Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bogdan Farcaș
5.9
Klaus & Barroso (2024)
ဒီဇာတ်လမ်းလေးဟာ ကလောက်စ် နဲ့ ဘာရိုဆိုတို့ညီအစ်ကို နှစ်ယောက်ကိုအကြောင်းပြုပြီး ပေါ့ပေါ့ပါးပါးရိုက်ကူးထားတဲ့ ဟာသဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ ကလပ်တစ်ခုရဲ့အဖျော်ဆရာတစ်ယောက်ဖြစ်တဲ့ ကလောက်စ်ဟာ ငွေတိုးချေးသူတွေထံမှ အကြွေးယူထားသောကြောင့် ကလပ်ပိုင်ရှင်အယောင်ဆောင်ကာ လူပျိုညပါတီတစ်ခုအတွက် အခကြေးငွေယူ၍ ကလပ်ကိုငှါးရမ်းလိုက်ပါတော့တယ်။ညီအစ်ကိုနှစ်ယောက်တည်း ပြင်ဆင်ရတဲ့ ပါတီမှာ အလွဲမျိုးစုံကြုံတွေ့ရပုံ ကလောက်စ်လိမ်သမျှခံနေရတဲ့ ပါတီကျင်းပသူတွေရဲ့အလွဲမျိုးစုံ ညီအစ်ကိုနှစ်ယောက်ရဲ့သံယောဇဉ်နဲ့ သူတို့နှစ်ဦးရဲ့ကိုယ်စီအချစ်ဇာတ်လမ်းတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.7 GB)/(970 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice
movie
Klaus & Barroso (2024)
7
Ramon (2023)
Ramon (2023)~ IMDb rating - 7/10 ~ရိုမေးနီးယားထုတ် ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး ရုပ်ရှင်ခေါင်းစဉ်အတိုင်း ရာမွန်ဆိုတဲ့ သူကို ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးထားတာပါ။ရာမွန်ဆိုတာကတော့ ရိုးသားကြိုးစားလှတဲ့ တောသားလေးပေါ့။ သူဟာ ငယ်ငယ်ကတည်းက အရမ်းကိုစိတ်ကောင်းရှိပြီး သူများတွေကို ကူညီတတ်တဲ့သူမျိုးပါ။ ဒါပေမဲ့ "စေတနာကနေ ဝေဒနာ" ဆိုသလို သူကတော့ ကူညီပေးလိုက်ပေမဲ့ သူများတွေအတွက်တော့ ဒုက္ခပေးသလို ဖြစ်ဖြစ်သွားတတ်ပါတယ်။ ဒီလိုနဲ့ပဲ တစ်နေ့တော့ သူဟာသူ့ ဖူးစာရှင်ကိုပိုးပန်းဖို့အတွက် ဘူခါရက်စ်ကို ရှာပုံတော် ထွက်သွားပါတော့တယ်။ဘူခါရက်စ်မှာ ရာမွန်တစ်ယောက် ဘယ်လိုဒုက္ခမျိုးစုံနဲ့ ကြုံတွေ့ရဦးမလဲ၊ ဘယ်သူတွေကို ကူညီသွားဦးမှာလဲဆိုတာကို ရယ်မောဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ IMDB မှာ 7/10 အထိရရှိထားပြီးတော့ ဇာတ်လမ်းကလည်း အရမ်းကြီး Serious မဖြစ်သလို အရမ်းလည်းပေါတောနေတာ မဟုတ်တဲ့အတွက် စိတ်အပန်းဖြေချင်သူများအတွက် အသင့်တော်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်)Size - ...
movie
Ramon (2023)
2023
The Hard Way (2019)
Payne ကစစ်သားဘဝက အနားယူပြီးနယူးယောက်မှာ အရက်ဆိုင်လေးဖွင့်ပြီး ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းဖို့ကြိုးစားနေသူပါ ADS အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ သူ့အစ်ကိုကတော့ရိုမေးနီးယားမှာမူးယစ်ဆေးဂိုဏ်းတစ်ခုကိုလိုက်ဖမ်းရင်းကျဆုံးသွားခဲ့ပါတယ် Payne တစ်ယောက်သူ့အစ်ကိုရဲ့သေဆုံးမှုအတွက် အထူးစစ်သားဘဝကိုပြန်ဝင်ပြီး အရင်အဖွဲ့ဝင်ဟောင်းနှစ်ဦးနဲ့လက်တွဲကာ သူ့အစ်ကိုသတ်သွားတဲ့ တကယ့်ဂိုဏ်းချုပ်ကြီးကို ဘယ်လိုဖော်ထုတ်လက်စားချေသွားမလဲဆိုတာ တွေ့ရမှာပါ Hand Combat Fighting တွေ ရှယ်ပါတဲ့အတွက် အက်ရှင်ကားကြိုက်နှစ်သက်သူတွေအတွက်ကတော့ တကယ့် masterpiece ပါပဲ File size…(1.7 GB)/(942MB)/(534MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:32:00 Genre...Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kevin
movie
The Hard Way (2019)
6.7
Watcher (2022)
Watcher (2022)Box office တန်းဝင်တဲ့ သည်းထိပ်ရင်ဖို ဇာတ်ကားမျိုး ကြည့်ရှုချင်တဲ့ ပရိသတ်တွေအတွက်ပါ။ဇာတ်လမ်းအညွှန်းလေးကတော့ ... ဂျူလီယာက သူ့ရဲ့ ချစ်ခင်ပွန်းနဲ့ ရိုမေးနီးယားကို ပြောင်းရွှေ့လာခဲ့တဲ့ အမေရိကန်သူလေးပေါ့။ရိုမေးနီးယားစကားမပြောတတ်တော့ တိုင်းတစ်ပါးကို ရောက်ခါစမှာ သူ အတော်လေး အထီးကျန်ရပါတယ်။ အထီးကျန်ရတဲ့ကြားထဲမှာမှ သူ့ကို စောင့်ကြည့်နေတဲ့ သူ တစ်ယောက်က ရှိနေပြန်ပါတယ်။ အဲဒီအကြောင်း သူ့ယောက်ျားကို ပြောပြပေမဲ့ အလုပ်များတဲ့ horror ရုပ်ရှင်တို့ရဲ့ ထုံးစံအတိုင်း ယောက်ျားဖြစ်သူက မယုံပြန်ပါဘူး။တကယ်တမ်း စောင့်ကြည့်နေတဲ့ အဲဒီလူရဲ့ ရည်ရွယ်ချက်က ဘာလဲ? လူကောင်းလား? လူဆိုးလား? ဂျူလီယာတစ်ယောက် ဘယ်လိုဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရမလဲ? ဆိုတာကို ဇာတ်ကောင် ဂျူလီယာ နဲ့အတူ အသည်းတယားယား စောင့်ကြည့်လိုက်ရအောင်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size : 1.2GB, 471MB & 236MB Quality : 1080p WEB-DL ...
movie
Watcher (2022)
2022