Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Benoit Priest
6.2
Deadfall (2012)
(function(f,b,n,j,x,e){})(); 2012 ခုနှစ်ထွက် crime/thriller ရုပ်ရှင်ဖြစ်တဲ့ Deadfall ရုပ်ရှင်ကို Eric Bana, Olivia Wilde, Kate Mara တို့ ဦးဆောင်ပါဝင်ထားပါတယ်။ Don't Worry Darling တို့ Booksmart တို့လို နာမည်ကြီးကားတွေရဲ့ ဒါရိုက်တာ Olivia Wilde မင်းသမီးလုပ်ထားတဲ့ကားတွေထဲက တစ်ကားပါ။မိဘတွေ သေဆုံးသွားကြပြီဖြစ်တဲ့ Addison နဲ့ Lizaတို့ မောင်နှမ နှစ်ယောက်က ကာစီနို တစ်ခုကို ဝင်လုပြီး နယ်စပ်ကိုကျော်ကာ ကနေဒါထိ ပြေးဖို့ စီစဥ်ထားကြပါတယ်။ ကံဆိုးချင်တော့ နှင်းတောထဲမှာ ကားအက်စီးဒင့်ဖြစ်ပြီး ရဲတစ်ယောက်နဲ့ တိုးပါတယ်။ အဲ့ဒီ ရဲကို Addisonက သတ်လိုက်ပြီး နောက်မှာ ပြည်နယ်ရဲတွေက သူ့ကို ပိုက်စိပ်တိုက်ရှာကြပါတော့တယ်။တစ်ဖက်မှာလည်း Jayက ထောင်ထဲက ပူပူနွေးနွေးလွတ်လာခါစ ကျေးဇူးတော်နေ့အတွက် အိမ်ပြန်လာနေတဲ့ လက်ဝှေ့သမားတစ်ယောက်ပါ။ Hanna Beckerကတော့ ...
movie
Deadfall (2012)
7.0
Pawn Sacrifice (2014)
[Unicode]ကမ္ဘာအကောင်းဆုံး စစ်တုရင်ဆရာကြီး ဆယ်ဦးထဲက တစ်ဦးဖြစ်တဲ့ ဘော်ဘီဖစ်ရှာရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ပါ။အခြားအကောင်းဆုံးစာရင်းဝင်တွေကတော့ မက်ဂ်နက် ကာဆန် တို့ ဂယ်ရီ ကတ်စပါးရော့တို့လိုလူတွေပါပဲ။ဘော်ဘီကတော့ အမေရိကန်ရဲ့ အတော်ဆုံး စစ်တုရင်သမားအဖြစ် အများက သတ်မှတ်ခံရတဲ့သူပါပဲ။ဒါ့အပြင် သူ ကမ္ဘာ့ချန်ပီယံအဖြစ် ပြိုင်ဆိုင်ခဲ့တဲ့ ကာလက စစ်အေးတိုက်ပွဲကာလဖြစ်နေတဲ့အတွက် သူ့ရဲ့ပြိုင်ပွဲဟာ နိုင်ငံနဲ့ချီတဲ့ စစ်ပွဲလို ဖြစ်နေခဲ့တာပါပဲ။စစ်အေးတိုက်ပွဲကာလအတွင်းမှာ အမေရိကန်နဲ့ ဆိုဗီယက်တို့ဟာ ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံမှာ ယှဉ်ပြိုင်နေကြတာပါ။ အပြိုင်အဆိုင်လည်း ဝါဒဖြန့်နေကြတာပါ။ဒီတော့ အဲဒီကာလမှာ ရုရှားတွေဟာ စစ်တုရင်လောကကို စိုးမိုးထားပြီး ကမ္ဘာ့ချန်ပီယံကလည်း ရုရှားလူမျိုးပဲ ဖြစ်နေတာကြောင့် ဆိုဗီယက်ဟာ အမေရိကန်ထက် ဉာဏ်ရည်သာတယ်ဆိုတဲ့ ဝါဒမျိုး ဖြန့်လို့အကောင်းဆုံး အချိန်ပါပဲ။ ဘော်ဘီဖစ်ရှာဟာ စစ်အေးတိုက်ပွဲကာလာမှာ အသက် ၁၄ နှစ်နဲ့ အမေရိကန် စစ်တုရင်ချန်ပီယံဖြစ်လာခဲ့ပြီး ဂရန်းမာစတာဖြစ်လာခဲ့တာပါ။ကမ္ဘာ့ချန်ပီယံဘွဲ့အတွက် ဘိုးရစ်စပက်စကီးနဲ့ ၂၄ ပွဲ ဆက်တိုက် အမှတ်နဲ့ ကစားခဲ့ရတာဖြစ်ပြီး ...
movie
Pawn Sacrifice (2014)