Channel Myanmar

Bert Geurkink

Het Geheugenspel (2023) 6.2
Het Geheugenspel (2023)  IMDb 6.2 ရရှိထားတဲ့ ဒတ်ခ်ျစကားပြောဇာတ်ကားဖြစ်ပြီး plot twist တွေအပြည့်နဲ့ Thriller ကားတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း..... ဒါရီဒါမိသားစုဟာ ဂုဏ်သရေရှိမိသားစုတစ်စုဖြစ်ပြီး အခုချိန်ထိအေးအေးချမ်းချမ်းပဲနေထိုင်လာခဲ့ကြပေမဲ့ တစ်နေ့မှာတော့ သူတို့မိသားစုပိုင်ခြံဝင်းထဲမှာ မြေတူးရင်း အလောင်းတစ်လောင်းကိုတွေ့လိုက်ရပါတော့တယ် အဲဒီအလောင်းကလွန်ခဲ့တဲ့ 25 နှစ်ကထဲကပျောက်သွားတဲ့ သမီးဖြစ်သူ နာတာလီဖြစ်နေပြီး တရားခံကဘယ်သူလဲဆိုတာ မေးစရာတွေဖြစ်လာပါတော့တယ် အီဗာကတော့ နာတာလီနဲ့အရမ်းရင်းနှီးတဲ့သူငယ်ချင်းဖြစ်ပြီး အမြဲတမ်းတတွဲတွဲရှိနေခဲ့တဲ့သူဆိုလည်းမမှားပါဘူး ဒါပေမဲ့အီဗာက နာတာလီပျောက်သွားတဲ့နေ့ကအကြောင်းအရာတွေကို မှတ်မိသလို မမှတ်မိသလိုလိုနဲ့ ဝေဝါးဝါးဖြစ်နေခဲ့တာပါ အီဗာတစ်ယောက် အိပ်မွေ့ချကုထုံးကို ခံယူဖို့ဆုံးဖြတ်လိုက်ပြီးတဲ့နောက် သူ့ရဲ့မှတ်ဉာဏ်တွေတစ်စတစ်စပြန်ပေါ်လာပြီး အံ့ဩစရာတွေပါသိလိုက်ရပါတော့တယ် အိပ်မွေ့ချကုထုံးခံရင်း မေ့ဖျောက်ထားခဲ့တဲ့မှတ်ဉာဏ်တွေနဲ့ လူသတ်တရားခံအစစ်ကို ဘယ်လိုရှာဖွေဖော်ထုတ်သွားမလဲဆိုတာ ကြည့်ရှုရမှာပါFile size…(1.6 GB)/(902 MB)Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Het Geheugenspel (2023)

Nr. 10 (2021) 6.8
Nr. 10 (2021) Nr. 10 (2021)========== IMDb Rating - 6.8/10အခုကမ္ဘာကြီးမှာ ပူနွေးနေတဲ့ ပြဿနာနဲ့ သက်ဆိုင်တဲ့ကားလေးတစ်ကား ကြည့်ရမယ်ဆိုရင်တော့ ဒက်ခ်ျဘာသာ စကားနဲ့ထွက်ထားတဲ့ Captain Nova ဆိုတဲ့ကား‌လေးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုကားလေးတွေရဲ့အစဟာ ဒီ ၂၀၂၁ က ကားလေးကနေ အစပြုတဲ့ပုံပါပဲ။ဒီကားလေးဟာ ၂၀၂၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ကားလေးဖြစ်ပြီး IMDb အနေနဲ့ 6.8 ရရှိထားသလို Drama/Thriller အမျိုးအစား ရုပ်ရှင်ကားလေးဖြစ်ပါတယ်။ ဒက်ခ်ျဘာသာစကားပြောတဲ့ နယ်သာလန်ရုပ်ရှင်လေးဖြစ်ပြီး နောက်ပိုင်း နယ်သာ လန်ရုပ်ရှင်တွေရဲ့ CGI အထူးကောင်းမွန်လာမှုကတော့ တော်တော့်ကို ပြောစရာ မရှိလောက်တဲ့အထိကို ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားလေးဟာ ငြိမ့်ငြိမ့်ညောင်းညောင်း လေးနဲ့ ဇာတ်လမ်းအစကနေ အဆုံးထိခံစားကြည့်ရှုရမယ့်ကားကောင်းလေးပါ။ ဇာတ်ကားလေးရဲ့ ဇာတ်အိမ်ဟာ ကျစ်လျစ်သိပ်သည်းမှုရှိပြီး ရှေ့ဆက်ဘာဖြစ်မလဲကို မျှော်တလင့်လင့်ကြည့်ရမယ့်ကားကောင်းလေးမို့ တင်ဆက်ပေးလိုက်ရတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်လေးကိုပြောရမယ်ဆိုရင် အဆုတ်နှစ်ခြမ်းအနက် တစ်ခြမ်းဟာ ပုံမှန် အဆုတ်တွေထက် တော်တော်ကြီးကိုကြီးနေတဲ့ သားအဖနှစ်‌‌ယောက်၊ အလွန်ထူးဆန်းတဲ့ ထိုဖြစ်ရပ်ကြောင့် ဆရာဝန်တွေက စစ်ဆေးချင်လှသော်လည်း နာမကျန်းဖြစ်၊ ချောင်းဆိုးတာ မရှိဖူးတဲ့သားအဖ နှစ်ယောက်ကတော့ ဆေးရုံဆေးခန်းဆို ဝေါင်ဝေါင်ရှေးနေခဲ့တဲ့အခါ၊ ဘာကြောင့် သူတို့အဆုတ်တွေ တစ်ခြမ်းသာပါပြီး ထိုတစ်ခြမ်းက အလွန်ကြီးနေတာလဲ၊ ဘယ်လိုရောဂါဘယမျိုးများ ...
movie

Nr. 10 (2021)

2021