Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Billy Blanks
The Last Kumite (2024)
ဒီတစ်ခါတင်ဆက်မယ့်ဇာတ်ကားကတော့ သေနတ်ပစ်ခန်း၊ ဓားခုတ်ခန်းတွေမပါဘဲ လက်ဗလာနဲ့ချတဲ့ ဖိုက်တင်ကားစစ်စစ်ပါပဲ။ ကိုယ်ခံပညာဖိုက်တင်ကားတွေကြိုက်တဲ့သူတွေအတွက်တော့ ကွက်တိပါပဲ။ဇာတ်လမ်းအညွှန်းကတော့ မိုက်ကယ်ရေးဗားက သူ့ရဲ့မြို့မှာတော့ ကိုယ်ခံပညာမှာပြိုင်ဖက်ကင်းတဲ့သူတစ်ယောက်ပါ။ ကျင်းပသမျှတိုက်ခိုက်ပွဲတွေတော်တော်များများကိုလည်းနိုင်ခဲ့ပြီး သူ့ရဲ့နောက်ဆုံးပွဲလို့သတ်မှတ်ထားတဲ့ပြိုင်ပွဲမှာလဲ ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဖြစ်ချင်တော့ သူအနားယူမယ့်နေ့မှာ လူတစ်ယောက်ကရောက်လာပြီးတော့ Kumiteလို့ခေါ်တဲ့ပြိုင်ပွဲမှာ ဝင်ပြိုင်စေချင်ကြောင်းနဲ့ ထိုပြိုင်ပွဲမှာနိုင်ရင် ဒေါ်လာတစ်သန်းရမယ်ဖြစ်ကြောင်းမက်လုံးပေးခဲ့ပေမဲ့ ထိုပြိုင်ပွဲကအသေသတ်ပြိုင်ပွဲဖြစ်ပြီး အန္တရာယ်များတာကြောင့် သူကငြင်းခဲ့ပါတယ်။ဒါပေမဲ့ တစ်ဖက်ကတော့ သူငြင်းလို့မရအောင် သူ့ရဲ့သမီးကိုဓားစာခံအဖြစ်ခေါ်သွားပါတော့တယ်။ ဒီတော့ မတတ်သာတဲ့နောက်ဆုံး ကမ္ဘာတစ်ဝှမ်းကအတော်ဆုံးချန်ပီယံတွေလာရောက်ပြိုင်တဲ့ Kumiteတိုက်ခိုက်ပွဲမှာ ဝင်ပြိုင်ဖို့ဖြစ်လာပါတော့တယ်။ File size…(2.4 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:45:00 Genre... Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastro
movie
The Last Kumite (2024)
6.4
Tango & Cash (1989)
Tango & Cash (1989)၁၉၈၀ ခုနှစ်တွေတုန်းက လျှမ်းလျှမ်းတောက်အောင်မြင်နေခဲ့တဲ့ Sylvester Stallone နဲ့ Kurt Russell တို့လို အက်ရှင်မင်းသားတွေကို ဇာတ်ဆောင်တင်ရိုက်ထားတဲ့ Action, Comedy ရုပ်ရှင်ကားကောင်းတစ်ခုပါ။ Stallone ကလည်း Rambo ၃ကား နဲ့ Rocky ၄ကားထွက်ပြီးတဲ့အချိန်၊ Kurt ကလည်း Escape from Newyork နဲ့ Big Trouble in Little China တို့လို အက်ရှင်ကားတွေရိုက်ကူးထားပြီးချိန်ပါ။ မင်းသား ၂ယောက်ရဲ့ ဩဇာရှိန်တက်နေဆဲအချိန်ပေါ့။လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့မှာ အတော်ဆုံးလို့ သတ်မှတ်ထားရတဲ့ စုံထောက် ၂ ယောက်ရှိပါတယ်။ အနောက်ဘက်က တန်ဂိုနဲ့ အရှေ့ဘက်က ကက်ရှ် တို့ပါ။ နေရာချင်းမတူသလို စရိုက်ချင်းကလည်းမတူပါဘူး။ တန်ဂိုဟာ သပ်သပ်ရပ်ရပ်ဝတ်စားပြီး လူကြီးလူကောင်းဂိုက်နဲ့ အမြဲနေပေမဲ့ ကက်ရှ်ကတော့ ပိုလွတ်လပ်တဲ့ လမ်းသရဲစတိုင်ရှိပါတယ်။ ဒီလိုအတော်ဆုံးရဲ ...
movie
Tango & Cash (1989)
1989
7.0
The Last Boy Scout(1991)
ကျွန်တော်တို့ရဲ့ Die Hard မင်းသားကြီး ဘရုစ်ဝီလီရဲ့ 90 ခုနှစ်က ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်.ဂျိုးဟယ်လမ်ဘက်ခ်ဟာ အကောင်ကြီးကြီး တစ်ပွေနဲ့ ပြဿနာဖြစ်ပြီးလျို့ဝှက်စုံစမ်းရေးအဖွဲ့ကနေ ရာထူးချခံခဲ့ရပြီး အလွတ်စုံထောက် လုပ်နေခဲ့သူ ဖြစ်ပါတယ်. တစ်ရက် အိမ်ပြန်လာချိန်မှာတော့.သူ့အချစ်ဆုံးသူငယ်ချင်းက သူ့မိန်းမ နဲ့ တကူကူးနေတာကို မိသွားခဲ့ပြီးသူ့အတွက် ကမ္ဘာကြီးပျက်သလို ခံစားနေရပေမယ့်. ပြောထွက်ခဲ့တဲ့ စကားလုံးတွေကဟာသဆန်နေခဲ့သလို သူ့သူငယ်ချင်း မိုက်အပေါ် လက်သီးတစ်ချက်နဲ့သာ တုံ့ပြန်ခဲ့သော်လည်းကံကြမ္မာက မျက်နှာသာမပေးခဲ့လို့ မိုက်တစ်ယောက် ကားဗုံးကွဲပြီး သေသွားခဲ့ပါတယ်သွားလေသူ မိုက် ရဲ့စောင့်ကြည့်ရေးအလုပ်ကို လကပြောင်းလွှဲယူခဲ့ကာသူ စောင့်ကြည့်ပေးနေတဲ့ မိန်းကလေး ကိုရီပါ အသတ်ခံရတဲ့အချိန်မှာတော့ဒီကိစ္စက သာမန်ကိစ္စမဟုတ်ဘဲ နောက်ကွယ်က အာဏာရှိတဲ့အဖွဲ့အစည်းတစ်ခုရဲ့လက်ချက်မှန်းသဘောပေါက် သွားခဲ့ပါတယ် ကိုရီသေဆုံးမှုကို သူ့ရဲ့ရည်းစား ဘောလုံးကစားသမားဟောင်း ဂျင်မီဒစ်ဇ် နဲ့ပူးပေါင်းပြီး ထောက်လှမ်းဖော်ထုတ်ပုံများကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.File size…2.5GB / 824.2MB Quality…Blu-Ray 1080p 5.1CH ...
movie
The Last Boy Scout(1991)
6.6
Kiss the Girls (1997)
ကျောချမ်းစရာ မှုခင်းဒရာမာကောင်းကောင်းလေးတစ်ခု တင်ပေးထားပါတယ်။မှုခင်းဆိုင်ရာ စိတ်ပညာရှင် Alex Cross ဟာ သူ့တူမ ပျောက်ဆုံးသွားတာကို သိသွားတာနဲ့တစ်ပြိုင်နက် သူ့တူမ နေထိုင်ရာဒေသကို လိုက်သွားပါတယ်။ အဲဒီက ဒေသခံရဲတပ်ဖွဲ့ဆီက Casanova ဆိုတဲ့ ကွင်းဆက်လူသတ်သမားက ပြန်ပေးဆွဲသွားတာ ဖြစ်နိုင်ကြောင်း သိလိုက်ရပါတယ်။ အဲလိုဖြစ်နေတဲ့အချိန်မှာပဲ တက္ကသိုလ်ဆေးရုံမှ ဒေါက်တာ Kate McTiernan ဆိုသူ အမျိုးသမီးဟာ Casanova ဖမ်းတာခံလိုက်ရပြီး သူ့ကို ဖမ်းဆီးထားတဲ့နေရာမှာ တခြားအမျိုးသမီးတွေလည်း ရှိနေတာကို တွေ့ခဲ့ရပါတယ်။ ကံကောင်းချင်တော့ Kate ဟာ အဲလူသတ်သမားထံမှ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး Alex Cross နဲ့ ပူးပေါင်းကာ Casanova ဖမ်းနိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားက James Patterson ရဲ့ Kiss the girls ဆိုတဲ့ bestseller မှုခင်းဝတ္တုကို ဒါရိုက်တာ Gary Fleder ...
movie
Kiss the Girls (1997)
6.2
Lionheart (1990)
Lionheart ( 1990 ) ---------------- အာဖရိကမှာ တာဝန်ထမ်းဆောင်နေတဲ့အထူးတပ်သားတစ်ယောက်ရှိတယ်။ လော့အိန်ဂျယ်လိမှာ သူ့ညီဟာ အရှင်လတ်လတ် မီးရှိခံလိုက်ရတဲ့ ရက်စက်တဲ့အဖြစ်ဆိုးကြီးနဲ့ ကြုံခဲ့ရပေမဲ့ တပ်က သူ့ကိုအသိမပေးဘဲ ဖုံးထားခဲ့တယ်။ ဒီလိုနဲ့ သူသိသွားတဲ့အခါမှာ တပ်ကနေပြေးပြီး သူ့ညီရှိတဲ့ဆီ အပြေးသွားခဲ့တယ်။ လမ်းမှာ ငွေမရှိတော့ လမ်းဘေးထိုးပွဲတွေမှာ ဝင်ထိုးပြီး ငွေရှာရာကနေ နာမည်ကျော်တစ်ယောက်ဖြစ်လာခဲ့ပြီး ဒီနွံထဲက မရုန်းနိုင်ဘဲ သူ့ညီအတွက် သူ့မိသားစုအတွက် ကြေးမြင့်ထိုးပွဲတွေအထိပါ သူ့ရဲ့ ခြင်္သေ့လို နှလုံးသားနဲ့ ဆက်ထိုးရင်း တပ်ကလိုက်ဖမ်းတာကိုလည်း ရှောင်နေခဲ့ရတယ်။ ချစ်စိတ်လည်းကြီး သတ္တိလည်းကြီးတဲ့ သူ့နှလုံးသားနဲ့ ထိုးတဲ့ လက်သီးချက်တွေက သူ့မိသားစုဆီ ပြန်ရောက်ဖို ခြေတစ်လှမ်းပိုနီးလာစေမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါ။Lionheart ဟာ ဗန်ဒိန်းရဲ့ အက်ရှင်ခန်း ထိုးခန်း ချခန်း အလန်းစားတွေနဲ့ အက်ရှင်ကားကောင်းတစ်ကားပါ။ နပန်းပွဲတွေ ဆက်တိုက်ထိုးနေတာာကို ကြည့်ရတာမို ချခန်းတွေက တော်တော်လေး ကြည့်ကောင်းသလို မိသားစုအတွက် ဘာမဆိုလုပ်မယ့်လူတစ်ယောက်ရဲ့ ...
movie
Lionheart (1990)