Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bill Camp
7.2
Hostiles (2017)
Hostiles (2017)IMDb Rating (7.2) / Rotten Tomatoes (70%)အခုတစ်ခါမှာတော့ ကမ္ဘာကျော်မင်းသားကြီး Christian Bale ရဲ့ Western Film တစ်ကားတင်ဆက်ပေးပါမယ်။Western ဇာတ်ကားအမျိုးအစားကိုတော့ မြန်မာမှာ ကောင်းဘွိုင်ဇာတ်ကားအမျိုးအစားအဖြစ် လူသိများပါတယ်။ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Scott Copper ကရိုက်ကူးထားပါတယ်။ခေါင်းဆောင်မင်းသားကတော့ American Psycho, The Machinist, Batman Trilogy ဇာတ်ကားတွေနဲ့အတူနာမည်ကျော်ကြားလာတဲ့ မင်းသား Christian Bale ဖြစ်ပြီးတော့ဇာတ်ဆောင်မင်းသမီးနေရာမှာ 2002 ခုနှစ်ထွက် James Bond ဇာတ်ကားတစ်ကားဖြစ်တဲ့ Die Another Day မှာ Bond Girl အဖြစ်သရုပ်ဆောင်ခဲ့ပြီးတော့ နာမည်ကျော်ဇာတ်ကားတစ်ကားဖြစ်တဲ့ Gone Girl မှာခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးချောကြီး Rosamund Pike ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအရတော့ ဂျိုးဘလော့ကာဟာစစ်တပ်မှာ ကပ္ပတိန်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့သူတစ်ဦးဖြစ်ပြီးတော့အင်ဒီယန်းတွေကို လွန်စွာမုန်းတီးသူဖြစ်ပါတယ်။တစ်နေ့မှာ သူ့ရဲ့ရဲဘော်ရဲဘက်တွေကို သတ်ဖြတ်ခဲ့တဲ့ သူမုန်းတီးရတဲ့ ...
movie
Hostiles (2017)
2017
4K HEVC
6.0
Deception (2008)
နာမည်ကြီးမင်းသားတွေဖြစ်တဲ့ X-Men မင်းသားHugh Jackman နဲ့ Ewan McGregor တို့အပြိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ Deception ကတော့ MysteryThriller နဲ့ Drama အမျိုးအစားဖြစ်ပါတယ်။နယူးယောက်ရဲ့ကော်ပိုရေးရှင်းလုပ်ငန်းကြီးတွေမှာစာရင်းစစ်အနေနဲ့လှည့်လည်လုပ်ကိုင်နေတဲ့ဂျိုနသန်ဟာတစ်ရက်မှာ ရှေ့နေဝှိုက်ဆိုသူနဲ့သိကျွမ်းပြီး သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်။ဝှိုက်ကတစ်ဆင့် တရားမဝင်လိင်အပန်းဖြေကလပ်တစ်ခုထဲရောက်သွားပြီး အက်စ်လို့သာသိရတဲ့ကောင်မလေးတစ်ယောက်ကိုတကယ်ချစ်မိသွားခဲ့ပါတယ်။တစ်ရက်မှာတော့ ဂျိုနသန်နဲ့အက်စ်တို့ရဲ့ဟိုတယ်ဒိတ်တစ်ခုမှာအက်စ်ကိုပြန်ပေးဆွဲသွားတဲ့အခါမှ ဝှိုက်ဆိုသူဟာ လူလိမ်၊လူသတ်သမားတစ်ဦးဖြစ်နေမှန်းသိလိုက်ရပါတယ်။ကုမ္ပဏီကြီးတစ်ခုရဲ့တရားမဝင်ရန်ပုံငွေသန်း ၂၀ ကိုလွှဲပြောင်းမပေးဘူးဆိုရင် အက်စ်ကိုသတ်မယ်လို့ခြိမ်းခြောက်လာတဲ့အခါမှာတော့ သူချစ်တဲ့အက်စ်ကိုပြန်ရဖို့ ကိန်းဂဏန်းတွေကိုကျွမ်းကျင်ပိုင်နိုင်တဲ့စာရင်းစစ်ဂျိုနသန်တစ်ယောက် လည်လွန်းတဲ့လူလိမ်ဝှိုက်နဲ့ ဥာဏ်ရည်ပြိုင်ဆိုင်ရပါတော့တယ်။ File size…1.67GB / 756MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 47m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Deception (2008)
6.6
Reservation Road (2007)
Mark Ruffalo, Jennifer Connelly စတဲ့နာမည်ကြီးသရုပ်ဆောင်တွေပါဝင်တဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အဝိတ်အာနိုးနဲ့ သူ့သားကဘေ့စ်ဘောပွဲကြည့်နေတုန်းမှာ ဇနီးဟောင်းဖြစ်သူကဖုန်းဆက်ပြီးသူ့သားကိုအမြန်ပြန်လာခိုင်းတယ်။ပွဲကလည်းအချိန်ပို ကစားတဲ့အတွက် နည်းနည်းနောက်ကျသွားလို့ ကားကို အမြန်မောင်းပြီးပြန်လာခဲ့တယ်။ တစ်ဖက်မှာတော့အီသန်လာနာတို့ မိသားစုလေးယောက်မှာ သားဖြစ်သူဂျော့ရှ်ရဲ့ဖျော်ဖြေပွဲကိုကြည့်ပြီးတော့အိမ်ပြန်လာခဲ့တယ်။ကားပေါ်မတက်ခင်မှာ ဂျော့ရှ်က သူ့ညီမလေးအတွက် ပိုးစုန်းကြူးတွေကိုဖမ်း ပုလင်းထဲထည့်ပြီးလက်ဆောင်ပေးထားတယ်။အီသန်တို့ မိသားစုအိမ်ကိုကားမောင်းပြန်နေတုန်းမှာ ပိုးစုန်းကြူးတွေကို သမီးဖြစ်သူအမ်မာက ပိုးစုန်းကြူးလေးတွေကိုမွေးချင်ကြောင်းပြောတော့ ဂရေ့စ် သူတို့မွေးရင်သေသွားနိုင်ကြောင်း အိမ်ပြန်ရောက်ရင်လွှတ်ပေးသင့်ကြောင်းနားချလိုက်တော့ အစ်ကိုဖြစ်သူဂျော့ရှ်ကို ပုလင်းပေးထားတယ်။ လမ်းမှာခဏနားတဲ့အချိန်မှာဂျော့ရှ်ကကားအပြင်ထွက်ပြီး ပိုးစုန်းကြူးတွေကိုလွှတ်တဲ့အချိန်တစ်ဖက်က ဒဝိတ်ကကားကိုအမှုမဲ့အမှတ်မဲ့မောင်းလာချိန်မှာဂျော့ရှ်ကိုဝင်တိုက်မိပြီး နေရာမှာတင်ဆုံးသွားတယ်။ဒဝိတ်ကတော့ကြောက်လို့ထွက်ပြေးသွားတယ်။ အီသန်တို့ကကားတိုက်ထွက်ပြေးမှုကို ရဲတွေကိုတိုင်ကြားပေမယ့် နှစ်ပတ်လောက်ကြာတဲ့အချိန်အထိ ဘာသတင်းမှမရတဲ့အတွက် ရှေ့နေထပ်ငှားစုံစမ်းဖို့ဆုံးဖြတ်လိုက်တယ်။သူတို့ငှားတဲ့ရှေ့နေက ဒဝိတ်အာနိုးဖြစ်နေတဲ့အခါမှာတော့...... File size…1.83GB / 908MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 42m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Reservation Road (2007)
8.5
Joker (2019)
Joker (2019) IMDb - (8.5/10) RT - 68% Won 2 Oscars. Another 92 wins & 199 nominations DC comic တွေထဲက ဇာတ်ကောင်တစ်ကောင်ကို အခြေခံထားတဲ့ ရုပ်ရှင်ပါ။ဂျိုကာကိုဆို စူပါဟီးရိုး ဖန်တိုင်း သိကြမှာပါ။ခေတ်အဆက်ဆက် လင်းနို့လူသား ရုပ်ရှင်တွေမှာအကောင်းဆုံးဗီလိန်တွေထဲက တစ်ယောက်အဖြစ် ပါနေကျပါပဲ။ဒီကားကတော့ အရင်ဂျိုကာတွေ လင်းနို့လူသားတွေရဲ့ ဇာတ်လမ်းနဲ့ မဆက်စပ်ပါဘူး။အာသာဖလက်ဆိုတဲ့ သာမန်လူတစ်ယောက်ကနေ ဂျိုကာဆိုပြီးဘယ်လိုဖြစ်လာလဲ ဆိုတာကို ဇာတ်ညွှန်းအသစ်နဲ့ ပြသထားတာပါ။လက်ရှိ အအောင်မြင်ဆုံးနဲ့ ဝင်ငွေအကြမ်းဆုံး R rated ရုပ်ရှင်ပါ။သရုပ်ဆောင်၊ ဒါရိုက်တာ အကုန်ကောင်းမွန်တဲ့အရှိန်ရယ်၊ ခေတ်အဆက်ဆက် ရှိလာခဲ့တဲ့ ပရိသတ်တွေရဲ့ အရှိန် ၂ ခုလုံးပေါင်းမိသွားတာပါပဲ။စူပါဟီးရိုးဖန်တွေရော ရုပ်ရှင်ကောင်းကြိုက်တတ်တဲ့ သူတွေရော သဘောကျကြမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်....File Size : (6.7 GB) /(2.0 GB) /(950 MB) Quality : BluRay 4K ...
movie
Joker (2019)
2019
4K HEVC
5.9
[18+]Drive-Away Dolls (2024)
No Country for Old Men ရုပ်ရှင်နဲ့ အော်စကာ ၄ ဆုရခဲ့တဲ့ဒါရိုက်တာ Ethan Coen ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ဧည့်သည်သရုပ်ဆောင်အဖြစ် Pedro Pascal နဲ့Matt Damon တို့ ပါဝင်ပေးထားပြီး အဓိကသရုပ်ဆောင်နေရာမှာတော့ Once Upon a Time... in Hollywood ထဲကMargaret Qualley နဲ့ Miracle Workers စီးရီးထဲကGeraldine Viswanathan တို့ ပါဝင်ထားပါတယ်။အက်ရှင် ဟာသ အမျိုးအစားပါ။ ဇာတ်လမ်းအကျဉ်း****************လက်စ်ဘီယံစုံတွဲနှစ်ယောက်ဟာ အပျော်ခရီးထွက်ဖို့အတွက်တစ်လမ်းသွား ကားတစ်စီးငှားပြီး ယူလာပါတယ်။တစ်လမ်းသွား ကားဆိုတာက ကားတစ်စီးကို လူတစ်ယောက်ဆီကိုပို့ဖို့ရှိရင် အဲဒီနေရာကို မောင်းသွားပြီး ယူပေးမယ်ဆိုရင်အခမဲ့ ငှားမောင်းခွင့်ရှိတာမျိုးပါ။ ဒါပေမဲ့ သူတို့ငှားမိတဲ့ ကားထဲမှာအရေးကြီးပစ္စည်းတွေ ပါလာတဲ့အတွက် လူမိုက်နှစ်ယောက်ကသူတို့နောက်ကိုလိုက်ရှာပါတော့တယ်။ အရေးကြီးတဲ့ပစ္စည်းဆိုတာလူတစ်ယောက်ရဲ့ ခေါင်းကြီးနဲ့ ရွှေပန်းအတုတွေ ပြည့်နေတဲ့သေတ္တာတစ်လုံးပါပဲ။ လူမိုက်တစ်စုက ဘာလို့ ရွှေပန်းသေတ္တာကိုအသေအလဲ လိုက်ယူနေတာလဲ၊ ...
movie
[18+]Drive-Away Dolls (2024)
6.6
Midnight Special (2016)
CM ပရိသတ်ကြီးတို့ကို Sci-fi ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ရှုပ်ရှုပ်ယှက်ယှက်နဲ့ သိပ္ပံဗဟုသုတ အများကြီးရှိမှ ကြည့်လို့နားလည်မယ့်ဇာတ်ကားမျိုးလည်း မကြည့်ချင်ဘူး Sci-fi အမျိုးအစားလည်းကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးက သေချာပေါက်ပရိသတ်ကြီးတို့အကြိုက်ပါ။ ဇာတ်ကားနာမည်လေးက Midnight Special လို့ ခေါ်ပြီးတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ အယ်တွန်မာယာလို့ခေါ်တဲ့အသက် ၈ နှစ်အရွယ်ကောင်လေးကို အဖေဖြစ်သူ ရွိုင်တွန်လင်ကပြန်ပေးဆွဲသွားရာကနေ ဇာတ်လမ်းအစပြုပါတယ်။အဖေအရင်းက ပြန်ပေးဆွဲတယ်ဆိုလို့ မအံ့ဩပါနဲ့။တကယ်တော့ အယ်တွန်ကို ရန့်ချ်လို့ခေါ်တဲ့ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်က မွေးစားထားတာပါ။အယ်တွန်လေးက သူများနဲ့မတူဘဲ စူပါမန်းလိုမျက်လုံးကနေ ရောင်ခြည်တွေထွက်တတ်တဲ့ ကလေးဖြစ်နေတာပါ။ကလေးဟာ နေရောင်ထဲကို ထိလို့မရသလို သူ့အစွမ်းအရှိန်ကပစ္စည်းတွေကို ကွဲကြေပျက်စီးစေပါတယ်။ဒါပေမဲ့ ရန့်ချ်အဖွဲ့အစည်းကတော့ ဒါဟာ ဘုရားသခင်ကဆက်သွယ်တာဆိုပြီး ယုံကြည်ကြတယ်။ ကလေးရဲ့ နာကျင်မှုတွေကို မမြင်ရက်တော့တဲ့အဆုံးမှာအဖေဖြစ်သူက ကလေးကိုခေါ်ပြီး ထွက်ပြေးခဲ့တာပါ။တစ်ချိန်တည်းမှာပဲ အစိုးရဘက်ကလည်း ဒီကလေးကိုလက်နက်တစ်ခုလို့သဘောထားပြီး လိုက်လံရှာဖွေခဲ့ပါတယ်။ ဆိုတော့ အယ်တွန်လေးက ဘာလို့အစွမ်းတွေရှိနေတာလဲ၊ သူတို့တွေဘယ်ကိုထွက်ပြေးကြမလဲ၊ ထွက်ပြေးတဲ့ လမ်းတစ်လျှောက်မှာရောဘယ်လိုထူးဆန်းထွေလာ ဖြစ်ရပ်တွေကို ကြုံတွေ့ရမလဲ၊ ဘာသာရေးအဖွဲ့အစည်းနဲ့အစိုးရအဖွဲ့အစည်းတွေက ...
movie
Midnight Special (2016)
2016
7.0
Loving (2016)
Rating 7/10 လူမျိုးခြားစုံတွဲဖြစ်တဲ့ ရစ်ချက်နဲ့ မေးဒရစ် ဟာ ချစ်ကျွမ်းဝင်ခဲ့ကြပြီး၁၉၅၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြတယ်သူတို့ကြီးပြင်းခဲ့ကြတဲ့ ဗာဂျီးနီးယားက မြို့လေးမှာအခြေချဖို့ လုပ်နေတဲ့အချိန်မှာဘဲ အဖမ်းခံခဲ့ရပြီးလူမျိုးခြားလက်မထပ်ရဥပဒေကြောင့် ပြည်နယ်ဒဏ်ပေးခြင်းခံလိုက်ရပါတယ်ဝါရှင်တန်မှာ အခြေချပြီးတဲ့နောက်မှာ တစ်နေ့ ကလေးတွေကြောင့်ဘဲဗာဂျီးနီးယားကို ပြန်အခြေချဖို့ ဖြစ်လာခဲ့ပါတော့တယ်တကယ့်အဖြစ်အပျက်ကို အခြေခံထားတာမို့ရစ်ချက်နဲ့ မေးဒရစ် ဟာ ဗာဂျီးနီးယားကိုဘဲ ပြန်အခြေချနိုင်မလားလူမျိူးရေးခွဲခြားတဲ့ဥပဒေတွေကိုတွန်းလှန်သွားနိုင်မလားဆိုတာ ကြည့်ရမှာဘဲဖြစ်ပါတယ် File size… 1.7 GB / 709 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 3m Genre ..... Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Su
movie
Loving (2016)
2016
6.3
The Only Living Boy in New York (2017)
The Only Living Boy in New York (2017) ============================= IMDb Rating - 6.3/10မြို့တစ်မြို့ရဲ့ စိတ်ဝိညာဉ်ဆိုတာ ဘာလဲလို့ မေးလာခဲ့ရင် အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ကြမယ်လို့ထင်ပါတယ်။ ဒီလိုပဲ နယူးယော့ခ်မြို့ကြီးမှာ နေထိုင်ရင်း ဘဝအဓိပ္ပာယ်ကို ရှာ ဖွေနေသလို၊ မြို့ရဲ့ဝိညာဉ်ပျောက်ဆုံးနေပြီလို့ စွပ်စွဲနေတဲ့ သောမတ် ဝက်ဘ်ဆိုတဲ့ ကောင်လေးတစ်ယောက်ရှိလေရဲ့။ သောမတ်ဟာ ချမ်းသာတဲ့ သူ့မိဘတွေရဲ့ ဝေးရာမှာနေထိုင်ရင်း သူ စိတ်ဝင်စားတဲ့အလုပ်ကို ရှာဖွေနေရင်းဘဝကို ပျင်းရိဖွယ် ဖြတ်သန်းနေတာပါ။ သူ့ဘဝမှာက ချစ်ရတဲ့သူဆိုလို့ မီမီ ဆိုတဲ့ ကောင်မလေးတစ်ယောက်ပဲ ရှိတယ်လို့လည်း ထင်နေတဲ့သူပါ။ဒါပေမယ့် သောမတ်တစ်ယောက် သူ့အဖေ အီသန် ဖောက်ပြန် နေတာကို တွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ သူ့အဖေနဲ့ ဖောက်ပြန်နေ တဲ့ ဂျိုဟန်နာဆိုတဲ့ အမျိုးသမီးကို လိုက်ချောင်းရင်း ပျင်းစရာ သူ့ဘဝကြီးအပြောင်းအလဲဖြစ်လာပုံကို Plot Twist လေးတွေနဲ့ ကြည့်ရှုရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)File Size..........(1.26 GB) / (449 MB) Quality............WEB-RIP 1080p / ...
movie
The Only Living Boy in New York (2017)
2017
7.1
The Burial (2023)
The Burial (2023)~ IMDb - 7.1/10, Rotten Tomatoes - 91% ~ဒီကားမှာ ကားမရိုက်တာ နည်းနည်းတော့ကြာပြီဖြစ်တဲ့ Tommy Lee Jones ကြီးက စကေးပြန်ပြထားသလို Jamie Foxx လည်းပါပါတယ်။ The Great Debaters တို့ Birds of Prey တို့ Lovecraft Country တို့မှာ သရုပ်ဆောင်စွမ်းပြခဲ့ဖူးတဲ့ Jurnee Smollett လည်းပါပါတယ်။ ဒီထဲလည်း စကေးထပ်ပြပြန်တာပါပဲ။ ဒီကားကို ဖြစ်ရပ်မှန်ဇာတ်လမ်းပေါ် အခြေတည်ထားတယ်။ အော်စကာဝိုင်းလား မတ်တွိုင်းရဲ့စကားလားတော့မသိဘူး။ တစ်ခါတခါ လက်တွေ့ဘဝက ဖစ်ရှင်တွေထက် ပိုဆန်းကြယ်တယ်ဆိုတဲ့ စကားလိုပဲ။ ဒီဖြစ်ရပ်မှန်ကလည်း သောက်ဆန်းကြီးပါပဲ။ပြောရရင် ဒီကားထဲ တွမ်မီလီဂျုန်းကြီးက သုဘရာဇာလုပ်တာ... သုဘရာဇာလုပ်ငန်းကို ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားလို မျိုးနဲ့ရိုးနဲ့လုပ်လာတာ။ သူမွေးထားတဲ့ များပြားလှတဲ့ သားသမီးမြေးမြစ်တွေကို အမွေပေးဖို့ ...
movie
The Burial (2023)
2023
7.8
Sound of Freedom (2023)
Sound of Freedom (2023) =================== IMDb Rating - 7.8/10IMDB 7.8 ထိ ရထားတဲ့ ကလေးလူကုန်ကူးမှုတိုက်ဖျက်ရေး မှုခင်းဇာတ်ကား ကောင်းလေး ဖြစ်ပါတယ်။ ကမ္ဘာ့အနှံ့က မကောင်းမှုနဲ့ ကျိကျိတက်တက်ချမ်း သာပြီး ဝါသနာတူတွေစုနေတဲ့ လူချမ်းသာအသိုင်းအဝိုင်းကြီးတစ်ခုက ကလေး သူငယ်တွေကို လူကုန်ကူးပြီး လိင်လုပ်သားအဖြစ် ရောင်းစား အသုံးတော်ခံနေ ကြပါတယ်။ ဒါကို သီးသန့်နှိမ်နင်းတားဆီးနေတဲ့ တင်ဘဲလက်ဆိုတဲ့ အေးဂျင့်က pedophile လို့ခေါ်တဲ့ ကလေးနှာဗူးကောင်တွေကို ဖမ်းဆီးခဲ့ရင်းနဲ့ နောက်ဆုံး ကိုလံဘီယာက မကောင်းမှုတွေ အဓိကထိန်းချုပ်လုပ်ကိုင်နေတဲ့ ဒုစရိုက်အဖွဲ့ကို နှိမ်နင်းတားဆီးပြီး ကလေးတွေကို ဘယ်လိုပြန်လည်ကယ်ဆယ်မလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။ဇာတ်လမ်းပုံစံက ရိုးရှင်းပေမယ့်.. Action scene တွေက အရမ်းကောင်းလွန်း တာကြောင့် Rating ကောင်းကောင်းတွေ ရထားတာဖြစ်ပါတယ်(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.86 GB) / (774 MB) Quality...........WEB-DL 1080p / 720p Duration........2Hr 11Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Crime, Drama Translator......Thiha ...
movie
Sound of Freedom (2023)
2023
6.6
Jason Bourne (2016)
Jason Bourne (2016)IMDb Rating (6.6) / Rotten Tomatoes (54%)++++++++++++++++++++++Jason Bourne2002 လောက်ကဖြစ်မယ်ထင်တယ်။ James Bond နဲ့ဆန့်ကျင်ဘက် ဇာတ်ကောင်တစ်ယောက် ရုပ်ရှင်လောကမှာ ပေါလာတယ်။ နာမည်ကတော့ Jason Bourne တဲ့။ သူ့ကိုကျွန်တော်တို့စတွေ့တော့ Mediterranean ပင်လယ်ထဲမှာ မျောနေတဲ့သူတစ်ယောက်အဖြစ်။ ကျောမှာလည်း သေနတ်ကျည်ပေါက်ရာ နှစ်ခုနဲ့။ ပြဿနာက သူဟာ ဘယ်ကလာပြီး ဘာဖြစ်ခဲ့လဲဆိုတာ သူကိုယ်တိုင်မသိတာပဲ။ ဒီလိုနဲ့သူတစ်ဖြည်းဖြည်းသိလာတာကတော့ သူဟာ CIA Operation တစ်ခုဖြစ်တဲ့ Treadstone လက်အောက်မှာ အလုပ် လုပ်ခဲ့တဲ့ CIA အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်ဆိုတာပဲ။ ဒါပေမဲ့ တစ်ဖွဲ့လုံးနဲ့တစ်ယောက်ခွဲထွက်သွားတဲ့ Jason Bourne တစ်ယောက်ဟာ CIA ရဲ့အရှုပ်အရှင်းတွေမှာ ပါဝင်ပတ်သက်လာခဲ့တာ Bourne Identity (2002), Bourne Supermacy (2004), Bourne Ultimatum ...
movie
Jason Bourne (2016)
4K HEVC
6.6
Red Sparrow (2018)
Red Sparrow (2018) ဒီရုပ်ရှင်ကားကမြန်မာပြည်မှာ ရုံတင်ခဲ့တုန်းက ဆင်ဆာဖြတ်တဲ့အခန်းတွေများလို့ နာမည်ကြီးခဲ့တဲ့ ရုံတင်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ခေါင်းဆောင်မင်းသမီးဖြစ်သူ Jennifer Lawrence ဟာ အရင်တုန်းက Nude Scenes တွေပါတဲ့ကားတွေဆို လုံးဝလက်မခံခဲ့ပဲ ဒီကားကိုတော့ သူကိုယ်တိုင် ဇာတ်ညွန်းကိုကြိုက်နှစ်သက်လို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ဒီရုပ်ရှင်ကို Nudity အသားပေးရုပ်ရှင်ကားတစ်ကားလို့ မမြင်စေချင်ပါဘူး။ ဒီရုပ်ရှင်ရဲ့ နောက်ကွယ်မှာ အဲ့လိုမျိုး ကိုယ်ခန္ဓာကိုရင်းပြီး သူလျှိုလုပ်နေရတဲ့သူတွေ တကယ်ရှိတယ်ဆိုတာ သိလာအောင် ရိုက်ပြထားတဲ့ကားတစ်ကားဖြစ်တာကို သိစေချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဒိုမီနီကာဆိုတဲ့ ကောင်မလေးဟာ ရုရှားကျက်သရေဆောင် ဘဲလေးကချေသည်တစ်ယောက်ဖြစ်ပြီး သူ့မိခင်နဲ့အတူ ကဇာတ်ရုံက ထောက်ပံံ့ပေးထားတဲ့တိုက်ခန်းမှာ အတူနေထိုင်ကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဖျော်ဖြေပွဲမှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ဒိုမီနီကာရဲ့ ကချေသည်ဘ၀ ပျက်စီးသွားခဲ့ပါတယ်။ မိခင်ကြီးကလဲ နာမကျန်းဖြစ်လာသလို ကဇာတ်ရုံကလဲ ကချေသည်နောက်တစ်ယောက် လူစားထိုးလိုက်တဲ့အခါ ဒိုမီနီကာတစ်ယောက် ရွေးချယ်စရာမရှိတော့ပဲ သူ့ဦးလေး အကြံပေးတဲ့အတိုင်း သူလျှိုတစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်ဖို့ ...
movie
Red Sparrow (2018)
2018
4K HEVC
7.2
Vice(2018)
Vice(2018) IMDb....7.2,,,,Rotten....66% ((Blu-Ray 10805.1ch နဲ့ 720pတို့ဖြင့်ပြန်လည် Updateပေးထားပါသည်..))ဒီဇာတ်ကားက Makeup and Hairstyling အတွက်အော်စကာဆုရခဲ့သလို ထရန်စဖော်မာ မင်းသားကြီးလို့တင်စားရတဲ့Christian Bale နဲ့ မင်းသမီးAmy Adams တို့ အော်စကာဆန်ကာတင်စာရင်း ဝင်ခဲ့တာ အတော်များများလည်း သိကြမယ်ထင်ပါတယ်...၂၁ ရာစုအစပိုင်းကာလ အမေရိကန်သမိုင်းကို တစေ့တစောင်း သိစေနိုင်မယ့် ဒုသမ္မတတစ်ဦးရဲ့ အကြောင်းကိုပြန်လည်ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်....D ick Cheney ဟာ ငယ်ဘဝက ဘယ်လောက်တောင်ဆိုးခဲ့လဲဆိုတော့ မူးရူးသောာင်းကျန်းလွန်းလို့ တက္ကသိုလ်ကတောင်ကျောင်းထုတ်ခံရတဲ့အထိပါပဲ...သို့ပေမယ့် အဲ့ဒီဘဝကနေ အမေရိကန်သမိုင်းမှာ အထင်ကရဖြစ်စေခဲ့တဲ့ ဒုသမ္မတတစ်ယောက်ဖြစ်လာအောင် သူကြိုးစားခဲ့တယ်..သူဘယ်လိုတွေကြိုးစားခဲ့လဲ?ဒုသမ္မတဖြစ်လာချိန်မှာပဲ သူမတူတဲ့အရည်အချင်းတွေကြောင့် သမ္မတအပေါ် ဘယ်လိုလွှမ်းမိုးမှုတွေရှိနေသလဲဆိုတာပါ ခင်ဗျားတို့တွေ့ရလိမ့်မယ်... ဒါ့အပြင် အမေရိကန်သမိုင်းကို သူ့စိတ်တိုင်းကျ အမျိုးမျိုး ပုံဖော်ခဲ့သူ… ၂၀ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစုအစပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အားလုံးမှတ်မိကြလောက်တဲ့ 9/11 ဖြစ်ရပ်အပေါ်မှာ ဒုသမ္မတရဲ့ တုံ့ပြန်လုပ်ဆောင်အကွက်ချမှုတွေ… ဒီဇာတ်ကားကိုကြည့်ရင်းနဲ့ အမေရိကန်သမိုင်းအပြင် ကမ္ဘာ့သမိုင်းကိုပါ တစေ့တစောင်းလေ့လာနိုင်မှာဖြစ်ပါတယ်… Dick Cheney အဖြစ် ...
movie
Vice(2018)
2018
6.7
Salem’s Lot (1979)
Salem's Lot ဟာ အမေရိကန်စာရေးဆရာ Stephen King ၏ 1975 horror ဝတ္ထုဖြစ်ပါတယ်။ ဒုတိယမြောက်ထုတ်ဝေသောဝတ္ထုဖြစ်ပြီး ဇာတ်လမ်းမှာ Ben Mears လို့ခေါ်တဲ့ စာရေးဆရာတစ်ဦးက Jerusalem's Lot (အတိုကောက် 'Salem's Lot) ကို ပြန်သွားရာမှာထိတ်လန့်ဖွယ်ရာတွေနဲ့ကြုံရတဲ့အကြောင်းလေးပါ။ ဝတ္ထုဟာ 1976 တွင် World Fantasy Award နှင့် 1987 တွင် Locus Award တို့အတွက် ရွေးချယ်ခံခဲ့ရပါသည်။ ယခုဇာတ်လမ်းဟာ အဆိုပါဝတ္ထုကို ပြန်လည်ရိုက်ကူးတင်ဆက်ပြသထားတာပါ။File size…(4 GB)/(2.6 GB)/(1.1 Gb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...Horror, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo Min
movie
Salem’s Lot (1979)
Boston Strangler (2023)
Boston Strangler 2023 ( ဘော်စတွန် လည်ပင်းညှစ်လူသတ်သမား )IMDb - 6.5/10, RT - 63%Pirates of the Caribbeanရုပ်ရှင်တွေ၊ Star War Episode 1နဲ့ IV၊ The Imitation Game၊ Begin Againနဲ့ Jack Ryanတို့လို ရုပ်ရှင်ကားကောင်းတွေပါ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ ဝါရင့်မင်းသမီးKeira Knightleyနဲ့အတူ Avenger infinity war, Avenger end gameနဲ့ Animated series What ifတို့မှာ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ Carrie Coonတို့က ဇာတ်လမ်းကို ဦးဆောင်ပြီး ဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ 1960ခုနှစ်အစပိုင်း 1962ခုနှစ်က ဖြစ်ရပ်မှန်ကွင်းဆက်လူသတ်မှုအပေါ် အခြေခံထားပါတယ်။ လိုရက်တာမက်လောက်လင်က Record Americaသတင်းဌာနက သာမည သတင်းထောက်မလေးပါ၊ သူက မှုခင်းအမှုတွေကို လုပ်ဆောင်ချင်တာဖြစ်ပြီးတော့ စိတ်ကူးနဲ့လက်တွေ့အကောင်ထည်မဖော်နိုင်သေးသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ...
movie
Boston Strangler (2023)
Compliance (2012)
၂၀၀၄ ခုနှစ်က အမေရိကန်နိုင်ငံ ကန်တက်ကီပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ အသင့်စား စားသောက်ဆိုင်တစ်ခုရဲ့ မန်နေဂျာဖြစ်သူ ဆန်ဒရာဟာ ရဲအရာရှိဟန်ဆောင်ထားတဲ့ သူတစ်ယောက်ရဲ့ ဖုန်းကိုလက်ခံရရှိကာ ထိုသူခိုင်းတဲ့အတိုင်း ဆိုင်ဝန်ထမ်း ဘက်ကီကို သံသယရှိသူအနေနဲ့စစ်ဆေးခြင်းကိုဆောင်ရွက်ပါတော့တယ်။ ဆန်ဒရာကဆိုင်ရဲ့အလုပ်ကိစ္စတွေဖြေရှင်းဖို့လိုလာတဲ့အခါ အခြားသူတွေကို သူ့နေရာမှာ လူစားထိုးကာ ဘက်ကီကိုစောင့်ကြည့်ခိုင်းပါတော့တယ်။တဖြည်းဖြည်းနဲ့ အရာရှိယောင်ဆောင်သူရဲ့ ခိုင်းစေချက်တွေက လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေဖြစ်လာသောအခါ ဒီလိုကျူးလွန်မှုမျိုးတွေက တစ်နေရာမကဖြစ်နေသောအခါ ဘယ်လိုတွေဆက်ဖြစ်လာမလဲ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်File size…(1.2 GB)/(600MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Drama,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie
Compliance (2012)
5.8
White Noise (2022)
White Noise (2022)ဒါရိုက်တာ Noah Baumbach ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ အဒမ်ဒရိုင်ဘာနဲ့ စကားလက်ဂျိုဟန်ဆန်တိုရဲ့ Marriage Story ကို ရေးခဲ့တဲ့သူပါပဲ။ ၁၉၈၅ မှာ Don DeLillo ရေးခဲ့တဲ့ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။နာမည်ဖြစ်တဲ့ White Noise ဆိုတဲ့ အဓိပ္ပါယ်ကတော့ လူတွေကြားနိုင်တဲ့ အသံကြိမ်နှုန်းတွေအကုန်ပါဝင်တဲ့ အသံတစ်ခုဆိုတာပါပဲ။ ဒီအသံမျိုးဟာ လူတွေရဲ့ ဦးနှောက်ကော်တက်စ်အပိုင်းကို သက်ရောက်စေတယ်လို ဆိုကြပါသေးတယ်။ဒီရုပ်ရှင်ကတော့ လူသားတွေနဲ့ လူ့အသိုင်းအဝိုင်းရဲ့ အတွေးတွေနဲ့ ကြောက်စိတ်တွေကို ထော်လော်ကန့်လန့် သရော်ထားတဲ့ အမျိုးအစားပဲဖြစ်ပါတယ်။ဂျက်ဟာ ဟစ်တလာအကြောင်းအထူးပြုတဲ့ နာမည်ကြီးပါမောက္ခတစ်ယောက်ရှိပြီး ဘာဘတ်ဆိုတဲ့ ဇနီးနဲ့ ကလေး ၄ ယောက်နဲ့အတူ ပျော်ရွှင်စွာနေထိုင်သူပါ။ သူ့ရဲ့မိတ်ဆွေကတော့ အဲလ်ဗစ် ပရက်စ်လေအကြောင်း အထူးပြုတဲ့ ဆရာပါပဲ။ ဟစ်တလာနဲ့ အဲလ်ဗစ်နဲ့ သူတိုကို အားပေးသူတိုရဲ့ တူညီတဲ့အချက်တွေအကြောင်း ဆွေးနွေးရင် ရုပ်ရှင်ကိုစတင်ထားပါတယ်။ဒါပေမဲ့ ရုတ်ချည်းဆိုသလိုပဲ စွန့်ပစ်ပစ္စည်းတွေပါဝင်တဲ့ ရထားကြီး လမ်းချော်သွားပြီး အဆိပ်သင့်တိမ်တိုက်မည်းကြီးပေါ်လာလို အားလုံးလွတ်အောင်ထွက်ပြေးရတဲ့ ကပ်ဘေးကြီးရောက်ရှိလာပါတော့တယ်။ အဲဒီကပ်ဘေးကြီးကို အဖြေရှာရင်း လမ်းတလျှောက်မှာ ဂျက်ဟာ သူ့မိန်းမ ...
movie
White Noise (2022)
2022
5.4
Aloha (2015)
Emma Stone နဲ့ Rachel McAdams ကို မြင်တာနဲ့တင် ကြည့်ကြတော့မယ်ဆိုတာ သိပေမယ့် ရီဗျူးလေးတော့ ဖတ်သွားပါဦး ညိုကီတို့ဇာတ်လမ်းကတော့ Romance-Comedy ဖြစ်လို့ ပေါ့ပေါ့ပါးပါးလေးရယ်ပါပဲ။ အပျင်းပြေ အချစ်ဒဿနတွေ ဖွင့်ရင်း မမတွေရဲ့ အလှကို ခံစားလို့ ကောင်းမယ့်ကားလေးပါပဲ။ဘရိုင်ယန်က စစ်တပ်ကန်ထရိုက်တာ တစ်ယောက်ပါ။ အတိတ်တုန်းက စောင်ပြဿနာတွေ ရှာခဲ့လို့ အော်ပရေးရှင်းအကြောင်းတွေ အခြေခံကစ ထိပ်ဆုံးထိ နားလည်ပါလျက် အလုပ်ပြုတ်ခဲ့ပြီး အခုမှ ဒုတိယ အခွင့်အရေး ထပ်ရသူပေါ့။ ဒီလိုနဲ့ သူ့ရဲ့ မစ်ရှင်အတွက် ဟာဝိုင်အီကို ပြန်ရောက်လာခဲ့တယ်။ ဟာဝိုင်အီမှာ လင်နဲ့သားနဲ့ ဖြစ်နေပြီ ဖြစ်တဲ့ သူ့ရဲ့ ရည်းစားဟောင်း ထရေစီနဲ့ ပြန်ဆုံတယ်။ တစ်ဖက်မှာလည်း သူ့ရဲ့ တွဲဖက်ကောင်မလေး ကပ္ပတိန် အယ်လီဆန် အင်ဆိုတဲ့ ခပ်ချောချော ချာတိတ်မလေးတို့နဲ့ ရေစက်ဆုံလာရာမှာ တာ၀န်တွေနဲ့ အချစ်ရေးကြား ...
movie
Aloha (2015)
6.6
Passing(2021)
Passing(2021)ဒီရုပ်ရှင်ဟာ အဖြူအမည်းရုပ်ရှင်တွေရဲ့ခေတ်မှာနေရာယူထားပြီး အဲ့ခေတ်ရုပ်ရှင်တွေရဲ့စတိုင်ရိုက်ထားတာမို့အဖြူအမည်းကာလာနဲ့ Snyder cut လို 4:3 ဘောင်နဲ့ဖြစ်နေမှာပါ။မင်းသမီးကိုတော့ Thor 3ထဲက ဗယ်ကရီအဖြစ်ရင်းနီးကြမှာပါ နယူးယောက်မြို့က လူမည်းအမျိုးသမီးတစ်ယောက်ဖြစ်တဲ့ အိုင်ရင်းဟာသူ့သားအတွက် မွေးနေ့လက်ဆောင်ရှာဝယ်ဖို့လူဖြူတွေနေတဲ့အရပ်ကိုလာရာကနေလူဖြူဟန်ဆောင်နေရင်း လူဖြူမိသားစုရနေတဲ့ငယ်သူငယ်ချင်းဖြစ်သူနဲ့တွေ့လိုက်ရပါတော့တယ်။လျှို့ဝှက်ချက်ကြီးတစ်ခုနဲ့ ကလဲရ်ဟာအိုင်ရင်းရဲ့ဘဝထဲကို ရောက်လာတဲ့အခါအရာရာရှုပ်ထွေးလာပါတော့တယ်။ 1920ပိုင်း နယူးယောက်မြို့က လူမည်းတွေရဲ့လူနေမှုပုံစံတွေ အခက်အခဲတွေကိုအဓိကထားတဲ့ဇာတ်လမ်းဖြစ်ပြီးထူးထူးခြားခြား ရှေးရုပ်ရှင်စတိုင်အတိုင်းပီပီပြင်ပြင်ပုံဖော်ပြထားတာမို့သရုပ်ဆောင်အသားပေးဇာတ်လမ်းနှစ်သက်ရင်တစ်ချိန်က အဖြူအမည်းရုပ်ရှင်တစ်ကားရဲ့အရသာကိုမြည်းစမ်းကြည့်ချင်ရင်လုံးဝလက်လွှတ်မခံဖို့ ပြောလိုက်ပါရစေ File size…1.6GB / 800MB Quality… 1080p AAC 5.1Ch / 720p Format…Mp4 Duration….1h 38mins Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Pyi T Nyein
movie
Passing(2021)
2021
7.3
Lincoln (2012)
Lincoln (2012) ============ IMDb Rating = 7.3/10 Directed By Steven Spielbergအေဘရာဟမ်လင်ကွန်းဆိုတဲ့ နာမည်ကြားရင် ၁၆ဆက်မြောက် အမေရိကန်သမ္မတဆိုတဲ့ဂုဏ်ပုဒ်ထက် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့သူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ပိုသိကြတယ်။ ဂျော့ဝါရှင်တန် သောမတ်ဂျက်ဖာဆန်၊ အေဘရာဟမ်လင်ကွန်း၊ သီအိုဒိုးရုစဘဲ့စတဲ့ Mount Rushmoreမှာ ထွင်းထုထားတဲ့ အကြီးကျယ်ဆုံးအမေရိကန်သမ္မတ လေးယောက်ထဲကတစ်ယောက်။ သူကသစ်လုံးအိမ်ကလေးကနေ သမ္မတဖြစ်လာသူ၊ အသွားအပြန်ရထားပေါ်စာဖတ်ရင်းလေ့လာခဲ့တဲ့သူ စသဖြင့် အချက်တွေနဲ့လည်း နာမည်ကျော်တယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်သမိုင်းရဲ့ လုပ်ကြံသတ်ဖြတ် ခံရတဲ့လေးဦးတည်းသော သမ္မတတွေထဲက တစ်ယောက်ဖြစ်တယ်။ ဒီရုပ်ရှင်ဟာ သူ့နာမည်ကြီးတပ်ထားပေမဲ့ သူ့အတ္ထုပ္ပတ္တိကို ရိုက်ပြထားတာတော့ မဟုတ်ဘူး။ ငွေဝယ်ကျွန်စနစ်ကို ဖျက်သိမ်းဖို့ ဘယ်လိုဘယ်ပုံ အားလုံးကြိုးပမ်းခဲ့ရလဲဆိုတဲ့ အကြောင်းအရာဘက် ပိုသွားတယ်။ အဲ့ဒီကာလအကြောင်းသိထားမှပဲ ဒီရုပ်ရှင်ကြည့်ရတာ ပိုအဆင်ပြေလောက်မယ်။ လုပ်ကြံမခံရခင်အထိ ၁၈၆၁- ၁၈၆၅ လင်ကွန်းရဲ့ သမ္မသက်တမ်းတစ်လျှောက်ဟာ ပြည်တွင်းစစ် ဖြစ်ရာကာလနဲ့ အတူတူပဲ။ ပြည်တွင်းစစ်ဟာ တောင်ပိုင်းပြည်နယ် ၁၁ခုက ခွဲထွက်ဖို့ကြိုးစားရာက စခဲ့တယ်။ အဲ့ဒီတောင်ပိုင်းပြည်နယ်တွေကို ကွန်ဖက်ဒရိတ်စီလို့ ခေါ်ပြီး ...
movie
Lincoln (2012)
2012
1
2
Next