Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bitthiri Satthi
7.3
Jilebi (2023)
Jilebi (2023)"ဂျလေဘီ" ===================၂၀၂၃ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ IMDb 7.5 ရ ကောလိပ်ဟာသ သရဲကားလေးတစ်ခုကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။တောင်ပိုင်း ကားကောင်းတော်တော်များများမှာ ပါဝင်တတ်တဲ့ မင်းသမီးလေး ရှီဗာနီနဲ့ မင်းသား အန်ကိသ်ကိုင်ယာတို့က ဒီရုပ်ရှင်ထဲမှာ အဓိကသရုပ်ဆောင်ထားကြတာပါ။ဇာတ်လမ်းကတော့ ကောလိပ်တက်ရင်း အဆောင်မှာနေကြတဲ့ ဂျလေဘီတစ်သိုက်နဲ့စတယ်ပေါ့။ ဘာတာဝန်မှ ယူစရာမရှိသေးတဲ့ ကောလိပ်ကျောင်းသားတွေဖြစ်တဲ့အလျောက် ဆရာတွေ လက်မြှောက်ရတဲ့အထိ အရက်သောက်၊ ဖဲရိုက်၊ ရန်ဖြစ် ကဲချင်တိုင်းကဲနေကြတဲ့ ကာမယ်တို့အဖွဲ့ထဲကတစ်ယောက်က ကျောင်းသူတစ်ယောက်ကို အဆောင်ထဲ ခိုးသွင်းမိရာကစပြီး သရဲခြောက်သလိုလို အပမှီသလိုလို တလွဲတချော်တွေဖြစ်ကြပုံကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.6GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Jilebi (2023)
2023
Bhola Shankar (2023)
Bhola shankar (2023) ===================ဘိုင်ရာဗာမင်းသား ရမ်ချရန်ရဲ့အဖေ မင်းသားကြီးချီရန်ဂျီဗီး၊ နာမည်ကြီး တောင်ပိုင်းမင်းသမီးချောတွေဖြစ်ကြတဲ့ သမန်းနားနဲ့ ကရီသီဆူရက်ရှ်တို့ ပါဝင်ထားကြပြီး ကုဋေ ၁၀၀၀ ကျော် ဘက်ဂျက်သုံးရိုက်ကူးခဲ့တဲ့ ရုံတင်ကားအသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ မိန်းကလေးတွေ ပျောက်ဆုံးမှုက ကိုလ်ကာတာမြို့ကြီးထဲ တွင်တွင်ကျယ်ကျယ်ကို ဖြစ်နေပါတယ် ဝန်ကြီးချုပ်အထိပါ ခေါင်းခဲရတဲ့ကိစ္စတစ်ခုဖြစ်တာကြောင့် တစ်ချက်အတိမ်းစောင်းမခံဘဲ ပြစ်မှုရှင်းလင်းရေးရဲ့ အတော်ဆုံးအရာရှိကိုလွှတ်တာတောင် အသတ်ခံလိုက်ရတဲ့အမှုဆိုတော့ တော်ရုံလူမကိုင်ရဲ ပျောက်ဆုံးမှုတွေဖြစ်မြဲပါပဲဘိုလာ.. ဒီလူ့အကြောင်းပြောရမယ်ဆိုရင် တစ်ပါးလူအပေါ်ဘယ်သူရယ်ဘယ်ဝါရယ်မတွေး ကူညီချင်စိတ်အပြည့်နဲ့ပေါ့ဗျာ အဖေအမေမရှိတဲ့ သူ့မှာ မိသားစုဆိုလို့ သူ့ညီမလေးမဟာတစ်ယောက်တည်းရှိတယ် ညီမလေးက သူ့ဘဝရဲ့ အရာရာပေါ့ ညီမလေးကို တုန်နေအောင်ချစ်တဲ့လူပေါ့ တစ်နေ့ .. လူပျောက်မှုတွေဖြစ်တဲ့မြို့ထဲ အကြောင်းမသိဘဲ သွားတိုက်ခန်းငှားနေမိရာကစ ဘာတွေဆက်မယ်ဆိုတာကတော့ ...ဒီ Bhola Shankar ရုပ်ရှင်ဟာဆိုရင် တမီလ်ရုပ်ရှင်တစ်ခုဖြစ်တဲ့ Vedalam ကို တေလေဂူဗားရှင်း remake ပြန်ရိုက်ထားတာဖြစ်ပြီး မူရင်းကို မီမလားဆိုတာကို ပရိသတ်ကြီးကပဲဆုံးဖြတ်ပေးကြပါဦး...။ ( Yunni~Zwe ~Cherry ~YH~ToMo တို့က ညွှန်းဆိုဘာသာပြန်ပေးထားပါတယ်။ ) File size…4.4GB / 2.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 39m Subtitle….Myanmar ...
movie
Bhola Shankar (2023)
2023
7.8
Unstoppable(2023)
Unstoppable (2023) IMDb 7.8ဘဝကို အပူအပင်ကင်းကင်းနဲ့ ပျော်ပျော်ကြီး ဖြတ်သန်းနေကြတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်း၃ယောက်ရှိပါတယ် အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် တိုင်ပင်စရာမလို တက်တက်ကြွကြွနဲ့ အောင်မြင်အောင်လုပ်တတ်ကြတဲ့ လူငယ် ၃ယောက်ပေါ့တစ်နေ့...သူတို့သုံးယောက် ငွေရှာဖို့ ဖြတ်လမ်းနည်းသုံးခဲ့မိတယ် အဲဒါကတော့ သူတို့၃ယောက်ထဲက ကောင်လေးတစ်ယောက်ကို မိသားစုတစ်စုက လာတင်တောင်းပါတယ် တင်တောင်းငွေက သိန်း၂၀နဲ့ ရွှေတွေဆိုတော့ ဒီ၃ယောက်က သိန်း၂၀နဲ့ IPL လောင်းကြမယ်ပေါ့ နိုင်ရင် ၁၀ဆို ၂၀ဖြစ် ၂၀ဆို ၄၀ဖြစ်ဆိုပြီး သူဌေးဖြစ် ခွေးဖြစ် လောင်းဖို့ကြံရာကနေ ဘယ်လိုတွေဆက်ဖြစ်သွားမလဲ နာမည်ကိုက Unstoppable ဆိုတော့ကာ သူတို့ဘယ်လောက်အထိ မရပ်တန့်နိုင်ဖြစ်ကြမလဲဆိုတာ Plot Twist တွေနဲ့ ဆက်လက်ရှုစားလိုက်ကြပါရှင်အချိန်တွေပိုနေမယ်ဆိုရင်တော့ ကြည့်ပျော်လောက်တဲ့ ဇာတ်လမ်းတစ်ခုပါပဲ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~Zwe Yan~V~Cherry~BpL~Moon တို့ပဲ ဖြစ်ပါတယ်) File size…2.5GB / 1.3GB Quality…1080p WEB DL /720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~Zwe ...
movie
Unstoppable(2023)
2023
5.9
Kalyanam Kamaneeyam (2023)
Kalyanam Kamaneeyam 2023 IMDb -6.3/10ယခုတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ထွက်ရှိကတည်းက လူကြိုက်များခဲ့တဲ့ လူငယ်အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ချစ်ကြိုက်ကွဲညားလိုသာမန်ပုံစံမျိုးမဟုတ်ပဲ အချင်းချင်း ချစ်မိပြီးနောက် ကြုံတွေရမယ့်ပြဿနာတွေကို ရင့်ကျက်တဲ့လူကြီးတစ်ယောက်လို ဘယ်လိုတွေးခေါ်ရမယ်ဆိုတာ တင်ဆက်ထားပါတယ်။အလုပ်ဟူသမျှဂုဏ်ရှိစွဆိုပေမယ့်လည်း အလုပ်မရှိဘူးဆိုရင်အင်မတန်မှမျက်နှာငယ်ရပါတယ်။ မိသားစုဝင်တွေထဲမှာရော၊ သူငယ်ချင်းအချင်းချင်းမှာရော၊ လူမှုအသိုင်းအဝိုင်းမှာ အနှိမ်ခံရတတ်ပါတယ်။ အဲ့ထဲမှာ ရှီဗာဆိုသူကတော့ အဲ့ဒီလောကရဲ့သားကောင်ပဲပေါ့၊ ရှီဗာဟာ ၂ ၅ နှစ်လုံးလုံးအဖေဖြစ်သူနားကပ်စားနေတဲ့ အလုပ်လက်မဲ့ပါ။နောက်ဆုံးအလုပ်မရှိပေမယ့်လည်း ကံကောင်းထောက်မစွာနဲ့ မိန်းမရသွားတော့လည်း မိန်းမလုပ်စာထိုင်စားနေရပြန်ပါတယ်။ မိန်းမထမိန်နားခိုစားတဲ့ကောင်ဆိုပြီး လူမှုအသိုင်းအဝိုင်းကပါကျဉ်ခံလာရတဲ့အချိန်မှာ ရှီဗာတစ်ယောက် အလုပ်လက်မဲ့ဘ၀ကနေ လွတ်မြောက်ဖို့ကြိုးစားခဲ့ပါတော့တယ်။ သူအလုပ်လက်မဲ့ဘဝကနေလွတ်မြောက်နိုင်ပါ့မလား၊ ကြာလို့ မိန်းမဖြစ်သူကလည်း ငြိုငြင်ချင်လာတဲ့အခါ ဘာတွေဆက်ဖြစ်မယ်ဆိုတာတော့ ဆက်လက်ကြည့်ရှုပြီး အဖြေရှာလိုက်ကြရအောင်ပါ.... File size…1.6GB / 732MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Nyein Aye
movie
Kalyanam Kamaneeyam (2023)
2023
8.9
Kothala Rayudu (2022)
Kothala Rayudu (2022)================= IMDb Rating - 8.9/10IMDb ကြီးမြင်ပြီး လန့်မသွားနဲ့ဦးဗျ။ ဟ Game of Thrones ကိုတောင်မီခါနီ: ပါလားတို့ဘာတို့ပေါ့။ တမီးလ် IMDb rating ဆိုတော့ ဒီလောက်တော့ နည်းနည်း ပါးပါးရှိတာပေါ့ဗျာ၊ နိုင်ငံတကာဘာညာကွိကွတွေရဲ့ မျက်စိထဲသာ ဒါဟာမသင့် တော်တဲ့ Rating ကြီးဘာညာလာမှာဗျ။ တောင်ပိုင်းကားကြိုက်နှစ်သက်သူတွေ အတွက်ဆိုရင်တော့ သေချာပေါက်ကို ကြည့်သင့်တဲ့ကားလေးပါ။ Action/ Romance အမျိုးအစားဆိုတော့ အက်ရှင်ခန်းကောင်းကောင်းလေးနဲ့ မေတ္တာဇာတ်လမ်းလေးခံစားချင်ရင် ကြည့်ရမယ့်ကားမျိုး။ဇာတ်လမ်းကတော့ တောင်ပိုင်းကားတို့ရဲ့ထုံစံအတိုင်း အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ လူပျိုကြီးဖြစ်တဲ့ Srikanth Meka ရဲ့ အိမ်ကပေးစားတဲ့ကောင်မလေးတွေကို ပတ်ပြေးရင်း၊ ပတ်ရှုပ်ရင်း ဇာတ်ရှုပ်ထဲကိုဝင်မယ့်ကားဗျ။ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် တစ်ကိုယ်ကြီးလူပျိုသိုးကြီး Srikanth Meka ဟာ လတ်မှတ်ရောင်းဝယ်ရေးကုမ္ပဏီကြီးမှာ မန်နေဂျာ အလုပ်လုပ်ရင်း အိမ်ထောင်မှုကိစ္စဆိုတာ အိမ်မှာထောင်ကျတာပဲဆိုပြီး ပတ်ပြေးနေတဲ့သူပေါ့။ ပတ်ပြေးနေသာပြေးတာ ကောင်မလေးချောချောလေး မြင်တာနဲ့ အီစီကလီဘာညာကွိကွပိုင်းလုပ်ဖို့ကိုတော့လည်း လက်မနှေးတဲ့ လူပျိုကြီးပါပဲ။ တစ်ချို့ကိစ္စတွေမှာ သူများကိုကူညီရင်း လူမိုက်တွေကြားထဲကို ဓါးခုတ်ရာ ဘယ်လိုလက်၀င်လျှိုမှာလဲ။ အချစ်ကိုတန်ဖိုးမထား အီစကလီတွေ များတဲ့လူပျိုကြီး တကယ်အချစ်နဲ့တွေ့တဲ့အချိန် ဘယ်လိုပြောင်းလဲသွားမှာလဲ ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ...
movie
Kothala Rayudu (2022)
2022
8.0
Gamanam (2021)
Gamanam (2021)ပွဲဦးထွက်ရုပ်ရှင်မှာပဲ ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုရခဲ့တဲ့ဒါရိုက်တာ Sujana Rao ရဲ့ ဇာတ်ကားကောင်းတစ်ခုပါ။ ဟိုက်ဒရာဘတ်မှာကြုံခဲ့ရတဲ့ မိုးကြီးရေလွှမ်းမှုကိုအခြေခံပြီး ဆုံးပါးသွားခဲ့ရတဲ့ အသက်တွေကိုဂုဏ်ပြုမှတ်တမ်းတင်ချင်တာကြောင့် ဒီရုပ်ရှင်ကိုရိုက်ကူးဖြစ်တဲ့အကြောင်း ပြောပြထားပါတယ်။ဇာတ်အိမ်က ဖြစ်ရပ်မှန်ကိုအခြေခံထားတာမျိုးမဟုတ်ပေမယ့် တကယ့်လက်တွေ့ဘဝကလူတွေရဲ့အခက်အခဲတွေ၊ ဘဝရဲ့ ဒုက္ခသုခ မျိုးစုံကို သရုပ်ဖော်ထားတာမျိုးပါ။ ကာမာလာဆိုတဲ့နားမကြားတဲ့ ကလေးတစ်ယောက်အမေက ဒူဘိုင်းကိုထွက်သွားပြီး ဘာအဆက်အသွယ်မှမရတော့တဲ့ခင်ပွန်းကိုစောင့်ရင်း အခက်အခဲတွေကိုခါးစည်းခံပြီး အကြားအာရုံလေးများ ပြန်ရမလား မျှော်လင့်နေတာပေါ့။ခရစ်ကတ်ကစားသမားတစ်ယောက်အဖြစ် အောင်မြင်ချင်တဲ့ အိပ်မက်နဲ့ လူငယ်တစ်ယောက် အာလီ၊ပြီးတော့ သူ့ချစ်သူ ဇာရာ။ နောက်ပြီး ခြေသလုံးအိမ်တိုင် မိဘမဲ့ကလေးလေး ၂ ယောက်။ မတူညီတဲ့ဘဝအခြေအနေတွေက သူတို့ရဲ့ နေ့စဥ်ဘဝ ဖြတ်သန်းမှုတွေ။ လောကဓံကြားထဲက မျှော်လင့်ချက်။ဒီလို လက်လျှော့ချင်စရာ အခြေအနေမှာတောင် တင်းခံရင်းရှေ့ဆက်နေကြတဲ့ သူတို့ရဲ့ ဇွဲတွေ။ပြီးတော့ ဒီလူအဖွဲ့အစည်းရဲ့ အခွင့်ထူးခံတွေနဲ့ကွာခြားမှုတွေ ဒါတွေကို မီးမောင်းထိုးပြထားတာပါ။ရုပ်ရှင်ကောင်းတစ်ခုလို့ညွှန်းရင်းပဲ IMDb မှာလည်း 8 ထိရထားတာမို့ ခုပဲChannel Myanmar ...
movie
Gamanam (2021)
2021