Channel Myanmar

Ben Youcef

13 Hours: The Secret Soldiers of Benghazi (2016) 7.3
13 Hours: The Secret Soldiers of Benghazi (2016) 13 Hours: The Secret Soldiers of Benghazi (2016) Imdb rating 7.1/10၂၀၁၆ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့​ Transformers ကား​တွေရဲ့ ဒါရိုက်တာ​ Michael Bay ရိုက်​ကူး​ခဲ့တဲ့ ရုပ်ရှင်​ဖြစ်​ပါတယ်။ အမျိုး​အစား​က action / war ဖြစ်​ပြီး ၂၀၁၂ ခုနှစ်​ လစ်​ဗျား​မှာ ဖြစ်​ပွားခဲ့တဲ့ တကယ့်​ဖြစ်ရပ်​မှန်​ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကား​လည်း​ဖြစ်​ပါတယ်။ Michael Bay ရဲ့လက်ရာမလို့ တိုက်ပွဲတွေ ပစ်တာခတ်တာတွေ ဆက်တင်ပိုင်းတွေ အလွန်ပီပြင်ပြီး အပြင်ကအတိုင်း ကြမ်းတယ် တကယ်ရိုက်ပြနိုင်တယ်ဆိုပြီး ချီးကျူးခံခဲ့ရပါတယ်။ John Krasinski က အဓိက​ဇာတ်​ကောင်​ Jack Silver အဖြစ်​သရုပ်ဆောင်​ထား​ပါတယ်။ဇာတ်လမ်း​အကျဥ်းကတော့ ၂၀၁၂ ခုနှစ်​မှာ ကဒါဖီ ပြုတ်ကျပြီးနောက် လစ်​ဗျား​နိုင်ငံ​ ဘင်ဂါဇီမြို့ဟာ ကမ္ဘာ့​အန္တရာယ်​အရှိဆုံး နေရာ​တွေထဲကတစ်ခုဖြစ်လာပါတယ်။ ဘင်ဂါဇီမြို့မှာ တရား​ဝင်​မဟုတ်​တဲ့ အမေရိကန်​သံတမန်​ရုံး​တစ်ခု​ရှိပြီး အဲဒီ​သံတမန်ရုံး​နဲ့ တစ်မိုင်တောင်မဝေးတဲ့ နေရာ​မှာ Annex ...
movie

13 Hours: The Secret Soldiers of Benghazi (2016)

2016
4K HEVC
The Bourne Ultimatum (2007) 8.0
The Bourne Ultimatum (2007) The Bourne Ultimatum (2007)IMDb Rating (8.2) / Rotten Tomatoes (92%)++++++++++++Jason Bourneဟောလိဝုဒ် ရုပ်ရှင်နယ်မြေကနေ ခေတ်အဆက်ဆက် စုံထောက်ဇာတ်လိုက်များအား မိတ်ဆက်ခဲ့သည်ကို ကျွန်တော်တို့ပရိသတ်တွေ ခေတ်အလိုက် ကြည့်ရှုခဲ့ကြရသည်။စုံထောက်အမျိုးမျိုးအနက်က လူသိအများဆုံးမှာ ဗြိတိသျှစုံထောက်ကျော်ကြီး ကိုယ်ပိုင်အမှတ်တံဆိပ် 007 ဂျိမ်းစဘွန်းကြီး ဖြစ်လောက်မည်။ယင်းစုံထောက်ကြီး၏ ရုပ်ရှင်များဖြင့် အသားသေနေချိန်မှာ 2002ကာလလောက်တွင် Jason Bourne ဟု အမည်ရသည့် အေ့ဂျင့်ကလေးပေါ်လာလေသည်။စာရေးဆရာကြီး Robert Ludlum ၏ ဇာတ်ကောင်ဖြစ်ပါသည်။Jason Bourne ဇာတ်ကောင်သည် 1988ကတည်းက Mini Series အဖြစ်ထွက်ရှိပေမယ့် သိပ်မထင်ရှားခဲ့ပေ။2000ခုနှစ်လောက်မှ Bourneကိုပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းခဲ့သည်။ဘရက်ပစ် ။စတားလုံးတို့အား လျာထားခဲ့သော်လည်း Matt Damon ကိုသာ ရွေးချယ်ဖြစ်ခဲ့သည်။အတိတ်မေ့ ဒဏ်ရာရနေသော လူတစ်ယောက်ဇာတ်ရုပ်ပီပြင်ဖို့အတွက် Matt မှာ အထူးပင် လေ့ကျင့်အားထုတ်ခဲ့ရသည်။အေ့ဂျင့်တစ်ယောက်စရိုက်နှင့် ကိုက်ညီနေစေဖို့ တိုက်ခိုက်ရေးသင်တန်းများတက်၍ ခြောက်လနီးပါး ...
movie

The Bourne Ultimatum (2007)

4K HEVC
Septembers of Shiraz (2015) 6.2
Septembers of Shiraz (2015)  အီရန်နိုင်ငံကို Revolutionary Guards လို့အမည်ရတဲ့ အစ္စလမ်မစ်အစွန်းရောက်ဝါဒီတွေသိမ်းပိုက်လိုက်တဲ့အတွက် ယခင်အစိုးရနဲ့အဆက်အစပ်ရှိတဲ့သူတွေကို ပစ်မှတ်ထားပြီးလိုက်လံဖမ်းဆီးနေပါတယ်။နိုင်ငံအနှံ့မှာ ဆူပူသောင်းကျန်းမှုတွေဖြစ်နေကြပြီး ထင်ရာစိုင်းတဲ့အစွန်းရောက်အဖွဲ့ရဲ့ဒဏ်ကိုအလူးအလဲခံစားရနေရတယ်။ အစ်ဇက်တို့မိသားစုဟာကျောက်မျက်ရတနာလုပ်ငန်းလုပ်ကြပြီး ကြွယ်ဝချမ်းသာတဲ့မိသားစုဖြစ်ပါတယ်။တစ်နေ့ အစ်ဇက်အလုပ်လုပ်နေတုန်းမှာ Revolutionary Guards ကလာဖမ်းသွားပါတယ်။ခင်ပွန်းဖြစ်သူနဲ့‌တွေ့ရဖို့အတွက် ဖာနက်ဇ်မှာ နည်းမျိုးစုံနဲ့ကြိုးစားပေမယ့်မအောင်မြင်ပါဘူး။နီးစပ်တဲ့သူတွေနဲ့ ဆွေးမျိုးရင်းခြားတွေကလည်းလိုက်ဖမ်းလို့ထွက်ပြေးရတဲ့ အတွက်ဘယ်သူ့မှ အကူအညီမပေးနိုင်ပါဘူး။ ဒီလိုအသည်းအသန်ကြိုးစားနေချိန်မှာ ခင်ပွန်းဖြစ်သူရဲ့လုပ်ငန်းကို လူယုံက အပိုင်သိမ်းသွားတယ်။ထောင်ထဲမှာ အကျဉ်းသားတွေကို နည်းမျိုးစုံနဲ့နှိပ်စက်မေးမြန်းဒဏ်ကိုမခံနိုင်တဲ့အဆုံးမှာအစ်ဇက်ဟာ ပိုင်ဆိုင်တာအကုန်ပေးမယ် သူ့ကိုလွတ်ပေးပါလို့ကမ်းလှမ်းတယ်။ဒီကမ်းလှမ်းချက်ကိုတစ်ဖက်ကလည်းလက်ခံခဲ့တယ်။ အကျဉ်းထောင်ကနေလွတ်လာတဲ့အစ်ဇက်ဟာ တစ်ချိန်မှာသူ့ကိုပြန်လာဖမ်းနိုင်တာကိုသိတဲ့အတွက် နိုင်ငံကနေထွက်ပြေးဖို့ကြိုးစားပါတော့တယ်။  File size…1.75 GB/ 703MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre …..  Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Septembers of Shiraz (2015)

Future World (2018) 3.8
Future World (2018) ၂၀၁၈ထဲမှာထွက်တဲ့ကားတွေမှာ အနာဂတ်မှာဘာတွေဘယ်လိုဖြစ်နိုင်မလဲဆိုတာတွေးတောရိုက်ထားတဲ့ကားတွေအတော်များသားဗျအခု Future World ဆိုတဲ့ကားကလဲ နာမည်အတိုင်း အနာဂတ်ကမ္ဘာမှာ အခြေတည်ထားပါတယ်လူသားတွေအချင်းချင်းစစ်ပွဲတွေဖြစ်ခဲ့ကြတယ် သေကြေပျက်စီးကုန်ကြတယ်ဘယ်လောက်ထိအကြီးအကျယ်ဖြစ်ခဲ့သလဲဆိုရင် ပစ်စရာကျည်ဆံတောင်မရှိတဲ့ခေတ်ဖြစ်သွားတယ်အဲ့တော့ စစ်ပွဲကြီးအပြီးကျန်ခဲ့တဲ့လူတွေကရော ဘယ်လိုရှင်သန်နေထိုင်ကြလဲလောကကြီးရဲ့ထုံးစံအတိုင်း ကောင်းတာလုပ်တဲ့လူနဲ့ဆိုးတာလုပ်တဲ့လူပဲရှိတာဆိုတော့ သူ့ဘာသူအဖွဲ့လေးတွေနဲ့ဖွဲ့နေကြတယ်ပေါ့ဗျာဆိုးတဲ့လူတွေက အဖွဲ့လေးတွေနဲက သူ့တို့သူတို့ စစ်ခေါင်းဆောင်(warlord)လို့ခံယူပြီးသောင်းကျန်းနေကြတယ်ပေါ့ဒီဇာတ်ကားရဲ့ဇာတ်လိုက်ကတော့ အိုအေစစ်လို့ခေါ်တဲ့နေရာမှာနေကြတဲ့လူစုထဲက မင်းသားပေါ့သူ့အမေဖြစ်သူ စစ်ပွဲရဲ့အကျိုးဆက်ဖြစ်တဲ့ ရောဂါကိုခံစားနေရသူ သေလုမျောပါးဝေဒနာသည်အဖြစ် တရုတ်မင်းသမီး (Lucy Lui)ကသရုပ်ဆောင်ထားပါတယ်မင်းသားက အမေ့ကိုဆေးကုသဖို့အတွက် နတ်ပြည်ကမ်းခြေ(Paradise Beach)ကိုသွားချင်နေတယ် အဲ့နေရာမှာဆေးရတယ်ကြားထားတာကိုးအဲ့လိုနဲ့ မင်းသားရဲ့ဆေးရှာပုံတော်ခရီးစဉ်စရတော့တာပေါ့ဇာတ်လိုက်မင်းသမီးကတော့ အက်ရှ်လို့ခေါ်တဲ့ စက်ရုပ်မလေး သူကဟိုးစစ်ပွဲကြီးကတည်းက ရှိနေခဲ့တာ သူကသတ်ဖြတ်ရတာတွေကိုမုန်းတီးနေတယ် သူကိုယ်တိုင်ဘဝတစ်ခုပိုင်ဆိုင်ချင်နေတယ်မင်းသားတစ်ယောက် ဆေးကိုရှာတွေ့သွားမလားသူရှာနေတဲ့ဆေးကရောတကယ်ပဲရှိနေလို့လား စက်ရုပ်မလေးနဲ့ရောဘယ်လိုနှစ်ပါးသွားမလဲဆိုတာတွေကတော့ဇာတ်ကားဒေါင်းကြည့်ကြပါကုန်ဒီကားရဲ့ Cast List ကတော့ အလန်းဗျဗီလိန်အဖြစ် နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ James Franco, Resident Evil မင်းသမီး Milla Jovovich တို့ပါဝင်ထားတယ်ပြီးတော့ ထူးခြားချက်အနေနဲ့ Snoop Dogg တောင်ပါလိုက်သေးတယ်ဗျဒီဇာတ်ကားထဲမှာ အဖော်အချွတ်အခန်းအချို့နဲ့ စကားလုံးရိုင်းရိုင်းတချို့ပါဝင်နေတာကြောင့် ချင့်ချိန်ပြီးဒေါင်းနိုင်ပါတယ်ခင်ဗျ(ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ) File Size ...
movie

Future World (2018)

2018