Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bobby Soto
6.0
The Listener (2024)
၂၀၂၄ မတ်လမှာအသစ်ထွက်ရှိထားတဲ့ The Listener ရုပ်ရှင်ဟာDrama အမျိုးအစားဖြစ်ပေမယ့် သည်းထိတ်ရင်ဖိုခံစားချက်ကိုလည်းခံစားရမှာဖြစ်ပါတယ်။ဒါရိုက်တာ Steve Buscemi ကရိုက်ကူးထားပြီး တစ်ကားလုံးကိုဘတ်သ်အဖြစ်သရုပ်ဆောင်တဲ့မင်းသမီး Tessa Thompsonတစ်ယောက်တည်းနဲ့ရိုက်ကူးထားတာပါ။ဘတ်သ်ဟာ ညတိုင်းအမေရိကန်တစ်နိုင်ငံလုံးရဲ့နေရာအနှံ့ကဖုန်းတွေကိုလက်ခံဖြေကြားပေးရတဲ့ အကူအညီဖုန်းလိုင်းတစ်ခုမှာ စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်နေတာဖြစ်ပါတယ်။အထီးကျန်တဲ့လူတွေ၊ မျှော်လင့်ချက်ကင်းမဲ့နေသူတွေအစရှိသဖြင့်လူပေါင်းမျိုးစုံဆီကဖုန်းတွေကို နားထောင်ပေးပြီးသူတို့လိုအပ်တဲ့အကြံဉာဏ်တွေကို ဘတ်သ်က ပြန်ပေးလေ့ရှိပါတယ်။ ဇာတ်ကားကတော့ ကိုရိုနာပြီးခါစအချိန်ကိုအခြေခံထားတဲ့အတွက် ပြီးခဲ့တဲ့နှစ်ဟာ ဖုန်းခေါ်သူတွေအပြည့်နဲ့ဘတ်သ်အတွက် ပင်ပန်းခဲ့တဲ့နှစ်ဖြစ်လို့ ဘတ်သ်ဟာ စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်မှုကနေ အနားယူတော့မှာလည်းဖြစ်ပါတယ်။ ရုပ်ရှင်အစကနေအဆုံးအထိ ဘတ်သ်ရဲ့ဖုန်းခေါ်ဆိုမှုတစ်ညတာကိုရိုက်ကူးပြထားပြီး ဖုန်းတစ်လုံးနဲ့ဘတ်သ်ရဲ့ဇာတ်ဝင်ခန်းတွေသာပါဝင်ပေမယ့် လူပေါင်းမျိုးစုံဖုန်းဆက်ကြတဲ့အထဲမှာ ဘတ်စ်က တစ်စုံတစ်ယောက်ကိုကယ်တင်နိုင်မှာလား။တစ်စုံတစ်ယောက်ရဲ့အသက်ကိုလက်လွှတ်ဆုံးရှုံးလိုက်ရမှာလားဆိုတာ ရင်ဖိုစွာစောင့်မျှော်ကြည့်ရှု့ရမှာဖြစ်ပါတယ်။တခြားလူတွေရဲ့ဘ၀တွေကိုအကြံပေးဖုန်းပြောဆိုမှုတွေကနေဘတ်သ်ကိုယ်တိုင်ရဲ့ဇာတ်ကြောင်းကိုပါ ဖြည်းဖြည်းချင်းဖော်ထုတ်သွားတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ ဖုန်းတစ်လုံးနဲ့နှိမ့်သိမ့်ပေးနေတဲ့လူတကာပြောတာတွေနားထောင်ပေးနေတဲ့၊ လူတွေနဲ့ဆက်သွယ်စကားပြောနေတဲ့ဘတ်သ်နဲ့အတူ ရုပ်ရှင်ကိုလိုက်ပါစီးမျောခံစားကြည့်ရမှာပဲဖြစ်ပါတယ်။ File size…818MB / 314MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 36m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
The Listener (2024)
7.6
A Million Miles Away (2023)
ဘဝမှာဖြစ်ချင်တဲ့ အိပ်မက်တွေပန်းတိုင်တွေဆိုတာကလူတိုင်းမှာရှိကြမှာပါ။အဲ့ဒီအရာတွေကို အကောင်အထည်ဖော်ဖို့ကလည်း နည်းမှန်လမ်းမှန်နဲ့ မဆုတ်နစ်သောဇွဲနဲ့ကြိုးစားမှဖြစ်နိုင်မှာပါ။အဲ့ဒီအပြင်ကိုမှ ကိုယ်သာကြိုးစားရင် မဖြစ်နိုင်တဲ့အရာဆိုတာ မရှိပါဘူးဆိုတာကိုA Million Miles Away ဆိုတဲ့ဖြစ်ရပ်မှန် ဇာတ်ကားလေးနဲ့ဖော်ကျူးထားတာကိုကြည့်ရမှာပါ။ ဟိုဆေးဟာနန်ဒက်ဇ်ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့ရဲ့မိသားစုနဲ့အတူပိုကောင်းတဲ့ ဘဝကိုပိုင်ဆိုင်ရဖို့အတွက် မက္ကဆီကိုကနေကယ်လီဖိုးနီးယားကိုပြောင်းရွှေ့ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာ သူတို့လိုတိုင်းတစ်ပါးကပြောင်းရွှေ့လာကြသူတွေဖြစ်တဲ့ ယောက်ျားမိန်းမ လူကြီးလူငယ်ကလေး ဘယ်သူမဆို လယ်အလုပ်ကိုပဲလုပ်ကိုင်ကြရပါတယ်။ဒါပေမယ့် ဟိုဆေးကအရမ်းဉာဏ်ကောင်းတဲ့ ကလေးဖြစ်တဲ့အတွက်ကျောင်းတစ်ဖက်နဲ့ လယ်အလုပ်တစ်ဖက်ဆိုရင် ပညာရေးကိုထိခိုက်စေမှာ ဖြစ်ကြောင်းဆရာမကပြောတဲ့အခါ သူ့မိဘတွေကသူတို့ရဲ့ အိမ်ဆောက်ချင်တဲ့ အိပ်မက်လေးကိုစတေးပြီး ဟိုဆေးရဲ့ပညာရေးကိုအပြည့်အဝထောက်ပံ့ပေးခဲ့ပါတယ်။ဟိုဆေးမှာငယ်ငယ်လေးကတည်းက ဖြစ်ချင်နေခဲ့တဲ့ အိပ်မက်တစ်ခုရှိပြီး အဲ့ဒါကတော့ အာကာသယာဉ်မှူးဖြစ်ပြီး အာကာသထဲကိုသွားချင်တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ဟိုဆေးအရွယ်ရောက်တဲ့အခါမှာအင်ဂျင်နီယာတစ်ယောက်ဖြစ်လာပြီး အိမ်ထောင်တွေကျပြီးသားသမီးတွေနဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ခဲ့ပါတယ်။ဒါပေမယ့် သူ့အိပ်မက်ဖြစ်တဲ့အာကာသယာဉ်မှူးဖြစ်ဖို့ကလည်း အခုထက်ထိမပျောက်ကွယ်သွားပဲနဲ့ နှစ်စဉ်လျှောက်လွှာတင်နေခဲ့ပါတယ်။ ဒါပေမယ့် NASA ဆိုတာဝင်ရောက်ဖို့ အရမ်းခက်ခဲတဲ့နေရာတစ်ခုဖြစ်တဲ့အတွက် နှစ်စဉ်ပယ်ချခံနေခဲ့ရပြီးဟိုဆေးတစ်ယောက် မိသားစုကိစ္စတွေ အခက်အခဲတွေကြားက ဘယ်လိုစတေးမှုတွေလုပ်ရင်းသူ့ရဲ့အိပ်မက်ပန်းတိုင်ကို ဘယ်လိုလျှောက်လှမ်းသွားမယ်ဆိုတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ File size…2.38 GB / 1.03 GB Quality…AMZN.WEB-DL 1080p 5.1 CH/ ...
movie
A Million Miles Away (2023)
6.9
Flamin’ Hot (2023)
Flamin' Hot (2023)Imdb - 6.9 Rotten Tomatoes - 69 %မက္ကဆီကန် Forrest Gump လို့ ပြောရလောက်တဲ့ Hot Cheeto မုန့်တွေရဲ့ ဖခင်ကြီး ရစ်ချတ်ဒ် မွန်တာညက်ဇ် အကြောင်းကို Disney လက်အောက်ခံ Searchlight Pictures စတူဒီယိုက အတ္ထုပ္ပတ္တိ ရုပ်ရှင်လေး ရိုက်ကူးပေးလိုက်ပါတယ်။ Rating တွေကလည်း အားရစရာပါပဲ။ဇာတ်လမ်းကျောရိုးကတော့ လူမျိုးရေးခွဲခြားမှုတွေ အင်မတန်များတဲ့ အမေရိကန်ပြည်ကြီးအလယ် ရွှေ့ပြောင်းမက္ကဆီကန်တွေရဲ့ ဘဝကို ထင်ဟပ်ဖော်ပြထားတာပါ။ တစ်ကားလုံး Twist အပြည့်နဲ့ဖြစ်ပြီး အပြောမတတ်ရင် spoil မိသွားနိုင်တာမို့ ထွေထွေထူးထူး မရေးတော့ပါဘူး။Comedy, Drama အမျိုးအစားဖြစ်ပြီး ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့အပြင် စိတ်ဓာတ်မြှင့်တင်ရေး ရုပ်ရှင်မျိုးဖြစ်တာကြောင့် ကိုယ့်ဆရာတို့ ဘဝမယ် လမ်းပျောက်နေသလို ခံစားမိရင် ကြည့်သင့်တဲ့ရုပ်ရှင်လေးပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hugo ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | ...
movie
Flamin’ Hot (2023)
2023
4.7
The Tax Collector (2020)
IMDB 4.9 ခန့်သာရရှိထားတဲ့ဒီဇာတ်ကြမ်းကားဟာတကယ်တော့ မာဗီယားသဘောမျိုး လော့အိန်ဂျလိ ရဲ့ မြေအောက်ရောင်းဝယ်ဖောက်ကားမှုကြီးအကြောင်းကို တင်ပြထားတာပါ။ဇာတ်ကားနာမည်လေးထဲက အတိုင်းပဲ ဆက်ကြေးကောက်ခံတဲ့သူ ရဲ့လုပ်ဆောင်တဲ့အပိုင်းလေးတွေကို တင်ပြထားတာဖြစ်ပြီးတကယ့် ဂိုဏ်းတွေနဲ့ပတ်သက်ရာမှာ ဘယ်လို ရင်ဆိုင်ရသလဲဆိုတာကို တင်ပြထားတဲ့ ဇာတ်ကားလေးပါပဲ..Netflix မှာ ပြသနေတဲ့ GreenHouse Acadamyထဲမှာပါဝင်တဲ့မင်းသမီး Shopie Cardonaပါဝင်သရုပ်ဆောင်ထားပါ သေးတယ်။လော့အိန်ဂျလိရဲ့ အောက်ပိုင်းအမှောင်ထုထဲဂိုဏ်းတွေကြားမှာဆက်ကြေးကောက်ခံတဲ့သူတစ်ယောက်အနေနဲ့ ဂိုဏ်းတစ်ဂိုဏ်းနဲ့ကြားကကိစ္စတွေ အငြင်းပွားဖွယ်တွေကိုလည်း လိုက်ပြီးရှင်းပေးရုံတင်မကပဲကလိမ်ကကျစ်လုပ်ချင်တဲ့ ဂိုဏ်းသားတစ်ချို့ကိုလည်းပညာပြရပါသေးတယ်။ဆက်ကြေး ကောက်ခံသူတစ်ယောက်ဟာ တကယ်တမ်းတော့အဲဒီမြို့ရဲ့ အချက်အချာတစ်ခုကို ကိုင်ထားသလိုမျိုးဖြစ်နေပြီးတကယ့်ငွေကြေးအများဆုံးကိုင်တွယ်ရတဲ့သူတစ်ယောက် ဆိုလည်းမမှားပါဘူး။အဲဒီအချိန်မှာ မိသားစုလေးနဲ့ပျော်ပျော်ရွင်ရွင်နေထိုင်ရင်းဆက်ကြေးကောက်ခံပြီး ဂိုဏ်းခေါင်းဆောင်ကို နေ့စဉ်ပြန်အပ်နေတဲ့ဒေဗစ်တစ်ယောက် ဟာ တစ်နေ့မှာ ပြိုင်ဖက်ဂိုဏ်း တစ်ခုဟာ ဝင်ရောက်စွတ်ဖက်လာတဲ့အခါ....သူ့ရဲ့မိသားစု ...
movie
The Tax Collector (2020)
5.5
The Quarry(2020)
The Quarry(2020)ရာဇဝတ်မှုတွေကနေထွက်ပြေးလာတဲ့ အပြစ်သားတစ်ယောက်ဟာလမ်းမှာအစာရေစာပြတ်လတ်ခေါင်းပါးမှုနဲ့ကြုံတွေ့နေတုန်း ခရီးသွားနေတဲ့တရားပြဆရာတစ်ယောက်ရဲ့ကယ်တင်ခြင်းကိုခံခဲ့ရပါတယ် တရားပြဆရာဟာအပြစ်သားကိုရိပ်မိခဲ့ပြီး အပြစ်တွေဝန်ခံဖို့ဘုရားသခင်ရဲ့ခွင့်လွှတ်မှုကိုခံယူဖို့ ဖြောင်းဖြခဲ့ပါတယ်..ဒါပေမယ့်လဲ အပြစ်သားဟာ မလုပ်သင့်တဲ့ ပြဿနာအကြီးကြီးကိုလုပ်ခဲ့မိတယ်....ဒီပြဿနာကြီးလုပ်ခဲ့ပြီးတော့ နည်းလမ်းတစ်မျိုးနဲ့ရှင်သန်နေထိုင်ဖို့ကြိုးစားပါတော့တယ်...သူလုပ်ခဲ့တဲ့ ပြဿနာကြီးက ဘာများဖြစ်မလဲ...ဘယ်လိုရှင်သန်နေထိုင်ဖို့ကြိုးစားမှာလဲ...ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasပါFile Size : (900 MB) and (460 MB) Quality : Blu-Ray 720p Format…mp4 Duration…01:38:00 Genre : Crime, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo Pyae
movie
The Quarry(2020)