Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Boman Irani
8.4
3 Idiots (2009)
IMDb (8.4/10) /Rotten Tomatoes (100%)December 23, 2009 (USA) မှာ ရုံတင်ပြသခဲ့ပြီး Director: Rajkumar Hirani ရိုက်ကူးထားတဲ့ 3 Idiots အမည်ရှိ India ဟာသ ရုပ်ရှင်ကားလေးဟာ ဟာသ တစ်ခုထဲတင်မကပဲ Aamir Khan ရိုက်ကူးလေ့ရှိသော ဇာတ်ကောင်များအတိုင်း ပရိတ်သတ်ကို အတွေးသစ်အမြင်သစ်နဲ့ ထိုးထွက်လာသော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်...မိဘတွေဟာ သားသမီးတွေအပေါ် ငယ်စဉ်ကတည်းက အရမ်းမျှော်လင့်ချက် ရှိကြတယ် လမ်းမှားမသွားအောင်လို့ ပဲ့ပြင်ဆုံးမကြတယ်...ဒါ့အပြင် အရှေ့တိုင်းမိဘတော်တော်များများမှာ သူတို့သားသမီးကို ဆရာဝန်ကြီး အင်ဂျင်နီယာကြီး စတဲ့ လူကြိုက်များတဲ့ပညာရပ်ကိုသာလေ့လာစေချင်ကြတယ်။ဒါပေမယ့် ကလေးတွေဖက်ကနေ သူတို့ ဘာဖြစ်ချင်ပါတယ်ဆိုတာကို ဘယ်သူမှ မတွေးပေးကြသလို မေးလဲ မမေးကြပါဘူး....သိလဲ မသိချင်ကြသလို စိတ်လဲမဝင်စားကြပါဘူး ကလေးတွေဟာ စက်ရုပ်တွေလိုပဲ မိဘတွေ ဖြစ်စေချင်တဲ့ စီးပွားရေးသမား အစိုးရဝန်ထမ်း ဆရာဝန် အင်ဂျင်နီယာ ရှေ့နေတွေ ဖြစ်လာကြပေမယ့် သူတို့ဝါသနာပါပြီးထူးချွန်နိုင်မယ့် အားကစားလို အနုပညာလို ဘာသာရပ်တွေမှာ မှေးမှိန်ခဲ့ကြရပါတယ်။ဒီအကြောင်းတွေကို ...
movie
3 Idiots (2009)
2009
4K HEVC
6.7
Waqt (2005)
Waqt The Race Against Time(2005)ဆန့်ကျင်ဘက်မျဉ်းပြိုင်နှစ်ကြောင်းရဲ့ အားပြိုင်မှုIMDb-6.7/10ဘောလိဝုဒ်ပရိသတ်ကြီးအတွက် Legend တွေရဲ့ တစ်ခေတ်တခါက ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် အမီတာဘဂျမ်း ၊ ပရီရန်ကား ၊ အရှေးကူးမား တို့လို ထိပ်သီးအနုပညာရှင်တွေချည်းပါဝင်ထားတဲ့ကားဖြစ်ပါတယ်ဘဝနေဝင်ချိန်နဲ့ နီးနေပြီဖြစ်တဲ့ဖခင်ဖြစ်သူက သူကိုယ်တိုင်လည်း ဘဝကို ကြိုးစားရှင်သန်ခဲ့သလိုသူကြိုးစားတည်ထောင်ခဲ့တဲ့ ဘဝကို သားဖြစ်သူလက်ထဲအကြွင်းမဲ့ယုံကြည်အပ်နှံထားခဲ့ချင်တယ် သူထွက်မသွားခင် သားဖြစ်တဲ့သူကို ဘဝကြီးအကြောင်း သေချာနားလည်ပြီး အဖိုးတန်တဲ့ လူတော်လူကောင်းတစ်ယောက်အဖြစ်နဲ့ မြင်ခဲ့ချင်တယ် သားဖြစ်သူရဲ့သွေး မျိုးဆက်လေးရလာခဲ့ရင်ဆိုပြီးတော့လည်း တွေးတွေးပြီးပျော်နေတတ်တဲ့သူသားဖြစ်တဲ့သူကတော့ အဲဒီအချက်တွေနဲ့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတဲ့သူပါပဲ တော်တတ်ပြီးသားအဖေနဲ့ မပူပန်ရတဲ့စည်းစိမ်တွေကြား ဘာလိုနေသေးလဲဆိုပြီး ဘဝကိုပျော်ပျော်ပဲဖြတ်သန်းနေခဲ့တယ် ။သားဖြစ်သူကအားမကိုးရ သုံးစားမရတဲ့အပြင် ရန်သူတော်ရဲ့ သမီးကိုမှအရယူလာတော့ ဘဝဆိုတာရင်ဆိုင်ကြည့်စမ်းဆိုပြီး အကြမ်းနည်းသုံးအိမ်ပေါ်ကနှင်ချတော့တာပဲသိက္ခာ ဥစ္စာ အစစပြည့်စုံနေတဲ့မိသားစုကနေ ရုတ်တရက်ကြီး ဘာမှမရှိတဲ့ဘဝကို ရောက်သွားတဲ့သူက သူ့အဖေဗီဇတွေပါပြီး တိုးတက်အောင်လုပ်နိုင်မလား ဖခင်မေတ္တာကိုရော နားလည်သဘောပေါက်သွားမလား20 ရာစုဝန်းကျင်က ထွက်ရှိခဲ့တဲ့ ဂန္တဝင်တင်တဲ့ဘောလိဝုဒ်ကောင်းများစွာလို ဒီကားကရော အဲဒီစံနှုန်းကိုမီရဲ့လား ရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ် File size…5.62GB / 2.35GB Quality…AMZ WEB DL 1080p / 720p Format…mp4 Duration….2h 33m Subtitle….Myanmar ...
movie
Waqt (2005)
2005
7.2
Dunki (2023)
Dunki (2023) "ပြည်တော်ပြန်" IMDb - 7.2/10အားလုံးပဲ စောင့်မျှော်နေကြတဲ့ ရှရွတ်ခန်းရဲ့ ဒန်ကီရုပ်ရှင်ကြီးကို ရုပ်သံကြည်လင်ပြတ်သားစွာနဲ့ တင်ဆက်ပေးလိုက်ပါပြီ။ ကုဋေ ၁၂၀ ရင်းပြီးတော့ ကုဋေ ၄၇၀ ထိ ရုံတင်ငွေ အမြတ်ထွက်ခဲ့တဲ့ ဒီဇာတ်ကားကြီးဟာ ၆၉ကြိမ်မြောက် အိန္ဒိယရုပ်ရှင်ပွဲတော်မှာလည်း ဆန်ကာတင်ကိုးဆုထိရရှိထားပြီး ၂၀၂၃ခုနှစ် အိန္ဒိယရဲ့အမြတ်အများဆုံးစာရင်းမှာလည်း နံပါတ်ခြောက်ချိတ်ခဲ့တဲ့ဇာတ်ကားပါ ဒီဇာတ်ကားရဲ့ပဲ့ကိုင်ရှင်က PK၊ 3 idiots တို့လိုကားတွေကို ရိုက်ကူးထားတဲ့ ဒါရိုက်တာရာ့ဂျ်ကူးမားဖြစ်ပါတယ်။နှစ်လိုဖွယ်အပြုံးနဲ့မင်းသမီးချောလေး တာ့ပ်ဆီးပါဝင်တဲ့အပြင် တိုက်ဂါးရုပ်ရှင်တွေက မင်းသမီးချောကတ်တရီးနားရဲ့ ချစ်ယောကျ်ား မင်းသား ဗစ်ကီက ဒီရုပ်ရှင်နဲ့ပဲ အမျိုးသားဇာတ်ပို့ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒန်ကီဆိုတာ အမေရိကန်၊ ယူကေနဲ့ အင်္ဂလန်လိုနိုင်ငံတွေကို တရားမဝင်တဲ့နည်းနဲ့ ဝင်ရောက်တဲ့ ခိုးဝင်လမ်းကြောင်းတစ်ခုကိုပြောတဲ့ ပန်ဂျာပီဘာသာစကားတစ်ခုပေါ့။ရည်ရွယ်ချက်ကိုယ်စီနဲ့ လန်ဒန်ကိုသွားချင်နေကြတဲ့ လူငယ်လေးယောက်။ ဘာသာစကားလည်း မကျွမ်းကျင် ပညာလည်း မတတ်ဆိုတော့ ဗီဇာလျောက်ဖို့ကမလွယ်။ ဆိုတော့ တက်မရှိ လက်နဲ့လှော်မဲ့သူတို့အုပ်စု ရရာနည်းနဲ့ အရောက်သွားဖို့ရွေးချယ်တဲ့လမ်းက ခိုးဝင်ဖို့ပါပဲ။ ဒီမှာပဲ ရှာရွတ်ခန်းပါဝင်ပတ်သက်လာပြီး သူတို့တွေ လန်ဒန်ဆီရောက်ဖို့အရေး အစွမ်းကုန်ကြိုးစားပေးပါတော့တယ်။ သူတို့ငါးယောက်လုံး လန်ဒန်ရောက်သွားမှာလား...။ ဘယ်လို အခက်အခဲအတားအဆီးတွေကို ရင်ဆိုင်ကြရမှာလဲ...။တစ်ခုပြောချင်တာ ဒီဇာတ်ကားလေးက ရယ်လဲရယ်ရသလို ...
movie
Dunki (2023)
2024
4K HEVC
4.3
Agnyaathavaasi (2018)
Agnyaathavaasi (2018) "နန်းပြင်က အိမ်ရှေ့မင်းသား"2018 က ထွက်ရှိခဲ့တဲ့ နာမည်ကြီး တေလဂူး Action/Thriller ကားလေးကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် အိန္ဒိယရဲ့ အချမ်းသာဆုံးမင်းသားတွေထဲက တစ်ယောက်ဖြစ်တဲ့ မင်းသား Pawan Kalyan နဲ့ မင်းသမီးချောလေး Keerthy Suresh တို့ ပါဝင်ထားကြပါတယ်"Revenge is the best dish best-served cold" "လက်စားချေခြင်းဆိုတာ အေးမှ စားလို့ကောင်းတဲ့ ဟင်းလျာတစ်ခွက်ပါပဲ"တစ်ခုမတူတာကတော့ ဒီကားထဲက မင်းသားက လက်စားချေခြင်းကို အေးမှ စားသုံးမယ့်လူမျိုးမဟုတ်ပဲ... မြန်နိုင်သမျှအမြန်ဆုံး သူ့ရဲ့အဖေနဲ့ ညီလေးကို သတ်သွားတဲ့သူတွေကို လက်စားချေလိုစိတ်ဖြစ်နေသူပါ သူ့ရဲ့ ဝသီအရ "သစ်ပင်တွေကို အထပ်ထပ်ညှင်းပန်းပြီးမှ သက်တောင့်သက်သာ ထိုင်လို့ရတဲ့ ကုလားထိုင်တစ်လုံးဖြစ်သလိုမျိုးပဲ ... သူ့ရဲ့ ရင်ထဲက အာဃာတရန်ငြှိုးတွေ ချုပ်ငြိမ်းပြီး သက်တောင့်သက်သာ နေနိုင်ဖို့ လက်စားချေခြင်းကို အမြန်ဆုံးလုပ်နိုင်မှ အေးမယ်လို့ တွေးထားသူပါဇာတ်လမ်းအစမှာ ဗင်ဒါဆိုတဲ့ AB ...
movie
Agnyaathavaasi (2018)
2018
6.6
Bhoothnath Returns (2014)
Bhoothnath Return (2014) ************************* ဒီဇာတ်ကားလေးကတော့ 2008က ထွက်ရှိထားတဲ့ Bhoothnathဆိုတဲ့ ဇာတ်ကားရဲ့ အဆက် Comedy/Drama အမျိုးအစား ဟင်ဒီဇာတ်ကားတစ်ကားဖြစ်ပြီး IMDb ratingကလည်း 6.6အထိ ရရှိထားပါတယ်။Bhoothnath 2008ထဲမှာဆိုရင် ဘူးသ်နားသ်ဟာ ကလေးတစ်ယောက်ကို ခြောက်ပေမဲ့ အဲ့ကလေးက မကြောက်ခဲ့တာကြောင့် ကလေးတစ်ယောက်ကိုတောင် ကြောက်အော်မခြောက်နိုင်ဘူး ဆိုပြီး တခြားသရဲတွေက လှော်ပြောင်သရော်ကြပါလေရော။အဲ့လိုနဲ့ သူ့ရဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ဖို့ရာ ကမ္ဘာမြေကို ပြန်လည်ဆင်းသက်ပြီး သရဲအဖြစ် ပြန်လည် ခြောက်လှန့်ဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။ဒီလိုနဲ့ ကမ္ဘာမြေကို ရောက်လာပြီးတော့ အက္ကရူးသ် ဆိုတဲ့ ကောင်လေးကို ခြောက်လှန့်ခဲ့ပေမယ့် အက္ကရူးသ်ကမကြောက်ခဲ့ပဲ ဘူးသ်နားသ်နဲ့ သူငယ်ချင်းတောင်ဖြစ်သွားကြပြီး သရဲခြောက်ပါတယ်ဆိုပြီး နာမည်ကြီးတဲ့နေရာတွေမှာ ဆက်မခြောက်တော့အောင် နှစ်ယောက်သား လိုက်လံကူညီကြပြီး အခအကြေးငွေကြေးတွေလည်း ရလာပါတော့တယ်။တစ်နေ့မှာတော့ ဘောင်းဝ်ဆိုတဲ့ နိုင်ငံရေးသမားတစ်ယောက်က သူ့ရဲ့ ဆောက်လက်စ အဆောက်အဦးတစ်ခုမှာ ရှိနေတဲ့ သရဲကို ရှင်းထုတ်ပေးနိုင်ရင် ရူပီ သိန်း၂၀ ပေးမယ်လို့ ကမ်းလှမ်းလာရာမှာတော့...ဘယ်လို အရှုပ်အထွေးတွေနဲ့ ဆက်လက် ကြုံတွေ့ကြရမလဲ...ဘူးသ်နားသ်တို့အဖွဲ့ သရဲကို ရှင်းထုတ်နိုင်မှာလား...ဘယ်လိုအခက်ခဲတွေနဲ့ ရင်ဆိုင်ကြရမလဲ... ဆိုတာတွေကိုတော့ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့...( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ...
movie
Bhoothnath Returns (2014)
2014
8.4
Sanju (2018)
ဂုဏ်သရေရှိ အမျိုးသမီး အမျိုးသားအပေါင်းတို့ ခင်ဗျာ ဒီနေ့ဟာဆိုရင် ကျွန်တော့်အတွက် အင်မတန်မှ ပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့တစ်နေ့ပါ ဘာကြောင့်လဲဆိုတော့ ဒီနေ့မှာ ကျုပ်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ် ထွက်ရှိမှာ မို့လို့ပါကျွန်တော့်လောက် ကဏ္ဌစုံတဲ့လူ တစ်ယောက်ကို ဘယ်မှာမှတွေ့နိုင်ဖို့မရှိဘူးဗျ ကျွန်တော်က အရက်သမား၊ ဆေးသမား၊ မိန်းမပွေလွန်းတဲ့လူဗျ ဒါပေမဲ့ အကြမ်းဖက်သမားတော့ မဟုတ်ပါဘူးAK 56 ရိုင်ဖယ်တွေလက်ဝယ်တွေ့ရှိမှု၊ RDX တွေရှိနေလားဆိုတဲ့ မေးခွန်းပေါင်းများစွာကြောင့် အများအမြင်မှာ အကြမ်းဖက်သမားတစ်ယောက်ဖြစ်နေတဲ့ နာမည်ကျော်မင်းသားကြီး ဆန်ဂျေးဒတ်ဟာ ထောင်နန်းစံရတော့ပါမယ်အဲဒီအတွက်ကြောင့် ပြည်သူတွေကိုအမှန်တိုင်း သိစေဖို့ ရည်ရွယ်ပြီးနာမည်ကျော် စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ ဝင်နီဒိုက်(ဇ်)ကို သူ့ဘဝဇာတ်ကြောင်းရေးပေးဖို့ အကူညီတောင်းခဲ့ရပါတော့တယ်ဆန်ဂျေးဒတ်ရဲ့ ဘဝဇာတ်ကြောင်းက ဘာတွေလဲ ... တကယ်ပဲ သူက အကြမ်းဖက်သမား တစ်ယောက် ဟုတ်မဟုတ်ဆိုတာကိုတော့ ...နာမည်ကျော်မင်းသားကြီး ဆန်ဂျေးဒတ်ရဲ့ ဘဝဇာတ်ကြောင်းကို မင်းသား ရန်ဘီးကပူးရ်က အကောင်းဆုံးသရုပ်ဆောင်ထားပြီးပါလေသမျှ သရုပ်ဆောင်တိုင်းက ကဏ္ဌအသီးသီးကနေ အကောင်းဆုံးပုံဖေါ်ထားနိုင်လွန်းလို့ အင်မတန်မှ ကောင်းမွန်တဲ့ Bio, Drama ဇာတ်ကားကောင်း ...
movie
Sanju (2018)
2018
4K HEVC
7.7
Uunchai (2022)
Uunchai ( 2022 ) IMDb 7.7/10အခုတစ်ခေါက်မှာတော့ ပြည်သူ့အချစ်တော်မင်းသားကြီး အမီတာဘဂျမ်းရဲ့ ရုံတင်၀င်ငွေခန့်မှန်းခြေ ၄၈ကုဋေကျော်ရရှိထားတဲ့ နောက်ဆုံးထွက်ရုံတင်ကားသစ်ကြီးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဝါရင့်သရုပ်ဆောင်မင်းသားကြီးတွေဖြစ်ကြတဲ့ Anupam Kherနဲ့ 3 idiotsရုပ်ရှင်ထဲက ဗိုင်းရပ်စ်ကြီး Boman Irani တို့အပြင် မင်းသမီးချောလေး Parineeti Chopraတို့ကပါ ပါ၀င်အားဖြည့်ထားပါသေးတယ်...ဇာတ်လမ်းအကျဉ်းကတော့ အွန် ၊ အာမစ် ၊ ဘူပန် နဲ့ ဂျာဗစ်လို့ခေါ်တဲ့ သိပ်ချစ်ကြတဲ့သူငယ်ချင်းလေးယောက်ရှိပါတယ်။ အဘိုးအရွယ်ရောက်တဲ့အထိ မခွဲအတူရှိနေကြတဲ့သူငယ်ချင်းတွေပေါ့။ အဲ့ဒီထဲမှာမှ ဘူပန်လို့ခေါ်တဲ့သူငယ်ချင်းဟာ ဧ၀ရတ်တောင်ကိုစွဲလမ်းသူပါ။ ဧ၀ရတ်တောင်တက်ခရီးစဉ်ကိုအမြဲတမ်းသွားတဲ့အပြင် သူငယ်ချင်းတွေကိုပါအတူတူလိုက်ဖို့ အကြိမ်ကြိမ်ခေါ်ပေမဲ့ ကျန်သုံးယောက်ကတော့ အကြောင်းအမျိုးမျိုးပြပြီးငြင်းလေ့ရှိပါတယ်။ တစ်ရက် ဘူပန်ရဲ့မွေးနေ့မှာ သူငယ်ချင်းလေးယောက် ဧ၀ရတ်တောင်တက်ခရီးကိုအတူတူသွားဖို့ အစီအစဉ်ဆွဲကြပါတယ်။ ဒါပေမဲ့ သူငယ်ချင်းဘူပန်ဟာ ကံအကြောင်းမလှပဲ ခရီးမထွက်ခင် ဆုံးပါးသွားပါတော့တယ်။ ဒီလိုနဲ့ သူငယ်ချင်းရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းဖို့ ကျန်ရစ်တဲ့သူငယ်ချင်းသုံးယောက် ဧ၀ရတ်တောင်ထိပ်ကိုတက်ဖို့ဖြစ်လာတဲ့အခါမှာတော့...။ ငယ်ရွယ်သူတွေအတွက်တောင်ခက်ခဲမယ့် ဧ၀ရတ်တောင်တက်ခရီးစဉ်ကိုသွားဖို့ အသက်၇၀အရွယ်သူတို့ ဘယ်လိုပြင်ဆင်ကြမလဲ...။ တောင်တက်ခရီးတစ်လျှောက်မှာရော ဘာတွေကြုံတွေ့ရမှာလဲ...။ သူငယ်ချင်းရဲ့နောက်ဆုံးဆန္ဒကိုရော ဖြည့်ဆည်းပေးနိုင်မှာလားဆိုတာကိုတော့....ရင်ခုန်စွာနဲ့ဆက်လက်ကြည့်ရှုပေးကြပါဦးနော် File size…2.6GB / ...
movie
Uunchai (2022)
2022
7.2
Jayeshbhai Jordaar (2022)
Jayeshbhai Jordaar (2022) ဒီဇာတ်ကားလေးကတော့ အိန္ဒိယနိုင်ငံရဲ့ ဖိုဝါဒ အလေးပေးမှု၊ အမျိုးသမီးတွေကို နှိမ်ချမှု တို့ကို မီးမောင်းထိုးပြထားတဲ့ စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးတစ်ခုပါပဲ။ဂျက်ရှ်ဟာ Pravingadh မှာ ဘိုးဘေးစဉ်ဆက် အုပ်ချုပ်လာတဲ့ မိသားစုရဲ့ သားတစ်ယောက်။ သူက မူဒရာဆိုတဲ့ အမျိုးသမီးလေးနဲ့ အိမ်ထောင်သက် ၉ နှစ်ရှိပြီး သမီးလေးတစ်ယောက်မွေးထားတယ်။ ဂျက်ရှ်တို့ မိသားစုမှာ ဆက်ခံဖို့အတွက် သားမွေးပေးရမှာက မူဒရာ ရဲ့တာဝန်ပေါ့။အိမ်ထောင်သက်တစ်လျှောက်လုံးမှာ ကိုယ်ဝန်ဆောင်ပြီး မိန်းကလေးမှန်း သိရတဲ့အချိန်တိုင်း ကလေးကို ဖျက်ချခဲ့ရတာ ၆ ကြိမ်ရှိပြီ။ ဒီတစ်ဗိုက်မှာတော့ မူဒရာတစ်ယောက် သားလေး မွေးပေးနိုင်ဖို့ကို တစ်မိသားစုလုံးက မျှော်လင့်ထားကြတယ်။ ဂျက်ရှ်ကတော့ စိတ်နှလုံးသား နူးညံ့တဲ့ ခင်ပွန်းပါပဲ။ မူဒရာရဲ့ ဗိုက်ထဲက ကလေးဟာ မိန်းကလေးမှန်း သိပြီးတဲ့နောက် ဂျက်ရှ်တစ်ယောက် ရင်သွေးကို ထပ်ပြီး အဆုံးရှုံးမခံနိုင်တော့ဘဲ သူ့မိဘတွေ ရှေးရိုးစွဲတာတွေကို ဘယ်လို ပုန်ကန်နိုင်မလဲ? သူ့ဇနီးသည်နဲ့ အတူ ...
movie
Jayeshbhai Jordaar (2022)
2022
7.4
Runway 34 (2022)
ကပ္ပတိန် ဗစ်ကရန့်ခန်နား... "မတော်တဆမှုတိုင်းမှာ ဘက်နှစ်ခုရှိတယ်" "ဘာဖြစ်ခဲ့တာလဲ..ဘယ်လိုဖြစ်ခဲ့တာလဲ" "အဲ့ဒီနှစ်ခုကြားထဲက အနားသတ်မျဉ်းလေးမှာ အမှန်တရားက တိမ်ဝှက်နေတယ်"နာရာယန်းဗီဒန့်... "အမှားလုပ်ပြီးသွားရင် မင်းလုပ်နိုင်တာ သုံးခုပဲရှိတယ်" "အမှားကို ဝန်ခံမယ်" "အမှားကနေ သင်ယူမယ်" "နောက်တစ်ခါ မမှားအောင် ဆင်ခြင်မယ်"ခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ မင်းသားကြီးအဂျေးနဲ့ မင်းသားကြီး အမီတာဘဂျမ်းတို့ပါဝင်သရုပ်ဆောင်ထားတယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးက အိန္ဒိယနိုင်ငံမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းလေးကို အခြေခံပြီးရိုက်ကူးထားတယ်... ကပ္ပတိန်ဗစ်ကရန့်ခန်နား(အဂျေး) က နာမည်ကြီးလေယာဉ်မှူးတစ်ယောက်... အဲ့ဒီနေ့က ပျံသန်းတဲ့ခရီးစဉ်မှာ ရာသီဥတုဆိုးရွားလွန်းတဲ့အတွက် မတော်တဆမှုဖြစ်ခဲ့ပါတယ်...ဒီကိစ္စမှာ မသင်္ကာစရာကိစ္စလေးတွေပါဝင်နေတဲ့အတွက် လေကြောင်းမတော်တဆစုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် နာရာယန်းဗီဒန့် (အမီတာဘဂျမ်း) ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးမေးမြန်းတာကို ဝေဟင်ပေါ်က ထိတ်လန့်ဖွယ် မြင်ကွင်းတွေနဲ့အပြင် ဝါရင့်သရုပ်ဆောင်နှစ်ဦးရဲ့ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကို ကျေကျေနပ်နပ်ကြီး မြင်တွေ့ရမှာဖြစ်ပါတယ်... File size…5GB / 1.9GB / 900MB Quality…4k HEVC / 1080p WEB DL / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Taylor
movie
Runway 34 (2022)
2022
4K HEVC Web-DL
7.4
83 (2021)
83 (2021) ဇာတ်လမ်းအညွှန်းအခုတစ်ခေါက်မှာတော့ 1983 ခုနှစ် ဝန်းကျင်ကာလကို ကျောရိုးတည်ပြီး ရိုက်ကူးထားတဲ့ ဘောလီးဝုဒ် ကရစ်ကတ်-အားကစား ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေဒီဇာတ်ကားဟာဆိုရင် တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး 2021 ခုနှစ်အတွင်း ပရိတ်သတ်တွေ သောင်းသောင်းဖြဖြ အားပေးခဲ့ကြတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်အိန္ဒိယနိုင်ငံဟာ 1983 ခုနှစ်မတိုင်မီ ၃၅ နှစ်အကြာ ကာလတည်းက လွတ်လပ်ရေးရခဲ့ပေမဲ့ တကယ့်လက်တွေ့ဘဝမှာတော့ ဗြိတိသျှတွေဆီက လေးစားသမှုမဆိုထားနဲ့ မထိတထီ စော်ကားမော်ကားလုပ်တာတွေကိုပင် ခံနေရဆဲဖြစ်ပါတယ်။သူ့ကျွန်ဘဝကလွတ်မြောက်ခါစကာလမှာ အားကစားကဏ္ဍအပါအဝင် အစစအရာရာ နိမ့်ပါးနေတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်ပွဲမှအနိုင်မရဖူးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် လူတိုင်းက ဟားတိုက်ခံရတဲ့အခြေအနေမှာ ရောက်ရှိလို့နေပါတယ်တစ်နေ့မှာတော့ ကတ်ပေးလ်ဒက်ဗ် ဆိုတဲ့ ကရစ်ကတ်ကစားသမားတစ်ဦးက အိန္ဒိယအသင်းကို ကပ္ပတိန်အဖြစ်ဦးဆောင်ပြီး အင်္ဂလန်ကို ကမ္ဘာ့ဖလားသွားရောက်ယှဉ်ပြိုင်ဖို့ အကြောင်းဖန်လာခဲ့ပြီး အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ကာ နိုင်ငံ့ဂုဏ်ဆောင်ခဲ့တဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။နာမည်ကျော်သရုပ်ဆောင်များစွာပါဝင်ထားပြီး ကြည့်တဲ့ပရိတ်သတ်ကိုပါ မျိုးချစ်စိတ်ဓာတ်တွေ တဖွားဖွားပေါ်လာစေတဲ့ ဇာတ်ကားကောင်းတစ်ပုဒ် ...
movie
83 (2021)
2021
5.1
Dilwale (2015)
ဘောလိဝုဒ်မင်းသားကြီး ရှာရွတ်ခန်း နဲ့ မင်းသမီး Kajol တို့ တကြော့ပြန် ပြန်လည်လက်တွဲထားတဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းအကြောင်းမပြောခင်..ပြောချင်တဲ့အချက်တစ်ချက်ရှိပါတယ်။အဲဒါကတော့ ဒီဇာတ်ကားမှာ ရှုခင်းနဲ့ ဆက်တင်ကိုအထူးဂရုပြုပြီး ဖျော်ဖြေရေးဆန်ဆန် အရောင်အသွေးစုံလင်အောင် ဖန်တီးထားတဲ့အကြောင်းပါ။အရောင်အသွေးစုံခင်မှုအပိုင်းမှာ တစ်နေရာမှ မလစ်ဟင်းအောင် ဂရုပြုထားပြီး ပန်းချီကားတစ်ချပ်လို ဖန်တီးတင်ဆက်ထားတာ လှပလွန်းပါတယ်။ဇာတ်လမ်းပုံစံကတော့ မိသားစုတွေရဲ့ ရန်ငြိုးကြောင့် ချစ်ရက်နဲ့ ကွဲကွာနေကြတဲ့ ချစ်သူနှစ်ဦး ကံကြမ္မာအလှည့်အပြောင်းတစ်ချိုးမှာ ပြန်လည်တွေ့ဆုံဖို့ ဖြစ်လာတဲ့အခါ.........။ဇာတ်လမ်းကို သွက်သွက်လက်လက်တစ်နည်း...လွမ်းလွမ်းဆွေးဆွေးတဖုံ.... ရယ်ရယ်မောမောတစ်သွယ်...ပုံစံမျိုးစုံ တင်ဆက်ရာမှာ သီချင်းတွေနဲ့ နောက်ခံ သံစဉ်တီးလုံးတွေက အတော်လေးလိုက်ဖက်ညီပြီး ဇာတ်လမ်းကို အကောင်းမွန်ဆုံးထောက်ပံ့ပေးသွားတာတွေ့ရပါတယ်။ဇာတ်ရံပေါင်းများစွာနဲ့ စုံစုံလင်လင်တင်ဆက်ထားပြီး ဇာတ်ကားကြာမြင့်ချိန်ကလဲ ၂ နာရီခွဲလောက်ရှိတဲ့အတွက် ရုပ်ရှင်ရုံထဲကြည့်နေရသလို အေးအေးဆေးဆေး အနားယူ... အချိန်ယူ ခံစားကြည့်ရှုသင့်တဲ့ဇာတ်ကားပါ။(ဒီဇာတ်ကားကို Tariq L Walker မှဘာသာပြန်ထားတာဖြစ်ပြီး ဇာတ်ဝင်တေးသီချင်းတွေကိုပါ မြန်မာပြန်ဆိုပေးထားပါတယ်။)File size…(2.6 GB) / (1.4 GB) Quality….BluRay 1080p / 720p Format…mkv Duration….02:38:00 subtitle….Myanmar Hardsub Encoder….Nyeinsaeya Aung
movie
Dilwale (2015)
7.9
Lakshya (2004)
Lakshya (2004)===================================မြန်မာစာတန်းထိုးမြန်မာပြည်ပရိတ်သတ်တွေကြား လက်ပွားမင်းသားရယ်လို့ လူသိများလှတဲ့ ဘောလိ၀ုဒ်မင်းသား Hrithik Roshan နဲ့ Amitabh Bachchan , မင်းသမီးချော Preity Zinta တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဒီဇာတ်ကားဟာ War-Drama ဇာတ်ကားအမျိုးအစားဖြစ်ပြီး ၊ ပြသချိန် ၃နာရီကျော် ကြာမြင့်ပါတယ်။ ဇာတ်ကားရဲ့နာမည် Lakshya ဆိုတာ မြန်မာလို "ရည်ရွယ်ချက် ၊ ရည်မှန်းချက်"လို့ အဓိပ္ပာယ်ရပြီး တိုင်းပြည်အနာဂါတ်အတွက် အရေးပါလှတဲ့ လူငယ်တွေရဲ့အခန်းကဏ္ဍကို လူငယ်တစ်ယောက်အကြောင်းနဲ့ ဥပမာထား တင်ပြထားတာပါ။ကာရန်ရှာဂဲလ်ဆိုတဲ့ လူငယ်တစ်ယောက်ဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့သားဖြစ်ပြီး မိဘက လိုလေသေးမရှိ ဖြည့်ဆည်းပေးထားတဲ့အတွက် ဘ၀ကို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေသူ ဖြစ်ပါတယ်။ ကျောင်းပြီးသွားရင် သူ့ချစ်သူရိုမီလာအပါအဝင် သူနဲ့ပေါင်းသင်းနေတဲ့ သူငယ်ချင်းတွေကပါ သူတို့ဘ၀တွေအတွက် ဘာလုပ်ကြမယ် ၊ ညာလုပ်ကြမယ်ဆိုပြီး ရည်မှန်းချက်ကိုယ်စီရှိကြပေမယ့် သူ့မှာတော့ ဘာရည်မှန်းချက်မှ မရှိပါဘူး။ဒီအချိန်မှာပဲ ရည်းစားဖြစ်သူနဲ့ သူတို့ဘ၀ရှေ့ရေးအတွက် တိုင်ပင်ရင်း လူဆိုတာဘ၀မှာရည်မှန်းချက် ရှိသင့်တဲ့အကြောင်းပြောလာလို့ ကာရန်လည်း သူ့သူငယ်ချင်းတစ်ယောက်နဲ့အတူ အိန္ဒိယစစ်တပ်ထဲကို ဝင်ဖို့ ပြင်ဆင်ပါတော့တယ်။ ကံဆိုးချင်တော့ ဝင်ခွင့်လျှောက်လွှာတွေတင်အပြီး လူအရွေးခံရပြီဆိုတော့မှ သူ့သူငယ်ချင်းက အမေရိကားကိုသွားမှာမို့ တပ်ထဲကို မဝင်ဖြစ်တော့ဘူးဆိုတာကို ဖွင့်ပြောလာပါတယ်။ မိဘတွေအရိပ်အောက်မှာတုန်းက ဘာကိုမှ လက်ကြောတင်းအောင်မလုပ်ဖူးတဲ့ သကောင့်သား ...
movie
Lakshya (2004)
2004
7.0
Main Hoon Na (2004)
IMDb (7.0) / Rotten Tomatoes (81%)ဘောလိဝုဒ်ရဲ့ဘုရင်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ကမ္ဘာကျော်မင်းသား ရှာရွတ်ခန်းရဲ့အချစ်အလွမ်းအကြမ်းရသစုံတဲ့ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ ရှာရွှတ်ခန်းရဲ့ လူသိများတဲ့ရုပ်ရှင်တွေဖြစ်တဲ့ Om Shanti Om တို့ Happy New Year တို့ကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ Farah Khan ရဲ့ ပထမဆုံးရိုက်ကူးတဲ့ ရုပ်ရှင်ဖြစ်ပြီး မင်းသားကြီး Sunil Shetty ၊လူငယ်မင်းသားချော Zayed Khan မင်းသမီး Sushmita Sen နဲ့ Amrita Rao တို့ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်။ Imdb rating 7.0 ရရှိထားတဲ့ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းကတော့ အိန္ဒိယတပ်မတော်မှ ဗိုလ်ချုပ်ဘတ်က်ရှီးဟာ ပါကစ္စတန်နိုင်ငံနဲ့ ငြိမ်းချမ်းရေးယူဖို့ ပထမခြေလှမ်းအဖြစ် မီလတ်စီမံကိန်းကို လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။ မီလတ်စီမံကိန်းကတော့ အိန္ဒိယနယ်စပ်မှာ ဖမ်းမိထားတဲ့ မသိနားမလည်တဲ့အပြစ်မဲ့ ပါကစ္စတန်နိုင်ငံသားတွေကို ပြန်လွှတ်ပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။ ထိုစီမံကိန်းကို သတင်းဌာနတစ်ခုမှ ဗိုလ်ချုပ်ဘတ်က်ရှီးကို အင်တာဗျူးဖို့ ဖိတ်ကြားထားလို့ ဗိုလ်ချုပ်ဘတ်က်ရှီးဟာ အင်တာဗျူးလာရောက်ဖြေခဲ့ပါတယ်။ အင်တာဗျူးဖြေနေစဉ်မှာ ...
movie
Main Hoon Na (2004)
HEVC 1080p 5.1
7.9
Veer-Zaara (2004)
IMDb Rating (7.8) / Rotten Tomatoes (92%) အထိရှိထားပြီး ဇာတ်လမ်းဇာတ်ကွက် ဇာတ်အိမ်တွေက လှပတဲ့အပြင် ရှုခင်းပသာဒတွေက စိတ်ဘဝင်အေးစေတဲ့ကားမျိုးပါ။ ဒီကားဟာဖြင့် အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံ ကြား စည်းထားကြပေမယ့် ချစ်ခြင်းကို ဘယ်သူက တားဆီးကြမှာလဲ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အတွေးများစွာ မေးစေမိပါတယ်။အချစ် ဟာ ချစ်နေရုံနဲ့ ပြီးလား လို့ မေးရင် Logic ဆန်ဆန်လူတွေက ခေါင်းခါမိပါလိမ့်မယ်။ အခြေအနေ မတူခြင်းတွေအောက်မှာ ချစ်လျက်နဲ့ခွဲခွာ ရတဲ့ ဖူးစာတွေဆိုတာလည်း ဒုနဲ့ဒေးပါ။ ဘာသာရယ် မတူ နိုင်ငံရယ်ခြားနေရင်ဖြင့် ပိုလို့တောင် စိတ်မကူးနိုင်တော့ပါ။ သို့သော် ……။ဇာတ်လမ်းအကျဉ်း လေး သွားကြည့်ရအောင် ။ ဒီလိုကားမျိုးကို ကောင်းတယ်လို့ပဲ ညွှန်းပေးချင်တာပါ။ ဘာ ဇာတ်လမ်းမှမသိဘဲ ကိုယ်တိုင် ဆွဲဆောင်ခံရတဲ့ ရေစီးကြောင်းတစ်ခုလို ကြည့်သင့်တဲ့ကားပါ။ ( လျှာရှည်တာ ...
movie
Veer-Zaara (2004)
2004
HEVC 1080p 5.1
5.1
Happy New Year (2014)
Happy New Year !!!!အလုပ်ပိတ်ရက်မှာ မိသားစုနဲ့ ရုပ်ရှင်ကြည့်ဖို့ စိတ်ကူးထားရင်တော့ ရုံတင်နေပြီဖြစ်တဲ့ ဂီတ ဟာသဘောလိဝုဒ် ရုပ်ရှင်ကားလေးက စိတ်ကြည်နူးပျော်ရွှင် စေနိုင်မှာပါ။ နာမည်ကြီး သရုပ် ဆောင်တွေ ဖြစ်တဲ့ ရှာရွတ်ခန်း၊ အဘီရှက် ဘက်ချန်း၊ ဒီပီကာ ပါဒူကုန်း၊ ဘိုးမန်းအီရာနီ တို့တစ်တွေကို တစုတစည်းတည်း ကြည့် ရှုရမှာပါ။ချာလီလို့ လူသိများတဲ့ ချန် ဒရာမိုဟန်မန်နိုဟာရှာမာဟာ ချာ ရန်ဂရိုဗာဆိုသူကို လက်စားချေ ဖို့အတွက် ဖိုက်တာတစ်ယောက် အနေနဲ့ ရှစ်နှစ်နီးပါး စောင့်ဆိုင်း နေခဲ့ပါတယ်။ သူ့အဖေဖြစ်သူကို ရှာလီမာစိန်တွေ ခိုးယူတယ်ဆိုပြီး ချာရန်ဂရိုဗာက စွပ်စွဲခဲ့လို့ သူ့အ ဖေဟာ သူခိုးတစ်ယောက်အဖြစ် နာမည်ဆိုးတွင်ကျန်ခဲ့ရတဲ့အ တွက်ပဲ ဖြစ်ပါတယ်။ချာလီဟာ သတင်းတစ်ခု ဖတ်ရင်း ခရစ္စမတ်နေ့ မတိုင်ခင် တစ်ရက်မှာ အတ္တလန္တိတ်ဟိုတယ် ကို စိန်တွေ ရောက်ရှိမယ်ဆိုတာ သိရှိခဲ့တာကြောင့် ခိုးယူဖို့ ...
movie
Happy New Year (2014)
2014
HEVC 1080p 5.1
6.5
Made In China(2019)
Made In China(2019)အညွှန်း************************* ရာဂူးဟာသာမန်စီးပွားရေးသမားတစ်ယောက်....ပြောရရင်သူ့ပေါက်ကရအိုင်ဒီယာတွေကြောင့် စီးပွားရေးမှာမအောင်မြင်ဘူး .....ကြာတော့သူ့အဖေကသူ့ကို တိုးတက်ပါစေတော့ အောင်မြင်ကြီးပွားပါစေတော့ဆိုပြီး တရုတ်ကိုလွှတ်ကာစီးပွားရေးအမြင်ရအောင်လုပ်ခိုင်းတယ်.. ရာဂူးဟာတရုတ်ကအောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဆီက အတွေးအခေါ်အိုင်ဒီယာတွေကိုယူကာ အဲ့ကနေစပြီး သူ့အဖေမျှော်မှန်းထားတဲ့နည်းနဲ့တော့မဟုတ်ဘဲ ဘဝတစ်ဆစ်ချိုးအလှည့်အပြောင်းဖြစ်လာခဲ့တော့တယ်... အခက်အခဲမျိုးစုံကြားကနေ ရာဂူးတစ်ယောက်ဘယ်လိုဆက်ပြီးလုပ်ဆောင်သွားမလဲဆိုတာကိုတော့...Indiaကားကောင်းကြိုက်သူတို့လက်မလွှတ်သင့်ပါကြောင်း..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwe Zan Aungပဲဖြစ်ပါတယ်... File Size : (2.2GB) and (1.1GB) Quality : Web-DL 1080P, 720p Format…mp4 Duration…01:30:00 Genre :Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zwe Zan Aung Encoded by Phyo Pyae
movie
Made In China(2019)
2.4
Drive (2019)
(Unicode)ဇာတ်လမ်းအကျဉ်းလေးကတော့ အိန္ဒိယရုပ်ရှင်ကားတွေရဲ့ထုံးစံအတိုင်း နိုင်ငံရေးလေးတော့ နည်းနည်းပါမယ်ဗျ။အိန္ဒိယနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းအများစုက တရားမဝင်ငွေမည်းတွေနဲ့ လည်ပတ်နေကြတယ်။ဒီလိုလုပ်ငန်းရှင်တွေရဲ့ တရားမဝင်ငွေကြေးတွေကို ရှာဖွေစီစစ်ဖို့လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့တွေ အစိုးရကဖွဲ့စည်းထားတယ်။ဆိုးတာက အဲဒီအဖွဲ့အစည်းတွေရဲ့ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်တဲ့ Vibha Singhဆိုတဲ့ အဖွားကြီးကိုယ်တိုင်ကဒီလုပ်ငန်းရှင်တွေရဲ့ငွေမည်းတွေကို သူ့အတွက်ခွဲတမ်းယူပြီး ငွေမည်းခဝါချပေးနေတယ်။တ တစ်ဖက်မှာလည်း Kingလို့နာမည်ရတဲ့ စောရဝိဇ္ဇာတစ်ယောက်က အဲဒီလုပ်ငန်းရှင်ကြီးတွေရဲ့တရားမဝင်ပိုင်ဆိုင်မှုတွေကို ခိုးလိုက်၊ ဓားပြတိုက်လိုက်နဲ့ အမှည့်ခြွေနေပြန်ပါတယ်။Kingရဲ့ ကစားကွက်တစ်ခုက သူအမှုကျူးလွန်ခဲ့တဲ့ နေရာမှာဘုရင်ပုံဖဲချပ်လေးတစ်ချက်ထားခဲ့ပြီးသူနောက်ထပ်အမှုကျူးလွန်မယ့်နေရာကို အတိအလင်းချပြပြီး စိန်ခေါ်သွားတတ်တာပါ။အဲဒီလိုနဲ့ Kingကျူးလွန်သွားတဲ့ ဓားပြမှုတစ်ခုမှာ သဲလွန်စအနေနဲ့ ပြိုင်ကားဘီးရာတစ်ခုကို ထောက်လှမ်းရေးအဖွဲ့က ရသွားတယ်။ဒီကားတာယာအရ စုံစမ်းကြတဲ့အခါ Street Racingအဖွဲ့တစ်ခုက Taraလို့ခေါ်တဲ့စီးပွားရေးလုပ်ငန်းရှင်မိန်းကလေးတစ်ယောက်ရဲ့ ကားဖြစ်နေတယ်။နောက်ဆုံးကျူးလွန်ခဲ့တဲ့အမှုမှာ Kingကလည်း သူနောက်တစ်ခါဓားပြတိုက်မယ့်နေရာက နိုင်ငံတော်သမ္မတရုံးပါလို့ အတိအလင်းစိန်ခေါ်သွားလေတော့.....Kingက ဘယ်သူလဲ၊ ပြိုင်ကားအဖွဲ့က မိန်းကလေးကရော Kingနဲ့ဘယ်လိုပတ်သတ်နေလဲ၊အဂတိလိုက်စားမှုကျူးလွန်နေကြတဲ့ ...
movie
Drive (2019)
4.7
Total Dhamaal (2019)
နွေပူပူမှာ ပေါ့ပေါ့ပါးပါးနဲ့ ဟာသကား ကြည့်မယ်ဆိုတဲ့ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားကတော့ဟိုးအရင် Dhamaal တွေရဲ့ နောက်ဆုံးဖြစ်တဲ့Total Dhamaal ပါ။ဇာတ်လမ်းအကျဉ်းကတော့ ဘာလုပ်လုပ် တလွဲချည်းပဲ လုပ်တတ်ကြတဲ့ လူတစ်စုကို အဓိက မြင်ရမှာပေါ့။အကြောင်းအမျိုးမျိုးကြောင့် ငွေလိုနေတဲ့ လူတွေ။တနေ့မှာတော့ ငွေတွေ နှစ်ကျပ်ကွက်နင်းပြီးလုယူလာခဲ့တဲ့ ဘောစိအသစ်ကြပ်ချွတ်ကြီးဟာဟယ်လီကော့ပတာပျက်ကျပြီး အဲ့ဒီလူတစ်စုနဲ့ ဆုံဖို့ ဖြစ်လာခဲ့ပါတယ်။မသေခင်မှာသွားတဲ့စကားကတော့ဂျနာပူရ်တိရစ္ဆာန်ရုံထဲက 'OK' ဆိုတဲ့ စားလုံးမှာငွေ သန်း၅၀၀ ရှိကြောင်း ပြောပြခဲ့ပါတယ်။သိပ်ကို လောဘကြီးတဲ့ ကောင်တွေကြားမှာဆိုတော့ပြိုင်ပွဲတစ်ခု ဖြစ်လာခဲ့ပါပြီ။တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဖက်တွေဖြစ်နေတဲ့ အဲ့ဒီလူရှစ်ယောက်မှာနောက်ထပ် ပြိုင်ဘက်တစ်ယောက် ရှိနေပါသေးတယ်။အဲ့ဒီပိုက်ဆံတွေနဲ့ အဓိကပက်သက်နေတဲ့ ရဲမင်းကြီးပါ။ကဲ....အရင်ရောက်တဲ့လူက ပိုက်ဆံတွေအားလုံးကို ရမှာမို့ ...Dhamaal ကစားပွဲထဲ ပါဝင်ဆင်နွှဲလိုက်ပါဦး။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ညီအစ်ကိုပါ) File Size :(950 MB ) and ...
movie
Total Dhamaal (2019)
2019
7.5
ဆူရာ့ ဟာ ရှေ့တန်း စစ်တပ် တစ်ခုရဲ့ အတော်ဆုံး စစ်သား တစ်ယောက်ပါအတော်ဆုံးဖြစ်ပေမဲ့ သူဟာ ဒေါသ အင်မတန်ကြီးသူဖြစ်ပြီး မဟုတ်မခံစိတ်ရှိသူတဇောက်ကန်း လုပ်သူ အထက်အရာရှိများကို မမာမခန့်လုပ်သူ စသဖြင့်အကြောင်းမျိုးစုံကြောင့် ရာထူးမတိုးသူ တစ်ယောက်ပေါ့ဆူရာ့ဟာ နိုင်ငံချစ်စိတ် လူမျိုးချစ်စိတ် ပြင်းထန်သူတစ်ယောက်ပါအကြမ်းဖက်သမားများကို မုန်းတီးသူ တစ်ယောက်ဖြစ်ပြီး အရှင်ဖမ်းရဖို့ထက်အသေပစ်သတ်ဖို့သာ စိတ်ရှိသူဖြစ်သောကြောင့်တက်နိုင်သ၍ အရာရှိများက ဆူရာ့ အား ရှေ့တန်း မပို့ပဲနောက်တန်းတွင်သာ နေစေခဲ့ပါတယ်...ဆူရာ့ဟာ မိမိ နိုင်ငံအတွင်းနေထိုင်တဲ့ ဘာသာ လူမျိုးမဆိုနိုင်ငံချစ်စိတ် ရှိသူတိုင်းကို သနားညှာတာပြီး ရပ်တည်တက်သူဖြစ်ပါတယ် အသားအရောင် မခွဲခြား လူမျိုး မခွဲခြားမတရားမှုကိုသာ ခွဲခြားပြီး လက်ပိုက်မကြည့်တက်သူပါကြီးနိုင်ငယ်ညှင်းမှုများ ဝင်ဝင်ပါလွန်းလို့ စစ်တပ်ရဲ့ထုချေလွှာမှာ ဆူရာ့ နာမည်တွေပဲ ဖိုင်တစ်ထပ်လောက်ရှိနေတက်ပါတယ်...တစ်ရက်သော အခါ ဆူရာ့ တစ်ယောက် ရှေ့တန်းစစ်မြေပြင်နယ်စပ်ကို သွားချင်လွန်းတဲ့အတွက် အရာရှိများကို ပူဆာရာအရာရှိများက ဆူရာ့ ဒေါသ မထိန်းနိုင်လျင် ကမ္ဘာစစ်ကိုအစပျိုးသလို ဖြစ်မည်ဆိုးသောကြောင့် India နိုင်ငံ၏အတော်ဆုံးသော စိတ်ပညာရှင်ဆရာဝန်ထံမှ လက်မှတ်ရမှသာနယ်စပ်သို့ လွှတ်မည်ဟု ပြောလာပါသည်ဆူရာ့ လက်မှတ်ယူရမယ့် စိတ်ပညာရှင်မှာဆူရာ့ ...
movie
Naa Peru Surya – Naa Illu India (2018)
2018
7.6
Parmanu: The Story of Pokhran (2018)
Parmanu: The Story of Pokhran (2018)_____IMDb - 7.6/10 ဒီတခါမှာတော့ ဘောလီဝုဒ်ဖန်တွေအတွက် IMDb 7.6/10 အထိရရှိထားတဲ့ ကားကောင်းတကားကို တင်ဆက်ပေးလိုက်ပါတယ်ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပြီး အတော်လေးကို ကြည့်ကောင်းတဲ့ကားတစ်ကားပါပဲနိုင်ငံရေးအရှုပ်အထွေး၊ နိုင်ငံတကာဖိအားတွေကြားက နျူကလီးယားစမ်းသပ်မှု အောင်မြင်စွာပြုလုပ်နိုင်ခဲ့တာကို တင်ဆက်ပြသထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်၁၉၉၅ ခုနှစ်ဟာ အိန္ဒိယနိုင်ငံအတွက် အခက်ခဲဆုံံးကာလတစ်ခုဖြစ်ခဲ့ပါတယ်ဆိုဗီယက်ပြည်ထောင်စုတွေ ကွဲပြိုခဲ့ပြီး အိန္ဒိယဘက်မှာမဟာမိတ်အနေနဲ့ မည်သည့်အင်အားကြီးနိုင်ငံမှ ရှိမနေခဲ့ပါဘူးဒါပေမဲ့ ပါကစ္စတန်ကတော့ အမေရိကန်နဲ့ တရုတ်နိုင်ငံတွေရဲ့ အကူညီရကာ စစ်ရေးအတောင့်တင်းဆုံး အနေအထားမှာ ရှိနေခဲ့ပါတယ်အိန္ဒိယကို နိုင်ငံတကာသဘောတူညီစာချုပ်တွေမှာ လက်မှတ်ထိုးစေချင်ပြီး မည်သည့်အင်အားမှ မတိုးတက်လာအောင် အမေရိကန်၊ ပါကစ္စတန်နဲ့ နိုင်ငံအများစုက ဖိအားပေးနေပါတယ်အိမ်နီးချင်း ပါကစ္စတန်နိုင်ငံက နျူကလီးယားစမ်းသပ်မှုတွေ ဒုံးကျည်စမ်းသပ်မှုတွေ အကြိမ်ကြိမ်လုပ်နိုင်ခဲ့ပေမယ့် အိန္ဒိယကတော့ ဘာမှမလုပ်နိုင်ခဲ့ပါဘူးဒါကြောင့် ၁၉၉၅ မှာ အိန္ဒိယအနေနဲ့ ဖိုကာရန်ကွင်းမှာ နျူကလီးယားစမ်းသပ်မှုလုပ်ဖို့ ကြိုးစားခဲ့ပေမယ့် အမေရိကန်၏ စောင့်ကြည့်နေမှုကြောင့် မအောင်မြင်ခဲ့ပါဘူး၁၉၉၈ ...
movie
Parmanu: The Story of Pokhran (2018)
2018
1
2
Next