Channel Myanmar

Benjamin Walker

In the Heart of the Sea (2015) 6.9
In the Heart of the Sea (2015) IMDb 6.9/10 Genre Action/Adventure/Biographyဒီဇာတ်လမ်းကတော့ Moby Dick ဝတ္ထုကိုအခြေခံပြီးတော့ ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ မင်းသား Chris Hemsworth, Tom Odell, Benjamin Walker နဲ့ Cillian Murphy တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းချုပ်အနေနဲ့ကတော့တွင်းထွက်လောင်စာဆီတွေ မပေါ်သေးတဲ့ ၁၉ ရာစုအစောပိုင်း နန်တူကတ်မြို့ကို အခြေခံထားပြီးတော့ ဒီကာလမှာ လောင်စာဆီအနေနဲ့ ဝေလငါးအဆီကို အသုံးပြုကြပါတယ်။ အဲဒီအချိန်မှာ အက်ဆက်ဝေလငါးဖမ်းသင်္ဘောကြီးနဲ့အတူ ဝေလငါးဖမ်းဖို့ သင်္ဘောသားတစ်စုထွက်လာကြပါတယ်။ဒီသင်္ဘောကြီးကို ကပ္ပတိန်‌ ဂျော့ ပေါလတ်နဲ့အတူ အိုဝင်ချေ့စ်ဆိုတဲ့ လက်ထောက်ကပ္ပတိန်တို့က ဦးစီးပြီးတော့ ရွက်လွှင့်လာခဲ့ကြပါတယ်။ ဂျော့ပေါလတ်ဆိုတာကတော့ ဝေလငါးလောင်စာဆီ ကုမ္ပဏီက သူဌေးသားဖြစ်ပြီးတော့ အိုဝင်ချေ့စ်ဆိုတာကတော့ နန်တူကတ်မြို့ရဲ့ ငယ်မွေးခြံပေါက် ဝေလငါးဖမ်းသမားပေါ့။အဲဒီလိုနဲ့ ပေါလတ်နဲ့ဂျော့တို့က မာနချင်းပြိုင်ပြီးတော့ ခရီးဆက်လာကြပါတယ်။ဒီလိုနဲ့ ပထမဆုံးသူတို့ရဲ့ ဝေလငါးတစ်ကောင်ကို အောင်အောင်အောင်မြင်မြင် ဖမ်းနိုင်ခဲ့ပြီးတဲ့နောက်မှာ နောက်ထပ်ဝေလငါးတွေ ထပ်မတွေ့တော့ဘဲ တော်တော်ကြာကြာရွက်လွှင့်ခဲ့ကြရပါတယ်။ကျွန်းတစ်ကျွန်းကိုရောက်တော့ ရိက္ခာထပ်ဖြည့်ရင်း သင်္ဘောသားတစ်ယောက်ဆီကနေပြီးတော့ ဝေလငါးကြီးတစ်ကောင်ရဲ့ သတင်းကို ကြားပြီးတော့ ဒီဝေလငါးကြီးနောက်ကို လိုက်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ရက်တော်တော်ကြာအောင် ရွက်လွှင့်လာပြီးတဲ့နောက်မှာ ဒီဝေလငါးကြီးနဲ့တွေ့ပါပြီ။ အိုဝင်ချေ့စ်တို့ သင်္ဘောသားအုပ်စုနဲ့ ဝေလငါးကြီးတို့ ...
movie

In the Heart of the Sea (2015)

2015
4K HEVC
Kinsey (2004)
Kinsey (2004) Kinsey ကတော့ ၂၀၀၄ ခုနှစ်မှာထွက်ရှိထားတဲ့ Alfred Charles Kinsey အကြောင်းရိုက်ထားတဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ပဲဖြစ်ပါတယ်။ အတ္ထုပ္ပတ္တိရုပ်ရှင် ဖြစ်တဲ့အတွက် ဒေါက်တာ kinsey ရဲ့အကြောင်းကိုပဲ သေချာ မီးမောင်းထိုးပြီး ရိုက်ပြထားတာမျိုးဖြစ်ပါတယ်။ အတ္ထုပ္ပတ္တိဆိုပေမဲ့ ပျင်းစရာကောင်းတဲ့ရုပ်ရှင်မျိုး မဟုတ်ပဲ စိတ်ဝင်စားစရာကောင်းကောင်းနဲ့ ကြည့်ရမှာပါKinsey ကတော့ ၂၀ ရာစုအလယ်ပိုင်းလောက်က အမေရိကန်လူမျိူးတွေရဲ့ လိင်မှုကိစ္စတွေနဲ့ လိင်ပိုင်းဆိုင်ရာ အချက်အလက်တွေကို စမ်းသပ်နေတဲ့ ဇီဝဗေဒသုတေသနပညာရှင်တစ်ယောက်ပါ။ ဒီဇာတ်ကားမှာဆိုရင် kinsey ရဲ့အံ့ဩလောက်စရာ သုတေသနစာတမ်းတွေ စစ်တမ်းကောက်ယူချက်တွေ သူရုန်းကန်ခဲ့တာတွေ လူထုရဲ့အမြင်တွေနဲ့ အခက်အခဲတွေ နဲ့ကြုံလာရချိန်မှာ kinsey တစ်ယောက်ဘာတွေဆက်လုပ်မလဲ ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကို ကြည့်ရမှာပါလိင်ကိစ္စတွေမှာ သိပ်ပြီးပွင့်လင်းမြင်သာမှု မရှိသေးတဲ့ရာစုနှစ်တွေမှာ လူတွေရဲ့ လိင်ပိုင်းဆိုင်ရာအသိဉာဏ် နည်းပါးတဲ့အတွက်ကြောင့် ဆက်ဆံပုံတွေမှာ ပုံသေတစ်ခုထဲသတ်မှတ်ထားတာမျိုးတွေက အဆင်မပြေနိုင်ပုံတွေ စိတ်ကျေနပ်မှုရအောင် ဘယ်လိုမျိုးတွေရှိသင့်တယ်ဆိုတောတွေကို ဒေါက်တာ kinsey ကစစ်တမ်းတွေ ကောက်ယူပြီး သူ့ရဲ့စာအုပ်တွေထုတ်နိုင်ဖို့အတွက် ကြိုးစားနေတာတွေကိုတွေ့ရမှာပါ။ ...
movie

Kinsey (2004)

Abraham Lincoln: Vampire Hunter(2012) 5.9
Abraham Lincoln: Vampire Hunter(2012) Abraham-Lincoln-Vampire-Hunter(2012)==================================အမေရိကကို ပြင်ပကနေ ဘယ်တော့မှ ဖျက်ဆီးနိုင်မှာမဟုတ်ဘူး။ကျုုုပ်တို့အင်အားချိနဲ့ပြီး လွတ်လပ်မှုတွေဆုံးရှူံးရပြီဆိုရင် ဒါဟာကျုပ်တို့ကိုယ်တိုင် ဖျက်ဆီးပစ်တာကြောင့်ပဲ ဖြစ်လိမ့်မယ်။(အေဘရာဟမ်လင်ကွန်း)သမ္မတလင်ကွန်း ဆိုခဲ့သလို စစ်ရေး၊ စီးပွားရေးမဟာအင်အားကြီးစူပါပါဝါအမေရိကကို ပြင်ပကမ္ဘာကဖျက်ဆီးနိုင်ဖို့၊ ရန်သတ္တရုပြုဖို့ဆိုတာ မလွယ်လှသလို၊ဆိုးရွားပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ကြုံတွေ့ရမှာမြေကြီးလက်ခတ်မလွဲပါပဲ။ 'သွေးထွက်သံယိုမှုမရှိဘဲနိုင်ငံတစ်ခုကို မတည်ဆောက်နိုင်' ဆိုတဲ့အတိုင်းလင်ကွန်းကိုယ်တိုင်ထိတ်လန့်ခြောက်ခြားဖွယ်ရာသွေးသံရဲရဲ အနိဌာရုံတွေ၊ တိုက်ခိုက်သတ်ဖြတ်မှုတွေကိုရှောင်လွှဲမရစွာ လုပ်ဆောင်ခဲ့ရတာလည်း ရှိလေရဲ့။လင်ကွန်းရဲ့ ကျော်ကြားလှတဲ့ အထက်ပါစကားရပ်လိုအမေရိကကိုအပြီးတိုင် ဖျက်ဆီးပစ်မယ့် ရန်သူဟာနိုင်ငံအတွင်းမှာ တကယ်ကိုရှိနေခဲ့ပါပြီ။အေဘရာဟမ်လင်ကွန်း လို့ဆိုလိုက်တာနဲ့အမေရိကရဲ့၁၆ ယောက်မြောက်သမ္မတ၊ ငွေဝယ်ကျွန်စနစ်ပပျောက်ရေး ကြိုးပမ်းသူစတဲ့ သမိုင်းအချက်အလက်တွေကိုသာ သတိရကြစမြဲပါ။ လင်ကွန်းနဲ့ပတ်သက်ပြီးအလွန်အရေးကြီးလှသည့်တိုင် သမိုင်းမတွင်တဲ့အကြောင်းခြင်းရာတစ်ခုကတော့ အင်မတန် လူသိနည်းလှပါတယ်။ အဲဒါကတော့လင်ကွန်းဟာ နေ့ဘက်မှာတိုင်းပြည်ကို သမ္မတအဖြစ် စီမံအုပ်ချုပ်ပြီး၊အကာလညအခါမှာ သွေးစုပ်ဖုတ်ကောင်တွေကို လိုက်လံသုတ်သင်ချေမှုန်းသူတစ်ဦး ဆိုတာပါပဲ။ ဒီသမိုင်းဖြစ်ရပ်တွေကိုဆက်သ်ဂရေဟမ်စမစ်သ် က လေ့လာဖော်ထုတ်ဇာတ်ညွှန်းခွဲပြီး၊ ဒါရိုက်တာ ဘက်ခ်မမ်ဘီတော့ဗ် ကရိုက်ကူးတင်ပြလိုက်တဲ့အခါ-Abraham Lincoln: Vampire Hunter ဆိုပြီး ဖြစ်လာပါတယ်။ခေါင်းဆောင်မင်းသား ဘင်ဂျမင်ဝေါ်ကာရဲ့အထူးပီပြင်လှတဲ့ အင်ပြည့်အားပြည့် သရုပ်ဆောင်ချက်တွေ၊သွေးပျက်ခြောက်ခြားစရာ တိုက်ခိုက်ခန်းတွေ၊အန်ထော်နီမက်ကီ၊ ဒေါမနစ်ကူးပါး ...
movie

Abraham Lincoln: Vampire Hunter(2012)

The King’s Daughter(2022)
The King’s Daughter(2022) The King's Daughter(2022) အညွှန်း*******************************ဂျိန်းစဘွန်းမင်းသားကြီ: Pierce Brosnan နဲ့  အချောအလှလေး Bingbing FanKaya Scodelario တို့ပါဝင်ထားတာနဲ့ ဒီကားက ကြည့်ဖို့တန်နေပါပြီ...1997 ခုနှစ်က ထွက်ရှိခဲ့တဲ့ The Moon and The Sun ဝတ္ထုကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့ Adventure/Fantasy ဇာတ်ကားဖြစ်ပါတယ်Mermaid ခေါ် ရေသူမ ဆိုတဲ့ဒဏ္ဍာရီလာ ရေနေသတ္တဝါတွေအကြောင်းပုံပြင် ဇာတ်လမ်းတွေ အများကြီးကြည့်ရှူဖူးကြမယ်လို့ထင်ပါတယ်..ဒီကားလေးကလည်း အဲဒီလိုကားတွေထဲက တစ်ခုဖြစ်တာမို့ စိတ်ဝင်စားရင်တကယ် လက်မလွှတ်သင့်ပါဘူး ဝတ္တုကိုက ဆုရထားတာမို့လို့ပါ...အချိန်ကာလအားဖြင့် ၁၈ ရာစုဖြစ်ပြီး ပြင်သစ်နိုင်ငံမှာ လူးဝစ် ၁၄ ဆိုတဲ့ရှင်ဘုရင်တစ်ပါးစိုးစံလျက်ရှိပါတယ် ပြင်သစ်ဟာ မကြာသေးခင်ကမှ စစ်နိုင်ထားကာ ပြန်လည်ထူထောင်စ ဖရိုဖရဲ အခြေအနေပါ ရန်သူတွေကလည်း ပတ်လည်ဝိုင်းနေတာပေါ့...တစ်နေ့မှာတော့ တော်ဝင်သမားတော်က ထာဝရရှင်သန်နိုင်စေမယ့်နည်းလမ်းကိုရှာတွေ့ထားတယ်လို့ လျှောက်တင်လာပါတယ် အဲဒါကတော့ နေကြတ်ချိန်မှာ ဒဏ္ဍာရီလာ ရေသူမရဲ့ နှလုံးကို ရှင်ဘုရင်ထံ လွှဲပြောင်းဖို့ပါပဲ မသေချင်တဲ့ ရှင်ဘုရင်ဟာလည်း ...
movie

The King’s Daughter(2022)

Flags of Our Fathers(2006) 7.1
Flags of Our Fathers(2006) Flags of Our Fathers(2006) IMDb....7.1,,,Rotten...73% "သူတို့အားလုံးကို ကျွန်တော်အိမ်ပြန်ပို့နိုင်စေရမယ်လို့ ကတိပေးထားတယ်....ဆိုလိုတာက တစ်ဝက်လောက်ကိုလိမ်လိုက်ရတဲ့ဆိုတဲ့သဘောပေါ့" ဒီစကားကိုတော့ တပ်ကြပ်ကြီးတစ်ဦးက ဂျပန်ကျွန်းဆွယ်ဖြစ်တဲ့ အီဝိုးဂျီဝါးကျွန်းကိုမသိမ်းခင် တပ်ခွဲမှူးအရာရှိကို ပြောနေတဲ့စကားပဲဖြစ်ပါတယ်.။ပြောချင်တာက ဥပမာလူ(၃၀၀)တက်ရင်၁၅၀သေမယ် ၁၅၀အသက်ရှင်မယ်ပေါ့လေ။..ဒီဂျပန်ကျွန်းတက်သိမ်းမယ့် စစ်ဆင်ရေးမှာ သူကိုယ်တိုင်လည်းအသက်ဆုံးရှုံးနိုင်ဖို့ ၇၀ရာနှုန်းလောက်သေချာနေပေမယ့် သူ့ကိုယ်သူထက် လက်အောက်ငယ်သားတွေ အတွက်စိတ်မကောင်းဖြစ်နေပုံပါပဲ....Flags of Our Fathers ဆိုတာ ဒုတိယကမ္ဘာစစ်အတွင်း အီဝိုးဂျီဝါးကျွန်းကိုတက်သိမ်းစဉ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်မှီငြိမ်းဇာတ်ကားဖြစ်ပါတယ်.....ဒီကျွန်းကိုတက်မသိမ်းခင် ရေတပ်ကအမြှောက်ကြီးတွေက ဗုံးမိုး ရက်(၂၀)လောက်ရွာခဲ့လို့ မြက်ပင်တောင်မရှိတော့ဘူး....သို့ပေမယ့် ဂျပန်တို့ရဲ မြင့်မြတ်သောကျွန်းအဖြစ်ဦးထိပ်ထားတဲ့ ဒီကျွန်းကိုရဖို့ အမေရိကန်တို့ အရာအားလုံးနီးပါးစတေးခဲ့ရတယ်...ကျွန်တော်ဒါတွေပြောလို့ စပွိုင်လာဖြစ်သွားတယ်လို့မထင်လိုက်ပါနဲ့...တကယ့်ဒီဇာတ်ကားရဲ့ အဓိကအဖြစ်ဆုံးအကြောင်းအရာကအီဝိုးဂျီဝါးကျွန်းရဲ့တောင်ကုန်းပေါ်မှာ စိုက်ထူခဲ့တဲ့အလံဖြစ်ပါတယ်...ဒီအလံရဲ့နောက်ကွယ် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ အကောင်းဆုံးအပိုင်းဖြစ်လို့ ထိန်ချိန်ထားပါရစေ....ဒီကားက စစ်ကားထဲမှာဆို တကယ့် ဂန္တဝင်စားရင်းထဲကိုထည့်ရလိမ့်မယ်ထင်တယ်..ဒါရိုက်တာက  Clint Eastwood ကြောင့်လို့လည်းမထင်လိုက်ပါနဲ့...ကျွန်းသိမ်းစဉ်မှာ ကြည်း၊ရေ၊လေ (၃)ခုပေါင်းပြီး ထိုးစစ်ဆင်ခဲ့ပုံတွေကို တကယ့်ထိတ်လန့်စရာစစ်မြေပြင်အတိုင်းရိုက်ပြနိုင်သလို စစ်ရဲ့ဆိုးကျိုးတွေ တိုက်ပွဲဝင်စစ်သည်တွေရဲ့ ခံစားချက်အဖုံဖုံ ခံယူချက်အမျိုးမျိုးတွေကိုလည်းရိုက်ပြနိုင်ခဲ့တယ်...ဒါ့အပြင် အစိုးရပိုင်း ပြည်သူနဲ့ စစ်သည်တွေကြားရဲ့ ဆက်နွယ်မှုတွေကိုလည်း ခင်ဗျားတို့မြင်ရလိမ့်မယ်...ဒီကားက အော်စကာ ဆန်ကာတင်(၂)ဆုစာရင်းဝင်ခဲ့သလို အခြားဆု(၁၅)ဆုလည်းရရှိခဲ့တယ်...ကျွန်တော်တို့ရဲ့ ဒါရိုက်တာကြီး  Clint Eastwood ကတော့ ...
movie

Flags of Our Fathers(2006)

2006
The Choice (2016) 6.6
The Choice (2016) The Choice (2016)_______IMDb....6.6/10  တိကုဆရာဝန်ကောင်လေးတစ်ယောက် သူပိုင်ဆိုင်ထားတာ ပင်လယ်ကမ်းးနားဘေးက အိမ်လေးတစ်လုံးရယ် ခွေးလေးတစ်ကောင်ရယ်..... အလုပ်သွားတယ် ....သူငယ်ချင်းတွေနဲ့အတူနေတယ်... ညနေဘက်ဆိုလည်း ခြံဝန်းအစပ်ကသစ်ပင်အောက်မှာ ခွေးကလေးကလည်းနံဘေးမှာထားရင်း ထိုင်ခုံလေးတစ်လုံးပေါ်ထိုင်ပြီး လောကကြီးကို ဟိုဒီငေးပြီး ပင်လယ်ပြင်ကိုဖြတ်တိုက်လာတဲ့လေနွေးနွေးလေးတွေကိုရှုရှိက်ရင်းပေါ့..... မိန်းကလေးတွေဆိုတာလည်းသူ့အတွက် ခပ်ပါးပါးနမ်းရှိုက်စရာ ရာသီအလိုက်ပွင့်ဖူးတဲ့ပန်းလေးတွေလို့ သဘောထားတဲ့သူ ......သူ့ဘဝက ပြည့်စုံတယ် ငြိမ်းအေးတယ်လို့ယူဆထားတဲ့သူ .....သို့သော်လည်း ငြိမ်းအေးခြင်းရဲ့နောက်ကွယ်မှာ အချစ်မရှိတော့အထီးကျန်ခြင်းဆိုတဲ့ တိတ်ဆိတ်မှုကရှိနေပြန်တယ်...။ ဒီလိုနဲ့ သူ့အိမ်နံဘေးကို ကောင်မလေးတစ်ယောက်ပြောင်းလာတယ် ... အဲ့ဒီကောင်မလေးက ဆေးကျောင်းသူတစ်ယောက်ဖြစ်သလို လက်ထပ်ဖို့ရည်စူးထားတဲ့သူလည်းရှိနေတယ် .....အဲ့ဒီသူနဲ့လည်းဘဝကိုဖြတ်သန်းမယ်လို့ ယုံကြည်ထားတဲ့ဂျွတ်ဆတ်ဆတ်ကောင်မလေးပေါ့.... ဒီလိုနဲ့တိကုဆရာဝန်နဲ့ကောင်မလေးက အဆင်မပြေမှုတွေနဲ့ဆုံတွေ့ခဲ့ကြတယ်.... မြစ်တစ်စင်းရယ် လတစ်စင်းရယ်ရဲ့ဖြားယောင်းမှုအောက်မှာ သူတို့ဘာဆက်ဖြစ်ကြမလဲ ဆရာဝန်ကောင်လေးကရော အားလုံးကိုရင်ဆိုင် ဖို့ခွန်အားတွေဘာကြောင့်ရခဲ့လဲ??? NS ရဲ့အရောင်းရဆုံးဝတ္ထုတစ်ပုဒ်ကိုပုံဖော်ထားတဲ့အတွက်အချိုးအကွေ့အလှည့်အပြောင်းတွေနဲ့ အရမ်းကောင်းတဲ့ဇတ်ကားလေးတစ်ကားပါ.... ငြိမ့်ညောင်းတဲ့နောက်ခံသီချင်းလေးတွေရယ် သာယာတဲ့မြစ်ကမ်းနံဘေးရယ် ခွေးလေးတွေရယ် ကဲ နူးညံတဲ့နှလုံးသားပိုင်ရှင်ပရိတ်သတ်ကြီးရေ ..........ခံစားကြည့်ပါဦးလို့......။ (ဇာတ်ကားအညွှန်းနဲ့ဘာသာပြန်သူကတော့ Phyo Pyae ပဲဖြစ်ပါတယ်။)   File size...(796 MB) Quality...BR-Rip 720p Format...mp4 Duration....01:51:00 Subtitle....Myanmar Subtitle (Hardsub) Encoder....Aung Pyay
movie

The Choice (2016)

2016
Shimmer Lake (2017) 6.2
Shimmer Lake (2017)   ဒီကားလေးကတော့အမေရိကန်ကနယ်မြို့လေးတမြို့မှာဖြစ်ပွားခဲ့တဲ့ဘဏ်ဓားပြမှုလေးကိုရိုက်ပြထားတာပါ။ အက်ဒ်ကခရိုင်ရဲအရာရှိတယောက်ပါ။ သူ့ရဲ့မြို့လေးကဒေသခံဘဏ်လေးတခုမှာဖောက်ထွင်းမှုဖြစ်ပြီးတဲ့နောက်အဲဒီအမှုကိုလိုက်လံစုံစမ်းနေခဲ့တာပါ။ ပိုပြီးထူးဆန်းတာကအဲဒီအမှုမှာသူ့အစ်ကိုကိုယ်တိုင်ပါဝင်နေတာဖြစ်ပါတယ်။ ဇာတ်ကားတခုလုံးမှာအမှုဖြစ်စဉ်ကိုတပတ်အတွင်းတရက်ချင်းစီနောက်ကြောင်းပြန်ပြီးသေချာပြသွားတာပါ။ ကြည့်ရတာအမြင်တမျိုးဖြစ်စေမယ့်ကားလေးဖြစ်ပါတယ်။ Rating6.2ထိရထားတဲ့၂၀၁၇ထွက်ကားလေးလည်းဖြစ်ပါတယ်။ အစပိုင်းမှာနားမလည်သလိုရှိပေမယ့်အဲဒီအမှုလေးဟာဘယ်လောက်ထိနက်နဲသွားလဲ၊ဘယ်လိုကြံစည်ထားခဲ့တာလဲ၊ဘယ်လိုလုပ်သွားခဲ့တာလဲ၊တရားခံတွေကဘယ်သူလဲ၊ဘယ်လိုလဲဆိုတာကိုဇာတ်လမ်းအဆုံးပိုင်းမှာရုတ်တရတ်သိသွားရမယ့်ကားလေးပါ။ ဇာတ်အေးအေးလေးနဲ့စိတ်ဝင်စားအောင်ဆွဲခေါ်သွားတဲ့ကားလေးပါပဲ။ အဲတော့နောက်ဆုံးဘယ်လိုတွေရလဒ်ထွက်လာမလဲဆိုတာတော့ကြည့်လိုက်ရအောင်ဗျာ။ (ဇာတ်လမ်းအညွှန်း နဲ. ဘာသာပြန်သူကတော့ The Fridays ပဲဖြစ်ပါတယ်)  File Size : (600 MB) and (220 MB) Quality : Webrip 720p Running Time : 1hr 23minutes Format : Mp4 Genre : Crime, Drama, Mystery Translated By The Fridays Encode By Thanhtike Zaw
movie

Shimmer Lake (2017)

2017