Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Billy Boedjanger
8.2
A Moon Hangs Above the Graveyard (2015)
A Moon Hangs Above the Graveyard (2015)၁၉၇၃ခုနှစ်ကအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကို Remakeပြန်လည်ရိုက်ကူးထားတဲ့ အင်ဒိုရုပ်ရှင်ကားလေးကို တင်ဆက်ပေးပါရစေ။နယ်မြို့လေးတစ်ခုက ဆာဘာ၊ ဆာဟတ်နဲ့ တီဂေါ်ရ်ဆိုတဲ့ သူငယ်ချင်းသုံးယောက်။သူတို့ သုံးယောက်ထဲက ဂျကာတာမှာနေပြီး အောင်မြင်နေတဲ့သူငယ်ချင်း ဆာဘာကို အားကျစိတ်နဲ့ ရည်မှန်းချက်ကိုယ်စီထားပြီး ဂျကာတာမြို့ကြီးကို ဆာဟတ်နဲ့ တီဂေါ်ရ်တက်လာခဲ့ပါတယ်။ တီဂေါ်ရ်က နယ်မှာတုန်းကလိုင်းကားမောင်းတဲ့သူ။ မြို့ကျရင် ဘာပဲလုပ်ရလုပ်ရ ချမ်းသာဖို့ဆိုတဲ့ရည်မှန်းချက်နဲ့။ ဆာဟတ်ကတော့ အောင်မြင်တဲ့စာရေးဆရာ ဖြစ်ချင်သူတစ်ယောက်။ သူပို့လိုက်တဲ့စာမူ အရွေးချယ်ခံရရက်နဲ့ စာအုပ်ထုတ်မပေးတဲ့ စာအုပ်တိုက်ဆီကို အကြောင်းစုံသိရအောင်သွားတဲ့အချိန် စာအုပ်တိုက်ပိုင်ရှင်ရဲ့သမီးဖြစ်သူနဲ့တွေ့ပြီး ချစ်မိသွားခဲ့ပါတယ်။ရည်မှန်းချက်ကိုယ်စီနဲ့တက်လာခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက် မြို့ကြီးပြကြီးကဘ၀ဟာ သူတို့ထင်သလောက် မလွယ်ကူလှဘဲ တံလျှပ်ကိုရေထင်ပြီး အလိုက်မှားမိတဲ့ ရွှေသမင်တွေလို သင်္ချိုင်းပေါ်မှာလင်းတဲ့လကို စိတ်ကူးတွေယဉ်နေရင်း သင်္ချိုင်းထဲမှာရှိနေတဲ့အဖြစ်ကိုသိလိုက်ရပြီးတဲ့နောက်မှာတော့။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Drama Quality…. 1080p | 720p File size… 1.5GB | 752MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie
A Moon Hangs Above the Graveyard (2015)
2015
6.0
Cherish & Ruelle (2023)
Cherish and Ruelle(2023)IMDb-6/10လူငယ်စွန့်စားခန်းတွေကိုသဘောကျတဲ့ ပရိသတ်တို့အကြိုက်တွေ့စေမယ့် movieလေးတစ်ကားဖြစ်တဲ့ Cherish and Ruelleကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ teenage adventure ပီပီ Cherishနဲ့Ruelleဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကြားကfriendshipနဲ့ ရွှတ်နောက်နောက်စွန့်စားခန်းလေးတွေကို ကြည့်ရှုရမှာပါ။ဇာတ်လမ်းအကျဉ်းမိဘတွေကိုယ်တိုင်က မလိုလို့စွန့်ပစ်တာခံရတဲ့ချယ်ရစ်ရှ်အတွက်တော့ သူ့ကိုသမီးရင်းလိုစောင့်ရှောက်ပေးခဲ့တဲ့ မိဘတွေရဲ့သူငယ်ချင်းတစ်ဖြစ်လည်း ဒေါ်လေးယူနာဟာ သူ့ရဲ့တစ်ယောက်တည်းသော မိသားစုဝင်ပါပဲ။ အဒေါ်တစ်ခု တူမတစ်ခုနဲ့ နေခဲ့ရတာဖြစ်ပေမဲ့ ဒေါ်လေးယူနာ မတော်တဆမဖြစ်ခင်အထိတော့ တော်တော်လေး ပျော်ရွှင်ရတဲ့ဘဝကိုပိုင်ဆိုင်ခဲ့ရတာပေါ့။ ဒါပေမဲ့ ကံကြမ္မာက အလှည့်မသာလေတော့ အဒေါ်ဖြစ်သူရဲ့မတော်တဆမှုနဲ့အတူ သူတို့အိမ်လေးကို ဆုံးရှုံးလိုက်ရပါတော့တယ်။အဒေါ်ရဲ့အိမ်ကလေးကို ပြန်ဝယ်ပေးဖို့ ကြိုးစားမယ်လို့ ချယ်ရစ်ရှ်တစ်ယောက် ဆုံးဖြတ်ထားပေမဲ့ သူရှာနိုင်တဲ့ငွေနဲ့ အိမ်တန်ဖိုးက အလှမ်းဝေးလွန်းနေတဲ့အခါ...ခိုးရတာကို စွန့်စားခန်းတစ်ခုအနေနဲ့ သတ်မှတ်ထားတဲ့ရူရဲလ်ကလည်း ချယ်ရစ်ရှ်ကိုကူညီမယ်ဆိုပြီး အတူပူးပေါင်းကြံစည်လိုက်မှ psychopathအယ်လီယိုနဲ့ငြိတဲ့အခါမှာတော့ ချယ်ရစ်ရှ်နဲ့ရူရဲလ်တို့ ဘယ်လိုဇာတ်လမ်းဆက်ကြမလဲဆိုတာ အားလုံးအတူ ကြည့်ရှုလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex~KKKZ~Deeတို့ပဲဖြစ်ပါတယ်) File size…703MB / 407MB Quality…1080p WEB DL /720p Format…mp4 Duration….1h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Alex~KKKZ~Dee
movie
Cherish & Ruelle (2023)
2023