Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bonnie Anderson
6.7
Never Too Late to Celebrate (2023)
စပိန်လူမျိုးတွေရဲ့ ဓလေ့ထုံးစံမှာ မိန်းကလေးတွေ အသက် ၁၅ နှစ်ပြည့်တဲ့မွေးနေ့ပွဲကိုကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပပေးတတ်ကြပါတယ်။အရွယ်ရောက်ပြီဆိုတဲ့ အထိမ်းအမှတ်အနေနဲ့ပေါ့။အဲအခမ်းအနားလေးကို quinceañera or quince လို့ခေါ်ပါတယ်။ စပိန်လူမျိုးဖြစ်ပေမယ့် အမေရိကမှာ ပြောင်းရွှေ့အခြေချ နေထိုင်ခဲ့ရတဲ့ အဖေဖြစ်သူနဲ့အမေရိကန်သူဖြစ်တဲ့ အမေဆီက မွေးဖွားလာတဲ့ ကပြားလေး ကာမီလာ လိုပက်ဇ်ကတော့အဖေဖြစ်သူကို ဆုံးရှုံးထားရတဲ့အတွက် အဖေ့ကို တသသဖြစ်ပြီး လွမ်းဆွတ်နေသူပါ။အဲလိုဖြစ်တာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် မအားလပ်အောင်ထားဖို့အတွက်အလုပ်တွေပဲ ဖိလုပ်နေတဲ့ အလုပ်ကြမ်းပိုးလေးပေါ့။အဲလို နိစ္စဓူဝ အပ်ကြောင်းထပ်နေတဲ့ ကိုယ်ပိုင်အချိန်ဇယားမှာ အသားကျနေတဲ့ကာမီလာတစ်ယောက် အမေဖြစ်သူအလုပ်လုပ်တဲ့ကျောင်းကို သွားတွေ့ရင်းနဲ့အချိန်ပိုင်းဆရာလေး ဟာဗီနဲ့ တွေ့ဆုံခဲ့ပါတော့တယ်။စတွေ့ကတည်းက ဟာဗီပြောခဲ့တဲ့ စကားလေးတစ်ခွန်းကြောင့်အဖေဖြစ်သူကို သတိရပြီး သူစိမ်းရှေ့မှာ ငိုကြွေးခဲ့မိရာကနေကာမီလာတစ်ယောက် ရှေ့ဆက်ပြီး ဘယ်လိုဆုံးဖြတ်ချက်တွေ ချမိမလဲအဖေဖြစ်သူ မရှိဘူးဆိုတဲ့ အတွေးကြောင့် ၃၀ နှစ်ပြည့်မွေးနေ့ကိုပါမကျင်းပဖို့ ဆုံးဖြတ်ထားပေမဲ့ ဘယ်အရာတွေကြောင့်Double quince လုပ်ဖို့ဖြစ်လာမလဲဆိုတာကို အရိုတစ်လိုင်း ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။အရိုကားလေးဆိုပေမယ့် အဖေနဲ့သမီးကြား၊ သားအမိကြား မေတ္တာတွေကိုပါပေါ်လွင်အောင်ပုံဖော်ထားတာမလို့ တစ်ရှူးလေး ...
movie
Never Too Late to Celebrate (2023)