Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Billy Slaughter
Adam the First (2024)
ငယ်ငယ်လေးကတည်းက မွေးစားမိဘတွေနဲ့အတူနေထိုင်လာခဲ့တဲ့ အာဒံဟာ သိချင်စိတ်, စူးစမ်းချင်စိတ်ပြင်းတဲ့ ဆယ်ကျော်သက်အရွယ်ကိုရောက်လာတဲ့အခါမှာတော့ သူ့ရဲ့မိဘအရင်းတွေကို သိချင်လာပါတော့တယ်။ ငယ်စဉ်ကတည်းက မွေးစားမိဘတွေနဲ့အတူတူ တောထဲမှာပဲ နေခဲ့ပြီးတော့ အတန်းပညာမတတ်ပေမယ့် မွေးစားအဖေဟာ အသက်ရှင်နေထိုင်နိုင်မယ့် နည်းလမ်းများကိုတော့ စုံလင်အောင် သင်ကြားပေးခဲ့ပါတယ်။တရက်မှာတော့ မွေးစားမိဘတွေရဲ့ နေရာကို ရဲတွေရောက်လာရင်း ရုန်းရင်းဆန်ခတ်ဖြစ်ခါ မိဘနှစ်ပါးလုံး သေနတ်နဲ့အပစ်ခံရတာကို မြင်လိုက်ရတဲ့ အာဒံဟာ ထွက်ပြေးခဲ့ပါတော့တယ်။ ဒီလိုနဲ့ ဘယ်ကိုသွားရမှန်းမသိတဲ့ အာဒံဟာ သူ့ရဲ့ မိဘအရင်းတွေကို လိုက်ရှာဖို့ ခရီးထွက်လာပါတော့တယ်။ မိဘအရင်းတွေရဲ့အကြောင်းဆိုလို့ သူ့အဖေအရင်းနာမည်ဟာ ဂျေကော့ဘ်ဝါတာဆန်ဆိုတာကလွဲရင် ဘာမှမသိရပါဘူး။အဖေရင်းရှာပုံတော်ဖွင့်ရင်းကနေ အာဒံတစ်ယောက် ဘာတွေ ကြုံတွေ့ရမလဲ ...... နောက်ဆုံးမှာရော အဖေအရင်းနဲ့ တွေ့ခွင့်ရခဲ့မလား ....... ဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲ ဖြစ်ပါတယ်) File size…(1.4 GB)/(710 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre... Drama Subtitle….Myanmar ...
movie
Adam the First (2024)
6.5
Homefront (2013)
ဒီတစ်ခါတော့ အက်ရှင်ပရိတ်သတ်အကြိုက် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Transporter မင်းသား Jason Statham ရဲ့ကားဆိုတော့ ပရိတ်သတ်ကြီးသိတဲ့အတိုင်း အက်ရှင်ကြမ်းကြမ်းရမ်းရမ်းတွေ ကြည့်ရမှာပါ။မင်းသားက ဒီကားမှာ DEA Agent ဖြစ်ပြီး ဇာတ်လမ်းအစမှာတင် သူက Undercover ဝင်လုပ်နေရာကနေ သူဖမ်းရမယ့် လူဆိုးကိုလည်း မိသွားသလို လူဆိုးရဲ့သားလည်း သေသွားပါတယ်။ အဲ့ဒီမှာ မင်းသားက Undercover အလုပ်ကို စိတ်ကုန်ပြီး အလုပ်က နုတ်ထွက်သွားပြီး တောရွာလေးတစ်ရွာမှာသွားနေပါတယ်။ အဲ့ဒီရွာမှာ လူဆိုးဗိုလ်အဖြစ် James Franco က သရုပ်ဆောင်ထားပြီး သမရိုးကျ အက်ရှင်ကားတွေအတိုင်း မင်းသားနဲ့ ဒေသခံတစ်ချို့နဲ့ ပြသ၁နာဖြစ်ကြရာကနေ James Franco က မင်းသားကို DEA မှန်းသိသွားတဲ့ တဲ့အခါမှာ မင်းသားဖမ်းပေးခဲ့တဲ့ လူဆိုးရဲ့ တပည့်တွေကို သတင်းပေးပြီး မင်းသားကို အပြတ်ရှင်းခိုင်းပါတယ်။ အလဲအလှယ်အနေနဲ့ သူရဲ့ ဘိန်းတွေကို လူဆိုးတွေက ...
movie
Homefront (2013)
Half Baked: Totally High (2024)
စတုန်နာ ဟာသရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျေအာ၊ ဘရုစ်၊ ကော်ရီနဲ့ မိုင်းလ်စ်ဆိုတဲ့ အလယ်တန်းကတည်းကပေါင်းလာကြတဲ့ စတုန်နာသူငယ်ချင်းလေးယောက်ရှိကြတယ်ပေါ့။ တစ်နေ့မှာ ဘရုစ်က Holy Trinity လို့ခေါ်တဲ့ ဆေးခြောက်ပင်သုံးမျိုးကိုပေါင်းထားတဲ့အတိုင်ကိုသောက်မိပြီး နတ်ပြည်ရောက်သွားတာ နတ်ပြည်ကနေပြန်မဆင်းလာတော့ဘူးပေါ့။အဲဒီလိုနဲ့ ကျော်မကောင်းကြားမကောင်း ဝိပြဲရင်းရှောသွားတဲ့သူငယ်ချင်းဘရုစ်ရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ သူ့ရဲ့မွေးရပ်မြေမှာ သင်္ဂ်ြုဟ်ပေးဖို့ကိစ္စကို အကောင်အထည်ဖော်ဖို့အတွက် သူငယ်ချင်းသုံးယောက်ကဆုံးဖြတ်လိုက်တော့တယ်။ ဘရုစ်ရဲ့အလောင်းကိုရွေးပြီး နယူးဂျာစီ၊ ပါဆေးအထိသယ်ဖို့ဆိုရင် ဒေါ်လာလေးသောင်းတောင်ကျမှာဖြစ်တာကြောင့် စတုန်နာသူငယ်ချင်းတသိုက်ဟာ သတ်မှတ်ရက်အတွင်းမှာ လိုအပ်နေတဲ့ငွေကိုရှာဖို့ကြိုးစားကြရင်း မူးယစ်ရာဇာတွေနဲ့ပါဇာတ်ရှုပ်ကုန်ပါတော့တယ်။ဒီလိုနဲ့ နောက်ဆုံးမှာ သူငယ်ချင်းဖြစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မလားဆိုတာကိုတော့ လေပေါ်မှာလွင့်ရင်းဆက်ကြည့်လိုက်ပါဦး။ ဟာသကားမို့အများကြီးတော့မမျှော်လင့်ထားစေချင်ပါဘူး။File size…(1.7 GB)/(991 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie
Half Baked: Totally High (2024)
5.9
White Rabbit (2013)
Drama/Thriller ရုပ်ရှင်ကားဟောင်းလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ဟာလင်က ထူးခြားတဲ့ကလေးတစ်ယောက်ပါ။ ဘယ်လိုထူးခြားလဲဆိုတော့ တခြားသာမန်ကလေးတွေနဲ့မတူဘဲ ပိုငြိမ်ပြီး ထူးခြားတာပေါ့။ ဟာလင် ကလေးပေါက်စအရွယ်ကတည်းက အထိန်းအကျောင်းမတတ်တဲ့ ဖိုဝါဒီအဖေကြီးကြောင့် ဟာလင်က စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာခဲ့ရတယ်။အလယ်တန်းရောက်လာတော့လည်း ကျောင်းမှာအနိုင်ကျင့်တာတွေခံရတယ်။ ဟာလင်မှာ စတီဗီလို့ခေါ်တဲ့သူငယ်ချင်းလေးတစ်ယောက်တော့ရှိတယ်။ တစ်ရက်မှာ ဟာလင်ဟာ သူငယ်ငယ်တုန်းက အဖေဖြစ်သူနဲ့ တောထဲအမဲလိုက်ထွက်ရင်း သတ်ခဲ့ဖူးတဲ့ယုန်လေးတစ်ကောင်ကို မျက်စိထဲ ပြန်ပြန်မြင်လာရပြီးနောက်မှာတော့ ဟာလင်ရဲ့စိတ်အခြေအနေတွေဟာ သူ့ကို ဆိုးရွားတဲ့အကျိုးဆက်တွေဆီကို တွန်းပို့ကြပါတော့တယ်။ File size…(1.9 GB)/(990 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:30:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie
White Rabbit (2013)
12 Rounds (2009)
နယူးအော်ရီလန်က ရဲအရာရှိ ဒန်နီဖစ်ရှာ (John Cena) ဟာ နာမည်ကြီးခိုးမှုတစ်ခုရဲ့ တရားခံနောက်ကိုလိုက်နေတုန်းမှာ အဲဒီတရားခံရဲ့ ကောင်မလေးဟာ မတော်တဆ သေသွားခဲ့ရပါတယ်.လက်စားချေဖို့ကို ဆာလောင်နေတဲ့ ဉာဏ်ကြီးရှင်တရားခံဟာ တစ်နှစ်အကြာမှာ ထောင်ကနေ ဖောက်ပြေးလာပြီး ဒန်နီရဲ့ ဇနီးလောင်းကို ပြန်ပေးဆွဲသွားပါတော့တယ်.. သူ့ဇနီးလောင်းကိုကယ်ဖို့အတွက် ဒန်နီဟာ အဲဒီတရားခံနဲ့ ဉာဏ်ချင်းယှဉ်ပြိုင်ပြီး ၁၂ ချီရှိတဲ့ ကစားနည်းတစ်ခုကို သူ့ဇနီးလောင်းရဲ့အသက်နဲ့ရင်းပြီး ကစားရတဲ့အခါ....ဒန်နီက သူ့ဇနီးလောင်းကိုကယ်ဖို့ အောင်မြင်သွားမလား....ဒါမှဟုတ် တရားခံဖြစ်တဲ့ မိုင်းစ်ကပဲ ဒန်နီကိုဘယ်လိုတွေလှည့်စားပြီးတော့ ဇာတ်လမ်းပြီးတဲ့အထိ အနိုင်ယူသွားမလားဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်သင့်တဲ့ အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်.အဓိကဇာတ်ဆောင်အနေနဲ့ WWE Superstar John Cena ပါဝင်ထားတဲ့ အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်. File size…(2.6 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Jo Joe
movie
12 Rounds (2009)
6.6
Midnight Special (2016)
CM ပရိသတ်ကြီးတို့ကို Sci-fi ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ရှုပ်ရှုပ်ယှက်ယှက်နဲ့ သိပ္ပံဗဟုသုတ အများကြီးရှိမှ ကြည့်လို့နားလည်မယ့်ဇာတ်ကားမျိုးလည်း မကြည့်ချင်ဘူး Sci-fi အမျိုးအစားလည်းကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးက သေချာပေါက်ပရိသတ်ကြီးတို့အကြိုက်ပါ။ ဇာတ်ကားနာမည်လေးက Midnight Special လို့ ခေါ်ပြီးတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ အယ်တွန်မာယာလို့ခေါ်တဲ့အသက် ၈ နှစ်အရွယ်ကောင်လေးကို အဖေဖြစ်သူ ရွိုင်တွန်လင်ကပြန်ပေးဆွဲသွားရာကနေ ဇာတ်လမ်းအစပြုပါတယ်။အဖေအရင်းက ပြန်ပေးဆွဲတယ်ဆိုလို့ မအံ့ဩပါနဲ့။တကယ်တော့ အယ်တွန်ကို ရန့်ချ်လို့ခေါ်တဲ့ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်က မွေးစားထားတာပါ။အယ်တွန်လေးက သူများနဲ့မတူဘဲ စူပါမန်းလိုမျက်လုံးကနေ ရောင်ခြည်တွေထွက်တတ်တဲ့ ကလေးဖြစ်နေတာပါ။ကလေးဟာ နေရောင်ထဲကို ထိလို့မရသလို သူ့အစွမ်းအရှိန်ကပစ္စည်းတွေကို ကွဲကြေပျက်စီးစေပါတယ်။ဒါပေမဲ့ ရန့်ချ်အဖွဲ့အစည်းကတော့ ဒါဟာ ဘုရားသခင်ကဆက်သွယ်တာဆိုပြီး ယုံကြည်ကြတယ်။ ကလေးရဲ့ နာကျင်မှုတွေကို မမြင်ရက်တော့တဲ့အဆုံးမှာအဖေဖြစ်သူက ကလေးကိုခေါ်ပြီး ထွက်ပြေးခဲ့တာပါ။တစ်ချိန်တည်းမှာပဲ အစိုးရဘက်ကလည်း ဒီကလေးကိုလက်နက်တစ်ခုလို့သဘောထားပြီး လိုက်လံရှာဖွေခဲ့ပါတယ်။ ဆိုတော့ အယ်တွန်လေးက ဘာလို့အစွမ်းတွေရှိနေတာလဲ၊ သူတို့တွေဘယ်ကိုထွက်ပြေးကြမလဲ၊ ထွက်ပြေးတဲ့ လမ်းတစ်လျှောက်မှာရောဘယ်လိုထူးဆန်းထွေလာ ဖြစ်ရပ်တွေကို ကြုံတွေ့ရမလဲ၊ ဘာသာရေးအဖွဲ့အစည်းနဲ့အစိုးရအဖွဲ့အစည်းတွေက ...
movie
Midnight Special (2016)
2016
6.3
Jack Reacher 2: Never Go Back (2016)
Jack Reacher 2: Never Go Back (2016)IMDb Rating (6.1) ဂျက် ရီချာ ပြန်လာပါပြီ။ ဒီကားမှာတော့ မေဂျာဘဝကနေ အနားယူသွားတဲ့ ဂျက်ဟာ ဒီစီကို ပြန်လာရင်း သူ့မိတ်ဆွေ ဗိုလ်မှုးမလေး တန်နာ မတရားစွပ်စွဲခံရပြီး ဖမ်းထားခံထားရတာကို လိုက်ရင်း အစိုးရကန်ထရိုက်တာကြီးတစ်ခုရဲ့ မသမာမှုတွေကို ဖော်ထုတ်ပေးရပါတော့တယ်။ ကုမ္မဏီဘက်က ကြေးစားတွေက သူ့ရဲ့ သမီးလို့ထင်ရတဲ့ ဆမ် ဆိုတဲ့ မိန်းကလေးနောက်ကိုပါ လိုက်လာတဲ့အတွက် ဂျက်ဟာ တန်နာ ဆမ်တို့ကို ကာကွယ်ရင်း စွန့်စားခန်းထပ်ဖွင့်ဖို့လိုလာတဲ့အခါ.....။ Tom Cruise, Cobie Smulders, Danika Yarosh သရုပ်ဆောင် ၃ ယောက်လုံးဟာ အတွဲညီနေတော့ ဒီကားကတော့ အတော်ကိုကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်လာတာပါပဲ။File size…(5.1 GB)/(1.9 GB)/(1 GB) Quality….BluRay 4K HEVC/1080p/720p Format…mkv/mp4 ...
movie
Jack Reacher 2: Never Go Back (2016)
2016
4K HEVC
7.1
The Burial (2023)
The Burial (2023)~ IMDb - 7.1/10, Rotten Tomatoes - 91% ~ဒီကားမှာ ကားမရိုက်တာ နည်းနည်းတော့ကြာပြီဖြစ်တဲ့ Tommy Lee Jones ကြီးက စကေးပြန်ပြထားသလို Jamie Foxx လည်းပါပါတယ်။ The Great Debaters တို့ Birds of Prey တို့ Lovecraft Country တို့မှာ သရုပ်ဆောင်စွမ်းပြခဲ့ဖူးတဲ့ Jurnee Smollett လည်းပါပါတယ်။ ဒီထဲလည်း စကေးထပ်ပြပြန်တာပါပဲ။ ဒီကားကို ဖြစ်ရပ်မှန်ဇာတ်လမ်းပေါ် အခြေတည်ထားတယ်။ အော်စကာဝိုင်းလား မတ်တွိုင်းရဲ့စကားလားတော့မသိဘူး။ တစ်ခါတခါ လက်တွေ့ဘဝက ဖစ်ရှင်တွေထက် ပိုဆန်းကြယ်တယ်ဆိုတဲ့ စကားလိုပဲ။ ဒီဖြစ်ရပ်မှန်ကလည်း သောက်ဆန်းကြီးပါပဲ။ပြောရရင် ဒီကားထဲ တွမ်မီလီဂျုန်းကြီးက သုဘရာဇာလုပ်တာ... သုဘရာဇာလုပ်ငန်းကို ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားလို မျိုးနဲ့ရိုးနဲ့လုပ်လာတာ။ သူမွေးထားတဲ့ များပြားလှတဲ့ သားသမီးမြေးမြစ်တွေကို အမွေပေးဖို့ ...
movie
The Burial (2023)
2023
7.0
The Magnificent Seven (2016)
IMDb Rating (7.0) / Rotten Tomatoes (64%)Denzel Washington , Chris Pratt , Lee Byung-hun , Ethan Hawke , Vincent D'Onofrio တို့လို နာမည်ကြီးသရုပ်ဆောင်တွေ အပြွတ်လိုက်ကြမ်းကြမှာပါ။ကောင်းဘွိုင်ကားအကောင်းစားတွေ ရှားရှားလာချိန်မှာ ဒီကားလေးကြည့်ရတာ တကယ်တန်ပါတယ်ဗျာ။Wild West ရဲ့ ဂီတသံတွေ၊ ရှုခင်းတွေကြားမှာ အမှန်အမှား နဲ့ သေခြင်းရှင်ခြင်းဆိုတာ စက္ကန့်ဝက်လောက် လက်ပိုမြန်တဲ့လူလက်ထဲရောက်သွားတဲ့ ကာလပေါ့။အင်္ကျီလေးကို နောက်ဆွဲဟပြီး လက်ကို သေနတ်ပေါ်တင်လိုက်တိုင်း သူတို့နဲ့ လိုက်ပြီး ရင်ခုန်တတ်တဲ့အကျင့်က မပျောက်သေးဘူးကိုး။ဒီကားကတော့ ကောင်းဘွိုင်ကားကြိုက်သူ အက်ရှင်ကြိုက်သူတွေ အကြိုက်ဖြစ်အောင်ပြန်ရိုက်ထားတာပါပဲ။ဇာတ်လမ်းကတော့,,,မြို့ငယ်လေးတစ်ခုမှာ အင်အားသုံးပြီး အနိုင်ကျင့်ဗိုလ်ကျတဲ့ လူရာကျော်အင်အားရှိတဲ့ ဓားပြဗိုလ်ကိုလူ ၇ ယောက်တည်းက မြို့က လူစုလေးကို ဦးစီးပြီး ပြန်တိုက်ထုတ်တဲ့ ဇာတ်လမ်းပါ။၇ ယောက်လုံးရဲ့ မတူညီတဲ့ စရိုက်တွေ ...
movie
The Magnificent Seven (2016)
4K HEVC
Don’t Kill It (2016)
Don't Kill It အဲ့ဒါကိုမသတ်ပါနဲ့။ဒီဇာတ်ကားနာမည်ကအဲ့ဒါပါ။ဘာကိုမသတ်ရမှာလဲ။ဘာလို့မသတ်ရမှာလဲ။သိချင်ရင်တော့ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပြောပြပါမယ်။ ချီကရီခရိခ်ဆိုတဲ့နယ်မြို့သေးသေးလေးမှာ လူသတ်မှုတွေအများကြီးဖြစ်ပေါ်နေခဲ့ပါတယ်။လူသတ်မှုက တစ်ယောက်ချင်းစီသတ်တာမျိုးမဟုတ်ပဲတစ်ခါတစ်ခါသေရင် သုံးလေးယောက်အစုလိုက်အပြုံလိုက်ပါပဲ။အဲ့ဒါကဘာကြောင့်ဖြစ်တယ်ဆိုတာကို ဒေသခံရဲတွေကလဲ မသိကြသလိုလူသတ်သမားကိုလဲ မဖမ်းနိုင်ကြပါဘူး။ဒီလိုနဲ့အဲ့ဒီမြို့ကိုရောက်နေတဲ့မကောင်းဆိုးဝါးမုဆိုးက ရဲစခန်းကိုသွားပြီးတော့ ဒီလူသတ်မှုတွေကမကောင်းဆိုးဝါးကြောင့် ဖြစ်တယ်ဆိုတာကိုရှင်းပြခဲ့ပါတယ်။ဒါပေမယ့်ဘယ်သူမှမယုံတဲ့အတွက် ထောင်ထဲအထည့်ခံလိုက်ရပြီးတော့ အဲ့ဒီမြို့လေးမှာငယ်ငယ်တုန်းကနေခဲ့ဖူးတဲ့ FBI ကအေးဂျင့်ပီးယာ့စ်က သူပြောတဲ့အတိုင်းဖြစ်နေတာကိုမြင်လိုက်ရမှ လာထုတ်ပေးခဲ့ပါတယ်။အဲ့ဒီလိုလူသတ်မှုတွေဖြစ်အောင်လုပ်နေတဲ့မကောင်းဆိုးဝါးက တခြားမကောင်းဆိုးဝါးတွေလိုမဟုတ်ပဲနဲ့ သူပူးကပ်ထားတဲ့ခန္ဓာကိုယ်ကို သတ်တဲ့ခန္ဓာကိုယ်ထဲကို ပြောင်းရွှေ့တတ်တဲ့မကောင်းဆိုးဝါးပါ။အဲ့ဒါကြောင့် အဲ့ဒီမကောင်းဆိုးဝါးကို မသတ်ရမှာကိုမသိပဲနဲ့ လူတွေကသတ်မိနေတော့မကောင်းဆိုးဝါးက တစ်ယောက်ပြီးတစ်ယောက်ကိုပူးကပ်နေပါတော့တယ် ။ ဒီလိုနဲ့မကောင်းဆိုးဝါးမုဆိုးနဲ့အေးဂျင့်ပီးယာ့စ်တို့ပူးပေါင်းပြီးတော့ အဲ့ဒီမကောင်းဆိုးဝါးကိုမသတ်ပဲနဲ့ဘယ်လိုနှိမ်နင်းမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.30GB / 583MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 23m Genre ….. Action , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Soe Lay
movie
Don’t Kill It (2016)
5.9
The Passenger (2023)
The Passenger (2023)~ IMDb - 5.9/10, Rotten Tomatoes - 76% ~နာမည်ကျော် Horror ဇာတ်ကားတွေကို ထုတ်ထုတ်ပေးနေကျ Blumhouse ရဲ့ နောက်ဆုံးထွက်ကားပါ။ခုဇာတ်ကားကတော့ ငယ်ငယ်ကတည်းက Introvert ဖြစ်ပြီးတော့ Neurodevelopmental Disorder ဆိုတဲ့ စိတ်ရောဂါရနေတဲ့ ဘရက်ဒ်လေဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတပါ။ ဘရက်ဒ်လေက သူငယ်ငယ်တုန်းက ကျောင်းမှာမတော်တဆမှု တစ်ခုဖြစ်ပြီးကတည်းက ဘယ်အရာမှာမဆို ဆုံးဖြတ်ချက်ချဖို့အတွက် တွန့်ဆုတ်နေတတ်ပါတယ်။ ကိုယ်တိုင်ဆုံးဖြတ်ချက်ချပြီး ကိုယ့်ပေါ်ကိုယ် ရပ်တည်ရမယ့်အစား သူများပြောတာမှန်သမျှကို ခေါင်းညိတ်ပြီး အောက်ကျခံတဲ့လူစားမျိုးပေါ့။ တစ်နေ့ သူ့အလုပ်မှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ရန်ဖြစ်ရင်း လူသတ်မှုဖြစ်သွားပါတယ်။ အဲဒီလိုနဲ့ ဘန်ဆန်ဆိုတဲ့ ဘရက်ဒ်လေ့ လုပ်ဖော်ကိုင်ဖက်ဟာ ဘရက်ဒ်လေ့ရဲ့ စိတ်ဒဏ်ရာ(ရောဂါ) ကိုကုဖို့ဆိုပြီး ရှာပုံတော်ထွက်ပါတော့တယ်။ဒီဇာတ်ကားဟာ Semi-Thriller နဲ့ Horror ဇာတ်ကားဖြစ်လို့ မိုးအေးအေးလေးမှာ Chill ချင်တဲ့ ...
movie
The Passenger (2023)
2023
6.1
The Campaign (2012)
Rt-66% ~ IMDb-6.1 ဟာသသရုပ်ဆောင် မင်းသားကြီး Will Ferrell နဲ့ The Hangover ရုပ်ရှင်တွေထဲမှာ အလန်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Zach Galifianakis တို့ရဲ့ 2012 တုန်းက ထွက်ရှိခဲ့တဲ့ ဟာသကားကောင်လေးတကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဆဲဆိုကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ ပြကွက်တွေပါဝင်တာမလို့ အသက် (၁၈) နှစ်အောက် ကလေးတွေကတော့မကြည့်သင့်ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ကမ် ဘရက်ဒီ (Will Ferrell) ဟာ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာရှိတဲ့ ခရိုင် (၁၄) ကိုယ်စားပြု ကွန်ဂရက်လွှတ်တော်အမတ်အဖြစ် လေးကြိမ်ဆက်တိုက် ရွေးကောက်ခံခဲ့ရသူပါ။ ဒါပေမဲ့လည်း ဖောက်ပြန်ပွေရှုပ်လွန်းတဲ့လူဖြစ်တာကြောင့် လူထုထောက်ခံမှုအားကျဆင်းနေပြီး ရွေးကောက်ပွဲကလည်းကျင်းပဖို့နီးလာနေပါပြီ။ဒီအချိန်မှာ မော့ခ်ျညီနောင်လို့ခေါ်တဲ့ ဘီလျံနာသူဌေးတွေက ခရိုင် (၁၄) မှာစက်ရုံတွေဖွင့်ပြီး လက်ဝါးအုပ်နိုင်ဖို့အတွက် ကမ်ကိုဖြုတ်ချပြီး သူ့နေရာမှာအစားထိုးဖို့ မာတီ ဟက်ဂင် (Zach Galifianakis) ကို ရွေးကောက်ပွဲမှာဝင်ရောက် ယှဉ်ပြိုင်စေခဲ့ပါတယ်။ ဒီလိုနဲ့ ...
movie
The Campaign (2012)
6.5
Big George Foreman (2023)
Big George Foreman (2023)~ IMDb rating - 6.5/10 ~Muhammad Ali တို့ Joe Frazier တို့နဲ့ ခေတ်ပြိုင် ဂန္ထဝင်မြောက် GOAT ကြီးဖြစ်တဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ George Foreman ရဲ့ ဘဝတစ်လျှောက်ဖြစ်သမျှဇာတ်လမ်းအဖုံဖုံကိုတော့ Biography အဖြစ်နဲ့ရိုက်ကူးထားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဆင်းရဲလွန်းလို့မုန့်တစ်ခုတောင် မောင်နှမတွေခွဲဝေစားခဲ့ရတဲ့ဘဝတွေ၊ ဒုစရိုက်တောကြီးထဲကနေမှ လက်ဝှေ့ကြောင့် လမ်းမှားမရောက်ခဲ့တာတွေ၊ ဘာသာရေးနဲ့ George ကြားမှာဖြစ်ခဲ့တဲ့ Inner Conflict တွေစသည်ဖြင့် အတက်အကျတော်တော်မြန်မြန်နဲ့ ရှုထောင့်ရော ရသရောကို တော်တော်စုံတယ်လို့ပဲပြောရမှာဗျ။လက်ဝှေ့သမားဘဝကနား၊ သင်းအုပ်ဆရာသွားလုပ်၊ ဆယ်နှစ်လောက်နားပြီးမှ အသက်အကြီးဆုံး ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာတယ်ဆိုတော့လည်း သူ့ဘဝက ရုပ်ရှင်ပိတ်ကားပေါ်ရောက်လာတော့ တော်တော်တော့ကြည့်ကောင်းသားဗျ။ အသက် ၄၅ နှစ်ဆိုတဲ့အရွယ်မှာ လက်ဝှေ့ထိုးနိုင်သေးတယ်ဆိုတာ သာမန်လူတွေအဖို့ မဖြစ်နိုင်တော့တဲ့အရာပါပဲ။ ဒါကို Foreman ဟာ ကမ္ဘာကြီးကို ၁၉ နှစ်သားမှာတစ်ခါ၊ ...
movie
Big George Foreman (2023)
2023
The Park (2023)
အသစ်ထွက်ရှိထားခဲ့တဲ့ The Park ကားဟာဆိုရင် ကပ်ရောဂါတစ်ခုဖြစ်ပွားနေတဲ့ ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။ ထူးဆန်းတဲ့ ဗိုင်းရပ်စ်တစ်ခုကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ လူကြီးတွေမှန်သမျှဟာ ဆုံးပါးသွားခဲ့ပြီးတော့ အရွယ်မရောက်သေးတဲ့ ကလေးတွေသာ ကျန်နေခဲ့တာပဲဖြစ်ပါတယ်။ ဇာတ်ကားထဲမှာပါတဲ့အဓိက ဇာတ်ဆောင်၃ယောက်ဟာ စွန့်ပစ်ခံထားရတဲ့ ကစားကွင်ကို ပြန်လည်အသက်သွင်းဖို့ကြိုးစားရင်းနဲ့ သူတို့တွေရော ကပ်ရောဂါကနေရော လွတ်မလွတ်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့် Action Drama Horror Sci-Fi Thriller အမျိုးအစားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဇာတ်အိမ်အဆန်းလေးတွေကိုကြိုက်တတ်တဲ့လူတွေအတွက်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။File size…(1.7 GB)/(900 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:17:00 Genre...Drama, Action, Horror, Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phyo Phill
movie
The Park (2023)
5.0
Stay Alive(2006)
IMDb – 5/10 Rotten Tomatoes – 10% Audience Score -55%ကျွန်တော်တို့ချာတိတ်ဘဝ ၂၀၀၀ ခုနှစ်အလွန်များက တစ်နာရီကို ၂၀၀ကျပ်ဖြင့် PS2 ၊ ၎င်းနောက် တစ်နာရီ ၄၀၀/၅၀၀ကျပ်ဖြင့် PS3 စသည်ဖြင့် ကားသခိုး၊ ပီအီးအက်စ်၊ လတ်ဖိုးဒတ် စတဲ့ Console ဂိမ်းများဆော့ရင်း လူငယ်ဘဝကိုဖြတ်သန်း ခဲ့ကြဖူးသည်။ 2006 ခုနှစ်၌ထွက်ရှိသောအဆိုပါရုပ်ရှင်သည်ထိုအချိန်အခါများကို တစ်ဖန်ပြန်လည်အောက်မေ့ စေခဲ့သည်။ ဟတ်ချ်ဟုခေါ်သည့် အလုပ်အားချိန်များတွင် သူငယ်ချင်းများနှင့်အတူ ဂိမ်းဆော့ရင်း အချိန်ကုန်ဆုံးသည့် သာမာန်ရုံးဝန်ထမ်း ဂိမ်မာတစ်ယောက်ရှိလေသည်။ ထိုအလုပ်သည်လည်း အလုပ်ရှင်မှ ဂိမ်းဆော့သူတစ်ယောက်ဖြစ်သည်နှင့် ဂိမ်းနှင့်ပတ်သက်သည်များကို မသိတာရှိလျှင် မေးမြန်းရအောင် ခန့်ထားခြင်းဖြစ်သည်။ ဟတ်ချ် ၏ဘော်ဒါများသည်လည်း ဂိမ်းကိုအင်မတန်နှစ်ခြိုက်စွဲလန်းစွာ ဆော့ကစားကြသူ လူလတ်ပိုင်းများဖြစ်သည်။ တစ်ညသား၌ ဟတ်ချ်၏ဘော်ဒါ လူးမစ်ဆိုသည်၏ဖုန်းတစ်ခု ဝင်လာခဲ့သည်။ သားကြီးဒီဂိမ်းကကျွတ်ဆင်ကြီးကွာ ခြောက်ခြားစရာကြီး တူတူဆော့ရအောင်အိမ်လာခဲ့ကွာ ဘာညာပြောလာလေသည်။ ဟတ်ချ်မှာစိတ်မပါ၍သူ့ဘော်ဒါအား ရှော်ထုတ်လိုက်သည်။ နောက်တစ်ရက်၌ လူမစ်နှင့်သူ၏သူငယ်ချင်းနှစ်ယောက် နေအိမ်၌ပင် ရက်စက်စွာသတ်ဖြတ်ခြင်းခံရသည်ဟု သတင်းရလေသည်။ လူးမစ်၏ အသုဘ၌ ဟတ်ချ်တစ်ယောက် မသေခင်လူးမစ်ဆော့နေသည့် Stay Alive ဆိုသည့်အဆိုပါဂိမ်းကို လက်ဝယ်ရရှိ ...
movie
Stay Alive(2006)
Mysterious Circumstance: The Death of Meriwether Lewis(2022)
1800ခုနှစ်ကျော်က အမေရိကန်နာမည်ကျော် Lewis and Clarke Expedition က နယ်မြေရှာဖွေသူ Meriwether Lewis ရဲ့ဆန်းကြယ်တဲ့သေဆုံးမှုအကြောင်းကိုရိုက်ကူးထားတာပါ။ Lewis ဟာပြည်နယ်အုပ်ချုပ်ရေးမှုးအဖြစ်နဲ့အပေါင်းအပါတွေနဲ့ အစိုးရအလုပ်ခရီးစဉ်အတွင်းမှာပဲ တည်းခိုခန်းတစ်ခုမှာ သေနတ်ဒဏ်ရာနဲ့သေဆုံးသွားပါတယ်။ Lewis သေဆုံးမှုကို ကိုယ့်ကိုယ်ကိုသတ်သေမှုလို့ ကောက်ချက်ချခဲ့ပေမယ့် တွေ့ရတဲ့ဒဏ်ရာနဲ့မကိုက်ညီပါဘူး။ နောက်နှစ်နှစ်အကြာမှာLewis ရဲ့မိတ်ဆွေတစ်ဦးက ဖြစ်ရပ်မှန်ကိုစုံစမ်းဖို့ အခင်းဖြစ်ရာတည်းခိုခန်းကိုရောက်ရှိလာပြီး သက်သေဖြစ်တဲ့ပိုင်ရှင်လင်မယားနှစ်ယောက်ကိုစုံစမ်းရာကနေ Meriwether Lewis ရဲ့သေဆုံးမှုဟာ သွေးရိုးသားရိုးအမှုလား ဖုံးကွယ်ထားတာတွေရှိလား.. အမေရိကန်သမိုင်းကြောင်းစိတ်၀င်စားရင် ကြိုက်မယ့်ကားလေးပါ။ နှစ်ပေါင်းများစွာ သမိုင်းပညာရှင်တွေ အဖြေရှာမရတဲ့အမှုကို ရိုက်ကူးပြထားပါတယ်။File size…(2.18GB) / (906B) /528MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:55:00 Genre...Mystery / Western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie
Mysterious Circumstance: The Death of Meriwether Lewis(2022)
5.3
The Estate (2022)
The Estate (2022) ==============ဇာတ်လမ်းနာမည်ကိုကြည့်လိုက်ရင်တော့ ဟာသကားလို့ မထင်ရပေမဲ့ တကယ့်တကယ် အတော်လေးခွီရတဲ့ ဇာတ် ကားလေးတစ်ပုဒ်ပါပဲ။ဇာတ်လမ်းအစမှာ Macey နဲ့ Savanna တို့ညီအစ်မနှစ်ယောက်က သူတို့အဖေအရမ်းသဘောကျခဲ့တဲ့ သူတို့ကော်ဖီဆိုင်လေးကို အကြွေးတွေပိပီးပိတ်ပစ်ခါနီးမို့ အကြပ်ရိုက်နေချိန်၊ သူတို့အဒေါ် ဖြစ်တဲ့ အပျိုကြီးဘောစိက ကင်ဆာရောဂါနဲ့ နောက်ဆုံးအချိန် ရောက်နေပီဆိုတာသိရှိရတော့ အမွေရမလားဆိုတဲ့မျှော်လင့်ချက်နဲ့ သွားခဲ့ပါတယ်။ဟိုရောက်တော့ သူတို့ညီအစ်မ၂ယောက်ထဲပဲရှိမယ်လို့ထင်ထားခဲ့ ပေမဲ့ တကယ့်တကယ် တခြားအမွေလိုချင်တဲ့ သူတို့ဝမ်းကွဲမောင်နှမ တွေ ဖြစ်တဲ့ Beatrice နဲ့ Richard တို့ပါရောက်နေခဲ့ပါတယ်။ ဒီတော့ သူတို့အားလုံးက အဒေါ့်ဆီကအမွေရဖို့အတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘယ်လိုကြိုးစားရယူမလဲဆိုတာကို ဟာသလေးတွေ အလွဲလေးတွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာမင်းသားကြီး Ron Livingston လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။Translator တွေကိုယ်တိုင်အော်ပီးခွီရတဲ့ကားမို့ စိတ်အမောတွေပြေဖို့ဆိုရင် မလွတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါကြောင်း……..(ဒီဇာတ်လမ်းရဲ့အညွှန်းကို Nyein Laiမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ CM Team မှဖြစ်ပါတယ်)File Size..........(1.78 GB) / (655 MB) / (360 MB) Quality............WEB-Rip 1080p / 720p / 480p Duration.........1Hr 36mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......CM Team Encoder...........SWM
movie
The Estate (2022)
2022
7.1
Where the Crawdads Sing (2022)
Where the Crawdads Sing (2022)~ IMDb rating - 7.1/10 ~Delia Owens ရဲ့ ၂၀၁၉မှာထွက်ခဲ့ပြီး The New York Times Fiction Best Sellers ဖြစ်ခဲ့တဲ့ စာအုပ်ကို ပြန်ရိုက်ထားတာပါ။ စာအုပ်ကလည်း နာမည်ကြီးသလို ဇာတ်ကားကလည်း တော်တော်လေးကောင်းတဲ့ရုပ်ရှင်ပါပဲ။ မင်းသမီးကတော့ စီးရီးတွေနဲ့ နာမည်စရလာပြီး ဒီနှစ်ထဲ FRESH နဲ့ Where the Crawdads Sing လိုကားကောင်းတွေရိုက်ထားတဲ့၊ ဆုတွေတစ်သီတစ်သန်းကြီးရရနေတဲ့ Daisy Edgar-Jones ပါ။ ရုပ်လည်းလှသလို သရုပ်ဆောင်လည်းကောင်းပါတယ်။ နောက် ဒီကားထဲက သူ့ရှေ့နေနေရာမှာတော့ လင်ကွန်းကားထဲ အမေရိကန်ပြည်ထောင်စုအထွေထွေအတွင်းရေးမှူးနေရာက သရုပ်ဆောင်ခဲ့တဲ့ David Strathairn ပါပါတယ်။စိမ့်တောကြီးရှိတဲ့ မြို့လေးတစ်မြို့ရှိတယ်။ အဲဒီစိမ့်တောမှာ မိသားစုနည်းနည်းပါးပါးနေကြတယ်။ နောက်ကျ အဲဒီစိမ့်တောက မိသားစုတွေအကုန်ပြောင်းသွားကြပြီး ကောင်မလေးတစ်ယောက်နဲ့ ...
movie
Where the Crawdads Sing (2022)
2022
6.6
Focus (2015)
မင်းသားကြီး Will Smith နဲ့ ဟာလေကွင်း မင်းသမီးချော Margot Robbie တို့ အဓိကပါဝင်ထားတဲ့ ဇာတ်ကားပါ။ဇာတ်လမ်းက လူလိမ်သူခိုးဇာတ်လမ်းဆိုတော့ ကတုံးပေါ်ထိပ်ကွက် ခွကွက် ကျော်ကွက်တွေ အများကြီးနဲ့ တင်ဆက်ထားပါတယ်...Professional လုပ်ငန်းတွေမှာ ပါစင်နယ်ကိစ္စတွေ မရောသင့်ဘူးဆိုတာမျိုးကို အနောက်နိုင်ငံမှာ ပိုသုံးကြပါတယ်။လူလိမ်လုပ်ငန်းမှာဆိုရင်တော့ ပိုဆိုးတာပေါ့..ပါစင်နယ်ရောလို့မရဘူး။တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်တတ်တဲ့ လူလိမ်ပါတ်ကား ၂ ယောက်တစ်ယောက်ကိုတစ်ယောက် ချစ်သွားကြတဲ့အခါမှာတော့...သူတို့ရဲ့မစ်ရှင်တွေအောင်မြင်ပါ့မလားဆိုတာ.......။သရုပ်ဆောင် ၂ ယောက်ရဲ့ အက်တင်ကောင်းကောင်းနဲ့ ဇာတ်လမ်းရဲ့လှည့်ကွက်တွေကို ရှုစားရမှာပါ။IMDb Rating (6.6) ရရှိထားပါတယ်။ File size…(4.5 GB)/(1.4 GB)/(700 MB) Quality….WEB-DL 4K HEVC /1080p/720p Format…mkv/mp4 Duration….01:44:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mr.Anderson
movie
Focus (2015)
2015
4K HEVC Web-DL
7.0
The Card Counter(2021)
The Card Counter(2021) အညွှန်း*****************************ဒီဇာတ်ကားက ပိုကာအကြောင်းအဓိက ဇာတ်အိမ်တည်ရိုက်ထားတာပါ...Chess အကြောင်းမသိတဲ့သူတွေတောင် The Queen's Gambit လို ချက်စီးရီးကိုတစ်ထိုင်ထဲကြည့်ဖြစ်သလိုဒီဇာတ်ကားကလည်း ပိုကာအကြောင်းမသိရင်တောင် ကြည့်ရတာ တော်တော်စိတ်လှုပ်ရှားစရာကောင်းပါတယ်...ပိုကာအကြောင်းသိရင်တော့ ဆိုဖွယ်ရာမရှိပေါ့....ဝီလီယမ်ထဲလ်ဆိုတာ စစ်ထောင်ထဲမှာ ထောင်စောင့်အဖြစ် ၈နှစ်ထမ်းဆောင်ခဲ့တယ်...နေ့စဉ် ဒီအလုပ်ကြီးနေတဲ့သူအဖို့ သူ့အတွက်စိတ်အပန်းဖြေရာက ဖဲကစားနည်းတွေပဲဖြစ်လာတယ်...ဒီအပိုင်းမှာ သူဟာ ပါရမီပါပုံရတယ်....မှတ်ဉာဏ်ကလည်း သူမတူအောင်ထူးတယ်...နောက်ပိုင်းထောင်စောင့်ဘဝက အနားယူပြီးတဲ့နောက်မှာ သူဟာ ကာစီနိုတွေတစ်ခုပြီးတစ်ခုပြောင်းပြီးကစားပါတယ်...သို့ပေမဲ့ ဒီလောကကြီးမှာ လောဘတက်ရင် ဘဝပျက်တယ်ဆိုတာ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေအရသိလို့ ကြေးနည်းနည်းလေးတွေဆော့ရင် နေ့စဉ်အချိန်ကုန်နေတယ်...ဒီလိုနဲ့သူအရည်အချင်းကို သိပြီး ကြေးအကြီးကြီးဆော့ဖို့ မဲဆွယ်ရင်း ကိစ္စတစ်ခုခိုင်းဖို့ လူတစ်ယောက်ကချဉ်းကပ်လာတဲ့အခါမှာတော့.....မင်းသားကြီးOscar Isaac ပါဝင်ထားပြီး ဝင်ငွေအတော်ကောင်းခဲ့တဲ့ကားမို့ လက်မလွှတ်သင့်ပါကြောင်း... File Size :(2.04GB),(1 GB) and (369MB) Quality : WEBScr 720p Format…mp4 Duration…01:51:00 Genre : Action , Drama , Thriller Subtitle : Myanmar Subtitle ...
movie
The Card Counter(2021)
1
2
Next