Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Benj Manalo
5.5
Dearly Beloved (2024)
လူရယ်လို့ဖြစ်လာပြီးကတည်းက အသက်ရှင်နေထိုင်တဲ့ဘ၀တစ်လျှောက်မှာ လူသားတိုင်းကရှုပ်ထွေးမှုပေါင်းများစွာကို ကြုံတွေ့နေရတာပါပဲ။ကလေးဘ၀ကတည်းကအသက်ကြီးလာတဲ့ အချိန်အထိ ရှုပ်ထွေးမှုတစ်ခုမဟုတ်တစ်ခုတော့ရင်ဆိုင်ရမှာပါပဲ။ဒီလို ရှုပ်ထွေးမှုပေါင်းများစွာထဲကမှ ပျော်ရွှင်မှုကို ရှာဖွေရင်းနဲ့ ကိုယ်ရဲ့အသက်ရှင်သန်နေတဲ့ ဘ၀ကို အဓိပ္ပာယ်ရှိအောင် ကိုယ်တိုင်ကြိုးစားရမှာပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးမဲ့ ဖိလစ်ပိုင်ဇာတ်ကားလေးကလည်း ရှုပ်ထွေးမှုတွေကို ကျော်ဖြတ်ရင်း ဘ၀ရဲ့ပျော်ရွှင်မှုအစစ်အမှန်ကို ရှာတွေ့ခဲ့ကြတဲ့ ချစ်သူနှစ်ဦးအကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့ဒရာမာ မိသားစုဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။အဲ့ဒီဇာတ်ကားနာမည်ကတော့Dearly Beloved ပဲဖြစ်ပါတယ်။ဒီနဲ့မီတို့နှစ်ယောက်စလုံးက အိမ်ထောင်ကွဲထားကြသူတွေဖြစ်ပြီး နှစ်ယောက်လုံးမှာ သားသမီးကိုယ်စီရှိကြပါတယ်။ဒါပေမယ့် အဲ့ဒီသားသမီးဆိုတဲ့ ရှုပ်ထွေးမှုတစ်ခုကိုအတူကျော်ဖြတ်ကြရင်း သာယာတဲ့ အိမ်ထောင်လေးတစ်ခုကို တည်ထောင်ထားကြပါတယ်။ဒါပေမယ့်နှစ်ယောက်စလုံးက တရားဝင်မကွာရှင်းရသေးတဲ့အတွက်လက်တော့မထပ်ရသေးပါဘူး။ဒါပေမယ့် သူတို့နှစ်ယောက်ကြားက တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေအပြည့်နဲ့ သားသမီးတွေကလည်း အဆင်ပြေနေတော့သူတို့ရဲ့ ဘ၀လေးက ပျော်ရွှင်စရာကောင်းနေခဲ့ပါတော့တယ်။ဒါပေမယ့် ဒီလိုရှုပ်ထွေးမှုတွေ များလွန်းတဲ့ အိမ်ထောင်ရေးတစ်ခုက တစ်ချိန်ချိန်မှာ ပေါက်ကွဲတော့မဲ့ ဗုံးတစ်လုံးကိုလက်ထဲမှာ ကိုင်ထားရသလိုပါပဲ။ဒီလိုနဲ့ နောက်ပိုင်းမှာပြဿနာအသေးအမွှားလေးတွေကနေ ရှုပ်ထွေးမှုဗုံးကြီးပေါက်ကွဲသွားတဲ့အခါမှာတော့ ပြဿနာအကြီးကြီးတွေဖြစ်လာပြီး ဒီနဲ့မီတို့ချစ်သူနှစ်ယောက်ရှေ့ဆက်ဘယ်လိုတွေအတူတူကျော်ဖြတ်သွားကြမလဲဆိုတာကို ကြည့်ရှုရမဲ့ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File size…1.58GB / 726MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 57m Genre ….. Drama Subtitle….Myanmar ...
movie
Dearly Beloved (2024)
7.5
Instant Daddy (2023)
Instant Daddy (2023)မိခင်မရှိဘဲ ခက်ခက်ခဲခဲနဲ့ ကြီးပြင်းလာတဲ့ ဗယ်တစ်ယောက် မိခင်ကစွန့်ပစ်ခဲ့မှန်း သိသွားတဲ့အခါ သူ့ဘဝရဲ့ နောက်ဆက်တွဲဆုံးဖြတ်ချက်တွေ ဘယ်လိုပြောင်းလဲသွားမလဲ။အရွယ်ရောက်လာတဲ့အခါ ဘဝကိုထူထောင်ဖို့ကြိုးစားနေရင်း ဘဝထဲကို ရုတ်တရက် သမီးလေးတစ်ယောက် ရောက်လာတဲ့အခါ မိသားစုဘဝမှာ မပြည့်စုံခဲ့တဲ့သူတွေက ဘယ်လောက်ကျင်နာပြီး ဂရုစိုက်ပေးတတ်သလဲ ဆိုတာမြင်တွေ့ရမယ့် ပညာပေးဇာတ်လမ်းလေးဖြစ်ပါတယ်။ဖခင်မေတ္တာကို အပြည့်အဝ မြင်တွေ့ရမယ့်ဒီပညာပေးဇာတ်ကားလေးမှာ ဗယ်နဲ့ မီရာတို့ရဲ့ သားအဖနှစ်ယောက်ကြား ကြည်နူးဖွယ်ဘဝလေးကို ကြည့်ရှုကြရမှာဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Robin ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | 720p File size… 1.2GB | 695MB Format… mp4 Duration…. 1h Subtitle…. Myanmar Subtitle (Hardsub) Translator ..... Robin Encoder ..... Aaron
movie
Instant Daddy (2023)
2023
6
Will You Be My Ex? (2023)
Will you be my Ex? (2023)ပြီးခဲ့တဲ့ June လကမှ ထွက်ရှိထားတဲ့ ဖိလစ်ပိုင် Romance-Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။အဓိက မင်းသားဖြစ်တဲ့ Diego Loyzaga တစ်ယောက် တစ်လောလေးကမှ သားလေးမွေးတဲ့အကြောင်း မီဒီယာတွေပေါ်မှာ သတင်းမွှေးနေတာနဲ့အတူ တွဲဖက် သရုပ်ဆောင်တဲ့ အဓိက မင်းသမီးကလည်း ဖိလစ်ပိုင်ရုပ်ရှင်ခေတ်သစ်လောကမှာ ဒရာမာဘုရင်မလေးလို့ နာမည်ကြီးနေတဲ့ Julia Barretto ဖြစ်တာကြောင့် ဒီကားမှာ သူတို့နှစ်ယောက် ဘယ်လိုတွေ အစွမ်းပြကြမလည်းဆိုတာ ဇာတ်ကားမထွက်ခင်ကတည်းက ဖိလစ်ပိုင်ရုပ်ရှင်တွေကို သဘောကျနှစ်ခြိုက်သူတွေက မျှော်လင့်နေခဲ့ကြတာပါ။ပြဇာတ်သရုပ်ဆောင် အနုပညာရှင် မိသားစုအသိုင်းအဝိုင်းကလာပြီး လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ပြဇာတ်မင်းသမီးပေါက်စလေး Chris အဖြစ် Julia Barretto က သရုပ်ဆောင်ထားပြီး ချမ်းသာပြီးလူသိများတဲ့အပြင် စည်းမြင်းကနားတွေနဲ့ နေတတ်တဲ့ မိသားစုမျိုးက ပေါက်ဖွားလာတဲ့ ရည်မှန်းချက်ကြီးတဲ့ ဗိသုကာပညာရှင်လေး Joey အဖြစ် Diego Loyzaga က သရုပ်ဆောင်ထားပါတယ်။သူတို့နှစ်ယောက်လုံးဟာ ကောလိပ်ကျောင်းကတည်းကတွဲလာတဲ့ ငယ်ရည်းစားတွေဖြစ်ပြီး ကျောင်းပြီးတဲ့နောက် Joey မိဘတွေက ပေးတဲ့ ...
movie
Will You Be My Ex? (2023)
2023
6.7
Spellbound(2023)
Spellbound(2023)*****************ဒီရုပ်ရှင်လေးက 2011ခုနှစ်ကထွက်ရှိခဲ့တဲ့ "Spellbound"ဆိုတဲ့ korea movieလေးကိုPhilippine moiveအဖြစ်ကပြန်လည်အသက်သွင်းထားတာပါ။ ဇာတ်ကြောင်းလေးကတော့ သရဲတွေကိုမြင်ရတဲ့ကောင်မလေးနဲ့ သူ့ရဲ့ မျက်လှည့်ပညာရှင်သူဌေးဖြစ်သူတို့ကြားကအချစ်ဇာတ်လမ်းလေးပါပဲ။ မင်းသမီးငယ်စဥ်အခါက အက်စီးဒင့်တစ်ခုကြောင့် သေမလိုဖြစ်ခဲ့ပြီး သရဲတွေကိုမြင်လာရသူပါ။ ထုံးစံအတိုင်း သရဲတွေကလာနှောင့်ယှက်ကြ အကူအညီလာတောင်းကြမို့မင်းသမီးဟာ လူတွေနဲ့တစ်သီးတစ်သန့်နေရင်း ဘဝကိုတစ်ယောက်တည်းဖြတ်သန်းနေခဲ့ရပါတယ်။ ဒီလိုဘဝလေးနဲ့ ရှင်သန်နေရတာကို မင်းသားဖြစ်သူကသိရှိသွားတဲ့အခါမှာတော့.....။ ပျော်စရာ၊ ကြောက်စရာ၊ ကြည်နူးစရာအစုံကို ရင်ခုန်ခုန်ကြည့်ရှုရမယ့် ဇာတ်ကားလေးပါပဲ။File Size :(1.3GB) &(626MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:47:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Spellbound(2023)
7.5
[18+] Hugas (2022)
အယ်လ်က လမ်းဘေးမှာပဲတစ်ကောင်ကြွက်အဖြစ် ခိုးဆိုးလုနှိုက်အလုပ်တွေနဲ့ကြီးပြင်းလာတဲ့ လမ်းပျော်လူငယ်တစ်ဦးပါ။ သူ့မိတ်ဆွေတစ်ယောက်အဆက်အသွယ်နဲ့ ဘဏ်ဓားပြ၊မူးယစ်မှောင်ခို အစရှိတဲ့အလုပ်တွေလုပ်ကိုင်တဲ့ ဒန်ချိုရဲ့လူဆိုးဂိုဏ်းကို ဝင်ရောက်လာခဲ့ပြီး သူ့ကျွမ်းကျင်မှုတွေကြောင့် အချိန်တိုအတွင်းမှာပဲ လူယုံတစ်ယောက်ဖြစ်လာပါတော့တယ်။အဲ့ဒီဂန်းစတားပေါက်စလေး အယ်လ်အနေနဲ့ ဒုစရိုက်လောကကိုစွန့်ခွာချင်စရာအကြောင်းပြချက်က ဒီဂိုဏ်းထဲမှာပဲတွေ့ခဲ့တဲ့ လီဆယ်လ်ဆိုတဲ့ မိန်းမလှလေး တစ်ဦးဖြစ်လာခဲ့ပါတယ်။ဖိလစ်ပိုင်သမ္မတ ဒူတာတေးခေတ်မှာ မူးယစ်ဂိုဏ်းတွေအပေါ်ရိုက်ခတ်လာခဲ့တဲ့ တွေ့ရာနေရာ အမေးအမြန်းမရှိ ပစ်ခတ်သတ်ဖြတ်တဲ့ စီရင်မှုတွေ၊ ဂိုဏ်းအချင်းချင်းနယ်မြေလု ဖျံကျတဲ့အကွက်တွေ၊ အချင်းချင်း နောက်ကျောကနေ ဓားနဲ့ထိုးဖို့ဝန်မလေးတဲ့လောက ကနေ သူတို့ဘယ်လိုလွတ်အောင်ရုန်းမလဲဆိုတာကို ဆက်လက်ရှုစားကြပါ။ဇာတ်လမ်းက အပစ်အခတ်အညှစ်အသတ်တွေများသလို အညစ်အပတ်တွေလဲအရမ်းများပါတယ်၊ဘဏ်ဓားပြတိုက်ရင်း စာရေးမကအထာပေးလို့ဂျိမ်းတာ၊ ချစ်သူချင်းမင်္ဂလာဦးညဂျိမ်းတာ၊ ပျော်လို့ဂျိမ်းတာ၊ စိတ်ညစ်တာကိုဖေးမနှစ်သိမ့်ရင်းလမ်းကြုံလို့ဂျိမ်းတာ စသဖြင့်အားနေဂျိမ်းနေကြတာဖြစ်လို့ မိသားစုနဲ့ကြည့်ဖို့မသင့်တော်ပါဘူး။မင်းသမီးတွေကလဲချစ်စဖွယ်မျက်နှာလေးတွေနဲ့မလိုက်အောင် ရွှေရင်ဌေးဌေးတွေဆိုတော့ ခဏခဏ pause လုပ်မိနေမှာဖြစ်လို့ တစ်ယောက်တည်းကြည့်တာကောင်းပါလိမ့်မယ်။ File size…(1.2 GB) (500 MB) Quality…WEB-DL 1080p/720p Format…mkv Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias
movie
[18+] Hugas (2022)