Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Beverley Elliott
The Santa Clause 2 (2002)
ဒီတစ်ခါမှာတော့ Walt Disney က ထုတ်လုပ်ရိုက်ကူးတဲ့ The Santa Clause 2ကိုတင်တက်ပေးချင်ပါတယ် The Santa Clause (1994)ရဲ့အဆက်ဖြစ်ပါတယ်ဒီဇာတ်ကားမှာတော့ ဆန်တာကလော့ဖြစ်သွားတဲ့ စကော့တစ်ယောက် ဆန်တာအဖြစ်မှအနားယူရမယ့်ပြဿနာတစ်ခုပေါ်ပေါက်လာပါတော့တယ် အဲ့ဒါကတော့ ခရစ္စမတ်အကြိုညမတိုင်မီ မိန်းမရှာပုံတော်ဖွင့်ရမှာပါ အချိန်မီမရှာနိုင်ရင် အစွမ်းတွေအားလုံးပျောက်သွားမှာဖြစ်ပြီး ဆန်တာအဖြစ်မှာရပ်စဲသွားမှာဖြစ်ပါတယ် အချိန်ကလည်းအရမ်းကပ်နေပြီဖြစ်ပြီး 28ရက်ခန့်သာလိုတော့တာပါအဲဒါကြောင့် သူ့ရဲ့လက်ထောက်နတ်သူငယ်လေးဖြစ်တဲ့ ကားတစ်ဟာ သူတီထွင်ထားတဲ့စက်ယန္တရားကြီးကိုအသုံးပြုပြီး စကော့နဲ့တစ်ထေရာတည်း ရုပ်ချင်းဆင်တဲ့ အရုပ်ဆန်တာကြီးကိုတီထွင်လိုက်ပါတယ် စကော့ဟာ အဲ့ဒီအရုပ်ဆန်တာကြီးကို သူ့အနေနဲ့ဟန်ဆောင်အဖြစ်ထားခဲ့ပြီး သူကတော့နေအိမ်ကိုပြန်လာကာ မိန်းမရှာပုံတော်ဖွင့်ပါတော့တယ်ဒါပေမဲ့ အရုပ်ဆန်တာကြီးက ထင်ထားသလိုမဟုတ်ဘဲ "ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်"ဆိုသလိုပဲ ကားတစ်ကိုယ်တိုင်မထိန်းနိုင်တော့တဲ့အထိ သောင်းကျန်းပါတော့တယ်စကော့တစ်ယောက် အချိန်မီမိန်းမရှာရမှာကတစ်ကြောင်း သူ့နေရာအစားထိုးဝင်နေတဲ့အရုပ်ဆန်တာကသောင်းကျန်းနေတာကတစ်ကြောင်းနဲ့ ဘယ်လိုတွေဖြေရှင်းရဦးမလဲဆိုတာကြည့်ရှုရမှာဖြစ်ပါတယ် Disney ရဲ့ထုံးစံအတိုင်း လှလှပပရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Drama, Comedy, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
The Santa Clause 2 (2002)
Legend of the Lost Locket (2024)
IMDB 6.9/10 ရရှိထားတဲ့ အချစ်ဇာတ်ကား အသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရှေးဟောင်းပစ္စည်း ရောင်းဝယ်သူ အမ်မီလီယာက မိခင်ဖြစ်သူ မဆုံးပါးခင်က ဆန္ဒဖြစ်တဲ့ ပျောက်ဆုံးနေတဲ့ လော့ကတ်လေးတစ်ခုကို ရှာဖွေဖို့ ကြိုးစားနေသူပါ။ ဒဏ္ဍာရီတွေအရ အဲဒီလော့ကတ်လေးရဲ့ နာမည်က အချစ်စစ်လော့ကတ်ဖြစ်ပြီး ဝတ်ဆင်သူကို အချစ်စစ်နဲ့ဆုံဆည်းရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်တဲ့။ဒါပေမဲ့ ကံမကောင်းအကြောင်း မလှစွာနဲ့ နှစ်ခြမ်းကွဲနေရှာတဲ့ လော့ကတ်လေးက တစ်ကွဲစီဖြစ်နေခဲ့ပြီး တစ်ခြမ်းကိုတော့ အမ်မီလီယာရဲ့အမေက ငွေအမြောက်အမြားပေးပြီး ဝယ်ယူသိမ်းဆည်းထားနိုင်ခဲ့ပါတယ်။ မိခင်ရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့ ပျောက်ဆုံးနေတဲ့လော့ကတ်တစ်ခြမ်းကို ရှာဖွေဖို့ လမ်းစတွေရှာရင်းနဲ့ နောက်ဆုံးမှာတော့ အမ်မီလီယာက ဝယ်လ်မာတန်ဆိုတဲ့ မြို့ငယ်လေးကို ရောက်ရှိလာခဲ့ပါတော့တယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီက သမိုင်းရှိခဲ့တဲ့ မြို့ငယ်လေးမှာ သူ့ကို ကူညီပေးတဲ့ ရဲမှူး မားကတ်စ်နဲ့အတူ ပျောက်ဆုံးနေတဲ့ လော့ကတ်ကို ရှာရင်း မထင်မှတ်ထားတဲ့ အခက်အခဲတွေကြုံတွေ့ခဲ့ရာမှာ အမ်မီလီယာတစ်ယောက် အခက်အခဲများစွာကိုကျော်ဖြတ်ပြီး တကယ်ပဲ အချစ်စစ်လော့ကတ်တစ်ခြမ်းကို ရှာဖွေတွေ့ရှိသွားနိုင်မှာလား၊ အဲဒီလော့ကတ်ကရော ...
movie
Legend of the Lost Locket (2024)
7.3
Little Women (1994)
အမေရိကန်စာရေးဆရာမကြီး Louisa May Alcott ရဲ့ ဂန္ထဝင်လက်ရာ Little Women Novel ကို ရုပ်ရှင်အဖြစ် အကြိမ်ကြိမ်အသက်သွင်းခဲ့ဖူးပါတယ်။ ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေထဲကမှ ပရိတ်သတ်ကြီးတို့နဲ့ ရင်းနှီးနေလောက်မှာကတော့ ၂၀၁၉တုန်းကထွက်ခဲ့တဲ့ Timothée Chalamet တို့၊ Emma Watsonတို့ပါတဲ့ကားပေါ့။ အဲ့တုန်းကလည်း CM မှာ တင်ပေးပြီးပါပြီ။ အခုဒါကတော့ အဲ့ရှေ့က ၁၉၉၄ခုနှစ်မှာထွက်ခဲ့တဲ့ Little Women ပါ။Little Women Movie တွေထဲမှာ ဒီတစ်ခုကလည်းတကယ်ထိတ်ထိတ်ကြဲပါ။ IMDb 7.3နဲ့ Rotten Tomatoes 93%ရထားတဲ့အပြင် Cast တွေကိုပြေးကြည့်လိုက်ရင်လည်း ဘတ်မန်းမင်းသား Christian Baleက လော်ရီနေရာက၊ Stranger Things ထဲမှာJoyce Byersအဖြစ်ပါခဲ့တဲ့ မင်းသမီးWinona Ryderက ဂျို၊ စပိုက်ဒါမန်းထဲက MJ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kirsten Dunstက အေမီနေရာက ...
movie
Little Women (1994)
6.4
Curious Caterer: Grilling Season (2023)
Curious Caterer: Grilling Season (2023) ============================= IMDb Rating - 6.4/10ကလေးတစ်ယောက်အမေ ဂိုဒီတယောက် သူငယ်ချင်း ဖြစ်သူ၏ စနိုက်ကြော် ခံလိုက်ရပြီး စနိုက်မ သူငယ်ချင်း မွေးနေ့မှာ အကျွေးအမွေးတာဝန်ခံအဖြစ် လုပ်ဖို့ကြုံလာ ပါတယ်။ကံဆိုးချင်တော့ အဲ့ဒီနေ့ညပဲ ထိုသူငယ်ချင်းမ အသတ်ခံ ရတဲ့ကိစ္စမှာ အကင်စက်လည်းပေါက်ကွဲသွားတာမို့ လုပ်ငန်း နာမည်ပျက်ကိန်းဆိုက်လာတာကြောင့် စုံထောက်အဆင် လေးရဲ့ အကူညီကိုယူပြီး မွေးနေ့ပွဲတက်သူတွေထဲကနေ တရားခံကြိုးစားရှာဖွေကြပုံကိုမြင်တွေ့ကြရမှာ ဖြစ်ပါ တယ်။စုံထောက်မှုခင်းကားလဲ ကြည့်ချင်တယ် ဦးနှောက် ခြောက်ခံပြီးလဲ မစဉ်းစားချင်သူတွေအတွက် ပေါ့ပေါ့ပါးပါး မှုခင်းကားလေးပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Min Thu ဖြစ်ပါတယ်)File Size..........(1.5 GB) / (590 MB) / (340 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 52Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Mystery Translator.......Chit Min Thu Encoder..........SWM
movie
Curious Caterer: Grilling Season (2023)
2023
6.9
Raise a Glass to Love (2021)
Raise a Glass to Love (2021)~ IMDb rating - 6.9/10 ~လောကကြီးထဲ လူနှစ်ယောက်ပေါင်းဖက်ဖို့ဆိုရာမှာ တစ်ဖက်လူရဲ့ ဝါသနာတွေ၊ ခံယူချက်တွေ၊ အိပ်မက်တွေကို နားလည်ပေးနိုင်ဖို့လိုပေမယ့် အရေးကြီးဆုံးကတော့ ယုံကြည်မှုပေးဖို့ အပြန်အလှန်လေးစားမှုရှိဖို့လို့ ထင်မိပါတယ်။ဒီဇာတ်ကားထဲမှာဆိုရင်လည်း ငယ်ငယ်ကတည်းက အဘွားလက်ထဲမှာ ကြီးပြင်းပြီး ဝိုင်ကို ချစ်မြတ်နိုးပြီး မာစတာတည်ခင်းသူဖြစ်ချင်တဲ့ ဂျန်နာဟာ ဝိုင်လောကသားဖြစ်ပြီး သူနဲ့သုံးနှစ်ကြာတွဲလာတဲ့ အေဒင်နဲ့ ဝါသနာတူ နယ်ပယ်တူချစ်သူတွေမလို့ အပေါ်ယံကြည့်ရင်တော့ အဆင်ပြေနေပေမယ့် တကယ်တမ်းလိုအပ်တဲ့ ယုံကြည်မှုကိုမရခဲ့ပါဘူး။ဒီလိုနဲ့ သူ့အိပ်မက်ကို အကောင်ထည်ဖော်ဖို့ စာမေးပွဲအတွက်ကြိုးစားနေတဲ့ ဂျန်နာတစ်ယောက် တစ်နေ့မှာတော့ သူ့မိဘတွေရဲ့မင်္ဂလာနှစ်ပတ်လည်ပါတီအတွက် စပျစ်ခြံကိုပြန်ရောက်သွားပြီး သူ့အတွေးတွေကို ပြောင်းလဲပေးနိုင်မယ့် တမူထူးခြားတဲ့လူတစ်ယောက်နဲ့ တွေ့ဆုံမိတဲ့အခါမှာတော့...(ဒီဇာတ်ကားနဲ့အညွှန်းကို Robin မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.5GB, 700MB Quality - 1080p, 720p IMDb Rating - ...
movie
Raise a Glass to Love (2021)
2021
5.8
2012 (2009)
လူသားတွေဟာ ကိုယ့်ရဲ့အသက် သေမလား ရှင်မလား မသေချာတော့တဲ့အချိန်မှာ အတ္တကင်းကင်းနဲ့ ဆောင်ရွက်နိုင်ပါ့မလားဆိုတဲ့မေးခွန်းကို လေးစားရတဲ့ စာရေးဆရာတစ်ယောက်ဆီ မေးမြန်းဖြစ်ခဲ့တဲ့ ဘူမိဗေဒဒေါက်တာ ဟမ်စလေကမ္ဘာ့အဆုံးသတ်ကို အစောဆုံးသိရှိသတိပေးခဲ့သော်လည်း ကိုယ်တိုင်မလွတ်မြောက်ခဲ့တဲ့ ရူပနက္ခတ္တဗေဒ ဒေါက်တာဆက်နမ်ပြိုကွဲသွားတဲ့မိသားစုလေးကို တစ်ဘဝစာ တာဝန်မကျေခဲ့ပေမယ့် ကမ္ဘာပျက်ကပ်မှာ အသက်ရှင်သန်နိုင်မှုကို ယူဆောင်ပေးနိုင်ခဲ့တဲ့ မအောင်မြင်တဲ့စာရေးဆရာ ကားတစ်၂၀၁၂ ကမ္ဘာကြီးရဲ့အဆုံးသတ်မှာ အသက်ရှင်ရပ်တည်ဖို့ ကြိုးစားခဲ့ကြတဲ့ လူ့အဖွဲ့အစည်းများ လူသားမျိုးနွယ်နဲ့ သက်ရှိမျိုးစိတ်များ အနုပညာလက်ရာများကိုပါ ဆက်လက်ရှင်သန်အောင် သူတို့ရဲ့အားထုတ်မှုက ဘယ်လိုပုံစံလဲ...ကယ်တင်မရနိုင်တဲ့လူတွေကို အေးစက်စက်နှလုံးသားနဲ့စတေးသွားကြသူတွေရယ် သူတို့နဲ့အတူ အဆုံးသတ်ရဲ့အမှောင်ထဲကို ရဲရဲဝံ့ဝံ့ တိုးဝင်ခဲ့ကြသူတွေရယ်... 2012 ဆိုတဲ့ဇာတ်ကားကို 2009 ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး မေယာပြက္ခဒိန်ရဲ့ အယူအဆကို အခြေခံရိုက်ကူးသွားတဲ့ အကောင်းဆုံးကမ္ဘာပျက်ဇာတ်ကားတွေထဲက တစ်ခုပါ ကမ္ဘာ့အပေါ်လွှာမြေမာတွေ နေရာရွေ့ကုန်ပြီး ကုန်းပြင်တွေက ရေအောက်ရောက် ရေအောက်ကြမ်းပြင်တွေ မြေပေါ်တက်လာတဲ့ အခြေအနေမှာ ရှင်သန်ဖို့ကြိုးစားကြပုံတွေကို မြင်တွေ့ရမှာပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Are Khun Winchester ပါ ...
movie
2012 (2009)
5.9
The Crush (1993)
The crush (1993) ====================== CMပရိတ်သတ်ကြီးအတွက် ၁၉၉၃ခုနှစ်က ရိုက်ကူးတင်ဆက်ထားတဲ့ Crushဆိုတဲ့ ဇာတ်လမ်းကောင်းတပုဒ်နဲ့တင်ဆက်ပေးပါရစေ... လူတိုင်း ဘဝမှာ တခါတော့ ကိုယ်သိပ်သဘောကျရတဲ့ လူတစ်ဦးတစ်ယောက်တော့ ရှိခဲ့ဖူးမှာပါ ဒါမှမဟုတ် ရှိလာမှာပါ. ဒီဇာတ်လမ်းလေးမှာလဲ ၁၄နှစ်အရွယ် မိန်းကလေးတစ်ယောက်က သူသိပ် သဘောကျရတဲ့ ယောကျာ်းတစ်ယောက်ကို ချဉ်းကပ်ပြီး သူ့အချစ်ကိုရအောင် ကြိုးစားထားတာကို ရိုက်ကူးတင်ပြထားတာပါ. ဇာတ်လမ်းဟာ ရိုးရှင်းတဲ့ အချစ်ကားတစ်ကားတော့ မဟုတ်ပါဘူး. အပျိုဖော်ဝင်စ မိန်းကလေးတစ်ယောက်ရဲ့ ယောကျာ်းပျိုတစ်ယောက်ကို ပိုင်ဆိုင်လိုစိတ်တွေရဲ့ ချစ်ခင်သဘောကျခြင်းတွေရဲ့ နောက်ကွယ်က ကြိုးစားမှုတွေ အစွန်းရောက်သွားပုံကို ထိတ်လန့်ခြောက်ခြားဖွယ် ကြည့်ရှူရမယ့် သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ်ပါ.ဇာတ်လမ်းလေးရဲ့ အစမှာတော့ နစ်ကိုးလတ်အယ်လီယက်ဆိုတဲ့ သတင်းထောက်ဟာ အခုမှမြို့ကိုပြောင်းလာတဲ့သူတစ်ယောက်ဖြစ်ပြီး မြို့မှာနေဖို့ အိမ်တစ်အိမ် ငှါးလိုက်ပါတယ် အိမ်ပိုင်ရှင်မှာ ၁၄ နှစ်အရွယ် အေဒရီယန်ဖော်ရက်စတာဆိုတဲ့ သမီးလေးတစ်ယောက်ရှိပါတယ် ဖြစ်ချင်တော့ အေဒရီယန်က နစ်ကို စိတ်ဝင်စားလာပြီးတော့ နစ်ကို ပိုင်ဆိုင်ဖို့ နည်းမျိုးစုံ ကြိုးစားပါတော့တယ် သည်းထိတ်ရင်ဖိုဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ဇာတ်ကားဖြစ်လို့ ရင်တထိတ်ထိတ်ကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားကိုကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ် Translated by : Fiona Rose Encoded by : YK Quality : ...
movie
The Crush (1993)
1993
8.2
Unforgiven (1992)
Unforgiven (1992) IMDb - 8.2/10_____Rotten - 96% Won 4 Oscars. Another 46 wins & 46 nominations ဒီကားကို ဒါရိုက်တာ Clint Eastwood ရဲ့လက်ရာဖြစ်ပြီးတော့ ကိုယ်တိုင်သရုပ်ဆောင်ခဲ့တာပါ.. Top Rated Movies #134 စာရင်းဝင်ခဲ့သလို အကောင်းဆုံးရုပ်ရှင်ဆု ၊အကောင်းဆုံးဒါရိုက်တာဆု ၊အကောင်းဆုံးဇာတ်ပို့ဆုနဲ့ အကောင်းဆုံး တည်းဖြတ်ဆု စတဲ့ အော်စကာ(၄)ဆုရခဲ့ပါတယ်.. ၁၈၈၀ခုနှစ်လောက်က ကောင်းဘွိုင်လူတန်းစားတွေရဲ့ လူနေမှုစရိုက်ကတော့ အတော်ဆန်းတယ်.. ကိစ္စတိုင်းနီးပါးကိုသေနတ်နဲ့ခလုတ်လေးဆွဲပြီးဖြေရှင်းလေ့ရှိကြတယ်... ဒီလိုအချိန်မှာ Bill ဆိုတဲ့လူတစ်ယောက်ကတော့ တခြားသူတွေထက်ချမ်းသာသလို အင်အားလည်းကြီးတယ်.. သူက ပြည့်တန်ဆာတွေနဲ့ ဆိုင်ဖွင့်ပြီး ငွေရှာတဲ့အပြင် သေနတ်အားကိုးနဲ့ အနိုင်ကျင့်မှုတွေလည်းရှိတယ်... တစ်နေ့တော့ ပြည့်တန်ဆာတစ်ယောက်ရဲ့မျက်နှာကို ဧည့်သည်က ဓားနဲ့မွှမ်းသွားတယ်... ပြည့်တန်ဆာတွေအတွက်တော့အတော်နာကျဉ်းစရာကောင်းပေမယ့် Bill ကတော့ မြင်းတွေကို လျော်ကြေးအဖြစ်ယူပြီး ဓားနဲ့မွှမ်းတဲ့လူတွေကိုခွင့်လွှတ်ပေးလိုက်တယ်.... ဒီကိစ္စကို ပြည့်တန်ဆာတွေက လုံးဝမကျေနပ်ဘူး... ပြည်တန်ဆာတွေရဲ့ နာကျဉ်းချက်က ဘယ်လောင်တောင်ကြီးလဲဆိုတော့ တစ်သက်လုံးရှာသမျှငွေတွေကိုစုပေါင်းပြီး ဓားနဲ့မွှမ်းတဲ့သူတွေကို သတ်ပေးဖို့ ကြေးစားလူသတ်သမား ငှါးရမ်းပါတော့တယ်.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Tinnilar Lwin ဖြစ်ပါတယ်... File Size : (956 MB) Quality : Blu-Ray 720p Format…mp4 Duration…02:10:00 Genre : Drama, Western Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
Unforgiven (1992)
1992
6.2
Walking Tall (2004)
အက်ရှင်ကားကြိုက်တဲ့ပရိသတ်တွေအတွက် ဇာန်ကားကောင်းလေးတစ်ကားတင်ပေးလိုက်ပါတယ်Walking Tall ရုပ်ရှင်ဇာတ်ကားဟာ ၂၀၀၄ခုနှစ်ထွက် အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး Imdb rating 6.2/10 ရရှိထားပါတယ်ပါဝင်သရုပ်ဆောင်ထားသူတွေကတော့ အက်ရှင်မင်းသားကြီးDwayne Johnson,မင်းသမီးချော Ashley Scott,မင်းသား Johnny Knoxville စတဲ့သူတွေဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ဂုဏ်ထူးဆောင်စစ်သားဖြစ်ဖူးတဲ့ Chris Vaughn တစ်ယောက် ရာထူးကနေအနားယူပြီး မွေးရပ်မြေမြို့လေးမှာ ပြန်အခြေချနေထိုင်ခဲ့ပါတယ်။သူပြန်လာတဲ့အခါ တစ်မြို့လုံးမှာအကြီးဆုံးစီးပွားရေးက အရင်ကျောင်းနေဖက်တွေဖြစ်ခဲ့ဖူးတဲ့Jay Hamilton နဲ့ Ray Templeton တို့ဦးစီးလုပ်ကိုင်နေတဲ့ ကာစီနိုလောင်းကစားဝိုင်းကြီးဖြစ်နေခဲ့ပါတယ်။တစ်မြို့လုံးမှာ လောင်းကစား အရက် ဆေး စသည်ဖြင့်မကောင်းမှုမျိုးစုံနဲ့ပြည့်နေတာကိုမြင်နေရတဲ့အခါ Chris တစ်ယောက် ရဲတွေကိုယ်စား သူ့လက်နဲ့ဖြေရှင်းပါတော့တယ်။သူတစ်ကယ်ပဲဖြေရှင်းနိုင်ပြီး အရင်ကလိုကောင်းမွန်တဲ့မြို့လေးပြန်ဖြစ်အောင်လုပ်နိုင်မှာလား....ဘယ်လို ပြဿနာတွေကြုံတွေ့ရမှာလဲဆိုတာ စွန့်စားခန်းအပြည့်နဲ့ရိုက်ကူးထားတာမို့ အက်ရှင်ကားချစ်ပရိတ်သတ်တွေကြည့်ရှု့အားပေးလိုက်ပါဦး File Size : (750 MB) and (310 MB) Quality : Blu-Ray 720p Running Time : 1hr 26min Format : Mp4 Genre : Action, ...
movie
Walking Tall (2004)
2004