Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ben Wright
7.3
The Man from U.N.C.L.E. (2015)
The Man From U.N.C.L.E (2015)IMDb Rating (7.3) / Rotten Tomatoes (68%)Superman ကိုယ်တော်ကြီး Henry Cavill ရဲ့ ဒီရုပ်ရှင်ကားက အက်ရှင်စပိုင်ရုပ်ရှင်ကားထဲမှာ Rating မြင့်ပြီး ကြည့်ကောင်းတဲ့အထဲပါပါတယ်။ဒါရိုက်တာ Guy Ritchie ရဲ့လက်ရာဖြစ်ပြီး သူ့စတိုင်အတိုင်း ဉရောပရဲ့ Gentleman အထာဝင့်ကြွားမှုအပြည့်နဲ့ ခမ်းခမ်းနားနားလှလှပပရိုက်ကူးထားတာပါ။ဇာတ်လမ်းကတော့....စစ်အေးခေတ် Cold War ကာလကိုအခြေခံထားတာမလို့ အမေရိကန်ရဲ့ CIA အေးဂျင့်ရယ်...ရုရှားရဲ့ KGB အေးဂျင့်ရယ် နာဇီဂျာမဏီအကြောင်းတို့ကို မြင်တွေ့ရမှာဖြစ်ပြီးတစ်နိုင်ငံနဲ့တစ်နိုင်ငံအပြိုင်အဆိုင် နျူကလီးယားလက်နက်တပ်ဆင်ကြတဲ့ကာလမလို့ နာဇီဂျာမဏီတို့လက်ထဲမှာ ဒီကမ္ဘာဖျက်လက်နက်ကြီး မကျရောက်ဖို့ ကြိုးစားကြပုံတွေကိုအသည်းတယားယားစွန့်စားခန်းတွေကြားမှာ လှလှပပ စမတ်ကျကျမင်းသားမင်းသမီးတွေနဲ့ ဟာသလေးတွေနဲ့ ချစ်ကြည်နူးစရာလေးတွေနဲ့ပါ ရှုစားကြရမှာပါ။ File size…(6.1 GB)/(1.8 GB )/(1 GB) Quality….BluRay 4K HEVC/ 1080p HEVC/ 720p Format…mkv/mp4 Duration….01:56:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka ...
movie
The Man from U.N.C.L.E. (2015)
4K HEVC
8.1
The Sound of Music (1965)
The Sound of Music (1965)===================IMDb Rating - 8.1/10အကောင်းဆုံး Musical Genre Movies တွေအကြောင်းပြောကြမယ်ဆိုရင် (1966)အော်စကာရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆု..စသဖြင့် အော်စကာ၅ဆုအပြင် အခြားသောရုပ်ရှင်ဆုပေါင်းများစွာကိုပါ ပတ်သိမ်းလာတဲ့ “The Sound of Music” က သေချာပေါက်မပါမဖြစ်ပါပဲ။ (1965)ခုနှစ်က ထွက်ရှိခဲ့ပြီး ဩစတြီးယားနိုင်ငံက ဗွန်ထရက်ပ်မိသားစုအကြောင်း ဖြစ်ရပ်မှန်အခြေခံပြီး ရိုက်ကူးထားတဲ့ “The Sound of Music” ရုပ်ရှင်ဟာ ဝက်ဝက်ကွဲအောင်မြင်ခဲ့တာကြောင့် သူ့ရုံဝင်ငွေနဲ့ ဒေဝါလီခံရခါနီး 20th Century Fox Studio ကိုကယ်ပေးနိုင်တဲ့အထိကို ဖြစ်ခဲ့ပါတယ်။ IMDb rating 8.1/10 ရရှိထားပြီး ထွက်ရှိခဲ့တဲ့အချိန်ကနေ ယခုအချိန်ထိ Box Office ရဲ့ No.6နေရာမှာ ရပ်တည်နေတဲ့ ဂန္ထဝင်ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ဖြစ်ရပ်မှန်ကိုအခြေတည်ရိုက်ကူးထားတာဆိုပေမဲ့ တကယ့်အပြင်လက်တွေ့နဲ့ ကွဲလွဲချက်လေးတွေရှိပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ...
movie
The Sound of Music (1965)
1965
7.3
One Hundred and One Dalmatians (1961)
One Hundred and One Dalmatians (1961)~ IMDb - 7.3/10, Rotten Tomatoes - 98% ~ပထမဆုံးပြောချင်တာကတော့ Animated Movies တွေကို ရှေးခေတ်က ဖန်တီးတဲ့နေရာမှာ အသုံးပြုခဲ့တဲ့ နည်းလမ်းတွေပေါ့ဗျာ။ ဓာတုဆေးရည်တွေသုံးပြီး အရောင်ခြယ်ပုံတွေ မိတ္တူဆွဲခဲ့ကြတုန်းက အရောင်စိုစိုပြောင်ပြောင်တွေ ရခဲ့တဲ့ခေတ်အပြီးမှာတော့ မင်ခြောက်ကိုသုံးပြီး မိတ္တူဆွဲ Cell ထဲထည့်တဲ့ခေတ်ကို ရောက်လာပါတယ်။ မနှင်းဖြူနဲ့ လူပုလေးတွေ၊ အခုတင်ဆက်မယ့် ဒယ်မေးရှင်း တစ်ရာ့တစ်ကောင် တို့ကစလို့ နှောင်းပိုင်း Animated Movies တွေအထိ ဆင့်ကဲတိုးတက်သုံးစွဲလာတဲ့ နည်းလမ်းတစ်ခုပါ။မင်ခြောက်ဖြစ်တဲ့အတွက် အရောင်တွေက သဘာဝနဲ့နီးစပ်ပြီး မိတ္တူဆွဲပြီးတာနဲ့ Cell တွေထဲ တစ်ခါတည်းထည့်လို့ Computerized Animation လုပ်လို့လည်း ရသပေါ့လေ။ ဒါပေမဲ့ 101 Dalmatians မှာတော့ Computer ရဲ့ Artificial ...
movie
One Hundred and One Dalmatians (1961)
7.2
Born on the Fourth of July(1989)
Born on the Fourth of July(1989)*******************************ဒီရုပ်ရှင်ဟာ အမေရိကန်ရဲ့လွတ်လပ်ရေးနေ့ဖြစ်တဲ့၊ ဂျူလိုင် ၄ရက်နေ့မှာမွေးဖွားခဲ့တဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူ အမေရိကန်-ဗီယက်နမ် စစ်ပြန်ကြီး Ron Kovicအကြောင်းဇာတ်အိမ်တည်ရိုက်ကူးထားတဲ့စစ်ဆန့်ကျင်ရေး အတ္ထုပတ္တိကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Ronရဲ့ငယ်စဥ်ကလေးဘဝဟာ ထိုခေတ်ထိုကာလကထုံးစံအတိုင်း စစ်ပွဲအောင်နိုင်မှုတွေအကြောင်း၊တိုင်းပြည်တာဝန်ထမ်းပြီး စစ်တိုက်ရတာမှဂုဏ်ရှိတယ်၊ ကွန်မြူနစ်ဝါဒကို တိုက်ဖျက်ရမယ်ဆိုတဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း အမေရိကန်-ဗီယက်နမ်စစ်ပွဲဖြစ်တော့ သူကိုယ်တိုင်ရောသူငယ်ချင်းတွေပါစိတ်လိုလက်ရ မရိန်းတပ်ထဲဝင်ပြီး တိုက်ပွဲဝင်ပါတော့တယ်။ ဒီစစ်ပွဲအတွင်းမှာပဲ စစ်ပွဲရဲ့ခါးသီးမှုတွေကြုံခဲ့ရပြီး စိတ်ဝေဒနာလည်းရ အကြောပါသေ၊ မြုံတဲ့ဘဝ ဒုက္ခိတဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲ့အချိန်ထိ သူ့ရဲ့ စစ်ပွဲအပေါ်အယူအဆတွေက ပြောင်းလဲမသွားသေးပါဘူး။ စစ်ဆေးရုံကဆင်း မွေးရပ်ကိုပြန်ရောက်တော့မှ အဲ့ကာလမှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူတွေ၊နိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုမြင်ရကြားရပြီး မျက်စိပွင့်နားပွင့်ဖြစ်လာကာ၊ ကိုယ်ကိုယ်တိုင်ကလည်း စစ်ပွဲနဲ့ပတ်သက်ပြီး စိတ်မလုံခဲ့သူမို့... Ron Kovidတစ်ယောက် စစ်တိုက်ရတာဂုဏ်ယူတဲ့လူငယ်လေးဘဝကနေစစ်ဆန့်ကျင်ရေးသမားကြီးဘဝကို ဘယ်လိုကံကြမ္မာတွေ၊ အဖြစ်အပျက်တွေကြောင့် ရောက်လာလဲဆိုတာ ရိုက်ကူးပြသထားတဲ့ anti-war movieလေးပါပဲ။File Size :(3.3GB)(1.3GB) and (714MB) Quality : BLU-RAY 1080P5.1Ch,720p Format…mp4 Duration…02:25:00 Genre : War, Biography , Drama Subtitle : Myanmar Subtitle ...
movie
Born on the Fourth of July(1989)
Renaissance Man (1994)
1994 ကာလရဲ့ နာမည်ကြီး ဟာသကောင်းလေးတစ်ခုလောက် ကြည့်ကြည့်လိုက်ရအောင်။ဝီလီယမ်ရေဂိုတစ်ယောက် မီးပွိုင့်မိသွားတာ အစည်းအဝေးချိန်နောက်ကျပြီး အလုပ်ပြုတ်တဲ့ထိဖြစ်သွားပါတယ်။ အသက်လည်းကြီးနေပြီဖြစ်လို့ ဘာအလုပ်မှရှာမရဘဲဖြစ်နေရာမှ အလုပ်တစ်ခုကလာကမ်းလှမ်းတဲ့အခါ.. ထိုအလုပ်ကတော့ စစ်တပ်ထဲက စစ်သားတွေကိုစာသင်ပေးဖို့ပဲဖြစ်ပါတယ်။သာမန်စစ်သားမဟုတ်ဘဲ တုံးလွန်းလို့ D နှစ်လုံးကောင်တွေ(ခွေးချေးလိုတုံးသောသူများ) လို့တင်စားခံထားရတဲ့ စစ်သားတွေကိုစာသင်ဖို့ဖြစ်လာတဲ့အခါ.. စာတောင်မသင်ဖူးပေမယ့် တခြားလည်းဘာအလုပ်မှလုပ်မရတာကြောင့် ဖြစ်ချင်ရာဖြစ်ဆိုပြီးသွားလိုက်တဲ့ရေဂိုနဲ့ ငတုံးအဖွဲ့ စစ်တပ်ထဲဘယ်လိုဘုနဲ့ဘောက်တွေဖြစ်ကြမလဲ.. File size…(2.28GB) / (`1.12GB) / (765MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:08:00 Genre... Drama /Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Rina
movie
Renaissance Man (1994)
6.8
Dog Soldiers (2022)
Dog Soldiers (2022) ================ IMDb Rating - 6.8/10 ကားဟောင်းတစ်ကားဆိုပေမယ့်တော်တော်ကိုမဆိုးလှတဲ့ထဲမှာပါပါတယ်။ ဇာတ်ကားတစ်ကားလုံးနီးပါးကအိမ်တစ်အိမ်ထဲမှာ စစ်သားတစ်ဖွဲ့နဲ့မိန်းကလေး တစ်ယောက်ရဲ့ တစ်ညတာအဖြစ်အပျက်တွေကိုပဲပြသွားတာပါ ။ တစ်မျိုးတော့ မထင်ပါနဲ့။ အိမ်ရဲ့ပတ်ပတ်လည်မှာမကောင်းတဲ့အရာတွေဝိုင်းနေတဲ့ကြားကနေ အားလုံးတူတူလွတ်အောင်ကြံစည်ကြပုံတွေကိုပြောတာပါ။အဲဒီမကောင်းတဲ့အရာတွေကဘာတွေလဲဆိုတာပြောလိုက်ရင်ကြည့်ရတာ ပေါ့သွား နိုင်တာကြောင့်မပြောတော့ပါဘူး။ မဖြစ်မနေချီးကျူးရမှာကသရုပ်ဆောင်တစ်ယောက် ချင်းစီကိုပါပဲ။ ဗိုလ်ကြီးတစ်ယောက်နဲ့တပ်သားငါးယောက်၊ အားလုံးတစ်ယောက်ချင်းရဲ့ ကာရိုက်တာတည်ဆောက်ပုံတွေ သရုပ်ဆောင်ချက်တွေဟာ လိုလေသေးမရှိအောင် ပြည့်စုံသလို၊ ဇာတ်လမ်းကအကောင်းကြီးမဟုတ်တောင် သူတို့ကြောင့်ဆက်ကြည့်ချင်စိတ် ဖြစ်လာမယ်ဆိုတာအာမခံနိုင်ပါတယ်။ခေတ်အခြေအနေအရအထူးပြုလုပ်ချက်တွေမှာ လိုအပ်ချက်ရှိပေမယ့် ဖြည့်တွေးတတ်ရင်တော့ဒါကလည်းပြောရလောက်တဲ့အပြစ်မျိုးမဟုတ်ပါဘူး။ ကဲဒီလူတစ်စုအဲဒီညမှာဘာတွေနဲ့ဘယ်လိုရင်ဆိုင်ခဲ့ရတာလဲဆိုတာသိချင်ရင်တော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Min Khant Bo ဖြစ်ပါတယ်)File Size..........(2.4 GB) / (904 MB) / (470 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 45mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Horror, Thriller Translator.......Min Khant Bo Encoder..........SWM
movie
Dog Soldiers (2022)
7.6
The Little Mermaid (1989)
movie
1989
7.6
The Jungle Book (1967)
movie
The Jungle Book (1967)