Channel Myanmar

Bonnie Mercado

Boneyard (2024) 6.0
Boneyard (2024)  Legendary Rapper ကြီး 50 Cent ပါဝင်သရုပ်ဆောင်ထားတဲ့အပြင်ကိုမှ ၂၀၀၉ ခုနှစ်တုန်းက နယူးမက္ကဆီကိုအယ်လ်ဘူကာကီမှာဖြစ်ခဲ့တဲ့ ၁၅ နှစ်ကြာတာတောင်မှအခုထက်ထိ အဖြေမရှာနိုင်သေးတဲ့ အမျိုးသမီးတွေအများကြီးကို သတ်ဖြတ်ပြီးတစ်နေရာတည်းမှာ စုပြုံမြှုပ်ခဲ့တဲ့ကွင်းဆက်လူသတ်မှုကြီးကို အခြေခံပြီးပြန်ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်မှုခင်း ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။အဲ့ဒီကွင်းဆက် လူသတ်သမားမြှုပ်နှံခဲ့တဲ့အမျိုးသမီးတွေကို ရဲတွေတွေ့ရှိခဲ့တဲ့အချိန်မှာ မြေကြီးထဲမှာရှိနေတာတော်တော်ကြာနေပြီဖြစ်တဲ့အတွက် အကုန်လုံးအရိုးဆွေးနေပြီဖြစ်လို့ဇာတ်ကားနာမည်ကို Boneyard လို့နာမည်ပေးထားပါတယ်။ဇာတ်လမ်းအစမှာတော့ အထက်မှာပြောခဲ့တဲ့အတိုင်းသေဆုံးခဲ့တဲ့အမျိုးသမီးတွေရဲ့ အရိုးတွေကို ရဲတွေရှာတွေ့ခဲ့ကြပြီးနောက်ပိုင်းအကုန်လုံးကအလုပ်တွေရှုပ်ယှက်ခတ်ကုန်ကြတော့ပါတယ်။ဒီလိုအမှုမျိုးဆိုတာကလည်း အယ်လ်ဘူကာကီရဲဌာနအတွက်အကြီးဆုံးအမှုဖြစ်ပြီး FBI တွေဖက်ဒရယ်တွေအကုန်လုံးကပါပါဝင်ကူညီကြရပါတော့တယ်။ဒီအမှုကိုစလိုက်ခဲ့ပြီးနောက်ပိုင်းမှာသိလာရတာက သေဆုံးသူအမျိုးသမီးတွေအများစုက ပြည့်တန်ဆာတွေဖြစ်နေကြတယ်ဆိုတာပါပဲ။ဒီလိုနဲ့ အယ်လ်ဘူကာကီမှာ ကျဉ်လည်နေတဲ့ပြည့်တန်ဆာတွေဆီကိုလိုက်စုံစမ်းရင်း သူတို့ရဲ့ခက်ခဲကြမ်းတမ်းတဲ့ဘ၀တွေကိုပါပေါ်လွင်အောင်ရိုက်ကူးထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်း ပြည့်တန်ဆာတွေအပေါ်မှာ အာဏာကိုအလွဲသုံးစားလုပ်ပြီး မတရားအနိုင်ကျင့်နေတဲ့ရဲ တစ်ယောက်အကြောင်းကိုသိလာရတဲ့အပြင် တခြားသောသံသယရှိသူတွေပေါ်လာပြီးဒီအမှုကြီးကို အောင်မြင်စွာဖော်ထုတ်နိုင်ဖို့အတွက်ကြိုးစားကြပုံတွေကို စိတ်ဝင်စားစရာအပြည့် သည်းထိပ်ရင်ဖိုတွေအပြည့်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…1.31GB / 569MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard ...
movie

Boneyard (2024)

Me Time (2022) 5
Me Time (2022) Me Time (2022)ခုမှ netflix ကနေ အသစ်စက်စက် ထွက်ရှိထားတဲ့ ဟာသကားလေးပါဇာတ်ကားနာမည်က me time ဆိုတဲ့အတိုင်းပဲ ကိုယ့်အတွက်ကိုယ်ပဲ အချိန်ပေးကြမယ်ပေါ့နာမည်ကြီး ဟာသ သရုပ်ဆောင် Kevin Hart နဲ့ Mark Wahlberg တို့ အတူ ပါဝင် သရုပ်ဆောင်ထားတဲ့ ကားလေးမလို့ မရယ်ရမှာတော့ စိတ်မပူပါနဲ့ဇာတ်လမ်းကတော့ ဆွန်နီ (kevin) နဲ့ ဟက် (mark) တို့က ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေ ဖြစ်ပြီးတော့ ဟက်ရဲ့ မွေးနေ့တိုင်းကိုလည်း တူတူဖြတ်သန်းခဲ့ကြတယ်အသက်တွေကြီးလာတော့ ဆွန်နီက မိန်းမနဲ့ ကလေးနှစ်ယောက်ရှိတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်နေပါပြီ ငယ်ငယ်ကလိုလည်း ဟက်နဲ့တူတူပျော်ပျော်ပါးပါး မရှိတော့တာလည်း ကြာပါပြီမိသားစုနဲ့ ကလေးတွေကိုပဲ ဂရုစိုက်နေရတဲ့ ဆွန်နီ တစ်ယောက် ကိုယ့်အတွက်ကိုယ် အချိန်မပေးနိုင်ခဲ့ပါဘူးတစ်ရက်မှာ မိန်းမနဲ့ကလေးတွေက အားလပ်ရက်ခရီးသွားတော့ မိန်းမကလည်း သူ့ကိုယ်သူ အချိန်ပေးဖို့ဆိုပြီး တစ်ယောက်တည်း ထားခဲ့ပါတယ်အဲမှာ ဆွန်နီက ...
movie

Me Time (2022)

2022