Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bitto Davis
5.5
Adi (2023)
Adi (2023) "ရန်ငြှိုး"CM ပရိသတ်အတွက် ဒီတစ်ခါမှာဆိုရင် မလေယာလမ် မိသားစု/ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နန်ဒူဟာ ဂီတီဆိုတဲ့ သွက်လက်ချက်ချာ ကောင်မလေးနဲ့ စေ့စပ်ထားသူဖြစ်ပြီး လက်ထပ်ရဖို့အရေး စိတ်လှုပ်ရှားလို့မဆုံး ဖြစ်နေသူပါရုံးမှာ လက်မှတ်ထိုးတဲ့နေ့ အမျိုးတွေ တရုန်းရုန်းနဲ့ တက်ကြွလှုပ်ရှားဖွယ် နေ့လေးမှာမှ အပြန်လမ်းမှာ ဆိုင်ကယ်နဲ့ လူနှစ်ယောက် ရှေ့မကြည့်နောက်မကြည့် မောင်းလာတာကို ဆဲလိုက်မိရာကနေ အချင်းများရန်သတ်ကြပြီး ရခါစဇနီးနုနုထွတ်ထွတ်လေးရှေ့မှာ အရိုက်ခံလိုက်ရတဲ့အတွက် ဇနီးအသစ်စက်စက်ရှေ့မှာ သိက္ခာကျသလိုခံစားသွားရတဲ့ မင်းသားဖြစ်သူက သူ့သိက္ခာအဖတ်ဆည်ဖို့အရေး ပြန်လက်စားချေဖို့ကြိုးစားရာ ဘယ်လိုတွေဆက်ဖြစ်မှာလဲ ယောကျာ်းမာနအကြောင်းကို ဟာသနှောပြီး ပုံဖော်ထားတဲ့ ဇာတ်လမ်းလေးကို အားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 1.9GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Adi (2023)
2023
7.0
Corona Dhavan (2023)
Corona Dhavan (2023) ယမကာလုလင်လေးများIMDb rating 7.4/10 ရရှိထားပြီး ၂၀၁၉ခုနှစ်ရဲ့ COVID-19 Lockdown ကာလအတွင်းက အရက်ဂျိုးတို့ ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာအခက်အခဲတွေကို ပုံဖော်ရိုက်ကူးထားတဲ့ သူတို့ရဲ့ဘဝတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။အစ်နေ့ ကောက်ရိတ်သိမ်းပွဲနေ့ ခရစ်စမတ်နေ့ကအစ ဘာပွဲမှ အလွတ်မခံဘဲ အရက်ကို ချစ်လို့ မြတ်နိုးလို့ သောက်ကြတဲ့ ကယ်ရာလာ နယ်သားတစ်စု။ မင်္ဂလာပွဲတွေမှာတောင် အရက်နဲ့ ဧည့်ခံတဲ့နယ်။ဒီလိုနယ်လေးကို စည်းကမ်းတင်းကြပ်တဲ့ ရဲအရာရှိ စပ်သရာရောက်ရှိလာတဲ့အခါ ... "အရက်ချက်တာ သောက်တာကို မလုပ်ရုံမကဘဲ အရက်နံ့ကိုတောင်မရှူရဘူး" ဆိုတဲ့ခံယူချက်နဲ့ ရဲအရာရှိစပ်သရာတစ်ယောက် သူနဲ့ သဘောထားမတိုက်ဆိုင်တဲ့ နယ်မှာ တာဝန်ကျတဲ့အခါမှာတော့ ဒါဗန်အရက်ကို စွဲလမ်းနေသူ နယ်သားတွေနဲ့ ဘယ်လိုမျိုး ရင်ဆိုင်သွားမလဲဆိုတာကိုတော့..... ဆက်လက်ကြည့်ရှုပေးကြပါဦး...အညွှန်းနဲ့ ဘာသာပြန်ဆိုမှုကိုတော့ CM Bollywood Team မှ ညွှန်းဆိုဘာသာပြန်ထားပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here!) File size…1.8GB ...
movie
Corona Dhavan (2023)
2023
8.2
John Luther (2022)
John Luther(2022)ဒီကားကတော့ IMDb Rating 8.4အထိရရှိထားတဲ့ အိန္ဒိယစုံထောက်ကားလေးပဲ ဖြစ်ပါတယ်။ အိမ်မပြန်နိုင်ရလောက်တဲ့အထိ အလုပ်ကြိုးစားနဲ့ နယ်မြေခံ ရဲတစ်ယောက်ဖြစ်တဲ့ ဂျွန်လူသာ တစ်ယောက်။သူ့ညီမဖြစ်သူရဲ့ မင်္ဂလာဆောင်ကိုတောင် အချိန်မနည်းလုပြီး ပြန်ရတဲ့အထိ အလုပ်ကို ကြိုးစားပမ်းစားလုပ်နေရင်းကနေ တစ်နေ့မှာ သူတာဝန်ကျနေတဲ့ နယ်မြေအဝန်းအဝိုင်းအတွင်းက အက်စီးဒင့်တစ်ခုမှာ ပါဝင်သွားပြီး အဲ့ဒီအမှုက နိုင်ငံရေးနဲ့ ပက်သက်နေတယ့်အခါ.........Thriller Movieအမျိုးအစားဖြစ်တဲ့အတွက် ဒီအမှုကို သူဘယ်လို ရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ တစ်ကားလုံးမှာလည်း ဒါရိုက်တာဖြစ်သူ Abhijith Josephက ဇာတ်လမ်းကို ဖြည်းဖြည်းချင်းဆွဲခေါ်သွားပြီး နောက်ဆုံးမှာ ဘယ်လိုမှမှန်းဆထားလို့မရတဲ့ Plotကို လှလှပပလေးဖော်ပြသွားခဲ့တာပါ။ စုံထောက်ကားဖြစ်တဲ့အပြင် Thrillerဖြစ်တာမို့လို့ ကြည့်မယ်ဆိုရင် နောင်တမရနိုင်ပါဘူးနော်။ File size…2.1GB / 996MB Quality…1080p True WEB DL AAC5.1CH / 720 p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yate & Lwin Htoo & Thet Ko ...
movie
John Luther (2022)
2022
7.9
Pada (2022)
Pada (2022)IMDb Rating 7.9ဒီဇာတ်လမ်းလေးကတော့ ၁၉၆၆မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ မြေယာတွေရဲ့ ဉပဒေကို ထိန်းချုပ်ခန့်ခွဲပြီး မြေယာအခွန်ကောက်ခံတဲ့ တရားဉပဒေပညာရှင်တွေရှိပါတယ်။ ၁၉၆၆မှာ အဲ့ဒီမြေယာခွန်ရှေ့နေတစ်ယောက်ရဲ့ရုံးခန်းထဲကို "Ayyankali Pada"တွေလို သူတိုကိုယ်သူတို ထုတ်ဖော်ပြောကြားတဲ့ လူငါးယောက် ဝင်လာပြီး ကယ်ရလာဉပဒေအဖွဲအစည်းက ပြင်ဆင်ချက်ထုတ်ခဲ့တဲ့ အာဒီဗာစီမြေယာအက်ဉပဒေကို ပယ်ဖျက်ပေးဖို တောင်းဆိုကြပါတယ်။ ဒါကို မြေယာခွန်ရှေ့နေက လက်မခံတဲ့နောက်မှာ သူတိုဟာ အဲ့လူကို ဓားစားခံအဖြစ် ဖမ်းဆီးလိုက်ကြပါတယ်။ သူတိုပြောတဲ့စကားကတော့ "ကျုပ်တိုက မတရားမှုကို စိန်ခေါပြီး ရင်ဆိုင်တိုက်ခိုက်တဲ့သူတွေပါ"တဲ့။ ဒီလူတွေဟာ ကြီးမားတဲ့တော်လှန်ရေးအတွက် ပြင်ဆင်နေကြတဲ့သူတွေပါ။ သူတိုရဲ့မြေ၊ သူတိုရဲ့တောအုပ်၊ သူတိုအိမ်ဖြစ်တဲ့ အာဒီဗာစီကို ထိပါးလာတဲ့ အစိုးရအာဏာပိုင်တွေကို ရင်ဆိုင်ပြီး မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းပြန်လည်တောင်းဆိုဖို စိုင်းပြင်းနေကြတဲ့သူတွေပဲဖြစ်ပါတယ်။ ဘယ်သူမှ ကိုယ်ချစ်ရတဲ့အရာတစ်ခုကို ထိလာရင် သွေးမအေးနိုင်ကြပါဘူး။ ဒါက ကိုယ်တွေရဲ့မြေပါ။ ကိုယ်တွေရဲ့ အိမ်ပါ။ ရဲရဲတောက်နေတဲ့ ဒီလိုစိတ်ထားမျိုးနဲ့ အင်အားကြီးလို လက်ဝါးကြီးအုပ်တဲ့ အစိုးရကို ဘယ်လို တော်လှန် သွားမလဲဆိုတာကို ဒီကားလေးထဲမှာ ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ နဂိုRatingမြင့်တာအပြင် ...
movie
Pada (2022)
2022
7.8
Ajagajantharam (2021)
Ajagajantharam (2021)Action/Mysteryကြမ်းကြမ်းရမ်းရမ်း အိန္ဒိယရုပ်ရှင်တွေ ကြည့်ချင်တယ်။ ဒါပေမယ့် အိုဗာတင်းမဖျော်ပဲလက်တွေ့ဆန်တဲ့ရိုက်ချက်တွေလည်း လိုချင်တယ်ဆိုပါစို့။ ဒါဆိုရင်တော့လွမ်းခန်း၊ ဆွေးခန်း၊ ချစ်ခန်း၊ ကြိုက်ခန်းတွေမပါပဲ ရင်တထိထိတ်နဲ့ကြည့်ရမယ့်အက်ရှင်ကားကောင်းကို Channel Myanmar ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ည ။ ညဟာ ပုံမှန်ထက် မှောင်မိုက်လာခဲ့။ သာမန်ညတွေမှာ အိပ်စက်အနားယူကြ၊အလုပ်သွားကြနဲ့ လည်ပတ်နေခဲ့တဲ့ တစ်နှစ်တာ ရာသီစက်ဝန်းမှာ ဒီညဟာတော့ပိုပျော်စရာကောင်းခဲ့။ နှစ်စဥ်ကျင်းပလေ့ရှိတဲ့ Aranjali ရဲ့ဘုရားပွဲနေ့ဖြစ်တာကြောင့်ပေါ့ဗျာ။လူတွေဟာ ဝတ်ကောင်း၊ စားလှတွေဝတ် မီးရောင်စုံတွေ၊ စျေးဆိုင်တန်းလေးတွေ၊ဂီတသံတွေညံစီနေတဲ့ ပွဲစျေးထဲ လည်ပတ်ရင်း ပျော်ရွှင်နေခဲ့ကြတာပေါ့။ဒါပေမယ့် ဒီနှစ် Aranjali ဘုရားပွဲရဲ့အခြေအနေကတော့ရီမောသံတွေအစား ဆဲဆိုသံတွေ ညံပြီး သွေးသံတရဲရဲပေါ့။ ဆင်တစ်ကောင်ရယ်၊နံမည်ဆိုးနဲ့ကျော်ကြားတဲ့ ရာဇဝတ်သားလူမိုက်တွေရယ်၊ လက်ရဲဇက်ရဲလို့ဆိုရမယ့်လူငယ်တချို့ရယ်၊ ပြီးတော့ ပြဇာတ်အကတစ်ဖွဲ့ရယ် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြတဲ့ညပေါ့။ရဲကားသံတွေလည်း တဝီဝီ၊ ပြေးတဲ့လူကပြေးနဲ့ ဖရိုဖရဲအခြေအနေကို စိတ်လှုပ်ရှားဖို့ကောင်းအောင် ကြည့်ရမှာပါ။ဒီကဘုရားပွဲတို့၊ ပျော်ပွဲရွှင်ပွဲတို့မှာဖြစ်လေ့ရှိတဲ့ ရန်ပွဲတွေလိုမျိုးပါပဲ။ ဒါပေမယ့် ထူးခြားတာက ဆင်တစ်ကောင်ကိုထည့်ရိုက်ထားတဲ့နေရာမှာ အိန္ဒိယတို့ရဲ့ အစဥ်အလာအတိုင်း ...
movie
Ajagajantharam (2021)
2021
7.9
Nonsense(2019)
Nonsense(2019)IMDb....7.9ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကျောင်းစာမှာ ထူးချွန်ပြီး Aခန်းမှာနေရတဲ့သူတွေ များသလို စာမေးပွဲတွေ တစ်ဘုန်းဘုန်းကျရင်း Z အခန်းမှာပဲ ကျောက်ချနေရတဲ့ သူတွေလည်းများပါတယ်.... ဒါပေမယ့် အားကစားသမား စီးပွားရေးသမားနဲ့အခြားသော နယ်ပယ်တွေမှာ အောင်မြင်နေတဲ့သူတွေကိုကြည့်လိုက်ရင် Z အခန်းကသူတွေကလည်း အခြားသောသူတွေနဲ့ ရင်ဘောင်တန်းရပ်တည်နေနိုင်ကြတာကိုတွေ့ကြရမှာပါ.... တကယ်တော့ ဒီအခြေအနေတွေကိုမရောက်ခင်ထိတော့ ဒီလို Z ခန်းက သူတွေဟာ တစ်လောက်ကလုံး ဒုက္ခတွေ နင်တို့ပဲ ခံကြစမ်းဟု ကြိမ်စာတိုက်ခံနေရသလိုပါပဲ.... ဒီကားထဲမှာလည်း ကောင်လေးတစ်ယောက်ရှိတယ်... လမ်းကြမ်းစက်ဘီးစတန့်အားကစားနည်းကို ခုံမင်လွန်းတဲ့တစ်ယောက်......သို့ပေမယ့် ကျောင်းစာမှာညံ့လွန်းတော့ မစ္စတာပေါက်ကရကောင်လို့တောင် ခေါ်ခံရတဲ့သူပေါ့.... စာသင်ခန်းရဲ့ အချိန်တိုင်းလိုလိုမှာ အံမဝင်လွန်းတော့ ခွေးမောင်းသလို မောင်းထုတ်ခံရတဲ့ ထိတောင် ပေါက်ကရကောင်ဖြစ်ခဲ့တယ်.... ဒါပေမယ့်လည်း သူဟာ စက်ဘီးလေးစီးရင်း စတန့်တွေကြိုးစားလုပ်ရင်းနဲ့ ပေါက်ကရကောင်ဆိုတဲ့ နာမည်ဆိုးကိုလိုက်ခေါ်နေတဲ့သူတွေကို ခပ်ပြုံးပြုံးပြန်ကြည့်ဖို့ကြိုးစားနေလေရဲ့.... ဒီလိုကောင်လေးဟာ ဘယ်လိုတွေဆက်ဖြစ်မလဲ.... သူဘဝအတွက် ဘယ်လိုဆက်ရပ်တည်မလဲ.... အားလုံးအမြင်မှာ အသုံးမကျတဲ့ပေါက်ကရကောင်လေးဟာ တစ်ချိန်မှာ အမြင်တွေပြောင်းသွားစေနိုင်မလားဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဗျို့.... ကုလားကားကောင်းကြိုက်သူတို့အဖို့ ဒီကားကိုလက်မလွှတ်စေချင်ပါဘူး.... IMDb လည်း အကောင်းဆုံးအနေအထားမှာရှိသလို ကြည်နူးဖွယ် ချစ်သူပုံရိပ်တွေပါလေတဲ့အတွက် ခံစားကြည့်ရှုသင့်ပါကြောင်း သတင်းကောင်းပါးပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoonwahwah & May Tharaphi တို့ပဲဖြစ်ပါတယ်...File Size : (1.2 ...
movie
Nonsense(2019)
2018