Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bin Bunluerit
5.5
The Prince, The Witch, and The Mermaid (2002)
The Prince, The Witch, and The Mermaid (2002)အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုတဲ့ ရာဇဝင်ထဲကချစ်ရှုံးသမားဆို ကျွန်တော် ပထမဆုံးပြေးမြင်မိတာ ရာမဇာတ်ထဲက ဒဿဂီရိ ဒုတိယလိုက်တာကတော့ ပဒကုသလဇာတ်တော်ထဲက ဘီလူးမပေါ့။ ရာမ သီတာ ဒဿကတော့ လူတိုင်းကြားဖူး ရုပ်ရှင်တွေကြည့်ဖူးမှာဖြစ်လို့ စီအမ်ပရိသတ်တို့အတွက် သိပ်မရင်းနှီးလောက်မယ့် ပဒကုသလဇာတ်နဲ့ ခပ်ဆင်ဆင်တူတဲ့ ကြမ်းတမ်းတဲ့ဘီလူးမှာလည်း ချစ်တတ်တဲ့နူးနူးညံ့ညံ့နှလုံးသားနဲ့ပါဆိုတဲ့ ထိုင်းကားအဟောင်းလေးကို တင်ဆက်ပေးလိုက်ပါပြီ။နက်ရှိုင်းတဲ့ပင်လယ်ပြင်ကြီးရဲ့ ဝေးလံတဲ့ကျွန်းတစ်ကျွန်းပေါ်က ကျောက်ဂူကြီးထဲမှာ ဘီလူးမတစ်ကောင် နေထိုင်ပါတယ်။ ဘီလူးမဟာ အတော်လေးဆိုးသွမ်းတာကြောင့် တခြားရေနေသတ္တဝါတွေအပြင် ဒီရေပိုင်နက်တစ်ဝိုက်မှာ ကျက်စားတဲ့ ရေသူမတွေပါ ကြောက်ကြရတဲ့သူပေါ့။ ဒါပေမဲ့ လူသူမမြင်ကွယ်ရာအရပ်မှာ နေရတဲ့ဘီလူးမဟာလည်း တစ်ကိုယ်တည်းအထီးကျန်နေသူပေါ့။ဒီလိုနဲ့တစ်နေ့ ရက်တနာတိုင်းရဲ့မင်းသား အာဖိုင်မာနီရဲ့ ညှို့ငင်နိုင်စွမ်းအပြည့်နဲ့ပုလွေသံကိုကြားလို့လာအကြည့်မှာ ချောမောတဲ့မင်းသားကို တပ်မက်သွားတဲ့ဘီလူးမဟာ အာဖိုင်မာနီကိုပြန်ပေးဆွဲလို့ လူယောင်ဖန်ဆင်းပြီးတော့ အကြင်လင်မယားအဖြစ်ပေါင်းသင်းနေထိုင်လိုက်တာ သားလေးတစ်ယောက်ရတဲ့အထိပါပဲ။ဒါပေမဲ့ လူသားပီပီ လူသားတွေနဲ့ပဲနေချင်တဲ့ အာဖိုင်မာနီတို့သားအဖက အမြဲထွက်ပြေးဖို့ကြံစည်နေပေမယ့် မအောင်မြင်တာကြောင့် ရေသူမတွေရဲ့အကူအညီနဲ့ ဘီလူးမလက်ကလွတ်အောင်ကြံတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Fantasy, ...
movie
The Prince, The Witch, and The Mermaid (2002)
2002
5.6
Alexander (2004)
Alexander (2004)ဇာတ်ကားက လူသားသမိုင်းတစ်လျှောက် အလွှမ်းမိုးနိုင်ဆုံး ပုံရိပ်တစ်ခုဖြစ်တဲ့ Alexander the Great ရဲ့ ဒဏ္ဍာရီဆန်တဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။ ရုပ်ရှင်ကို အရမ်းကြီးတဲ့ ရည်မှန်းချက်တွေနဲ့ ရိုက်ကူးပုံဖော်ခဲ့ပေမဲ့လို့ ပရိသတ်ကို မဆွဲဆောင်နိုင်ဘဲ မျှော်လင့်သလောက် ဖြစ်မလာတဲ့ ဇာတ်လမ်းတစ်ခုအဖြစ် အဆုံးသတ်ခဲ့ရပါတယ်။Alexander the Great ဆိုတာက ခရစ်တော်မပေါ်မီ BC 356 ခုနှစ်ကနေ 323 အထိ နေထိုင်အသက်ရှင်သွားခဲ့တဲ့ မက်ဆာဒိုးနီးယားဘုရင် ဧကရာဇ်တစ်ပါးပေါ့။ BC ဆိုတာ AD သက္ကရာဇ်နဲ့ မတူပါဘူးနော်။ သူက 5000 ကစပြီး နောက်ပြန်ရေတွက်လာရတာပါ။ အလက်ဇန်းဒါး ဘာ့ကြောင့်ကြီးမြတ်ရသလဲလို့မေးရင် အဖြေတွေ အများကြီးရှိနိုင်ပါတယ်။ ဒီထဲကမှ ကျွန်တော်သဘောအကျဆုံးအချက်ကို ထုတ်ပြောပြပါ့မယ်။သူက သမိုင်းမှာ အကြီးဆုံးအင်ပါယာကြီးကို ထူထောင်ခဲ့သူပါ။ နယ်မြေပေါင်း မြောက်များစွာကို သိမ်းပိုက်ပြီး မြေပြင်ကို တစ်လမချင်းဆီမှာ သွေးပေါင်းများစွာသွန်းလောင်းပြီး အင်ပါယာကို ...
movie
Alexander (2004)