Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bernard Bullen
5.7
End of the World ( 2018 )
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကစပြီးတော့ Auroras ဥတ္တရအလင်းတန်းတွေကို ဝင်ရိုးစွန်းဒေသတွေတင်မှာမကဘူး ဥရောပအလယ်ပိုင်း အမေရိကန်နိုင်ငံအလယ်ပိုင်းဒေသနဲ့ ဩစတေးလျတိုက်နဲ့ နယူးဇီလန်တို့မှာပါမြင်ရလာတဲ့ Trendလေးအမီ (၂၀၁၈)ကထွက်ထားတဲ့ဒီကားလေးကိုတင်ပေးလိုက်ပါတယ်။ဒီ Auroras တွေဟာ နေပေါ်မှာဖြစ်ပေါ်တဲ့ အလွန်ပြင်းထန်တဲ့မုန်တိုင်းကြောင့်ဖြစ်လာတာဖြစ်တယ်။ ယခု (၂၀၂၄)ခုနှစ်ဟာ နှစ်(၂၀)အတွင်း အပြင်းထန်ဆုံး နေမုန်တိုင်း ကမ္ဘာကိုရိုက်ခတ်တာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နေမုန်တိုင်းပေါက်ကွဲမှုကြောင့် ဖြစ်လာတဲ့ Corona Mass Ejection (CME)ရဲ့အားဟာအရမ်းပြင်းတဲ့အခါ ကမ္ဘာလေထုကိုပါသက်ရောက်သွားပြီး ရာသီဥတုတွေဖောက်ပြန်ကာ သဘာဝကပ်ဘေးတွေကျရောက်လာတဲ့အကြောင်းကိုရိုက်ထားတာပဲဖြစ်ပါတယ်။သိပ္ပံပညာရှင်အမေနဲ့ စစ်တပ်ထွက်အဖေတို့ဟာ သားနဲ့သမီးကို သဘာဝကပ်ဘေးကနေအစွမ်းကုန်ကြိုးစားပြီး သူရဲကောင်းဆန်ဆန်ကာကွယ်သွားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ Low Budget ကားဖြစ်လို့Effectတွေသိပ်မကောင်းလှပေမယ့် solar flares တွေ solar storms တွေအကြောင်း ဗဟုသုတတွေရပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Adventure , Science Fiction Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by ...
movie
End of the World ( 2018 )
5.8
See You On Venus (2023)
See You on Venus (2023)ဗီးနပ်စ်ကို သိပ်သဘောကျတဲ့ မီရာဆိုတဲ့ကောင်မလေးရှိတယ်။ မီရာ့အတွက်တော့ ဗီးနပ်စ်ကဂြိုလ်တစ်ခုဆိုတာထက် သူ့စိတ်ကူးယဥ်ကမ္ဘာပဲဆိုပါတော့။"မီရာ နင်ဘာလို့ ဗီးနပ်စ်မှ ဗီးနပ်စ်ဖြစ်နေတာလဲ ဘာတွေများထူးခြားလို့လဲ ဗီးနပ်စ်က" "ငါ့ဗီးနပ်စ်ပေါ်မှာတော့ စစ်ပွဲတွေမရှိဘူး နာကျင်မှုတွေ ဆာလောင်မှုတွေမရှိဘူး ကလေးတွေကို မချစ်တတ်တဲ့မိဘတွေမရှိဘူး"မီရာကတော့ မိဘမဲ့ဂေဟာကကောင်မလေးပါ။ မီရာက ဗီးနပ်စ်ကိုတော့မသွားနိုင်ပေမယ့် သူ့အမေရှိနိုင်တဲ့စပိန်ကိုသွားပြီး အမေရှာပုံတော်ထွက်ဖို့ပြင်ဆင်နေသူလေးပါ။ စပိန်သွားဖို့ကို သူကနှစ်နှစ်တာငွေကို ခြစ်ခြစ်ကုပ်ကုပ်စုပြီး အသက်သာဆုံးဖြစ်အောင်စီစဥ်ထားတာပါ။ မီရာ့သူငယ်ချင်းတစ်ယောက်ကပြောဖူးတယ်။ "နင်မွေးဖွားလာတဲ့အတွက် ဝမ်းသာနေတဲ့လူတစ်ယောက်ယောက် တစ်နေရာရာမှာတော့ အမြဲရှိနေတယ်တဲ့"ဒါပေမဲ့မီရာခရီးမထွက်ခင်ပဲ ကောင်လေးတစ်ယောက်နဲ့ဆုံတယ်။ ဒီကောင်လေးက သူ့ကိုယ်သူ မွေးလာမသင့်တဲ့လူတစ်ယောက်လို့ထင်နေပြီး သတ်သေဖို့ကြိုးစားနေတာပါ။ သွက်လက်လွန်းတဲ့ဆယ်ကျော်သက်လေးမီရာက ဒီကောင်လေးကိုကူညီဖို့ကြိုးစားကြည့်ချင်စိတ်နဲ့ သူ့ခရီးစဥ်မှာအတင်းဆွဲခေါ်သွားတော့တာပါပဲ။ စပိန်တစ်ခွင်ကို ဗန်ကားလေးနဲ့ပတ်ပြီး မီရာ့အမေကိုရှာပုံတော်ဖွင့်တာက တစ်ချိန်ကထွက်ခဲ့တဲ့ Letters to Juliet ကိုသတိရစေတယ်။ စပိန်ရဲ့ အလှတရားတွေကိုလဲ ခံစားရဦးမယ်။ ဇာတ်လမ်းဇာတ်အိမ်လဲခိုင်မာပြီး ရထားတဲ့ IMDb rating 7 နဲ့လဲထိုက်တန်တယ်လို့ပြောပါရစေ။ ဒီကားကြည့်ပြီးရင် မီရာ့ရဲ့ဗီးနပ်စ်ပေါ်မှာ ပြန်ဆုံချင်ပါသေးတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p File size… ...
movie
See You On Venus (2023)
2023
5
They Live in The Grey (2022)
They Live in The Grey (2022) ပရလောကဘက်ကို မြင်နေရတဲ့ ကလယ်ရီဆိုတဲ့ အမျိုးသမီးဟာ လူတွေမယုံကြမှာစိုးလို့ သူ့အစွမ်းကို ဘယ်သူ့ကိုမှ အသိမခံဘဲ မျိုသိပ်နေရတဲ့သူပေါ့။ သူ့အလုပ်က အိမ်တွင်းအကြမ်းဖက်မှုခံနေရတဲ့ ကလေးတွေရှိရင် အဲဒီကလေးတွေဘက်ကနေပြီး မိဘတွေကို ပြန်တရားစွဲတဲ့အလုပ်မျိုးပေါ့။ ကလေးသူငယ်ကာကွယ်ရေးလို့ဆိုရမယ်။ တစ်နေ့ကျ သူကလေးတစ်ယောက်ကိုစစ်တော့ ကလေးက သူ့မိဘတွေ အနိုင်ကျင့်တာခံနေရတာမဟုတ်ဘဲ သဘာဝလွန်ဖြစ်ရပ်တစ်ခုဖြစ်နေမှန်း သိလိုက်ရတယ်။ သရဲတစ်ကောင်က ကလေးကို အန္တရာယ်ပေးနေတာပေါ့။ ဒီတော့ သူက ကလေးမိဘဘက်ကနေပြီး အမှုကို ဆိုင်းငံ့ထားသလို သရဲကို ရှင်းဖို့လည်း အကြောင်းဖန်လာတယ်။ဒီလိုမျိုးကူညီချင်တဲ့သူပေမဲ့လည်း သူကိုယ်တိုင်လည်း သူ့ကလေးကို သူ့အမှားကြောင့်နဲ့ ဆုံးရှုံးထားတာမကြာသေးသလို၊ သူ့ကလေးကိုလည်း သူမြင်နေရသလို ဝမ်းနည်းစိတ်နဲ့ စိတ်ကျရောဂါခံစားနေရတဲ့သူပါ။ သူကိုယ်တိုင်ရဲ့ အခက်အခဲတွေကြားက ဒီသရဲတွေ အနိုင်ကျင့်ခံနေရတဲ့ကလေးကို ကူညီပေးနိုင်မလား...သရဲကားပေမဲ့ IMDb 5/10 အထိရထားတဲ့ ကားကောင်းတစ်ကားဖြစ်ပြီး ဇာတ်လမ်းအချိုးအကွေ့တွေမှာ ပရိသတ်ကို စိတ်ဝင်စားစေမိမယ့် ရုပ်ရှင်ပါပဲ။ ...
movie
They Live in The Grey (2022)
2022