဉ်တွေနဲ့ ကံကြမ္မာရဲ့ကျီစားပုံ တို့ကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ File size…2.07GB / 823MB Quality…WEB-DL 1080p 5.1CH/ 720p Format…mp4 Duration….2h Genre ..... Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eunice
movie
Rust and Bone(2012)
7.6
A Very Long Engagement (2004)
A very long engagement (2004)========================၁၉၁၉ ခုနှစ် သြဂုတ်လမှာ မာသိဒ် သီလရှင်တစ်ပါးဆီက စာရပါတယ်။စာက ပထမကမ္ဘာစစ်ထဲမှာ သေသွားပြီလို့ သိထားတဲ့ သူ့ခင်ပွန်းလောင်းရဲ့ရဲဘော်တစ်ဦးဆီပါ။ အဲဒီနောက်မှာတော့ သူ့ခင်ပွန်းလောင်းအပါအဝင်သေမိန့်ချခံခဲ့ရတဲ့ စစ်သားငါးယောက်အကြောင်းကို ကြားခဲ့ရပါတယ်။အဲဒီကနေစပြီး မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်း မတ်နတ်ခ်ကို ရှာပုံတော်ဖွင့်ပါတော့တယ်။မာနတ်ခ်ကို ရှာရတဲ့ခရီးက လွယ်တော့ မလွယ်လှပါဘူး။ ပထမဆုံးပဲရစ်ကို သွားပြီး စုံထောက်တစ်ယောက်ငှားတယ်။ သူ့ကို ပိုက်ဆံတွေအလကားဖြုန်းပစ်နေတာပဲလို့ ပြောကြပါတယ်။ သူ့ဦးလေးနဲ့အဒေါ်ကလည်း မေ့ပစ်ပြီး သင့်တော်တဲ့သူတစ်ယောက်ရှာတော့တဲ့။အမျိုးမျိုးတားကြတဲ့ကြားမှာ မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်းအသက်ရှင်နေသေးတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားဆဲပါပဲ။ ဒီလိုနဲ့ရသမျှအချက်အလက်တွေကို လိုက်ချိတ်ဆက်ပါတော့တယ်။မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်းကို ရှာတွေ့ပါ့မလား?သူ့ခင်ပွန်းလောင်းကရော အသက်ရှင်နေပါ့မလား?အသက်ရှင်နေရင်ရော ဘာတွေကြောင့် ပြန်မလာနိုင်တာလဲ? အညွှန်းနဲ့ ဘာသာပြန်ကို Phu Myat Thwe ရေးသားထားပါတယ် File size…2 GB / 819MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 13m Genre ..... ...
movie
A Very Long Engagement (2004)
7.0
Bloody Milk(2017)
ဆုတွေရထားတဲ့ပြင်သစ်ကားလေးပါ။ နို့စားနွားမွေးမြူရေးခြံပိုင်ရှင်ပီရာဟာ နွားတွေအပေါ်ချစ်ခင်ကြင်နာတတ်ပြီး ခြံတစ်ခြံလုံးကို တစ်ယောက်တည်းထိန်းသိမ်းလုပ်ကိုင်ရင်း နွားနို့အရည်အသွေးပထမအဆင့်ရထားသူပါ။ ဒါပေမယ့် ဘယ်လ်ဂျီယံနိုင်ငံမှာပြန့်ပွားနေတဲ့ ကြောက်မက်ဖွယ်နွားရောဂါပိုးရဲ့လက္ခဏာတွေကို သူ့ရဲ့နွားတစ်ကောင်မှာတွေ့လာရတဲ့အခါ ကျန်တဲ့နွားတွေပါသုတ်သင်ရှင်းလင်းမခံရအောင် တာဝန်ရှိသူတွေကိုအသိမပေးပဲ တစ်ယောက်တည်းဖြေရှင်းဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ ဇာတ်အေးကားလေးတွေ၊သရုပ်ဆောင်ဦးစားပေးကားတွေကိုကြိုက်တဲ့သူတွေ လက်လွှတ်မခံသင့်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။File size…(1.87GB) / (921MB) / (480MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:30:00 Genre...Crime / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein
movie
Bloody Milk(2017)
7.1
Raw (2016)
အခုတကားကတော့စောင့်မျှော်နေကြတဲ့သူတွေအတွက်ရောHorrorကားကြိုက်တဲ့သူတွေအတွက်ပါအူယားစေမယ့်၂၀၁၇မတ်လထွက်ကားလေးလာပါပြီ။ဂျက်စတင်ဆိုတဲ့ကောင်မလေးဟာမွေးကတည်းနေအသားနဲ့ဓာတ်မတည့်တဲ့အတွက်သတ်သတ်လွတ်ပဲစားတဲ့သူဖြစ်ပါတယ်။သူတို့တမိသားစုလုံးသတ်သတ်လွတ်စားကြတာပါ။ဒါပေမယ့်အဲဒါတွေအားလုံးဟာတိရိစ္ဆာန်ကုဆရာဝန်ကျောင်းရောက်တဲ့ပထမအပတ်တွင်းမှာပဲပြောင်းလဲသွားခဲ့ပါတယ်။ကျောင်းရဲ့ထူးဆန်းတဲ့ကြိုဆိုမှုကြောင့်ဂျက်စတင်တယောက်အသားကိုစစားလိုက်ရပါတယ်။အဲဒီကနေစပြီးအသားစားချင်တဲ့အာသီသဖြစ်နေခဲ့တာပါ။နောက်တော့အခန်းဖော်အဆွယ်ကောင်းမှုနဲ့သူအသားညှပ်ပေါင်မုန့်စစားရင်းနောက်တော့အသားစိမ်းတွေကိုပါစမ်းစားကြည့်လာပါတော့တယ်။ဒီလောက်နဲ့တင်ရပ်မသွားသေးပါဘူး။တနေ့ကျောင်းမှာအရင်ကျောင်းတက်နှင့်တဲ့သူ့အစ်မဆီသွားရင်းမတော်တဆဖြစ်ပြီးသူ့အစ်မလက်ချောင်းပြတ်သွားပါတယ်။ထိတ်ထိတ်ပြာပြာနဲ့ဖြစ်နေရင်းသူ့အစ်မလက်ကိုကိုက်မိပါတယ်တော့တယ်။အဲဒီကနေစပြီးလူသားကိုပထမဆုံးစစားတော့တာပါပဲ။ကြည့်ရင်းကြည့်ရင်းနဲ့အူယားလာစေတဲ့ကားလေးဖြစ်ပါတယ်။၁၈+တွေကြမ်းတမ်းတဲ့စကားအသုံးအနှုန်းတွေပါတဲ့အတွက်မိသားစုနဲ့မကြည့်သင့်ပါဘူး။ဆိုတော့ဂျက်စတင်တယောက်သူ့အာသီသကိုဆက်ထိန်းနိုင်မလား။အဲဒီကနေတဆင့်သူ့မိသားစုနဲ့ဘယ်လိုဆက်နွယ်နေသလဲ။ဘာလျို့ဝှက်ချက်တွေရှိနေသလဲ။သူ့အစ်မကရောသူ့ကိုကူညီပေးမှာလား။ပိုဆိုးစေမှာလား။ဘာတွေကွယ်ဝှက်ထားတာရှိမလဲဆိုတာကတော့ဇာတ်ကားလေးမှာဆက်လက်ရှုစားလိုက်ပါဦးဗျာ။(ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်ကတော့ Thura Zarni Aung ပါ ) File Size : (750 MB) and (300 MB) Quality : 720p Bluray Running Time : 1hr 39minutes Format : Mp4 Genre : Drama, Horror Subtitle : Myanmar Subtitle (Hard Sub) Translated By Thura Zarni Aung Encode By Thanhtike Zaw
movie
Raw (2016)
2016