Channel Myanmar

Billy Bob Thornton

Eagle Eye (2008) 6.6
Eagle Eye (2008)  အေးအေးနေတတ်တဲ့ ကော်ပီ ကူးတဲ့ အလုပ်သမား ဂျယ်ရီရှော တယောက် က အမေရိကန် လေ တပ်ကနေ ထွက်ခဲ့သူဖြစ်ပါတယ်၊ သူနဲ့ အရမ်းတူတဲ့ သူ့အကို အီသန်ရှော ဟာ ရုတ်တရက် ဆုံးပါးသွားတဲ့နောက် မှာ သူ့အရမ်း ပြောင်းလဲသွားပါတယ်။ အိမ်လခတောင် မှန်မှန်မပေးနိုင်တဲ့ ဂျယ်ရီရှော ရဲ့ ဘဏ်အကောင့်ထဲမှာ ဒေါ်လာ ၇ သိန်း ကျော်ရောက်ရှိလာပါတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာတော့ သူ့အခန်းထဲမှာ လက်နှက်တွေ ၊ ခဲယမ်းမီးခြောက်တွေနဲ့ ပစ္စည်း ပစယတွေ မဖိတ်ခေါ်ဘဲ ရောက်ရှိလာပါတယ်။ သူသိပ်အံ့အားသင့်သွားတဲ့အချိန်မှာဘဲ သူ့လက်ကိုင်ဖုံးကို တဦးတယောက် က လှမ်းခေါ်ပါတယ်။ ကိုင်လိုက်တဲ့အခါမှာတော့ ဂျယ်ရီ့ အိမ့်ကို နောက် ၄ မိနစ်အတွင်း မှာဘဲ FBI က ဝင်ရောက်စီးနင်းတော့ မှာ ဖြစ်တယ်ဆိုတဲ့အကြောင်း ၊ ဒါကြောင့် အခုဘဲ လွတ်အောင်ပြေးဖို့နဲ့ ပြေးဖို့နေရာကို ညွှန်ကြားပါတော့တယ်။ ဂျယ်ရီတယောက် မယုံမရဲဖြစ်နေစဉ်မှာဘဲ ၄ မိနစ်ပြည့်သွားတဲ့အတွက် FBI ကနေ တရားမဝင်လက်နှက်တွေ သိုလှောင် ထားတဲ့ ဂျယ်ရီ့ကို ဝင်ရောက်ဖမ်းစီးပါတော့တယ်။ သူနဲ့တချိန်ထဲမှာဘဲ ...
movie

Eagle Eye (2008)

2008
4K HEVC
The Alamo (2004)
The Alamo (2004) IMDb rating - 6/10 Award - 1 nomination ဒီကားလေးကတော့ 1836ခုနှစ်မှာဖြစ်ခဲ့တဲ့ တက္ကဆက်ပြည်လွတ်လပ်ရေးမှာအရေးပါခဲ့တဲ့ အမေရိကန်သမိုင်း၀င်စစ်ပွဲတစ်ခုအကြောင်းရိုက်ထားတာပါ။အမေရိကန်တက္ကဆက်ပြည်နဲ့ မက္ကဆီကန်နယ်ကြားက သာသနာပြုနေရာ ချာ့ခ်ျကျောင်းတစ်ခုဖြစ်တဲ့ အလာမိုခံတပ်‌ကို တက္ကဆက်သားတွေဖြစ်ကြတဲ့ ဂျင်မ်ဘိုဝီနဲ့ ဒေဗီခရော့ကတ် ကာနယ်ထရာဗစ်တို့ မက္ကဆီကန်အာဏာရှင်ဆန်တာအန်နာရဲ့သိမ်းပိုက်မှုကနေ ကာကွယ်တဲ့သမိုင်း၀င်ဖြစ်ရပ်ကို စိတ်၀င်စားစရာကြည့်ရမှာပါ။ reviewတွေအရတော့ သမိုင်းအချက်အလက်တွေကို မှန်မှန်ကန်ကန်‌ဖော်ပြထားတယ်လို့လဲဆိုပါတယ်။ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။File size…(1.1 GB) Quality….Webrip  720p Format…mp4 Duration….02:17:00 Genre... Drama,  History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiri Nwe 
movie

The Alamo (2004)

Intolerable Cruelty (2003)
Intolerable Cruelty (2003) IMDb rating - 6.3/10, RY -76% (Award - ဆန်ခါတင်သုံးဆု) ဒီကားလေးကတော့ ၂၀၀၃ခုနှစ်က ထွက်ရှိထားတဲ့ အချစ်ဟာသဇာတ်မြူးကားလေးဖြစ်ပါတယ်။ သရုပ်ဆောင်ဆိုရင်လည်း အခုထိလန်းဆန်းလတ်ဆတ်‌နေတုန်းဖြစ်တဲ့ Gorge Clooneyရဲ့ နုပျိုစဉ်ကချောမောခန့်ညားမှုကြီးကိုရှုစားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မိုင်းစ်မက်ဆီက နာမည်ကြီးကွာရှင်းရှေ့နေတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့အမှုသည် ရက်စ်ရက်စ်​ရောသ့်​ရဲ့ကွာရှင်းမှုမှာ အနိုင်ရအောင်လုပ်ပေးလိုက်တဲ့အတွက် တစ်ဖက်က သိုက်တူးသမားဇနီးသည်မယ်ရီလင်းက အငြိုးအတေးထားပြီး အကွက်ဆင်ပြီးတော့ မိုင်းစ်ကိုလက်စားချေဖို့ကြံပါတော့တယ်။ မိုင်းစ်တစ်ယောက် မာရီလင်းရဲ့လှည့်ကွက်ထဲကျရှုံးသွားမလား လွတ်မြောက်နိုင်သွားမလားဆိုတာကြည့်ရှုရမှာပါ။ ပေါ့ပါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးဖြစ်လို့ စိတ်လက်အပန်းဖြေချင်သူများအတွက် ရွေးချယ်သင့်တဲ့ကားလေးပါ။File size…(1.9 GB)/(918 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Comedy, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kyawt Hay Thar
movie

Intolerable Cruelty (2003)

On Deadly Ground (1994)
On Deadly Ground (1994)  မင်းသားကြီး Steven Seagalရဲ့ အက်ရှင်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ခရစ်ရှန်ဘေးလ်ရဲ့ ဘတ်မန်းရုပ်ရှင်တွေထဲက အိမ်တော်ထိန်းကြီးမစ္စတာအဲလ်ဖရက်ကြီးတစ်ယောက် ဒီထဲမှာတော့ ဗီလိန်ကြီးအဖြစ် ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းပြောရရင် သယံဇာတပေါကြွယ်လှတဲ့ အလက်စကာပြည်နယ်မှာ အေးဂျက်စ်ရေနံကုမ္ပဏီကြီးတစ်ခုရှိတယ်။ ရေနံတူးစင်မှာ မကောင်းတဲ့စက်ကိရိယာတွေကို အသုံးပြုထားတဲ့အတွက် လူတွေသေ၊ သမုဒ္ဒရာထဲကို ဆီတွေယိုဖိတ်၊ သဘာ၀ပတ်ဝန်းကျင်ညစ်ညမ်းရပေမဲ့ အရေးယူခြင်းမခံရပါဘူး။ဖောရက်စ်ကတော့ အေးဂျက်စ်ရေနံကုမ္ပဏီရဲ့ ပြဿနာတွေကို ရှာပြီးဖုံးဖိပေးရတဲ့သူ။ သူ့အလုပ်သူလုပ်ပြီး ဘ၀ကိုအေးဆေးစွာ ဖြတ်သန်းနေပေမဲ့ ကုမ္ပဏီရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို သိလာရတဲ့အခါ။ ကုမ္ပဏီကပါ သူ့ကိုအသက်အန္တရာယ်ပြုလာတဲ့အခါမှာတော့။ အရင်တုန်းက မင်းသားကြီး စတီဗင်ဆေးဂဲရဲ့ အသတ်အပုတ် အတိုက်အခိုက်တွေကို ပြန်လည်ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်) File size…(1.8 GB)/(970 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre... Action, Adventure, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie

On Deadly Ground (1994)

Bound by Honor (aka) Blood In, Blood Out (1993) 7.9
Bound by Honor (aka) Blood In, Blood Out (1993)  ဒီရုပ်ရှင်ကတော့ ၁၉၉၃ ခုနှစ်ကထွက်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်အမျိုးအစားက Crime/Thriller ဆိုပေမယ့်လည်း Drama ပါရောနေတဲ့ရုပ်ရှင်တစ်ကားဖြစ်ပြီး Runtime ကလည်း ၃ နာရီတောင်ကြာတာမလို့ အတော်လေးကိုကြည့်ရတာအရသာရှိမယ့် ရုပ်ရှင် ဖြစ်ပါတယ်။ မက္ကစီကိုဂိုဏ်းတွေအကြောင်းစိတ်ဝင်စားတဲ့လူတွေ မက္ကစီကိုပုံစံ အင်္ဂလိပ်လိုစကားပြောတာတွေကိုကြိုက်နှစ်သက်သူတွေအဖို့ကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ အတော်လေးကိုစွဲမက်ဖွယ်ကောင်းပြီးအတော်လေးလည်းကြည့်လို့ကောင်းတဲ့ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ဇာတ်ညွှန်း:မစ်ကလို ပါကိုနဲ့ ခရုဇ်ဇီတိုတို့သုံးယောက်ဟာ ညီအကိုဝမ်းကွဲတွေဖြစ်သလိုအရမ်းလည်းချစ်ကြတဲ့ လူသုံးယောက်ဖြစ်ပါတယ်။ ခရုဇ်ဇီတိုက ပါရမီပါတဲ့ပန်းချီဆရာတစ်ယောက်ဖြစ်ပြီး ပါကိုကတော့အကြမ်းပတမ်းလမ်းဘေးဂိုဏ်းကလူတစ်ယောက်ဖြစ်ပါတယ်။ မစ်ကလိုကတော့သုံးယောက်ထဲမှာအငယ်ဆုံးနဲ့ ဘာမှမသိသေးတဲ့လူတစ်ယောက်ဖြစ်ပြီး သူဟာ အမေရိကန်မှာဖွားတဲ့လူဖြူမက္ကစီကိုဖြစ်နေပါတယ်။ ဒါပေမယ့်ဘဝဆိုတာဘယ်လိုမှထင်မထားသလိုဖြစ်တတ်တယ်ဆိုတာ အကုန်သိကြမယ်ထင်ပါတယ်။ခရုဇ်ဇီတိုဟာဆေးစွဲပြီးအမှားကြီးတစ်ခုကိုကျူးလွန်မိတယ်။ သူ့ရဲ့ပါရမီပန်းချီပညာကလည်းဆေးနောက်ကိုပါသွားတယ်။ သူလုပ်ခဲ့တဲ့အမှားကအရိပ်မည်းကြီးလိုနောက်ကနေထပ်ကြပ်မကွာလိုက်နေပါတော့တယ်။ပါကိုကတော့ လမ်းဘေးမှာပေတေနေတဲ့ကောင်လေးကနေပြီး မူးယစ်ရဲအရာရှိတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။မစ်ကလိုကတော့ကံဆိုးစွာနဲ့ ထောင်ထဲရောက်သွားခဲ့ပါတယ်။ ကံကြမ္မာဇာတ်ဆရာကသူတို့သုံးယောက်ကိုမထင်မှတ်ထားလောက်အောင်ကြိုးဆွဲခဲ့ပါတယ်။မစ်ကလိုတစ်​ယောက်ထောင်ထဲရောက်ပြီး ထောင်ထဲမှာ ဂိုဏ်းတွေနဲ့တွေ့ခဲ့ပြီးအရှုပ်တော်ပုံထဲရောက်သွားခဲ့ပါတယ်။ အတော်လေးကိုဆွဲမက်ဖွယ်ကောင်းတဲ့ရုပ်ရှပ်ရှင်မလို့လက်လွှတ်မခံသင့်တာတော့အမှန်ပါပဲ။ File size…(4.8 GB)/(2.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….03:00:00 Genre... Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by LuciferMaximoff
movie

Bound by Honor (aka) Blood In, Blood Out (1993)

The Ice Harvest (2005)
The Ice Harvest (2005)  ခရစ္စမတ်​ဇာတ်လမ်း​လည်းဖြစ်၊ Comedy​ အမျိုး​အစား​လည်း​ဖြစ်​ပေမဲ့ Home Alone လို ပျော်ရွှင်​ကြည်နူး​ရမှာမျိုးမဟုတ်ဘဲ မသတီစရာဇာတ်ကောင်တွေက မမျှော်လင့်​ထားတဲ့ အခင်းအကျင်းတွေမှာ ရုန်းကန်​ရှင်သန်​ဖို့ကြိုးစားပုံကို လက်ရာ​မြောက်​စွာ ရိုက်ကူး​တင်ဆက်​ထားတဲ့ Black Comedy​ / Crime ရုပ်ရှင်​ကောင်း​တစ်ခုဖြစ်​ပါတယ်။ John Cusack က အဓိက​ဇာတ်​ကောင်​ Charlie အဖြစ် သရုပ်ဆောင်​ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့​ Charlie က ကလိမ်​ကကျစ်ကျတဲ့ ရှေ့နေလူလည်ဖြစ်ပြီး Wichita မြို့​မှာနေထိုင်​ပါတယ်။ ​ခရစ္စမတ်အကြိုညမှာ Charlie နဲ့ Vic တို့နှစ်ယောက်သား ဒုစရိုက်​လုပ်ငန်း​ရှင်သူဌေး Bill ဆီက ဒေါ်လာ​နှစ်သန်းအလစ်သုတ်လာခဲ့ပြီး Bill မရိပ်မိခင် Wichita က လစ်ပြေးဖို့ကြံပေမဲ့ ရာသီဥတု​အခြေအနေကြောင့် ချက်ချင်း​ပြေး​လို့​မရဘဲ ခရစ္စမတ်​အ​ကြို​ညကို Wichita မှာပဲကုန်ဆုံးဖို့ဖြစ်လာပါတော့တယ်။ အဲဒီ​အချိန်​မှာ​ပဲ သူတို့​နှစ်ယောက်​ကို Bill​ ရဲ့တပည့်လူဆိုး Roy က စုံစမ်း​နေတာကို Charlie သိရှိသွားတဲ့အချိန်မှာတော့ ဘာတွေ​ဆက်​ဖြစ်​မလဲ ...
movie

The Ice Harvest (2005)

Primary Colors (1998) 6.7
Primary Colors (1998) Primary Colors (1998)~ IMDb - 6.7/10, Rotten Tomatoes - 80% ~70s, 80s ခုနှစ်ပိုင်းက Icon တစ်ယောက်ဖြစ်တဲ့ ဂျွန်ထရာဗိုတာအပြင် Emma Thompson နဲ့ Kathy Bates တို့လို ဝါရင့်သမ္ဘာရင့်မင်းသမီးကြီးတွေလည်း ပါ၀င်ထားပြီး အော်စကာဆုအတွက်ပါ ဆန်ခါတင် ဆုနှစ်ခု၀င်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ထွက် Comedy, Drama အမျိုးအစား အဟောင်းအကောင်းဇာတ်ကားတစ်ကားပါ။အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲအကြောင်းနဲ့ မဲဆွယ်ပုံတွေအကြောင်းကို အသားပေးပြီး ရိုက်ကူးထားတာပါ။ 1996 မှာထွက်ခဲ့တဲ့ အမည်မသိဆောင်းပါးရှင်ရဲ့ နိုင်ငံရေး၀တ္ထုဖြစ်တဲ့ "Primary Colours: A Novel of Politics" ကို ပြန်ရိုက်ထားတာဖြစ်ပြီး အဲဒီ၀တ္ထုကလည်း အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ ၁၉၉၂ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်မှုအကြောင်းရေးသားထားတယ်လို့ဆိုကြပါတယ်။ဇာတ်ကားထဲမှာတော့ ရွေးကောက်ခံအမတ်လောင်းတွေကြားက ညစ်ပတ်တဲ့ကစားကွက်တွေ၊ အချင်းချင်းချောက်ချတာတွေ ပါဝင်ပြီး နိုင်ငံရေးဆိုတာ ...
movie

Primary Colors (1998)

1998
Armageddon (1998) 6.7
Armageddon (1998) Armageddon (1998) (Disaster Film/Thriller) နာမည်ခပ်ဆန်းဆန်းဆိုတော့ ကြည့်ဖူးပြီးသားသူတွေက မှတ်မိနေမှာဖြစ်ပေမယ့် မကြည့်ဖူးသေးတဲ့ သူတွေအတွက် တော့ အနည်းငယ် ခေါ်ရခက်နေမယ်ထင်ပါတယ်။ Armageddon ဆိုတာက သမ္မာကျမ်းစာထဲက စကားလုံးဖြစ်ပြီး End of the things အရာအားလုံးရဲ့ အဆုံးသတ်လို့ အဓိပ္ပာယ်ရပါတယ်။ Armageddon ရဲ့ အစက …. NASA လွန်းပျံယာဉ် Atlanti က အာကာသမှာ စူးစမ်းရေးလုပ်နေစဉ်မှာပဲ ဥက္ကာပျံ ထိမှန်ပြီး ပျက်စီးသွားခဲ့ပါတယ်။ NASA သူတို့ယာဉ်ပျက်စီးတဲ့အကြောင်းရင်းကို ရှာဖွေရင်း ယာဉ်ပျံကို Texas ပြည်နယ်နီးပါးကြီးမားတဲ့ ဥက္ကာပျံ က ဝင်တိုက်မိပြီး ပျက်ဆီးသွားခြင်းဖြစ်တယ်ဆိုတာကို သိရှိခဲ့ပါတယ်။ ဒါပေမယ့် ဥက္ကာပျံက အာကသယာဉ်ကို ပျက်စီးသွားစေရုံပဲလားဆိုတော့ မဟုတ်ပါဘူး။ ဒီဥက္ကာပျံရဲ့ လမ်းကြောင်းက ကမ္ဘာမြေကို ဦးတည်နေပြီး လက်ရှိ အရှိန်နှုန်းနဲ့ အရွယ်အစားအရ ကမ္ဘာကို တိုက်မိမယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးပျက်စီးသွားပြီး ဒိုင်နိုဆောတွေ မျိုးတုန်းသလို လူသားတွေမျိုးတုန်းသွာမယ်လို့ တွက်ချက်ခန့်မှန်းရပါတယ်။ ...
movie

Armageddon (1998)

1998
4K HEVC
Bad Santa (2002) 7.1
Bad Santa (2002)  ဒီတစ်ခါမှတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းဇာတ်ကားလေးတွေကိုမှကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၀၃ခုနှစ်ကထွက်ရှိခဲ့တဲ့ Bad Santaဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေဒီဇာတ်ကားကိုဒါရိုက်တာTerry Zwigoffကပုံဖော်ရိုက်ကူးထားပြီး မင်းသား Billy BobThornton ,Tony Coxနဲ့မင်းသမီးLauren Grahamတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီးrating 7.1/10အထိရရှိထားပါတယ် ဒီဇာတ်ကားဟာ Artios Award ဆုကိုရရှိထားပြီးဝီလီအဖြစ်သရုပ်ဆောင်ထားတဲ့မင်းသား Billy Bob Thoronက အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကိုရရှိထားပါတယ် ဇာတ်လမ်းအစမှာ အမြဲတမ်းမူးရူးသောက်စားနေတဲ့ဝီလီတစ်ယောက် ဘဝကိုစိတ်ပျက်လက်ပျက်လက်မှိုင်ချနေပုံတဲ့ စတင်ထားပါတယ်အဲ့နောက် သူငယ်ချင်းဖြစ်သူ မားကတ်နဲ့တွေ့ဆုံမိပြီး ခရစ်စမတ်ကိုငယ်ငယ်ကတည်းကမဆင်နွှဲခဲ့ရတဲ့ ဝီလီကဆန်တာကလော့စ်အဖြစ် သူငယ်ချင်းဖြစ်သူ မားကတ်ကနတ်သူငယ်လေးအဖြစ် ဟန်ဆောင်ပြီး ခရစ်စမတ်အကြိုနေ့ညရောက်တိုင်းမှာ ကုန်တိုက်က မီးခံသေတ္တာတွေကိုလိုက်ဖောက်လေ့ရှိကြပါတယ် နောက်ဆုံးရဲကမသင်ကာလို့လိုက်ဖမ်းရာကနေ ဝီလီကအဖွားနဲ့အတူတူနေတဲ့ အမေးအမြန်းထူတဲ့ မိတဆိုးကောင်လေးတစ်ယောက်နဲ့ ဆုံမိပါတယ်ဇာတ်လမ်းက မိတဆိုးကောင်လေးရဲ့ အမေးအမြန်းထူမှုတွေ သူငယ်ချင်းနှစ်ယောက်ကြားကပြောစကားတွေကြောင့် ကြည့်ရှသူပရိတ်သတ်ကို ဝါးလုံးကွဲအောင် ရယ်ရစေမှာ အမှန်ပါပဲအဲ့ဒီနောက်ကလေးတွေဆိုရင်သဘောမကျတတ်တဲ့ ဝီလီတစ်ယောက်ဘယ်လိုမျိုးပြောင်းလဲသွားမလဲဝီလီတို့သူငယ်ချင်းနှစ်ယောက် ကရော ရဲလက်ကနေ လွတ်အောင်ဘယ်လိုမျိုးရှောင်ပြေးကြမှာလဲခရစ်စမတ်နဲ့ပတ်သက်တဲ့ ဝီလီရဲ့သဘောထားကရော ဘယ်လိုရှိမလဲနောက်ဆုံးမှာဝီလီတစ်ယောက်ဘယ်လိုမျိုးပြုပြင်ပြောင်းလဲသွားမလဲ ဆိုတာဒီဇာတ်ကားလေးထဲမှာ ကိုယ်တိုင်ပဲ စီးမျောကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားက ...
movie

Bad Santa (2002)

Bad Santa 2 (2016) 5.6
Bad Santa 2 (2016)   ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၀၃ခုနှစ်ကထွက်ရှိခဲ့တဲ့Bad Santa 2003 ရဲ့အဆက်ဖြစ်တဲ့ Bad Santa 20016ဆိုတဲ့ ဒုတိယမြောက်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားကိုတော့ဒါရိုက်တာ Mark Waters ကရိုက်ကူးပုံဖော်ထားပြီး မင်းသားWilly Bob Thornton,Tony Cox နှင့် မင်းသမီးKathy Batesတို့ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်ဒီဇာတ်ကားမှာလည်း ဝီလီ အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Willy Bob Thornton ကဇာတ်ကားနာမည်အတိုင်း အရင်လိုဆိုးပေနေတဲ့ ဆန်တာကလော့စ်ဖြစ်နေသေးတုန်းပဲဆိုတာကိုမြင်တွေ့ရမှာဖြစ်ပါတယ် ဒီဇာတ်လမ်းက ထောင်ကထွက်လာတဲ့ သူငယ်ချင်းဖြစ်သူမားကတ်နဲ့ ဝီလီတို့ ပရဟိတအဖွဲ့အစည်းတစ်ခုရဲ့ မီးခံသေတ္တာကို ဖောက်ထွင်းဖို့ကြိုးစားကြပုံကို ကြည်နူးပျော်ရွှင်ဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် ဝီလီတို့သူငယ်ချင်းနှစ်ယောက်မီးခံသေတ္တာကိုဖောက်ထွင်းဖို့အတွက် ချီကာဂိုမြို့ကိုရောက်တဲ့အခါမှာတော့ ဝီလီမျှော်လင့်မထားတဲ့ လုပ်ငန်းစပ်တူလုပ်ကိုင်ရမည့် ပါတနာတစ်ယောက်ပါလာပါတယ်အဲ့တာကတော့ ဝီလီကိုငယ်ငယ်လေးကတည်းက ပစ်သွားတဲ့ ဝီလီရဲ့ အမေ ဆန်နီဆုတ်ပဲဖြစ်ပါတယ် နှစ်ပေါင်းများစွာဝေးကွာ သွားပြီးနောက် သားမိနှစ်ယောက်ပြန်လည်ဆုံတွေ့တဲ့အခါမှာကော ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ဝီလီအမေကရော ဘာလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ဝီလီကိုပစ်သွားရတာလဲ သူတို့တွေအောင်မြင်အောင်ကော လုပ်ဆောင်နိုင်ကြပါ့မလားဒီဇာတ်ကားမှာ ဝီလီရဲ့စိတ်ကိုနူးညံ့ပျော့ပြောင်းသွားစေတဲ့ ...
movie

Bad Santa 2 (2016)

Devil’s Peak (2023) 5.5
Devil’s Peak (2023)  မြောက်ကာရိုလိုင်းနားက ဂျက်ဆင်ကောင်တီမှာ မက်ဂ်နီးလီ ဆိုတဲ့ မိသားစုကမူးယစ်ဆေးတွေ မှောင်ခိုရောင်းဝယ်တာမလို့ မျိုးနဲ့ရိုးနဲ့ကို နာမည်ကြီးပါတယ်။ခေတ်အဆက်ဆက် လူမိုက်လုပ်လာကြတဲ့အလျောက် ချာလီ မက်ဂ်နီးလီ လက်ထက်မှာလည်းရာဇဝင်မရိုင်းရလေအောင် မူးယစ်ဆေးဝါးလုပ်ငန်းကို ဆက်ပြီးထိန်းသိမ်းထားပါတယ်။သူထိန်းသိမ်းထားသလို ဆက်ပြီးလုပ်သွားနိုင်ဖို့ သားဖြစ်သူ ဂျေကော့ဘ် မက်ဂ်နီးလီကလည်းချာလီ့လက်အောက်မှာ အလုပ်ဝင်လုပ်ရင်း ပညာတွေသင်ယူနေရတာပေါ့။ ဖြစ်ချင်တော့ ဂျေကော့ဘ်က သူချစ်ရတဲ့ ကောင်မလေး မက်ဂီ ဂျန်းနင်းစ်နဲ့နီးစပ်ပြီး သူ(မ)ရဲ့အိပ်မက်တွေကို အတူအကောင်အထည်ဖော်ပေးချင်ပေမဲ့ကောင်မလေးအဖေက သူ့အဖေလုံးဝကြည့်မရတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်နေလေတော့လူငယ်တွေရဲ့ အချစ်ရေးက ကံအကြောင်းမလှဘူးပေါ့လုပ်ငန်းကျယ်ပြန့်ရင် ကျယ်ပြန့်သလို ဒုစရိုက်မှုတွေပဲများလာလို့ စိတ်မအေးချမ်းဖြစ်နေရတဲ့ဂျေကော့ဘ်က ချာလီရဲ့ မျိုးရိုးစဉ်ဆက်နဲ့ချီပြီး ပြောပြောနေတဲ့ lecture တွေနဲ့brainwash လုပ်မှုတွေအပြင် ကောင်မလေးဘက်က ပြဿနာတွေနဲ့ပါရင်ဆိုင်ရတော့ ဘယ်ဘက်ကိုရွေးပြီး ဘယ်လိုဖြေရှင်းမလဲဆိုတာကိုကြည့်ရှုရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်...   File size…1.31GB / 535MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 37m Genre ….. Crime, Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Devil’s Peak (2023)

The Baytown Outlaws (2012) 6.3
The Baytown Outlaws (2012) IMDb rating -6.3/10 ဒီဇာတ်လမ်းကတော့ ဇာတ်အိမ်ခိုင်ခိုင် ဇာတ်လမ်းဇာတ်ကွက်မိမိရိုက်ကူးထားတင်ဆက်ထားပြီး Action Comedy ဇာတ်လမ်းအမျိုးအစားလေးဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ Action အခန်းတွေကို ထိထိမိမိရိုက်ကူးထားတဲ့အပြင် သရုပ်ဆောင်တွေရဲ့ ပိုင်နိုင်တဲ့သရုပ်ဆောင်မှုတွေကြောင့် Comedy scene တွေမှာဆိုရင် ဗိုက်နာအောင်ရယ်ရမယ့် ဇာတ်လမ်းဇာတ်ကွက်တွေပါကြည့်ရှူခံစားရမှာပါ။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့.. ဒီရုပ်ရှင်ကိုတော့ Oodie boys သုံးယောက်ကိုအဓိကထားပြီးရိုက်ကူးထားပါတယ်အကြီးဆုံးက Brick အလတ်က Lincoln နဲ့ နောက်တစ်ယောက်ကတော့ McQueenပါ သူတို့ ၃ ယောက်က ဒေသခံရဲအရာရှိ ရှယ်ရစ်ဖ်ကနေ မြို့ထဲကတခြားရာဇဝတ်ကောင်တွေကို သတ်ဖို့ငှားထားတဲ့ အမည်မသိကြေးစားလူသတ်သမားတွေပေါ့ သူတို့ကြောင့်ပဲ Alabama မြိုလေးကပြစ်မှုအနည်းဆုံးမြို့တစ်ခုဖြစ်နေတော့ ရှယ်ရစ်ဖ်တစ်ယောက် သူတို့လုပ်သမျှကိုမျက်ကွယ်ပြုပေးနေခဲ့ပါတော့တယ် တစ်နေ့မှာတော့ Celeste ဆိုတဲ့အမျိုးသမီးတစ်ယောက်က အကြမ်းဖက်တတ်တဲ့ မွေးစားအဖေလက်ထဲကနေ သူ့မွေးစားသားလေးကိုကယ်တင်ပေးဖို့ ငွေအများကြီးကမ်းလှမ်းပြီးတောင်းဆိုလာခဲ့ပါတယ်။ ငွေရဲ့ဆွဲဆောင်မှုမှာမြောသွားတဲ့ သူတို့ညီအစ်ကို ၃ ယောက် ကလေးကိုပြန်ပေးဆွဲခဲ့တဲ့အခါမှာတော့.. ဘယ်လိုအရာတွေနဲ့တွေ့ကြုံရမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှူခံစားရမှာပါ။ File size…(1.8 GB)/(1 ...
movie

The Baytown Outlaws (2012)

Sling Blade (1996) 8.0
Sling Blade (1996) 1996မှာထွက်ရှိခဲ့တဲ့ sling bladeဟာ imdb 8/10 ရရှိထားတဲ့အပြင် rotten tomatoes မှာ 97%အထိရရှိထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Billy bob Thornton ဟာ ကိုယ်တိုင် သရုပ်ဆောင်ပြီး ကိုယ်တိုင်ဒါရိုက်တာ လုပ်ခဲ့တဲ့အပြင် ကိုယ်တိုင် ဇာတ်ညွှန်းရေးခဲ့တဲ့ကားလည်းဖြစ်ပါတယ်။ သူဟာ ဒီဇာတ်ကားနဲ့ပဲ 1997 Academy awards မှာ အကောင်းဆုံး ဇာတ်ညွှန်းဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ဇာတ်လမ်း ကတော့ ကားလ် ချိူင်းလ်ဒါဆိုတဲ့လူတစ်ယောက်ဟာ ငယ်ကလေးဘဝကတည်း သူ့အမေနဲ့ သူ့အမေရဲ့ချစ်သူကိုသတ်ခဲ့လို့ ဆေးရုံတင်ထားခဲ့ရတယ်။သူဟာဆေးရုံကနေလွတ်လာပြီး သူမွေးဖွားခဲ့တဲ့ မြို့ငယ်လေးမှာ ပဲနောက်ဘဝအသစ်ကို စဖို့ကြိုးစားခဲ့တယ် ဒါပေမယ့် သိပ်မကြာခဲ့ဘူး သူဟာ သူရဲ့အတိတ်ကဖြစ်ရပ်ပုံစံမျိုး တစ်ဖန် ထပ်မံပြန်ရောက်လာတဲ့ အဖြစ်အပျက်ကို သူဘယ်လိုရင်ဆိုင်လဲဆိုတဲ့ အကြောင်း ဇာတ်ညွန်းကောင်းကောင်းနဲ့ ရိုက်ကူးထားတဲ့ Drama indie ကားလေးတစ်ကားဖြစ်ပါတယ်။File size…(3.5GB)  / (1.38GB) / (599.43MB) Quality…. ...
movie

Sling Blade (1996)

Cut Bank(2014) 6.2
Cut Bank(2014) Cut Bank(2014)============Cut Bank ရုပ်ရှင်လေးကတော့ 2014 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး သရုပ်ဆောင်Liam Hemsworth၊ John Malkovich၊ Billy Bob Thornton အစရှိတဲ့နာမည်ရှိပြီးသား သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ ဒါ့အပြင်ဇာတ်လမ်းလေးကလည်း သည်းထိတ်ရင်ဖိုစရာလည်းကောင်းတော့ကြည့်ရှုသူတွေ အကြိုက်တွေ့ကြမှာပါ။ဒီဇာတ်လမ်း‌လေးမှာ အဓိကဇာတ်ကောင်က နေရပ်ကို စွန့်ဖို့ လုပ်ရင်းအသက်ဘေးနဲ့ ကြုံလာရပါတယ်။ ဇာတ်ရှိန်ရလာတာနဲ့အမျှ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ plot twist တွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။ သင်က suspense၊thriller ဇာတ်ကားလေးတွေကို ကြိုက်နှစ်သက်တယ်ဆိုရင် ဒီဇာတ်ကားလေးကိုကြည့်ဖို့ တိုက်တွန်းပါတယ်။ ဝါရင့် ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်မှု၊ဇာတ်လမ်းရဲ့ စိတ်ဝင်စားစရာကောင်းမှုတို့က သင့်အတွက် ကြည့်ရကျိုးနပ်စေမှာပါ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Kelvin ဖြစ်ပါတယ်) File size…1.80GB / 592MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ..... Crime , Drama , Thriller Subtitle….Myanmar Subtitle ...
movie

Cut Bank(2014)

Entourage(2015)
Entourage(2015) ဒီဇာတ်ကားလေးဟာတော့ဖြင့် Entourage ဆိုတဲ့ နာမည်ကြီး တီဗွီစီးရီးရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပါတယ်။ အဲဒါကြောင့် Entourage စီးရီးဖန်တွေ သေချာပေါက် ကြည့်ရမဲ့ ဇာတ်ကားဖြစ်ပါတယ်၊ ဒါပေမဲ့ ဇာတ်လမ်းနဲ့ ဇာတ်အိမ်က စီးရီးမကြည့်ဖူးသေးသူတွေလည်း နားလည်နိုင်အောင် ဖွဲ့စည်းထားတာကြောင့် သူ့ရဲ့ဇာတ်လမ်းတွဲကို မကြည့်ရသေးသူတွေလည်း ကြည့်လို့အဆင်ပြေမှာပါ။ ဇာတ်လမ်းကတော့ နာမည်ကြီးရုပ်ရှင်မင်းသား Vince၊ အောင်မြင်တဲ့စတူဒီယိုတစ်ခုကို ဦးစီးနေနိုင်ပြီဖြစ်တဲ့ Ari နောက်တော့ Vince ရဲ့ မန်နေဂျာ Eric ရယ်၊ Vince ရဲ့အစ်ကို Johnny Drama ပြီးတော့ အဲအပေါင်းအပါအုပ်စုကြီးရဲ့ နောက်ဆုံး အဖွဲ့ဝင် Turtle တို့နဲ့အတူ Hollywoodရဲ့ ရှာရှာကြံကြံ အဖြစ်သနစ်တွေကို ဟာသနှောကာရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားကတော့ အရင်ဇာတ်လမ်းတွဲဇာတ်သိမ်းသွားတဲ့နေရာကနေ စထားပါတယ်။ Ari ဟာ Vince ကို သူထုတ်လုပ်မဲ့ကားမှာ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ပေးဖို့ကမ်းလှမ်းလိုက်ပါတယ်။ ဒါမဲ့ Vince ကတော့ သူ့ကိုဒါရိုက်တာပါ လုပ်ခွင့်ပေးမှ လုပ်ပါမယ်တဲ့။ ...
movie

Entourage(2015)

Whiskey Tango Foxtrot(2016) 7.0
Whiskey Tango Foxtrot(2016) Whiskey Tango Foxtrot(2016)**************************ကင်မ်ဘေကာဟာ သတင်းဌာနတစ်ခုမှာ သူများတွေရေးတဲ့သတင်းတွေ၊ ဆောင်းပါးတွေကိုစာချော အောင် ပြင်ပေးရတဲ့အလုပ်ကိုလုပ်ကိုင်သူပါ။ တစ်ရက် အမေရိကန်တို့ အီရတ်ကိုဝင်တိုက်တော့အီရတ်ကို သတင်းဌာနက လူတွေအများကြီးလွှတ်လိုက်ရတဲ့အတွက်ဘယ်သူမှ သိပ်မသွားချင်တဲ့ အာဖဂန်နစ္စတန်ကို စစ်သတင်းထောက် အနေနဲ့ ဌာနက လွှတ်လိုက်ပါတော့တယ်။ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလို အာဖဂန်နစ္စတန်ရဲ့ ချီးနံ့ ယင်နံ့တလှောင်လှောင် လေထု၊လိမ်တောင်းတဲ့သူတောင်းစား၊ မိန်းမတွေကိုခွဲခြားမှုတွေ စကြုံပါတော့တယ်။ဒါပေမယ့် မူလက ၃လပဲနေဖို့ စိတ်ကူးခဲ့တဲ့ ကင်မ်ဘေကာဟာ တကယ်တမ်းမှာ (၃)နှစ်ကျော်အာဖဂန်မှာ စစ်သတင်းထောက်လုပ်ဖြစ်ခဲ့ပြီး နာမည်လည်းကြီးသွားခဲ့ပါတယ်။ဒီလိုဖြစ်သွားအောင် ဘယ်လို စိတ်ဝင်စားစရာ အဖြစ်အပျက်တွေ၊ ဘယ်လိုစိတ်ဒုက္ခတွေ၊ဘယ်လိုမွန်းကြပ်မှုတွေက သူ့ကို တွန်းအားပေး စေ့ဆော်ခဲ့လဲဆိုတာ ဇာတ်ကားထဲမှာ ရှုစား ရမှာပါ။ ဒီဇာတ်ကားဟာ အပြင်မှာတကယ်ရှိတဲ့ စစ်သတင်းထောက် ကင်မ် ဘေကာ (Kim Baker)ရဲ့စာအုပ်ကို မှီးပြီးရိုက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားရဲ့နာမည်ဖြစ်တဲ့ Whisky.Tango.Foxtrot ဆိုတာကအမေရိကန် မရိန်းတပ်ဖွဲ့တွေ စကားပြောစက်ထဲမှာသုံးတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။အဓိပ္ပါယ်ကတော့ ...
movie

Whiskey Tango Foxtrot(2016)

[18+]Indecent Proposal(1993) 6.7
[18+]Indecent Proposal(1993) [18+]Indecent Proposal(1993) အညွှန်း***********************************ငွေနဲ့အရာအားလုံးကို တကယ်ပဲဝယ်နိုင်လား ငွေရှိရင် အရာအားလုံးက ရောင်းကုန်တွေပဲလား...ဒီဇာတ်ကားကတော့ ဒါရိုက်တာ Adrain Lyne ရိုက်ကူးထားပြီး လူသိများတဲ့သရုပ်ဆောင်တွေဖြစ်တဲ့ Woody Harrelson, Robert Redford နဲ့မင်းသမီးချော Demi Moore တို့က အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Romance/Drama ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ပြီး အနာဂတ်ကောင်းကိုလည်း ပိုင်ဆိုင်ထားတဲ့ ဒေးဗစ်မာဖီ(Woody Harrekson) နဲ့ ဒိုင်ယာနာမာဖီ(Demi Moore)တို့ လင်မယားဟာ စီးပွားရေးကျဆင်းမှုနဲ့ကြုံပြီး အကြွေးပူမိနေချိန်မှာ လူချမ်းသာတစ်ဦးဖြစ်သူ ဂျွန်ဂေ့ဂျ်(Robert Redford)နဲ့ဆုံပြီး ဒိုင်ယာနာကိုဝယ်ဖို့ကမ်းလှမ်းလာတဲ့အခါ...ချစ်တင်းနှောခန်းနဲ့ ဝတ်လစ်စားလစ်ခန်းများပါဝင်တာကြောင့် မိသားစုနဲ့အတူမကြည့်သင့်ပါဘူးခင်ဗျ...  File Size : (1.6GB)(1.1 GB) and (227MB) Quality : Blu-Ray 720p Format…mp4 Duration…01:57:00 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae
movie

[18+]Indecent Proposal(1993)

The Gray Man (2022) 7
The Gray Man (2022) နက်ဖလစ်ရဲ့ အက်ရှင်ကားအသစ်ကြည့်ရအောင်။ ဒါရိုက်တာကတော့ ရက်ဆို ညီအစ်ကိုနှစ်ယောက်ပါပဲ။ အဗန်ဂျာဒါရိုက်တာတွေပေါ့။ ဇာတ်ညွှန်းဆရာတွေကလည်း အဗန်ဂျာရေးတဲ့သူတွေပါပဲ။ သရုပ်ဆောင်ကတော့ ရိုင်ယန်ဂို့စလင်း၊ ခရစ်စ် အီဗန်တို့နှစ်ယောက်အပြင် No Time to die တို့ Bladerunner တို့ထဲက မင်းသမီး အန်နာ ဒီအာမက်စ်လည်း ပါပါတယ်။ ပြီးတော့ Iron Fist တို့ Love and Monsters တို့မှာ အရမ်းချစ်ဖို့ကောင်းတဲ့ မင်းသမီး ဂျက်ဆီကာဟန်းဝစ်ပါ ပါပါသေးတယ်။ တမီးလ်မင်းသား Dhanush ပါ အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ကော့ထ်ဂျန်ထရီ (ရိုင်ယန်ဂို့စလင်း)ဟာ လူသတ်မှုနဲ့ထောင်နှစ်ရှည်ကျနေသူဖြစ်ပြီး တစ်နေ့မှာတော့ စီအိုင်အေရဲ့ လျို့ဝှက်တရားမဝင်စစ်ဆင်ရေးတွေမှာ လုပ်ပေးဖို့ အပေးအယူနဲ့ထောင်ကလွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီနောက် အေးဂျင့်လောကမှာ Six ဆိုတဲ့နာမည်တစ်လုံးနဲ့ကျော်ကြားလာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူလုပ်ကြံရတဲ့ ပစ်မှတ်ဆီကနေ မရသင့်လိုက်တဲ့ အချက်အလက်တွေရသွားပြီး သူ့ရဲ့အဖွဲ့အစည်းကပါ သူ့ကိုပြန်လိုက်သတ်လာတာကြောင့် ထွက်ပြေးရပါတော့တယ်။ သူ့နောက်ကို တရားမဝင်လိုက်သတ်ဖို့ ...
movie

The Gray Man (2022)

4K HEVC Web-DL