Channel Myanmar

Blanche Gardin

It Boy (2013) 6.3
It Boy (2013) It Boy(2013) IMDb: 6.3/10 Rotten Tomatoes: 45% Genre: Comedy/RomanceIt Boy ဟာ ပြင်သစ်နောက်ခံစကားပြော  ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ တော်တော်လေးလည်းသဘောကျဖို့ကောင်းတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ရိုမန်တစ်အဆန်ဆုံး ဘာသာစကားတစ်ခုဖြစ်တဲ့ ပြင်သစ်နောက်ခံစကားပြောဖြစ်တာကြောင့် တော်တော်လေးကို ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ပြုံးပြုံးကြီးဘာသာပြန်ရတဲ့ ကားဆိုရင်လည်းမမှားပါဘူး။ဇာတ်ညွှန်း အဲလစ်ဆိုတာက ရီဘဲလ် စာနယ်ဇင်းက အယ်ဒီတာတစ်ယောက်ဖြစ်ပါတယ်။ ဘရာဇီးမှာအလုပ်လုပ်ရင်း ပြင်သစ်ကိုလေယာဉ်နဲ့ပြန်လာခဲ့ပါတယ်။ ဘဲလ်သက်ဇာ ဆိုတာကတော့ ဗိသုကာအတန်းမှာသင်ကြားနေတဲ့ ဆယ်ကျော်သက်တစ်ယောက်ဖြစ်ပါတယ်။ ဘဲလ်သက်ဇာကလည်း ဘရာဇီးကနေ ပြင်သစ်ကိုပြန်လာတဲ့ လေယာဉ်ပေါ်မှာပါလာခဲ့ပါတယ်။ ဒါပေမယ့် အဲလစ်က ပထမတန်းမှာဖြစ်ပြီး ဘဲလ်သက်ဇာကတော့ ဒုတိယတန်းမှာဖြစ်ပါတယ်။ ကံချင်းအပ်ချင်တော့ ဘဲလ်သက်ဇာဟာ အဲလစ်ဘေးကိုရောက်လာခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ တစ်ညတာဖြတ်သန်းပြီး ခွဲခွာချိန်ကိုကြုံလာတဲ့အချိန်မှာ အဲလစ်ရဲ့ USB ဟာလေယာဉ်ပေါ်မှာကျန်ခဲ့ပါတယ်။ အဲဒါကို ဘဲလ်သက်ဇာက ကောက်ပြီးပေးဖို့ကြိုးစားခဲ့ပေမယ့် မမှီခဲ့ပါဘူး။ အသက် ၂၀ တောင်မပြည့်သေးတဲ့ ဘဲလ်သက်ဇာနဲ့အသက် ၄၀ ပြည့်ခါနီး အလုပ်ကလွဲဘာကိုမှ စိတ်မဝင်စားတဲ့ အဲလစ်တို့ရဲ့ ...
movie

It Boy (2013)

Declaration of War (2001) 7.0
Declaration of War (2001)  'ချစ်ခြင်းဖြင့်ဖွဲ့သီသော'CM ပရိတ်သတ်ကြီးရေ ဇာတ်လမ်းထဲက မိဘတစ်ယောက်ရဲ့ သောကဗျာပါဒမီးဟာ ကြည့်ရှုသူကိုကူးစက်လာအောင်အထိ ရိုက်ပြတဲ့ဇာတ်လမ်းမျိုးမြည်းစမ်းကြည့်လိုပါသလား။ မိဘတွေဟာ သားသမီးအပေါ်ဘယ်လိုပေးဆပ်ကြောင်း မိနစ် ၁၀၀ လောက် ကောင်းကောင်းကြီးတွေ့ကြုံလိုပါသလား။ ဒါဆိုရင်တော့ ဒီရုပ်ရှင်လေးနဲ့ကိုယ်တိုင်ခံစားကြည့်ပါလို့ပြောပါရစေ။ဇာတ်ကားနာမည်က စစ်ကြေညာစာတမ်းတဲ့ ဒါပေမယ့် ဘယ်စစ်ပွဲမှလည်းမတိုက်သလို သတ်တာပုတ်တာလည်းတစ်ခုမှမပါပါဘူး။ ရှိတ်စပီးယားရဲ့ရိုမီယိုနဲ့ဂျူးလိယက်ဟာ အချစ်အတွက်မိဘတွေကိုစစ်ခင်းခဲ့ကြသလိုပဲ (တင်စားပြောတာဟ) ဒီတစ်ခေါက် IMDB 7 ရရှိထားပြီး ၂၀၁၁ ခုနှစ်ထွက် ပြင်သစ်ရုပ်ရှင်ထဲက ရိုမီယိုနဲ့ဂျူးလိယက်တို့ဟာလည်း သူတို့သားလေးအတွက် Brain Tumor နဲ့စစ်ခင်းရင်း မေတ္တာဆိုတာဘာလဲနဲ့ သစ္စာတွေ ယုံကြည်မှုတွေဆိုတဲ့ စကားလုံးတွေကိုနောက်ခံတေးဂီတကောင်းကောင်းနဲ့ ဆွတ်ပျံ့ဖွယ်ဖော်ကျူးထားတာကိုရှုစားရမှာပဲဖြစ်ပါတယ်။ တင်ပြပုံကောင်းသလို ပိုပြီးအံ့သြဖို့ကောင်းတာက ဒီရုပ်ရှင်ထဲကမင်းသားမင်းသမီးဟာ အပြင်မှာတကယ့်လင်မယားတွေဖြစ်ပြီး ဒီရုပ်ရှင်ထဲကအဖြစ်အပျက်တွေဟာလည်း တကယ့်လက်တွေ့ဘဝက သူတို့ရဲ့ကင်ဆာရောဂါရှင်သားဦးလေးနဲ့အတူ ဘဝဖြတ်သန်းခဲ့ရပုံဖြစ်ရပ်မှန်တွေကိုရိုက်ပြထားတာဖြစ်ပါတယ်။ဒီတော့ အများကြီးမညွှန်းတော့ဘူး။ တစ်ခုပဲသတိပေးချင်တာက ပြင်သစ်ရုပ်ရှင်တို့ရဲ့ထုံးစံအတိုင်း အသံက ရုတ်တရက်ဆောင့်ဆောင့်ထွက်လာတတ်တာလေးတစ်ခုပါပဲ။ကျွန်တော်ကတော့ Alex666 ပါ။ ရှုစားလိုက်ကြပါဦး။ File size…(1.6 GB)/(800 Mb) Quality….Blu-Ray 1080p / ...
movie

Declaration of War (2001)

The Book of Solutions (Le Livre Des Solutions) (2023) 6.3
The Book of Solutions (Le Livre Des Solutions) (2023) ဒီရုပ်ရှင်လေးက IMDb 6.3 နဲ့ Meta score 65 ရရှိထားတဲ့ ပြင်သစ် ကော်မဒီ ဒရာမာရုပ်ရှင်လေးပါ။ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်မက် သူ့ရဲ့ရိုက်ကူးရေးအဖွဲ့လေးနဲ့ ရုပ်ရှင်တစ်ကားကို ရိုက်ကူးနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ရဲ့ထုတ်လုပ်ရေးကုမ္ပဏီက သူဌေးတွေက မက်ရဲ့ရုပ်ရှင်ကို လက်လွှတ်ဖို့ကြိုးစားနေကြတဲ့အခါမှာတော့ မက် ဟာ သူ့ရဲ့မပြီးပြတ်‌သေးတဲ့ရုပ်ရှင်ကို မပြီးပြီးအောင်ရိုက်ဖို့အတွက် သူအားကိုးအားထားပြုရတဲ့ အဖွဲ့လေးနဲ့အတူ မြို့ပြနဲ့ဝေးကွာတဲ့နေရာက မြို့ငယ်လေးမှာရှိတဲ့ အဒေါ်ဖြစ်သူ ဒနိစ်ရဲ့အိမ်ကို ရောက်ချလာပါတယ်။မက်ရဲ့အဖွဲ့ထဲမှာ တည်းဖြတ်သူ၊ လက်ထောက်၊ ပရိုဂျူဆာတွေဖြစ်တဲ့ ရှားလက်နဲ့ ဆီဗီယာဆိုတဲ့ အမျိုးသမီးနှစ်ဦးရယ် ကာလို့စ်ဆိုတဲ့ အမျိုးသားတစ်ဦးရယ်ပါလာပါတယ်။ မက်ဟာ စိတ်ကစဉ့်ကလျားရောဂါကိုခံစားနေရပြီး ဒီဝေဒနာကို ဖုံးဖိထားဖို့အတွက် ဆေးသောက်နေရတဲ့သူတစ်ဦးပါ။ မက်ဟာ ရုပ်ရှင်ကိုအပြီးသတ်ရိုက်ကူးဖို့ အနုပညာပြဿနာတွေရှိသလို တစ်ဖက်မှာလည်း စိတ်က ထထဖောက်တတ်ပြီး တစ်ခါတလေ မဆင်မခြင် လုပ်ချင်ရာတွေလုပ် ပြောချင်ရာတွေပြောနေတတ်ပြီး စိတ်ကူးကမ္ဘာနဲ့ လက်တွေ့ဘ၀ မကွဲပြားဘဲလည်း ဖြစ်နေတတ်ပါတယ်။ဒီရုပ်ရှင်လေးက ရိုးရိုးရှင်းရှင်းပါပဲ။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိနေတဲ့ ...
movie

The Book of Solutions (Le Livre Des Solutions) (2023)

Everybody Loves Jeanne (2022) 6.4
Everybody Loves Jeanne (2022) Everybody Loves Jeanne (2022)~ IMDb - 6.4/10, Rotten Tomatoes - 100% ~ဂျန်းမေယာလို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက် ရှိတယ်ပေါ့။ ဂျန်းဟာ ထက်မြက်တယ်၊ ဦးဆောင်နိုင်တယ်၊ လူဝင်ဆန့်တယ်။ သူ့ရှေ့အနာဂတ်ကို ကြည့်လိုက်မယ်ဆိုရင်လည်း အလားအလာကောင်းတွေ တသီကြီး စောင့်နေတယ်ပေါ့။ အဲဒီလို ဂျန်းဟာ တစ်ရက်မှာ သူ့ဘဝရဲ့ ဆုံးရှုံးမှုအကြီးစားကြီးတစ်ခု ကြုံလိုက်ရပြီး ဒေဝါလီခံရလုဆဲဆဲဖြစ်ပါတော့တယ်။ အကြံကုန် ဂဠုန်ဆားချက်၊ ဂျန်းတစ်ယောက် သူ့အမေချန်ခဲ့တဲ့ တိုက်ခန်းကို ရောင်းပြီးအကြွေးဆပ်ဖို့ကြံရွယ်ပြီး သူ့အမေ အသက်ရှိတုန်းက နေထိုင်ခဲ့ရာ လစ်ဘွန်ဆီ ခရီးထွက်ခဲ့ပါတော့တယ်။ဒီကားမှာ စိတ်ဝင်စားဖို့ကောင်းတာက ပြင်ပကမ္ဘာမှာ မြင်နေရတဲ့ ဂျန်းမဟုတ်ပါဘူး။ လူတစ်ကိုယ် အတွေးပေါင်းသောင်းခြောက်ထောင်ဆိုတဲ့အတိုင်း ဂျန်းရဲ့ ခေါင်းထဲမှာဖြစ်ပျက်နေတဲ့ အတွေးတွေ အသံတွေကို ကိုယ်စားပြုပြီး ပြထားတဲ့ အန်နီမေးရှင်းတွေပါ။ ထက်မြက်တဲ့ ဦးဆောင်နိုင်တဲ့ လူဝင်ဆန့်တဲ့ အားလုံးကချစ်ကြတဲ့ ဂျန်းရဲ့ ...
movie

Everybody Loves Jeanne (2022)

2022
I Am Not an Easy Man (2018) 6.3
I Am Not an Easy Man (2018) I Am Not an Easy Man (2018) ====================== IMDb Rating - 6.3/10အကယ်၍များ ကျား၊မ ခွဲခြားမှုတွေသာ ပြောင်းပြန်ဖြစ်သွားရင် ဘယ်လိုဖြစ်သွား မလဲ။ ကမ္ဘာကြီးအပေါ်‌ ဘယ်လိုသက်ရောက်မှုတွေ ရှိသွားမလဲ။ ဒါတွေရဲ့ အဖြေ ကတော့ ဒီဇာတ်ကားထဲမှာ ရှိပါတယ်။တစ်ရက်မှာ ဒေမီယန်ဆိုတဲ့ လူ့အခွင့်အရေးတွေအပြည့်အဝရထားပြီး မိန်းမပွေတဲ့ လူတစ်ယောက်က ဓာတ်တိုင်နဲ့ဝင်တိုက်၊ သတိမေ့ပြီး အခြားကမ္ဘာကိုရောက်သွား တယ်။ သူနိုးလာတဲ့အခါမှာကြည့်ကြည့်တော့လည်း ကမ္ဘာကြီးက ဒီအတိုင်းပဲ ဒါပေမဲ့ ယနေ့ကမ္ဘာကြီးနဲ့မတူတာက အဲမှာက အမျိုးသမီးတွေကြီးစိုးနေတာပါပဲ။ ဆိုတော့ ဒေမီယန့်လို လူမျိုးက အဲ့ကိုရောက်သွားတယ်ဆိုတော့ ဘယ်လိုတွေဆက်ဖြစ်မလဲ။ ကျား၊မ ခွဲခြားမှုတွေက လူ့အသိုင်းအဝိုင်းအပေါ် ဘယ်လောက်အထိသက်ရောက်မှု ရှိလဲဆိုတာကို မီးမောင်းထိုးပြထားတဲ့ Netflix ရဲ့ ပြင်သစ်ဇာတ်ကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.61 GB) / (689 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 38Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Fantasy, Romance Translator......Khant ...
movie

I Am Not an Easy Man (2018)

2018
Smoking Causes Coughing (2022) 6.7
Smoking Causes Coughing (2022) Smoking Causes Coughing (2022)~ IMDb - 6.7/10, RT - 91%, Meta - 74% ~ဒီတစ်​ခေါက်​တော့ 2022 ကထွက်ရှိထားတဲ့ Smoking Causes Coughing ဆိုတဲ့ ပြင်သစ် ဟာသ Sci-Fi ကား​လေးနဲ့ ပိတ်ရက်​တွေမှာ ရယ်​မောရင်း အ​ပန်း​ဖြေလိုက်ရ​အောင်။ကမ္ဘာ​​​​မြေကို မိစ္ဆာ​တွေရန်က​နေ ကာကွယ်​ပေး​​နေတဲ့ စူပါဟီးရိုးအဖွဲ့ အဖွဲ့ဖွဲ့စည်းတာ ကြာလာတာနဲ့အမျှ စည်းလုံးမှု​လျော့ဆင်းလာတာ​တွေ​ကြောင့် ​ခေါင်း​ဆောင်က စည်းလုံး​ရေးပို​ကောင်း​အောင် တစ်ပတ်​လောက် အပန်း​ဖြေခရီးပို့လိုက်တဲ့အခါ ခရီးမှာဖြစ်ပျက်တဲ့အရာ​တွေကို ဟာသဆန်ဆန် ရီ​မောရမယ့်ကား​လေးပဲဖြစ်ပါတယ်။ သူတို့အနားယူ​နေတုန်း တဖက်ရန်သူကလည်း ကမ္ဘာဂြိုဟ်ကို ဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်တာ​ကြောင့် သူတို့ ကမ္ဘာ​မြေကြီးကို ကယ်တင်နိုင်မလား မကယ်တင်နိုင်ဘူးလား ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမယ့်ကား​လေးပဲဖြစ်ပါတယ်။ Rating ကောင်းတွေရထားတဲ့အပြင် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာလည်း ဝင်ရောက်ပြသထားနိုင်တဲ့ကားဖြစ်လို့ ပေါ့သေးသေးတော့မဟုတ်ပါဘူး။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Smoking Causes Coughing (2022)

2022
France (2021) 5.9
France (2021) France (2021)===========IMDb Rating - 5.9/10သူ့နာမည်က ဖရန့်စ်၊ နာမည်ကြီးရုပ်သံတင်ဆက်သူတစ်ယောက်။ ပြင်သစ်တစ်နိုင်ငံလုံး သူ့ကိုချစ်ကြတယ်၊ သူ့အစီအစဉ်ဆိုမလွှတ်တမ်းကြည့်တဲ့သူတွေတောင်ရှိတယ်၊ နာမည် ကြီးလေ သူများမလုပ်တဲ့ အစီအစဉ်တွေကိုသူလုပ်ချင်လေပဲ၊အခြားဂျာနယ်လစ်တွေ မရိုက်တဲ့အစီအစဉ်မျိုးတွေဆို သူကရိုက်လေ့ရှိတယ်၊ အဲ့တော့နာမည်ကြီးတယ်ဝင်ငွေ ကောင်းတယ်၊ ပိုက်ဆံရှိတယ်။ ပိုက်ဆံရှိတယ်ဆိုပေမယ့် အိမ်ထောင်ရေးကအေးတိအေးစက်၊ မွေးထားတဲ့သားတစ်ယောက်ကို ကောင်းကောင်းမွန်မွန်မစောင့်ရှောက်နိုင်လောက်တဲ့ အထိကိုအလုပ်များတယ်၊ တစ်နေ့သူ့သားလေးကို ကျောင်းပို့ရင်း ဘတ်စတစ်ဆိုတဲ့ ကောင်လေး ကို ကားတိုက်မိတယ်၊ ဘတ်စတစ်တို့မိသားစုက ဆင်းရဲတာကြောင့်ရယ်၊ သူ့ပရိသတ်ဖြစ်နေတာ ကြောင့်ရယ် လျော်ကြေးပေးလိုက်ပေမယ့်၊ သူနဲ့ပြိုင်ဖက် ဂျာနယ်လစ်နယ်ပယ်မှာတော့ သတင်းထူး ဖြစ်ပြီး မျက်နှာဖုံးတွေမှာပါသတင်းခေါင်းစဉ်ကြီးနဲ့ဖော်ပြတယ်။ LIVE Show တွေမှာပါ အရှက် ရလောက်တဲ့အထိဖြစ်ခဲ့တယ်။ နာမည်ကြီးစတားတစ်ယောက်က တစ်ခါမှမဖြစ်ဘူးမကြုံဘူးတဲ့ ဒီဖြစ်ရပ်ကြောင့်သူဘဝ ပြောင်းလဲသွားပုံစိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ပေးထားတာကြောင့် ပရိတ်သတ်များအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size - (1.16 GB) / (576 MB) / (394 MB) Quality – BluRay 1080p / 720p/480p Duration - ...
movie

France (2021)

2021