Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bethlehem Million
5.0
Trim Season (2023)
ဝေါ်ကီးကြိုက်တဲ့ ဝေါ်ကီးဘဲကြီးတွေအတွက် ထူးထူးခြားခြားဆန်းဆန်းပြားပြား Horror Movie လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဆေးခြောက်တွေကို ထုတ်ကုန်တစ်ခုအဖြစ် ဖန်တီးတဲ့အခါမှာ အချောသတ်အဆင့်ကိုရောက်အောင် ကိုင်းတွေအရွက်တွေကိုအရင်ညှပ်ပေးရပါသေးတယ်။အဲ့ဒီသဘောတရားကိုအခြေခံပြီး ဒီဇာတ်ကားနာမည်ကိုTrim Season လို့ပေးထားတာဖြစ်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ ဂျိမ်းစ်ဆိုတဲ့လူတစ်ယောက်ကဆေးခြောက်တွေကို ရိတ်သိမ်းပြီးညှပ်ရတဲ့ ရာသီရောက်ရင်ညှပ်ပြီးအချောသတ်ပေးမဲ့ လူတွေကိုလိုက်လံရှာဖွေနေသူတစ်ယောက်ဖြစ်ပါတယ်။ဒီအလုပ်က တရားမဝင်အလုပ်ဆိုတော့ပိုက်ဆံတွေအများကြီးရတဲ့အတွက် လုပ်ချင်တဲ့သူတွေကလည်းတန်းစီနေတာပါပဲ။အဲ့ထဲမှာ အမ်မာဆိုတဲ့ မကြာသေးခင်ကမှ အလုပ်ပြုတ်ထားပြီးအိမ်လခမပေးနိုင်လို့ ငှားထားတဲ့ အိမ်ကနေ ဖယ်ပေးရတော့မဲ့ကောင်မလေးတစ်ယောက်ပါပါတယ်။အမ်မာက သူ့သူငယ်ချင်းရဲ့ချိတ်ဆက်ပေးမှုကြောင့် ဂျိမ်းစ်နဲ့သိသွားပြီး အဲ့ဒီအလုပ်ကိုလုပ်ဖို့စတင်ထွက်ခွာလာခဲ့ပါတော့တယ်။စစချင်းကတည်းက သူတို့မှာပါလာတဲ့ကားတွေကို ထားခဲ့ရပြီးလူသူကင်းမဲ့တဲ့တောကြီးမျက်မည်းထဲက စိုက်ခင်းတစ်ခုဆီကိုခေါ်လာခဲ့ပါတော့တယ်။ပါလာတဲ့သူတွေ အကုန်လုံးက မိန်းကလေးတွေဖြစ်ပြီး မကြာခင်မှာပဲအလုပ်ကိုယ်စီစလုပ်ရပါတော့တယ်။ဒါပေမယ့် ဒီလိုလွယ်လွယ်ကူကူအလုပ်လုပ်ပြီး ပိုက်ဆံအများကြီးရမယ်ဆိုတာက ကလေးကိုသကြားလုံးပေးပြီးမျှားခေါ်သလိုသဘောတရားနဲ့အတူတူပဲဆိုတာကို မသိရှာတဲ့ အမ်မာနဲ့အလုပ်လာလုပ်တဲ့ကောင်မလေးတစ်သိုက် ဘယ်လိုထိတ်လန့်စရာတွေကြုံတွေ့ရမယ်ဆိုတာကိုကြည့်ရှုရမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.92GB / 876MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Trim Season (2023)
6.3
Sick (2022)
Sick (2022)IMDb 6.3/10 ရထားတဲ့ Horror/Thriller ဇာတ်ကားလေးတစ်ကားပါ။ဇာတ်လမ်းအကျဉ်း ...ပါကာနဲ့ မီရီဆိုတဲ့ မိန်းကလေးသူငယ်ချင်းနှစ်ယောက် ကိုဗစ်ဖြစ်နေတဲ့ကာလအတွင်း ကွာရန်တင်းဝင်ဖို့အတွက် လူသူကင်းမဲ့တဲ့ ပါကာ့မိသားစုပိုင် ရေကန်နားကအိမ်ကြီးဆီ သွားနေလိုက်ကြပါတယ်။ဒါပေမဲ့ မမျှော်လင့်ထားတဲ့ၔည့်သည်တွေရောက်လာကြပြီး ပါကာတို့ကိုသတ်ဖို့ကြိုးစားတဲ့အခါ ...ဘေးပတ်ဝန်းကျင်မှာလည်း ဘယ်သူ့မှ မနေတာကြောင့် မိန်းကလေးနှစ်ယောက် လူသတ်သမားတွေနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲ? သူတို့ကိုရော ဘာကြောင့်လိုက်သတ်နေကြတာဖြစ်မလဲ?Teenwolf ထဲက Liam အဖြစ်ပါခဲ့တဲ့ Dylan Sprayberry ပါဝင်သရုပ်ဆောင်ထားပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Shin Rina ပါ။)File Size : 1GB, 404MBB, 212MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format ...
movie
Sick (2022)
2022