Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bernd Hölscher
Blame the Game (2024)
Netflix ကနေ အသစ်ထွက်ထားတဲ့ ဟာသကားလေးပါ။ ဇာတ်လမ်းအကြောင်းနည်းနည်းပြောပြရမယ်ဆိုရင်တော့ ယန် နဲ့ ပီယာတို့က ပန်းခြံထဲမှာခွေးကျောင်းရင်း ဆုံမိကြပြီး ချစ်ကြိုက်သွားကြတဲ့စုံတွဲတစ်တွဲပေါ့။ ယန်က စက်ဘီးအရောင်းဆိုင်ဖွင့်ထားပြီး ပီယာကတော့ ဓာတ်ပုံစတူဒီယိုတစ်ခုဖွင့်ထားတဲ့ ဓာတ်ပုံဆရာမတစ်ယောက်ပါ။ ဒီလိုနဲ့ တစ်ရက်မှာ ပီယာက ယန်ကို သူမရဲ့သူငယ်ချင်းတွေနဲ့အတူ နှစ်တိုင်းလုပ်လေ့ရှိတဲ့အစီအစဉ်တစ်ခုဆီကို ခေါ်လာခဲ့ပါတယ်။ဒီအစီအစဉ်ကတော့ မိုနိုပိုလီတို့ ဘလက်ဂျက်တို့လို ကဒ်တွေနဲ့ကစားရတဲ့ကစားနည်းတွေကို သူငယ်ချင်းတစ်စု အတူကစားကြတာပါ။ ထူးခြားတာက ပီယာရဲ့သူငယ်ချင်းတွေက ဆွေကြီးမျိုးကြီး ပိုက်ဆံရှိအသိုင်းအဝိုင်းထဲကလူတွေပါ။ သာမန်အလယ်အလတ်တန်းစားထဲကဖြစ်တဲ့ ယန်တစ်ယောက် ပါတီလုပ်မယ့်နေရာကိုရောက်သွားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့အရာကြီးတစ်ခုထပ်ဖြစ်လာပါတယ်။ ဒါကတော့ ပီယာရဲ့ရည်းစားဟောင်းဖြစ်သူပါ ရောက်ချလာတာပါ။ဒီလိုနဲ့ ယန်တစ်ယောက် ပီယာရဲ့သူငယ်ချင်းတွေအကြားမှာရော ရည်းစားဟောင်းအရှေ့မှာပါ နေရထိုင်ရခက်ပေမဲ့ ဟန်မပျက်ဘဲ ဂိမ်းကစားပွဲညကို ပြီးဆုံးအောင်ကျော်ဖြတ်နိုင်ဖို့ကြိုးစားရင်းကနေပဲ တလွဲတချော်တွေစဖြစ်လာတော့ပါတယ်။ ဇာတ်အိမ်ပိုင်း ၊ သရုပ်ဆောင်ပိုင်းတွေက အဆိုးကြီးမဟုတ်ဘဲ လက်ခံလို့ရပြီး ဟာသလေးနှောပြီးရိုက်ကူးထားတာကြောင့် ပေါ့ပေါ့ပါးပါးအပန်းဖြေကြည့်ရှုမယ်ဆိုရင်တော့ သင့်တော်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(1.49 GB)/(788 MB) Quality….Webrip 1080p / ...
movie
Blame the Game (2024)
In a Land That No Longer Exists (2022)
ဘာလင်တံတိုင်းကြီး ဖြိုမချခင် အရှေ့ဘာလင်က ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းပါ။ ဆူဇီက အဖေနဲ့ညီမလေးနဲ့အတူ နေထိုင်ပါတယ်။ အထက်တန်းကျောင်းအောင်ပြီး မကြာခင်မှာ တက္ကသိုလ် တက်ရတော့မဲ့ ဆူဇီရဲ့ အိပ်မက်ကတော့ စာရေးဆရာမဖြစ်ဖို့ပါ။ မကြာခင်မှာပဲ သူ့အိတ်ထဲက စာအုပ်တစ်အုပ်ကြောင့် ဘဝကြီး ဇောက်ထိုးမိုးမျှော်ဖြစ်သွားပါတော့တယ်။ ဆိုရှယ်လစ်အရာရှိတွေက စစ်မေးတဲ့အချိန်မှာ သူ့အိတ်ထဲက George Orwell ရဲ့ 1984 ဆိုတဲ့ စာအုပ်ကြောင့် ရုတ်တရက်ကြီး ကျောင်းထုတ်ခံလိုက်ရတာပါ။ ဆိုရှယ်လစ်အလုပ်ရုံမှာ သတ္တုဖြတ်အလုပ်သမားအဖြစ် လုပ်အားပေးဖို့ ဖိအားပေးခံရပါတယ်။တစ်နေ့မှာတော့ အလုပ်ရုံကို အစောကြီး ရထားစီးလာတဲ့ ဆူဇီကို ဓာတ်ပုံဆရာတစ်ယောက်က ရိုက်မိသွားပြီး အရှေ့ဂျာမနီရဲ့ Vogue လို့တောင် တင်စားလို့ရတဲ့ Sibylle ဆိုတဲ့ ဖက်ရှင်မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင်အဖြစ် ပါလာပါတော့တယ်။ “ပျော်ရွှင်မှုကို ရှာဖွေဖို့ လမ်းလွှဲက သွားသင့်လည်း သွားရမယ်”ဆိုတဲ့ ဆူဇီတစ်ယောက် သူ့အိပ်မက်တွေဖြစ်လာဖို့၊ စက်မှာ အလုပ်လုပ်ရတဲ့ဘဝက လွတ်ဖို့ ...
movie
In a Land That No Longer Exists (2022)
6.4
Confessions of Felix Krull (2021)
Confessions of Felix Krull (2021) ======================== IMDb Rating - 6.4/10ဂျာမန်စာရေးဆရာကြီး Thomas Mann ရဲ့ ရောင်းအားအကောင်းဆုံး၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတာပါ။ IMDb rating အနေနဲ့လည်း 6.4/10 ရရှိထားပါတယ်။ ၁၉ ရာစုနှောင်းပိုင်းကာလမှာ ဖီးလစ်ခရူလ်ရဲ့ဖခင်ဖြစ်သူဟာ စီးပွားကျသွားခဲ့ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါတယ်။ လောကဓံရိုက်ချက်ကို ခပ်ပြင်းပြင်းခံလိုက် ရတဲ့ ဖီးလစ်ဟာ ခေတ်စနစ်ရဲ့အလိုအတိုင်း အဆင့်အတန်းခွဲခြားဆက်ဆံခံရတာ၊ အလုပ်ခွင်မှာ အနိုင်ကျင့်ခံရတာတို့ ကြုံတွေ့ရပါတယ်။ ကံကောင်းတာက ရုပ်ရည် ချောမော အပြောကောင်းတဲ့ ဖီးလစ်ဟာ သူအလုပ်လုပ်တဲ့ဟိုတယ်မှာ အမျိုးသမီး ဧည့်သည်တွေရဲ့ပစားပေးခြင်းကိုခံရပါတယ်။ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်နေပေမဲ့ ဖီးလစ်ချစ်တဲ့သူကတော့ သူနဲ့ဘ၀တူ ဇာဇာ ဆိုတဲ့ကောင်မလေးတစ်ယောက်တည်းပါ။ ဇာဇာဟာ ဆင်းရဲတဲ့ဘ၀က ရုန်းထွက်ချင်သူမို့ ဖီးလစ်ကိုချစ်ပေမဲ့ နှုတ်ခမ်းပဲ့ချင်းမီးမမှုတ်ချင်သူပါ။ သူလက်ထပ်ရမယ့် ချမ်းသာတဲ့ ယောက်ျားကိုရှာနေသူပေါ့။ အဲဒီအချိန်မှာ မျိုးရိုးမြင့်တဲ့အိမ်က သခင်လေး လူး၀စ်ဗန်နို စတာနဲ့ ဆုံဆည်းမိပါတယ်။ဒီလိုနဲ့ ၃ ပွင့်ဆိုင်ဖြစ်လာတဲ့ သူတို့အချစ်ရေးက ဘယ်လိုဆက်ဖြစ်မလဲ၊ ဖီးလစ်ကရော သူ့ဘ၀ကို ဘယ်လိုရှေ့ဆက်မလဲဆိုတာ အချစ်၊ အလွမ်း၊ ဟာသ၊ ဘ၀ရသစုံစုံလင်လင် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ ...
movie
Confessions of Felix Krull (2021)
2021
7.4
The Captain (2017)
The Captain (2017) ဒီဂျာမန်ကားလေးကတော့ 2017 ကထွက်ရှိလာတဲ့ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။Rating တွေအနေနဲ့လဲ Imdb Rating 7.4/10 Rotten Tomatoes 86 တောင်ရရှိထားတာပါ။ဂျာမနီရုပ်ရှင်လောကမှာBest Feature Film, Best Supporting Actor, Best Score, Best Editingစတဲ့ဆုလေးဆုလောက် ဆန်ကာတင်ဝင်ထားတဲ့ကားလေးပါ။အဖြူအမည်းနဲ့ရိုက်ထားတဲ့ ဒီကားလေးဟာ ဒုတိယကမ္ဘာစစ်ကပုံရိပ်တစ်ခုကိုပီပီပြင်ပြင်သရုပ်ဖော်ထားသလိုပါပဲ။စစ်ကားကြိုက်တဲ့ ပရိသတ်ကြီးအဖို့တော့ တော်တော်လေးအကြိုက်တွေ့မှာပါလို့ပြောချင်ပါတယ်။ဇာတ်လမ်းလေးရဲ့ အကျဉ်းကိုလဲ တင်ပြပါဦးမယ်။စစ်ပွဲကြီးပြီးကာနီး နှစ်ပတ်အလိုမှာစစ်ပွဲကနေစစ်သားတွေအများအပြားထွက်ပြေးကြပါတယ်။နောက်ကလိုက်ဖမ်းသူတွေ ထွက်ပြေးသူတွေ သုတ်သင်ပစ်သူတွေနဲ့ငရဲပွက်နေချိန်မှာ တပ်သားလေးတစ်ဦးဟာဗိုလ်ကြီး ယူနီဖောင်းတစ်စုံကိုရှာဖွေတွေ့ရှိသွားပါတော့တယ်။အဲဒီမှာ ဇာတ်လမ်းကစပါတော့တယ်။ဗိုလ်ကြီး ဟာရိုးဆိုတဲ့နာမည်နဲ့ဗိုလ်ကြီးအယောင်ဆောင်ထားတဲ့ တပ်သားလေးဟာဘယ်လိုဆက်ရှင်သန်မလဲ?တပ်ပြေးမှန်းသိရင် ခြွင်းချက်မရှိ သတ်ပစ်မယ့်အခြေအနေတစ်ခုမှာသူဘာဆက်လုပ်မလဲ?စတဲ့မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်စားစွာကြည့်ရှူရမယ့်ကားကောင်းလေးပါ။စိတ်လှုပ်ရှားစရာ ဖြစ်ရပ်မှန်ကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်ကြီး အတွက်The Captain (2017)ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ File ...
movie
The Captain (2017)
2017