Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ben Kingsley
Thunderbirds (2004)
“Thunderbirds (2004)”အနာဂါတ်မှာ ကမ္ဘာကြီးကို International Rescue လို့ခေါ်တဲ့အဖွဲ့ဟာ Thunderbirds လို့ခေါ်တဲ့ယာဥ်တွေကို စီးနင်းပြီး ကာကွယ် စောင့်ရှောက် လျက်ရှိပါတယ်။ ဘာပြဿနာပဲဖြစ်ဖြစ် InternationalRescue ဟာထိပ်ဆုံးကနေ ဖြေရှင်းပေးနေကျပါ။ International rescue အဖွဲ့က ထင်သလို JusticeLeague တို့ Avengers တို့လိုလူကြီး Super Heroes တွေ မဟုတ်ပဲနဲ့ Tracy မိသားစုလေးပဲဖြစ်ပါတယ်။တနေ့ သူတို့ဟာ လူဆိုးအဖွဲ့ကြီး တခုနဲ့ ရင်ဆိုင်ရတဲ့အချိန် တမိသားစုလုံးအဖမ်းခံလိုက်ရတဲ့ အခါမှာ အခြားသူတွေနဲ့ ယှဥ်ရင်နောက်ကောက်ကျနေတဲ့ သားအငယ်ဆုံးဖြစ်သူAllan Tracy နဲ့သူ့သူငယ်ချင်းများက ဦးဆောင် ဖြေရှင်းဖို့ ဖြစ်လာတဲ့အခါမှာတော့ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှု ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကFamily Genre ဖြစ်တာကြောင့်မိသားစုနဲ့ ပျော်ပျော်ပါးပါး ကြည့်ဖို့ အရမ်းကောင်းတယ်လို့ပဲညွှန်းပါရစေခင်ဗျာ။ File size… 2.5 GB / 1.1 GB Quality… BluRay 1080p ...
movie
Thunderbirds (2004)
Suspect Zero (2004)
FBI အေးဂျင့် Thomas Mackelway က အာရုံထဲကနေ လူတွေဘာလုပ်နေလဲဆိုတာကိုမြင်နိုင်စွမ်းရှိနေပြီး သူ့စိတ်ထဲမှာ လူသတ်သမားတယောက်ဘာတွေလုပ်နေလဲဆိုတာတွေကိုမြင်နေရပါတယ်၊ တဖက်မှာ O'Ryan ဆိုသူကလည်း တခြားကွင်းဆက်လူသတ်မားတယောက်ရဲ့အာရုံတွေကိုရနေပြီး သူ့အနေနဲ့ ဥပဒေပြင်ပလုပ်ရပ်တွေနဲ့ ဒီလူသတ်သမားတွေကိုအပြစ်ပေးရမယ်လို့ယူဆနေသူပါ၊ဒီလိုနဲ့ O'Ryan တယောက်က ဒီလူသတ်သမားအကြောင်းကို Thomas Mackelway ကိုဖက်စစ်တွေပို့ပြီး နစ်နာသူတွေရဲ့ပျောက်ဆုံးတဲ့နေရာတွေအကြောင်းကိုသတင်းတွေပို့ပါတော့တယ်၊ဒါ့အပြင် O'Ryan ကမကောင်းတဲ့လူတွေကိုသတ်ပြီးအမှုဆင် ကွင်းဆက်လူသတ်သမားနောက်သွားမယ့်နေရာကို Thomas Mackelway ကိုသဲလွန်စတွေပေးပါတော့တယ်၊တကယ်တော့ O'Ryan ကလည်း FBI အေးဂျင့်ဟောင်းတယောက်ပါပဲ FBI ကသူတို့ကိုဒီလိုတွေမြင်နိုင်စွမ်းရှိအောင်လေ့ကျင့်ပေးထားတာပါ၊ O'Ryan တယောက်အနားယူပြီးတာတောင် ဒါတွေကိုစွမ်းလမ်းနေခဲ့တာပါ၊ O'Ryan ရဲ့လုပ်ရကကောမှန်နေတာလား၊ Thomas Mackelway တယောက်ကကော O'Ryan ရဲ့လုပ်ရပ်တွေကိုမျက်ကွယ်ပြုပြီး ကွင်းဆက်လူသတ်သမားကိုဖမ်းဆီးသွားမှာလား၊ O'Ryan Thomas Mackelway နဲ့ ကွင်းဆက်လူသတ်သမားတို့ရဲ့တွေ့ဆုံမှာကော ဘာတွေဖြစ်သွားမှာလဲဆိုတာကို ဒီဇာတ်ကားမှာဟောင့်ကြည့်သွားရမှာပါ File size…(2.8 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Crime, ...
movie
Suspect Zero (2004)
The Wonderful Story of Henry Sugar and Three More (2024)
နာမည်ကြီး ဒါရိုက်တာ Wes Anderson ရိုက်ကူးထားတဲ့ ဇာတ်လမ်းတို လေးပုဒ်ပါဝင်တဲ့ ရုပ်ရှင်ကားလေးပါကလေးပုံပြင်စာရေးဆရာ Roald Dahl ရဲ့ ဝတ္ထုတွေကို ပြန်အသက်သွင်းထားတာ ဖြစ်ပြီး Wes Anderson ရဲ့တမူထူးတဲ့ တင်ဆက်ဟန်က ပရိသတ်နှစ်ဖွဲ့ကွဲစေမှာပါ တစ်ဖွဲ့က သူ့ရဲ့ ကိုယ်ပိုင်ဟန်ကို သဘောကျမယ့်လူနဲ့ နောက်တစ်ဖွဲ့ကတော့ စတိုင်မလိုင်တွေ များလွန်းတယ်ဆိုပြီး မျက်စိဆံပင်မွှေးစူးမယ့် ပုံစံမျိုးပါဒီထဲမှာဆိုရင်- အိန္ဒိယက ကျင့်စဥ်တစ်ခုကို ကျင့်ပြီး ကာစီနိုလောင်းသူ- ငန်းဖြူပုံပြင်- ထူးဆန်းတဲ့ ကြွက်ဖမ်းသမား- ဗိုက်ပေါ်က မြွေဆိုတဲ့ပုံပြင်လေးပုဒ်ကို တမူထူးခြားစွာ ရသမြောက်အောင် တင်ဆက်ထားတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ် File size…(1.4 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre... Fantasy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan
movie
The Wonderful Story of Henry Sugar and Three More (2024)
BloodRayne (2005)
ဒီ Action/Fantasy/Horror ဇာတ်ကားထဲမှာတော့ မင်းသမီး Kristanna Loken (Terminator 3 ထဲက T-X)နဲ့ Michelle Rodriguez (Fast & Furious ထဲက Letty Ortiz) အပြင် မင်းသား Michael Madsen (Kill Bill ထဲက Budd)နဲ့ Matthew Davis (Blue Crush)တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။သွေးစုပ်ဖုတ်ကောင်တွေကို ဗန်ပိုင်းယားလို့ခေါ်ဆိုတယ်ဆိုရင် လူတစ်ပိုင်း သွေးစုပ်ဖုတ်ကောင်တစ်ပိုင်းကိုတော့ ဒန်ဖီးယားလို့ ခေါ်ဆိုပါသတဲ့။ ဒန်ဖီးယားတွေက ခံရည်နိုင်စွမ်းမြင့်မားလွန်းတာမို့ မွေးစကတည်းက သုတ်သင်ရှင်းလင်းခံခဲ့ကြရတာပါ။ သို့ပေမဲ့ ဒန်ဖီးယားမလေး ရိန်းကတော့ စွမ်းအားမြင့် သွေးစုပ်ဖုတ်ကောင်ကြီးတစ်ကောင်ရဲ့ ယုတ်မာတဲ့အကြံအစည်နဲ့ လူသားမိခင်ကနေ မွေးဖွားလာနိုင်ခဲ့ပါတယ်။ရိန်းကို အစွမ်းထက်လက်နက်အဖြစ် အသုံးချလိုတဲ့ ယုတ်မာတဲ့ဖခင်ရဲ့အကြံအစည်ကို ရိပ်မိပြီး သမီးဖြစ်သူကို အသုံးချခံမဖြစ်စေလိုတဲ့ မိခင်ရဲ့ ဉာဏ်ပညာကြီးမှုနဲ့ အစတေးခံမှုကြောင့် ရိန်းက သွေးစုတ်ဖုတ်ကောင်ကြီးလက်ကနေ ...
movie
BloodRayne (2005)
A Sound of Thunder (2005)
2005 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ကားက Sci-fi/thriller အမျိုးအစားဖြစ်ပြီး Warner Bros. ကနေ ဖြန့်ချိခဲ့တာပါ။ Time Travelling လုပ်တာကို စိတ်လှုပ်ရှားစရာ ရင်ဖိုစရာကောင်းအောင် ကြည့်ရမှာပါ။ဇာတ်လမ်းကတော့ Time Safari ဆိုတဲ့ ကုမ္ပဏီဟာ လွန်ခဲ့တဲ့ အတိတ် နှစ်သန်းပေါင်း ၆၅နှစ်ကျော်ဆီ အချိန်ခုန်ကူးပြီး ဖောက်သည်တွေကို ရင်ဖိုစရာစွန့်စားခန်းတွေပေးပြီး စီးပွားရှာနေတာ ဖြစ်ပါတယ်။ Travisဆိုတဲ့ ဇာတ်ဆောင်ကတော့ အဲ့ဒီ ကုမ္ပဏီက သိပ္ပံပညာရှင်၊ အချိန်ခုန်ကူးရေးအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ တစ်ရက် ကုမ္ပဏီမှာ ညစာစားပွဲကျင်းပနေတုန်းမှာ ဒေါက်တာ Sonia Rand ဆိုသူ အမျိုးသမီးက အတင်းဝင်ရောက်လာပြီး အားလုံးကို သတိပေးသွားခဲ့ပါတယ်။Travis နဲ့ Sonia နဲ့ စကားတွေ ပြောဖြစ်ကြပြီး Sonia က အခုလို အချိန် ခုန်ကူးပြီး အတိတ်က ရှေးဟောင်းသတ္တဝါကြီးတွေကို ...
movie
A Sound of Thunder (2005)
6.7
Elegy (2008)
IMDB မှာ rating 6.7 ရရှိထားပြီး လူတွေရဲ့ကြားကဆက်ဆံရေး သံယောဇဥ် မေတ္တာတွေကိုဖြည်းဖြည်းချင်းကြည့်ရှုခံစားမြင်သာလာစေမယ့်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ Iron Man 3 ထဲကဟန်ဆောင်အကြမ်းဖက်သမားကြီးအနေနဲ့လူသိများပြီး Shang Chi ထဲမှာလည်း ပါဝင်ထားတဲ့မင်းသားကြီး Ben Kingsley နဲ့ Pirates of the Caribbean 4 ထဲကCaptain Black Beard ရဲ့သမီးအဖြစ်သရုပ်ဆောင်ထားတဲ့မင်းသမီးချော Penelope Cruz တို့ ၂၀၀၈ခုနှစ်ကပါဝင်သရုပ်ဆောင်ထားတဲ့ကားဖြစ်ပြီးအမေရိကန် romance/drama အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။အဖော်အချွတ် ဇာတ်ဝင်ခန်းများ အနည်းငယ်ပါဝင်တဲ့အတွက်ကြောင့် မိသားစုနဲ့အတူကြည့်ဖို့အတွက်ဆို သတိချပ် စေလိုပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်အိမ်ထောင်ကွဲဘယ်သူနဲ့မှအတည်တကျရှိဖို့စိတ်မကူးခဲ့တဲ့တက္ကသိုလ်ကပရော်ဖက််ဆာ ဒေးဗစ်ကစ်ပစ်ရှ်(Ben Kingsley)တစ်ယောက် သူ့ထက်အသက် ၃၀ လောက်ငယ်တဲ့ခွန်ဆွယ်လာ(Penelope Cruz) ဆိုတဲ့ကျောင်းသူလေးနဲ့ချစ်ကျွမ်းဝင်မိသွားခဲ့ကြပါတယ်။ အဲ့ဒီနောက် သူတို့၂ ယောက်ကြားက သမီးရည်းစားပဋိပက္ခတွေချစ်ခြင်းမေတ္တာတွေ အရင်အိမ်ထောင်က ဒေးဗစ်နဲ့သူ့ရဲ့သားတို့ကြားကသားအဖမေတ္တာတွေ သူ့ရဲ့တစ်ဦးတည်းသော ရင်ဖွင့်ဖော်သူငယ်ချင်းတို့ရဲ့ကြားက သူငယ်ချင်းမေတ္တာတွေ အားလုံးကိုတစ်ဖြည်းဖြည်း နားလည်မြင်သာလာအောင်ကြည့်ရှုခံစားရမယ့် ရသဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ File size… 2.3 GB ...
movie
Elegy (2008)
5.5
The Last Legion (2007)
၂၀၀၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ သမိုင်းနောက်ခံအက်ရှင်စွန့်စားခန်းရုပ်ရှင်ဖြစ်တဲ့ The Last Region နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒါရိုက်တာ Doug Lefler က ရိုက်ကူးပေးထားပြီး၂၀၀၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ Valerio Massimo Manfredi ရဲ့The Last Region ဝတ္တုကို အခြေခံထားပါတယ်။Colin Firth ၊ Ben Kingsley နဲ့အိန္ဒိယရုပ်ရှင်မင်းသမီးAishwarya Rai တို့လိုအကျော်အမော်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အနောက်ရောမအင်ပါယာပြိုလဲခဲ့တဲ့ ၅ ရာစုဥရောပသမိုင်းကြောင်းကဖြစ်ရပ်တွေကို စိတ်ကူးဉာဏ်ကွန့်မြူးပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ King Arthur ဒဏ္ဍာရီဖြစ်ပေါ်လာစေဖို့အခြေခံအကြောင်းအရာတွေလည်း ထည့်သွင်းရိုက်ကူးထားတာမြင်တွေ့ရပါတယ်။ ဇာတ်လမ်းအကျဉ်း****************ရောမအင်ပါယာပြိုလဲပြီးတဲ့နောက် အသက် ၁၂ နှစ်အရွယ်နောက်ဆုံးဧကရာဇ် Romulus Augustus ဟာ ကာပရီကျွန်းပေါ်မှာအကျဉ်းသားဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ Romulus ရဲ့ပညာရှိဆရာဖြစ်တဲ့ Ambrosinus နဲ့တော်ဝင်အစောင့်တပ်မှူးAurelius တို့ရဲ့ကယ်တင်မှုနဲ့ ကာပရီကျွန်းကနေလွတ်မြောက်လာခဲ့ပါတယ်။ ရောမကိုသိမ်းပိုက်ခဲ့တဲ့ဂေါ့သ်တွေလက်ကထွက်ပြေးရင်း Romulus နဲ့သူ့လူတွေဟာ ဒဏ္ဍာရီလာနဂါးတပ်ဖွဲ့ကိုရှာဖွေဖို့ ဘရစ်တားနီးယားကိုရောက်ရှိလာပြီးဘုရင်အာသာမွေးဖွားလာဖို့အတွက်လည်း အစပျိုးလာခဲ့ပါတော့တယ်။ File size…2.23GB / 1.3GB Quality…WEB-DL ...
movie
The Last Legion (2007)
7.5
House of Sand and Fog (2003)
House of Sand and Fog (2003)~ IMDb - 7.5/10, RT - 74%, Meta - 71% ~မြူတွေ သဲတွေကြားက အိမ်ကလေး တစ်လုံးမှာ ဖြစ်သွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ မမ Jennifer Connelly နဲ့ Ben Kingsley တို့ပါဝင်သရုပ်ဆောင်ထားပြီး အော်စကာ ၃ ဆု ဆန်ခါတင်ပါဝင်ခဲ့ရုံတင်မက အခြားဆု ၁၃ ဆုကို ရရှိထားပါတယ်။ 1999 မှာ ထွက်ရှိထားတဲ့ Andre Dubus III ရဲ့ နာမည်တူ စာအုပ်ဖြစ်တဲ့ House of Sand and Fog ကို ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးထားတာပါ။ Crime Drama အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းက ရှင်းသလောက် တော်တော်လေးကို မအီမလည်နဲ့ ...
movie
House of Sand and Fog (2003)
2003
7.1
Jules (2023)
Jules (2023)~ IMDb - 7.1/10, Rotten Tomatoes - 83% ~ဂြိုဟ်သားတစ်ကောင် အဘိုးကြီးတစ်ယောက်ရဲ့ အိမ်နောက်ဖေးကို ပန်းကန်ပြားပျံ ပျက်ကျပြီးရောက်လာတယ်။ အဘိုးကြီးက တစ်ယောက်တည်းနေရတာဖြစ်ပြီး သူ့အိမ်ထဲ ပန်းကန်ပြားပျံပျက်ကျပြီး ဂြိုဟ်သားရောက်နေတယ်ဆိုတာလည်း သူတို့မြို့လေးက ဘယ်သူမှ မယုံပါဘူး။ အဘိုးကြီးကလည်း အသက်ရလာတော့ မှတ်ဉာဏ်လည်း ယိုယွင်းလာပြီး သူ့သမီးကတောင် စိတ်ပူနေရတာမို့ ပိုမယုံကြတာပါ။ ဒါပေမဲ့ သူ့ရဲ့ အသိ အဘွားကြီးတစ်ယောက်က အိမ်လာရင်း ဂြိုဟ်သားနဲ့မတော်တဆ တွေ့သွားတယ်။ နောက်ထပ် အဘွားကြီးတစ်ယောက်လည်း ထပ်တွေ့သွားရင်း သူတို့သုံးယောက်ပေါင်းပြီး ဂြိုဟ်သားကို ပြန်ပို့နိုင်ဖို့ ကူညီကြတဲ့အကြောင်းပါ။ ဟာသ၊ ဒရာမာ၊ Sci-Fi အမျိုးအစားဖြစ်ပြီး ဖျော်ဖြေရေးအတွက် သင့်တော်တဲ့ ရုပ်ရှင်တစ်ခုပါ။ ဇာတ်သိမ်းကတော့ မချင့်မရဲဖြစ်စရာပါပဲ။ ကိုယ်သာဆို ဒီလိုမလုပ်ဘူးဆိုပြီး တွေးမိစရာမျိုးပေါ့။ဒီရုပ်ရှင်ဟာ Little Miss Sunshine ရဲ့ ပရိုဂျူဆာ ...
movie
Jules (2023)
2023
6.5
Walking with the Enemy (2013)
ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်ကိုကိုးကားပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ဂရမ်မီဆုရှင် မင်းသားကြီး Ben Kingsley ကဟန်ဂေရီနိုင်ငံခေါင်းဆောင်ရီဂျန့်ဟော်သီအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒုတိယကမ္ဘာစစ်ကာလအပိုင်းအခြားကဟန်ဂေရီနိုင်ငံသား ဂျူးလူမျိုးကောင်လေးတစ်ယောက်ဟာနာဇီတွေဝင်ရောက်လာပြီးနောက်အလုပ်သမားစခန်းကိုပို့ခံလိုက်ရပါတော့တယ်။အလုပ်သမားစခန်းမှ မိသားစုဝင်တွေဆီကိုသက်စွန့်ဆံဖျားစခန်းကနေ ခိုးထွက်ပြီးပြန်လာတဲ့အချိန်မှာမျှော်လင့်ထားသလို မိသားစုဝင်တွေကိုမတွေ့ရတော့သောအခါ မိသားစုဝင်တွေကို လိုက်ရှာရင်းရင်ဆိုင်ရတဲ့ အခက်အခဲတွေ။ရန်သူတွေကြားထဲကို အယောင်ဆောင်ဝင်ရောက်ပြီးမိမိလူမျိုးတွေကို တက်နိုင်သမျှကယ်တင်ပုံတွေ။ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာ နာဇီတွေဂျူးတွေအပေါ်ရက်စက်ကြမ်းကြုတ်ပုံတွေ၊ နိုင်ငံရေးလှည့်ကွက်တွေအပြင်စစ်ပွဲရဲ့ ရက်စက်ပုံတွေကို ကွင်းကွင်းကွက်ကွက်ရိုက်ကူးတင်ပြထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size… 1.90 GB / 772 MB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 2h 4m Genre ..... Action , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Eunice
movie
Walking with the Enemy (2013)
2013
6.8
Oliver Twist (2005)
ဂန္ထဝင်စာရေးဆရာကြီး Charles Dickensရဲ့အထင်ရှားဆုံးပုံပြင်ဇာတ်လမ်းတွေထဲကတစ်ခုဖြစ်တဲ့ အိုလီဗာတွစ်လေးရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ မိဘမဲ့လေးအိုလီဗာတွစ်ရဲ့ဘဝမှာ အမျိုးမျိုးသောလူပေါင်းစုံနဲ့ကြုံတွေ့ပြီးတဲ့နောက်မှာ လန်ဒန်မြို့ကြီးအထိကို ၇ ရက်လောက်လမ်းလျှောက်ပြီးအရောက်သွားခဲ့ပါတယ်. ကလေးလေးတစ်ယောက်ရဲ့တစ်ကိုယ်တည်းသွားတဲ့ခရီးရှည်အဆုံးမှာတော့မထင်ထားပဲ သူနဲ့ရွယ်တူသူခိုးလေးတွေအုပ်စုနဲ့ကြုံပြီးတော့ဘဝကိုတစ်ဆစ်ချိုးအကြီးအကျယ်ပြောင်းလဲသွားရှာပါတော့တယ်။လူဆိုးလေးမဖြစ်ချင်တဲ့အိုလီဗာလေးဟာ ပိုကောင်းတဲ့ဘဝကိုရောက်ခဲ့ပေမယ့်လဲ ကံတရားကမျက်နှာသာမပေးခဲ့တာမလို့သူ့ရဲ့ဘဝမှာဘာတွေဆက်ဖြစ်လာမယ်ဆိုတာကိုဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ပုံပြင်ထဲကအိုလီဗာလေးအတိုင်းပဲချစ်ဖို့ကောင်းပြီး ခပ်ဆိုးဆိုးလူဆိုးကြီးတွေရဲ့ကြားကဇာတ်ကားလေးမလို့ လူကြီးတွေအပြင်ကလေးတွေပါကြိုက်နှစ်သက်မဲ့ဇာတ်လမ်းလေးလဲဖြစ်ပါတယ်။ File size…2.07GB / 898MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 10m Genre ..... Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm
movie
Oliver Twist (2005)
6.0
Daliland (2022)
Dalíland (2022) =========== IMDb Rating - 6.0/10Salvador Dali..1990 ခုနှစ်တွေရဲ့ အကြီးကျယ်ဆုံးသော ပြင်သစ် ပန်းချီဆရာတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိထိ လည်း ပန်းချီလောကမှာ သူ့ရဲ့ အနုစိတ်တဲ့ စုတ်ချက်တွေ တမူထူးခြားထဲ့ လက်ရာတွေကြောင့် ပြောစမှတ်တွင်ဆဲ ဖြစ်ပြီး၊ Nobel Work 7ဆုထိတောင် ပိုင်ဆိုင်ခဲ့ပါတယ်။1904 ခုနှစ်မှာ မွေးခဲ့ပြီး 1989..အသက် 84 နှစ်မှာကွယ်လွန် ခဲ့ပါတယ်..ဒီကားလေးကတော့ Dali ရဲ့ အသက် 70 နောက် ပိုင်းကနေစပြီး သူမဆုံးခင်အထိ သူ့ဘဝရဲ့ နေဝင်ချိန်ကာလမှာ ကြုံတွေ့ရခဲ့တဲ့ အဖြစ်အပျက်တွေ အခက်အခဲတွေကို Docum- entary ဆန်ဆန်ပြန်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သိပ်ကို ထူးချွန်လှတဲ့ ပန်းချီဆရာတစ်ယောက်ရဲ့ စိတ်နေစိတ်ထားအပါ အဝင် အနုပညာသမားတွေဟာ သိပ်ကိုခံစားချက်နုနယ်လှတာ ကြောင့် Dali တစ်ယောက် သူ့ဘဝရဲ့ နေဝင်ချိန်မှာ ဘာတွေဘယ် လိုကြုံတွေခံစားခဲ့ရလဲဆိုတာကိုပါကြည့်ရှုရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(2.2 GB) / (724 MB) / (423 MB) Quality............WEB-DL 1080p / ...
movie
Daliland (2022)
2022
5.8
Species (1995)
Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။ Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကို https://channelmyanmar.to/?s=species မှာကြည့်လို့ရပါတယ်။ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။Species (1995) ဇာတ်လမ်းအကျဉ်း.... ကမ္ဘာ့အပြင်က ရရှိလာတဲ့ ကမ္ဘာဂြိုဟ်က မဟုတ်တဲ့ ဒီအန်အေကို ကမ္ဘာမြေကလူသားဒီအန်အေနဲ့ပေါင်းစပ်ပြီး ထူးဆန်းတဲ့သက်ရှိတစ်မျိုးဖန်တီးရာကနေ ဇာတ်လမ်းစတာပါပဲ။ ဒီဂြိုလ်သားတစ်ပိုင်းလူသားတစ်ပိုင်း သတ္တဝါမျိုးက ဘယ်လိုအကျင့်စရိုက်တွေနဲ့ ဘာတွေဆာလောင်လဲဆိုတာနဲ့ လူသားတွေရဲ့ အလိုရမ္မက်လောဘကြီးမှုတွေကြောင့် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရ မီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။ File size…(4.4 GB)/(1.4 GB)/(930 ...
movie
Species (1995)
4K HEVC
Sneakers (1992)
IMDb - 7.1 Rotten tomatoes - 80% မင်းသားကြီး Robert Redford နဲ့ Ben Kingsley တို့ရဲ့ 1992 တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ထွက်ထားတာ အနှစ်သုံးဆယ်ကျော်ကြာခဲ့ပြီဆိုပေမဲ့လည်း ယနေ့ခေတ်ရဲ့ hacker ရုပ်ရှင်တွေကိုကြည့်နေရသလိုမျိူး ဖြစ်နေစေမဲ့ နည်းပညာဆိုင်ရာ Old but Gold ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ မာတင်နဲ့ ကော့စမိုဆိုတဲ့ လူငယ် ကွန်ပြူတာဟက်ကာလူငယ်လေးနှစ်ယောက်၊ လူငယ်သဘာဝလက်စွမ်းပြပြီး နောက်တဲ့သဘောနဲ့ ဘဏ်စနစ်တွေကို hack ပြီး ငွေတွေလွှဲနေကြရင်း ရဲတွေလာဖမ်းရာမှာ မာတင်ကတော့ ထွက်ပြေးလွတ်သွားခဲ့ပေမဲ့ ကော့စမိုကတော့ ထောင်ကျသွားပြီး ထောင်ထဲမှာသေဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဖြစ်အပြီး အနှစ်နှစ်ဆယ်အကြာမှာ မာတင်ကသူရဲ့နာမည်ကိုပြောင်းပြီး ကုမ္ပဏီတွေရဲ့ လုံခြုံရေးစနစ်ကို စမ်းသပ်ပေးတဲ့အဖွဲ့တစ်ခုတည်ထောင်ခဲ့ပါတယ်။ တနေ့မှာတော့သူ့ဆီကို အစိုးရဘက်လွှတ်လိုက်တယ်ဆိုတဲ့ လူနှစ်ယောက်က သိပ္ပံပညာရှင်တယောက်တီထွင်ထားတဲ့ သေတ္တာလေးတစ်ခုကို ခိုးယူဖို့ခြိမ်းခြောက်အကြပ်ကိုင်ပြီး ခိုင်းစေလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီသေတ္တာလေးကသာမာန်မဟုတ်ပဲ ...
movie
Sneakers (1992)
7.3
Sexy Beast(2000)
အင်္ဂလန်နိုင်ငံရဲ့ ဂန်းစတာလောကကနေ အနားယူပြီးတော့ စပိန်နိုင်ငံတောင်ပိုင်း ကမ်းခြေမြို့လေးမှာ မိန်းမနဲ့အခြေချပြီး လာနှပ်နေတဲ့ဂယ်လ်... အတိတ်ကအရိပ်မည်းတွေကနေ ရှောင်လွှဲလို့မရနိုင်ခဲ့တော့ တစ်ရက်မှာ အလုပ်ရှင်ဟောင်း ဒေါန်က သူ့ဆီကိုရောက်ပြီး ဘဏ်ဖောက်ဖို့အလုပ်တစ်ခုကို ကမ်းလှမ်းပါတော့တယ်။ မိန်းမဖြစ်သူကလည်း မလုပ်စေချင်၊ ကိုယ်တိုင်ကလည်းမလုပ်ချင်၊ အလုပ်ရှင်ဖြစ်သူကလည်း လူတစ်ကိုယ်စိတ်နှစ်မျိုး၊ သဘောကောင်းလိုက်၊ထဖောက်လိုက်လူမျိုးဆိုတော့ အလုပ်ကိုယတိပြတ်ငြင်းဖို့ ခက်ခဲနေပါတယ်။ ဒီတော့ ဒေါန်ရဲ့ကမ်းလှမ်းချက်ကိုလက်ခံရမလား၊ စွန့်စားပြီးပဲငြင်းလိုက်မလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ တကယ်ပဲစိတ်၀င်စားဖို့ကောင်းပါတယ်။ မင်းသားဂယ်လ်နဲ့ ဒေါန်တို့သရုပ်ဆောင်တာ ပီပြင်လွန်းတာကြောင့် တချက်တချက် ကိုယ်တိုင်ပါ ဂယ်လ်နေရာကနေ လိုက်စိတ်ပူသောကရောက်ရတဲ့ ခံစားချက်မျိုးတွေပါရတာကြောင့် တကယ်ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…1.48GB / 428.1 MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ..... Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie
Sexy Beast(2000)
6.5
Self/less(2015)
Self/less (2015)=============IMDb - 6.5CM ဖန်တွေအတွက် Deadpool မင်းသား Ryan Reynolds ရဲ့ 2015 တုန်းကထွက်ရှိခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ် အက်ရှင်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ကျိကျိတက်အောင်ချမ်းသာနေပေမဲ့လည်း ကင်ဆာ နောက်ဆုံးအဆင့်ရောက်နေတာကြောင့် နောက်ထပ်ခြောက်လတောင်မနေရတော့တဲ့အိမ်ခြံမြေသူဌေးကြီး ဒေမီယန် ဟေးလ် တစ်ယောက် သူ့ရဲ့အသိစိတ်ကိုတခြား ခန္ဓာကိုယ်တစ်ခုထဲကိုပြောင်းထည့်ပြီး ဆက်လက်ရှင်သန်လို့ရမယ်လို့ဆိုတဲ့ "အရေခွံလဲခြင်း" ဆိုတဲ့ ပရိုဂရမ်ကို သဘောတူလိုက်ပြီး အက်ဒ်ဝပ်ကစ်ဒ်နာဆိုတဲ့ နာမည်အသစ်နဲ့ ဘဝအသစ်မှာ ပျော်ပျော်ကြီးဆက်လက်နေထိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ထင်ယောင်ထင်မှားဖြစ်မှုတွေကနေပြီးသူယူထားတဲ့ ခန္ဓာကိုယ်ကဓာတ်ခွဲခန်းထဲမှာဖန်တီးထားတဲ့ ခန္ဓာကိုယ်မဟုတ်ပဲလူစစ်စစ်တစ်ယောက်ရဲ့ခန္ဓာကိုယ်ဖြစ်နေမှန်းသိလိုက်ရတဲ့အခါမှာနောက်ကွယ်ဖုံးကွယ်ထားတဲ့ဖြစ်ရပ်တွေကို လိုက်ပြီးစုံစမ်းရင်း ဘယ်လိုအန္တရာယ်တွေကို ရင်ဆိုင်ကျော်လွှားရမလဲဆိုတာကို အက်ရှင်ခန်းအကြမ်းစားတွေနဲ့ ကြည့်ရှုရမဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါပဲဗျ။ File size…1.15GB / 491MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 57m Genre ..... Action , Mystery , Sci-fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt
movie
Self/less(2015)
2015
5.6
Knight of Cups (2015)
Knight of Cups (2015) =================Terrence Malickကို ကောင်းကောင်းသိတဲ့ လူတွေအတွက်တော့ ဘယ်လိုရုပ်ရှင်ဆိုတာရှင်းပြစရာ မလိုပေမဲ့၊ ဒီရုပ်ရှင်ဟာ Fragmentation ဆန်ဆန် ဒိုင်ယာလော့တွေကို နာရေးတစ်ပြောပြီး ဘာမှမပြနေတာတွေကို ရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ Christian Bale , Cate Blanchett, Natalie Portman, Ben Kingsley, Antonio Banderasတို့လို တန်းမြင့် သရုပ် ဆောင်တွေကို သုံးထားပါတယ်။Terrence Malickဟာ Tree of Lifeနဲ့ နာမည်အကျော်ဆုံး ရုပ်ရှင်ပွဲတော် ဖြစ်တဲ့ ကိန်းမှာ Palme d'Orရခဲ့သလို The Thin Redline, A hidden Life, Days oF Heaven လို မာစတာပိစ်ကားတွေလည်း ရိုက်ခဲ့ပါတယ်။Knight of Cupsမှာတော့ အခန်း၈ခန်းကို နောက်ဆုံးခန်းကလွဲ တားရော့ကတ် (၇)ခုနာမည်သုံး ပုံဖော်သွားခဲ့ပြီး baleကိုတော့ Knight of cupsအနေနဲ့ ပုံဖော် ထားပါတယ်။ ဘေးလ်တစ်ယောက် စိတ်ဓာတ်ကျပြီး ...
movie
Knight of Cups (2015)
2015
7.7
Maurice (1987)
Maurice (1987)~ IMDb - 7.7/10, Rotten Tomatoes - 87% ~ချစ်ခြင်းမေတ္တာဆိုတာ နေရာဒေသမရွေး၊ အချိန်အခါမရွေး၊ ယောကျ်ား မိန်းမ မရွေးရှိတတ် ဖြစ်ပေါ်တတ်ကြတယ်။ လိင်တူချင်း ချစ်ကြိုက်ဖို့၊ မေတ္တာမျှဝေဖို့ အတင်းကြပ်ဆုံး နိုင်ငံတွေထဲမှာ အင်္ဂလန်နိုင်ငံဆိုတာ ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်မတိုင်ခင်အချိန်တွေမှာ အင်္ဂလန်နိုင်ငံတော်ကြီးမှာ လိင်တူချစ်ကြိုက်မိခဲ့ရင် သေဒဏ်ဆိုတဲ့ ကြီးလေးတဲ့ ပြစ်ဒဏ် ပေးခံရပါတယ်။ဒီလိုအချိန်ကာလမျိုးမှာပဲ Maurice တစ်ယောက် Right Person၊ Wrong Time ဆိုတဲ့ အခြေအနေမျိုးကို ရောက်ရှိခဲ့တယ်။ အမျိုးသားတစ်ဦးကို ချစ်မိတာဟာ အမျိုးသမီးတစ်ဦးကို ချစ်ကြိုက်ရတာထက် ပိုပြီး စိတ်ပင်ပန်းရတယ် တွေဝေရတယ် စွန့်လွှတ်ရဲရတယ်။ ဒါကို Maurice တစ်ယောက်ကြုံခဲ့ရတယ်။ အချိန်ကာလ၊ မိသားစု၊ ပတ်ဝန်းကျင် အစရှိတာတွေအကုန်လုံးကို အံတုပြီး ကျောင်းနေဘက် သူငယ်ချင်း Clive ...
movie
Maurice (1987)
1987
6.6
Prince of Persia: The Sands of Time (2010)
Prince of Persia (2010)Prince of Persiaဟာ ကျွန်တော်တို့ ဟိုးငယ်ငယ် နာရီပေးနဲ့ဆော့ခဲ့ရတဲ့ P2ခေတ်ကတည်းက နာမည်ကြီးခဲ့ပါတယ်။ နောက်ပိုင်း Mobile Game အထိ ရှိခဲ့သလို ဒီနှစ်ထဲလည်း Ubisoftက remakeပြန်ထုတ်ဖို့ အထိလုပ်ထားပါတယ်။ Prince of Persiaဟာ ဒီလို ခေတ်အဆက်ဆက်အထိ မမှေးမှိန်သေးတဲ့ နာမည်ကျော်ဂိမ်းစီးရီးတစ်ခုပါပဲဒီရုပ်ရှင်ကတော့ Prince of Persia , Sand of time ဂိမ်းTrilogy က အချက်အလက်တွေကို သုံးပြီး 2010မှာ ရိုက်ခဲ့တဲ့ ရုပ်ရှင်ပါ။ legend actorကြီး Jake Gyllenhaalနဲ့ Ben Kingsley တို့အပြင် ဆွဲဆောင်မှုအပြည့်နဲ့ မမGemma Artertonတို့က သရုပ်ဆောင်ထားပါတယ်။ရုပ်ရှင်က ပါရှားတွေရဲ့ စစ်မက်တွေ မတည်ငြိမ်တဲ့ ခေတ်ကာလမှာ တည်ထားတာဆိုတော့ နန်းဆောင်ကြီးတွေ ၊ စစ်တပ်တွေ ...
movie
Prince of Persia: The Sands of Time (2010)
6.2
Night at the Museum: Secret of the Tomb (2014)
Night at the Museum: Secret of the Tomb (2014) IMDb - 6.2/10_____Rotten - 47% ၂၀၀၆ ကတည်းက စတင်အောင်မြင်ခဲ့တဲ့ အမေရိကန်ဟာသဇာတ်လမ်းရဲ့ တတိယမြောက် ဇာတ်လမ်းတွဲဖြစ်သလို နောက်ဆုံးဇာတ်လမ်းလည်းဖြစ်တဲ့ ဇာတ်ကားသစ်အကြောင်း ပြောပြချင်ပါတယ်။၁၉၃၈ တုန်းက ရှေးဟောင်းသုတေသနပညာရှင်အဖွဲ့ဟာ အဖိုးတန်ရှေးဟောင်းပစ္စည်းတစ်ခုကိုရှာဖွေဖို့ အီဂျစ်ဂူသင်္ချိုင်းတစ်ခုကို တူးဖော်ပါတယ်။ ဂူသင်္ချိုင်းထဲကိုကောင်လေးတစ်ယောက် ပြုတ်ကျရာကနေ သူ့ဖခင်နဲ့ အခြားရှေးဟောင်းသုတေသန ပညာရှင်တွေကို လမ်းကြောင်းရှာပေးနိုင်ခဲ့ပြီး ဖာရိုဘုရင်ရဲ့ ကမ္ပည်းထိုးထားတဲ့ရွှေချပ်ပြားကိုရှာတွေ့ခဲ့ပါတယ်။ အဲဒီနောက်တော့ ရွှေကမ္ပည်းပြားကို နှစ်ပေါင်းများစွာထိန်းသိမ်းထားပါတယ်။ယနေ့ခေတ် နယူးယောက်မြို့က သဘာဝသမိုင်းပြတိုက်ကြီးမှာ အခမ်းအနားကြီးတစ်ခုလုပ်နေပြီး ဒေါက်တာမက်ပီး တက်ရောက်လာတာကို ပြတိုက်လုံခြုံရေးဖြစ်တဲ့ လာရီဒါလေကတွေ့ပါတယ်။ Night at the Museum အရင်ဇာတ်ကားတွေအတိုင်းပဲ ပြတိုက်က အရုပ်တွေ အသက်ဝင်ပြီး သူတို့အသက်ရှင်စဉ်ကနေခဲ့တဲ့ ပုံစံအတိုင်းနေရင်း ပြတိုက်ထဲမှာ ဖြစ်ချင်တိုင်းဖြစ်နေပါတယ်။ အီဂျစ်ဂူသင်္ချိုင်းထဲက ရွှေကမ္ပည်းပြားက နယူးယောက်သဘာဝသမိုင်းပြတိုက်ထဲမှာ ထိန်းသိမ်းထားတာဖြစ်ပြီး အဲဒီပစ္စည်း ...
movie
Night at the Museum: Secret of the Tomb (2014)
2014
1
2
3
Next