Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ben Shenkman
7.3
Blue Valentine (2010)
Blue Valentine (2010)~ IMDb - 7.3/10, RT - 86%, Meta - 81% ~မပြေလည်ခြင်းများဟာ အနီရောင်နေ့ရက်တစ်ချို့ရဲ့အတွင်းသားထဲ စီးဆင်းသွားတဲ့နောက် ခရမ်းရောင်တစ်ခုက အရောင်ဗေဒတွေအတိုင်း ငါ့သွေးကြောထဲလှည့်ပတ်နေခဲ့ရင်း အခုဆိုဘယ်နှရာသီ။ ဘဝဟာ ချောကလက်ဘူးတစ်ဘူးနဲ့ သဏ္ဍာန်တူကြောင်း ရုပ်ရှင်ထဲက ခပ်အအ,ကာရိုက်တစ်ကောင်ပြောဖူးတာ ကြားဖူးမှာပါ။ ကိုကိုး၈၀ရာခိုင်နှုန်း ကိုကိုး၉၀ရာခိုင်နှုန်း ကိုကိုး၉၉ရာခိုင်နှုန်း။ များများစားစား မျှော်လင့်စရာဟာ အခါးဓာတ်နဲ့ အသားကျသွားဖို့ပေါ့။ အောင်မြင်တဲ့အချစ်ကို ဘဝတစ်ကွေ့မှာ ငါတို့ပက်ပင်းတွေ့ဖူးကြမှာပဲ။ ကမ္ဘာအဆက်ဆက်က ဖူးစာလို့ ထင်ကောင်းထင်ခဲ့ကြဖူးလိမ့်မယ်။ "ကြည်ဖြူနိုင်သူ နှစ်ဦး"လည်း ဖြစ်ခဲ့ကြဖူးတယ်။ မင်းအရိပ်မှာငါခို ငါ့သီချင်းမှာကခဲ့ဖူးတဲ့ ဆံပင်တွေလည်းမရှည်သေးဘူး။ ချိုသော နွေးသော မဖြောင့်တန်းသော လေမသွေးလက်များ ကံတော်မကုန်ခင်အထိတော့ တံလျှပ်တို့က အစစ်ပဲ အချစ်ရယ်။ နေဝင်သွားတဲ့ တံတားကြီးရဲ့ဟိုးတစ်ဘက်က ညနေဟာ ငါသိတဲ့ကဗျာတစ်ပုဒ်ကို လှိုက်စားသွားဖူးတယ်။ ဒါဟာ ရွှေရင်ပြုံးတုံ့အခါလည်ပေါ့။ မျက်ရည်တွေတောင်မှ ...
movie
Blue Valentine (2010)
2010
6.3
Breathe In (2013)
ဒီဇာတ်ကားကတော့ တကယ့်ကိုမှရိုးရိုးရှင်းရှင်းနဲ့ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ် ဇာတ်လမ်းအကြောင်းကတော့ ကျောင်းဆရာတစ်ဦးအနေနဲ့ လုပ်ကိုင်နေတဲ့ ဂီတပညာရှင်တစ်ဦးရဲ့အိမ်မှာ ဇနီးဖြစ်သူက စာသင်နှစ်တစ်ခုစာကျောင်းလာတက်တဲ့ လေ့လာရေးကျောင်းသူကို လက်ခံထားစဉ် လင်မယားနှစ်ယောက်ကြားနှစ်ပေါင်းများစွာ မြိုသိပ်ထားတဲ့ မကျေနပ်ချက်တွေပွင့်ထွက်လာကာ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုသလို လေ့လာရေးကျောင်းသူကိုအရင်းတည်ပြီး မိသားစုအတွင်းမပြေလည်မှုတွေဖြစ်လာတဲ့ဇာတ်လမ်းတစ်ခုဖြစ်တယ်ဒီဇာတ်လမ်းလေးမှာ ဇာတ်လမ်းအဖွင့်နဲ့အပိတ်က ဇာတ်ဝင်ခန်းလေးက တွေးစရာတွေအများကြီးပေးတဲ့ဇာတ်ဝင်ခန်းတွေဖြစ်ပါတယ် ဇာတ်ဝင်ခန်းတိုင်းမှာလည်း သရုပ်ဆောင်တွေရဲ့အကြည့်တွေက တကယ့်ကိုမှသူတို့အတွင်းစိတ်ကို ထွင်းဖောက်မြင်လိုက်ရသလိုခံစားရစေတယ် ခင်ပွန်းဖြစ်သူကဇနိးသည် သူ့ကိုနားလည်မပေးလိုက်တဲ့အချိန်ဖြစ်သွားတဲ့အကြည့်၊ ဇနီးဖြစ်သူက ခင်ပွန်းသည်ဂီတအကြောင်းတွေပြောတဲ့အချိန် စိတ်မဝင်စားပေမယ့် နားလည်နိုင်ဖို့ကြိုးစားနေတဲ့အချိန်ဖြစ်သွားတဲ့သရုပ်ဆောင်ချက်တွေ စသဖြင့်သရုပ်ဆောင်ချက်တွေကိုအသေးစိတ်ရှုမြင်ခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအေးလေးဖြစ်ပေမယ့် အေးအေးငြိမ့်ငြိမ့်လေးနဲ့ ဆွဲဆောင်သွားမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် File size…1GB / 475MB Quality…1080p BluRay / 720p Format…mp4 Duration….1h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Eunice
movie
Breathe In (2013)
2013
6.7
Just Like Heaven (2005)
Just Like Heaven (2005)==================ဒီတခါမိတ်ဆက်ပေးမှာကတော့ ပရိတ်သတ်သဲသဲလှုပ်သရုပ်ဆောင်တွေဖြစ်ကြတဲ့Reese Witherspoon နဲ့ Mark Ruffalo တို့ငယ်ရွယ်စဥ်ကပါ၀င်ထားတဲ့Romance/fantasy ကားလေးပါ တနေ့တနေ့အလုပ်မှအလုပ်ဖြစ်နေတဲ့ဆရာ၀န်မလေးအဲလစ်ဇဘတ်ဟာတနေ့မှာ ကားအက်ဆီးဒင့်တခုဖြစ်ခဲ့ပါတယ်။သုံးလကြာပြီးတဲ့နောက် သူ့ရဲ့မိန်းမဖြစ်သူဆုံးပါးသွားတာကိုမမေ့နိုင်သေးတဲ့ဒေးဗစ်အက်ဘော့တယောက်ဟာဆန်ဖရန်စစ်စ္စကိုက အဲလစ်ဇဘတ်ရဲ့တိုက်ခန်းဟောင်းကိုအိမ်ပြောင်းလာခဲ့ပါတယ်။ ဒါပေမဲ့ဒေးဗစ်တွေ့လိုက်ရတာကတော့ဒါသူမရဲ့တိုက်ခန်းဆိုပြီးရန်လိုနေတဲ့ အဲလစ်ဇဘက်ရဲ့ဝိညာဉ်ပါပဲ။ဒေးဗစ်တယောက်ထဲပဲအဲလစ်ဇဘက်ကိုတွေ့နေရတာကရောဘာကြောင့်လဲ?။အဲလစ်ဇဘက်ကရောဆုံးသွားတာလား?။မတည့်အတူနေ သူတို့နှစ်ယောက်ရဲ့ကြားကခံစားချက်တွေကဘယ်လိုပြောင်းလဲလာကြမလဲ။သူတို့နှစ်ယောက်ရဲ့အခုလိုထူးဆန်းတဲ့ရေစက်ကဘယ်လိုကြောင့်လဲ။ သူတို့နှစ်ဦးအဆုံးမှာဆုံစည်းသွားနိုင်ကြမလားဆိုတာကိုjust like heaven ဆိုတဲ့စိတ်ကူးယဉ်ဆန်ဆန်အချစ်ဇာတ်ကားလေးမှာရှုစားပေးကြပါဦးခင်ဗျာ.... File size…1.66GB / 662MB Quality…WEB-Rip 1080p 5.1CH/ 720p Format…mp4 Duration….1h 35m Genre ..... Comedy , Drama , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie
Just Like Heaven (2005)
6.1
Eraser (1996)
Eraser (1996)Eraser Reborn ဆိုပြီး 2022 မှာ ပြန်ရိုက်တာကိုတွေ့ရတော့ မူလ အာနိုးကားကြီးကို သွားသတိရတာနဲ့ ဒီဇာတ်ကားကို တင်ဆက်ဖြစ်တာပါ။ Total Recall ကိုတော့ နောက်ရိုက်တဲ့ကားပဲ တင်ဆက်ဖြစ်ပေမဲ့ Eraser ကတော့ အဲဒီခေတ်ကတည်းက မိုက်တာမလို့ ကြည့်သင့်တယ်လို့ အကြံပြုချင်ပါတယ်။ ငယ်ဘဝ ဗီဒီယိုရုံမှာကြည့်ခဲ့ရတဲ့ဇာတ်ကားတွေဖြစ်လို့ ကလေးဘဝကို ပြန်ရောက်သွားသလိုပါပဲ။ သေနတ်ကြီးနှစ်လက် တဖက်တချက်ကိုင်ပြီး ကွင်းပြင်မှာ ထီးထီးကြီး ရပ်ပစ်တဲ့ မြင်ကွင်းတွေလေ။ ကလေးဘဝကဆိုတော့ သိပ်မိုက်ပေါ့။ ဆော့ကစားကြပြီဆိုရင် မင်းသားလုပ်ချင်တဲ့သူ သိပ်များတာကိုးဗျ။ မင်းသားဆို ဘယ်လောက်ပစ်ပစ် မသေဘူးဆိုတဲ့ စည်းကမ်းချက်ကို လူတိုင်းလိုက်နာခဲ့တုန်းကပေါ့။မင်းသားကြီး အာနိုး ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား Eraser ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ သိပ်ပြောစရာမရှိပါဘူး။ နိုင်ငံတော်အဆင့် ကန်ထရိုက်သမားတွေက လက်နက်သုတေသနမှာ စွမ်းအားမြင့်လက်နက်ဖြစ်တဲ့ လျှပ်စစ်သံလိုက် မြန်နှုန်းမြင့် အလင်းတန်း ချေမှုန်းရေးရိုင်ဖယ်တွေကို တီထွင်နိုင်ပြီးနောက် မူလစာချုပ်ရှင် ...
movie
Eraser (1996)
1996
8.3
Requiem for a Dream (2000)
Requiem for a Dream (2000)IMDb - 8.3/10, RT - 79%တစ်ချို့က Requiem For A Dream ကို ကြည့်ရအခက်ဆုံးရုပ်ရှင်တစ်ကားလို့ ဆိုကြတယ်။ တခြားတော့မဟုတ်ပါဘူး။ စိတ်ညစ်စရာတော်တော်ကောင်းတဲ့ ဇာတ်ဝင်ခန်းတွေကြောင့်ပါပဲ။ နာမည်ကျော်ဝေဖန်ရေးဆရာ ရော်ဂျာအတ်ဘတ်ကတော့ ဒီလိုပြောထားတယ်။" Requiem for a Dream ဟာ အတော်လေးလက်တွေ့ကျတဲ့ စိတ်ဓာတ်ကျစရာအတော်ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။ Requiem for a Dream နဲ့ ပတ်သက်ပြီး စွဲမက်စရာကောင်းတဲ့အချက်က... ဒါရိုက်တာက ဆေးစွဲနေတဲ့ဇာတ်ကောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ပြောင်ပြောင်မြောက်မြောက် ပုံဖော်သွားတဲ့အချက်ပါပဲ။ ဆေးသုံးနေတဲ့အချိန်မှာ... ဆေးဟာ ဘာမဆိုဖြစ်နိုင်တဲ့ ကမ္ဘာတစ်ခုထဲကို ပြတင်းတံခါးခဏဖွင့်ပြပေးပြီး... အဲဒီတံခါးပိတ်ကျသွားတဲ့အခါမှာ... ဘဝက အဲဒီပြတင်းတံခါးကိုပြန်ဖွင့်ဖို့ ငွေနဲ့ဆေးကိုရှာဖို့ ကြံမိကြံရာရှာနေရတဲ့ အခြေအနေကို ဆိုက်ရောက်သွားတော့တယ်" တဲ့။ဒီရုပ်ရှင်ဟာ ဆေးစွဲနေတဲ့သူရဲ့ စိတ္တဗေဒကို အစစ်အမှန်ပြသထားတဲ့ ...
movie
Requiem for a Dream (2000)
2000
8.0
The Trial of the Chicago 7 (2020)
တရားမမှုအတွက် တရားခွင်နဲ့ ရာဇဝတ်မှုအတွက် တရားခွင် ဆိုတာပဲရှိတယ်။ နိုင်ငံရေး တရားခွင်ဆိုတာ မရှိဘူးဗျ။ ဟိ...ဟိ...နိုင်ငံရေးလှည့်ကွက် အနေနဲ့ အသုံးချဖို့ တရားခွင်ကို အသုံးချတာလေ။ မကြားဖူးဘူးမလား။ ဘယ်ကြားဖူးမလဲ။ တကယ်မှမရှိတာကိုး။ဟား...ဟား.... ဆောရီးဗျာ။ နည်းနည်းတော့ရယ်မိတယ်။ အဲဒါနဲ့ နိုင်ငံရေးတရားခွင်ဆိုတာ မရှိဘူးနော်။ ကျွန်တော်ပြောရင် ယုံလိုက်။ ငိငိ xD...၁၉၆၈ ခုနှစ် အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ အမျိုးသားဒီမိုကရက်တစ်ညီလာခံကို ကျင်းပခဲ့ပါတယ်။၁၉၅၅ ခုနှစ်က အစပြုခဲ့တဲ့ ဗီယက်နမ် စစ်ပွဲက အားကောင်းနေဆဲကာလလည်းဖြစ်ပါတယ်။ဒီလို အကျိုးမရှိဘဲ အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ရတဲ့ စစ်ပွဲကို တားစီးနိုင်ဖို့ရည်ရွယ်ချက်နဲ့ တစ်နိုင်ငံလုံးအာရုံစိုက်နေကြတဲ့ ညီလာခံရှိရာချီကာဂိုမြို့ကို စစ်ပွဲကို ဆန့်ကျင်သူတွေကို ဦးဆောင်ပြီး စစ်ပွဲဆန့်ကျင်ရေးတက်ကြွ လှုပ်ရှားသူ ၇ ယောက် ချီကာဂိုမြို့ကို ငြိမ်းချမ်းစွာ ချီတက်လာခဲ့ပါတယ်။ဒီလို ဆန့်ကျင်ဆန္ဒပြရာမှာ ဆန္ဒပြသူတွေနဲ့ ...
movie
The Trial of the Chicago 7 (2020)
2020