Channel Myanmar

Billy Erb

Phone Booth (2002) 7.0
Phone Booth (2002)      Phone Booth 2002----------------------------IMDb 7/10 Rotten Tomatoes 72% Metacritic 56%"ကိုယ်ကတော့အရေးမပါလောက်ဘူးထင်ပြီးလုပ်မိတဲ့ကိစ္စဟာ တဖက်လူအတွက် အများကြီးစိတ်ထိခိုက်စရာဖြစ်တတ်ပါတယ်""လူတိုင်းဟာ အပြစ်တွေကိုလုပ်မိကြတာကြီးပဲ"ဒီဇာတ်ကားကတော့ မင်းသားကြီး Colin Farewell, Forest Whitaker, Kiefer Sutherland နဲ့မင်းသမီးကြီး Katie Holmes, Radha Mitchellစတဲ့ ဒိတ်ဒိတ်ကြဲ သရုပ်ဆောင်တွေပါဝင်သရုပ်ဆောင်ထားပြီးဒါရိုက်တာကြီး Joel Schumacherရိုက်ကူးခဲ့တဲ့ အရမ်းလန်းတဲ့ဇာတ်ကားပါ။ ဒီဇာတ်ကားရဲ့အသွားအလာဟာ တခြားဇာတ်ကားတွေနဲ့မတူပဲ တမူထူးခြားပါတယ်။ ဘာတွေထူးခြားနေလဲဆိုတာပြောပြဖို့ဇာတ်လမ်းအကျဉ်းလေးကိုနည်းနည်းလောက် ပြောပြပါရစေဇာတ်လမ်းအကျဉ်းကတော့....စတူးဝပ်ဆိုတဲ့ PRသမားတစ်ယောက်ဟာ အများပြည်သူသွားရာလမ်းပေါ်မှာရှိပြီး ဝင်ရထွက်ရလွယ်တဲ့ ဖုန်းရုံထဲမှာပိတ်မိနေပါတယ်။ သော့ခတ်ခံရလို့ပိတ်မိနေတာမျိုးမဟုတ်ပေမယ့် စတူးဝပ်ဟာအပြင်ကိုထွက်မရပဲဖြစ်နေတာပါ။ အဲ့လိုပိတ်မိနေချိန်မှာပဲ စတူးဝပ်ဟာ ဖုန်းရုံထဲကဖုန်းနဲ့လူတစ်ယောက်နဲ့စကားပြောနေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အခြေအနေတွေဟာတဖြည်းဖြည်းရှုတ်ထွေးလာပြီး ရဲတွေ၊ သတင်းဌာနတွေပါရောက်လာတဲ့အခါမှာတော့.....ဇာတ်လမ်းက တမူထူးခြားနေတဲ့အတွက် spoilလည်းမဖြစ်အောင် အညွှန်းကိုထိန်းရေးရတာမလို့ဒီထက်ပိုပြီးရေးပြလို့မရတာကိုခွင့်လွှတ်ပါ။ဒီကားဟာ ၂၀၀၂ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး အခုပြန်ကြည့်လည်း ကြည့်လို့ကောင်းဆဲပါပဲ။ တစ်ခုရှိတာက ဒီကားမှာ Sex scenceတွေမပါပေမယ့် R-ratedရုပ်ရှင်ဖြစ်တဲ့ကားပါ။အဓိကကတော့ စကားအသုံးအနှုံးတွေက အသက်၁၅နှစ်အောက်ကြည့်ဖို့မသင့်လျော်သလို ကလေးတွေကိုပြမယ်ဆိုရင်လည်း မိဘအုပ်ထိန်းသူတွေအရင်ကြည့်ပြီးမှ ...
movie

Phone Booth (2002)

2002